← Chapters

အကုန်လုံး ထိတ်လန့်ကြောက်ရွံ့ခြင်း

Vol. 011 Ch. 1079

အကုန်လုံး ထိတ်လန့်ကြောက်ရွံ့ခြင်း

Vol. 011 Ch. 1079

တခြားသူများ ထိုနေရာသို့အပြေးလာချိန်တွင် ထိုနေရာတစ်ခုလုံးသည် အသားစားပန်းများဖြင့် ပြည့်နေလေ၏ ။ ထိုမြင်ကွင်းသည် ရိုးရှင်းစွာပင် ထိတ်လွန့်ဖွယ်ရာဖြစ်၏ ။ “ဒါက… အသားစားပန်းဘုရင်ပဲ”

“ရှီမာယူယူ”

“ဘာ”

“အမှောင်တောတုန်းက ငါတို့ဒါကိုလည်းမြင်ခဲ့တယ်လေ အသားစားပန်း ဘုရင်က ရှီမာယူယူရဲ့ စာချုပ်သားရဲဆိုပြီး ကောလဟလတွေရှိတယ်လေ အသားစားပန်းဘုရင်ကဒီရောက်နေမှတော့ ရှီမာယူယူလည်း သေချာပေါက် ဒီမှာရှိမှာပဲ”

“တကယ်ပဲ သူပဲ”

အသားစားပန်းဘုရင်သည် နတ်ဆိုးမျိုးနွယ်ဝင်များကိုရှင်းပြီးသည်နှင့် အားလုံးကိုသိမ်းလိုက်ရာ ပန်းလေး၏ လက်များသည် ပုံမှန်အတိုင်းပြန်ဖြစ် သွားလေသည်။

ပန်းများ ပြန့်ကျဲသွားသောအခါ ရှီမာယူယူနှင့် တခြားသူများသည် အနောက်တွင်ရပ်နေကြသည်ကို အားလုံးမြင်လိုက်ရသည်။

“တကယ်ပဲသူပဲ”

ရှီမာယူယူကိုမြင်သောအခါ အားလုးသည် ဘာကိုစဉ်းစားရမည်ကို မသိ တော့ပေ။ ထိုအချိန်က ပြဿနာရှာခဲ့သည့်သူသည် ဤအဆင့်ထိ ကြီးထွားလာခဲ့ချေပြီ။ သူမ၏ ကြီးထွားနှုန်းမှာ ရိုးရှင်းစွာပင် မြန်ဆန်ခဲ့သည်။ အခုချိန်တွင် သူမသည် တခြားသူများ၏အနိုင်ကျင့်ခြင်းကိုခံရသော အမှောင် တောထဲမှလူမဟုတ်တော့ပေ။

“တောင်ကြားခေါင်းဆောင် ဒုတောင်ကြားခေါင်းဆောင်” လူတစ်ယောက် ရောက်လာကာ ရှီမန်ဖန်နှင့် ရှီမာယူယူကို လက်သီးဆုပ်ဖြင့် အရိုအသေပေးပြီး ပြောလိုက်သည် “အခုဘာတွေဖြစ်သွားတာလဲ”

တစ္ဆေမျိုးနွယ်ဝင်များ၏ အလောင်းများနှင့် နတ်ဆိုးမျိုးနွယ်ဝင်များ၏ လေထဲမှရောင်ဝါများသည် မပျောက်ကွယ်သေးသည်မှာ ဖြစ်ခဲ့သမျှကို အရိပ်အမြွက်ပေးနေသလိုပင်။

“မြင်တဲ့အတိုင်းပဲလေ တစ္ဆေမျိုးနွယ်ဝင်တစ်စုက လာတော့ ငါတို့ရှင်း လိုက်တယ်လေ နောက်တော့ နတ်ဆိုးမျိုးနွယ်ဝင်တွေရောက်လာကြတယ် ဒါပေမဲ့ အကုန်ချောချောမွေ့မွေ့ပဲ နည်းနည်းလေး ခက်ခဲသွားတယ်ဆိုပေ မယ့် ဖြေရှင်းနိုင်လိုက်တယ်” ရှီမန်ဖန် ပြောလေသည်။

ထိုလူများသည် နှုတ်ခမ်းများ တွန့်ချိုးလိုက်ကြသည်။ ခက်ခဲတယ် ဟုတ်လား။ တောင်ကြားက လူတစ်ယောက်မှ လက်ချောင်းလေးတောင် မ,မလိုက်ရဘူးထင်တာပဲ။ အသားစားပန်းဘုရင်ကပဲ အကုန်လုပ်သွားတာပဲ ဖြစ်ရမယ်။

သို့သော် သူက ထိုအတိုင်းပြောသဖြင့် အောက်ဖဲမလှန်တော့ပေ။ သူတို့ သည် သဘောတူရုံသာတတ်နိုင်ကြကာ “ခင်ဗျားတို့မှာ အားကောင်းတဲ့လူ တွေရှိတာ ကိစ္စကောင်းတစ်ခုပေါ့ဗျာ.. ကျုပ်တို့သာဆိုရင်တော့ ဆိုးရွားတဲ့ မြင်ကွင်းဖြစ်သွားမှာပဲ”

“ကြင်နာလွန်းနေပါပြီ” ရှီမန်ဖန် ပြောရင်းနှင့် သူတို့ကို လက်သီးဆုပ်ဖြင့် နှုတ်ဆက်လိုက်သည် “တခြားမရှိတော့ရင် ကျုပ်တို့သွားပါတော့မယ် မကြာခင်တွေ့ကြတာပေါ့”

“နှုတ်ဆက်ပါတယ်”

ရှီမန်ဖန်သည် သူ့လူများကိုဦးဆောင်ပြီး ထိုအဖွဲ့ကိုနောက်တွင် ချန်ထားခဲ့လေသည်။

“အကြီးအကဲ သူတို့က ရိုင်းလွန်းတယ် ဒီအတိုင်းပဲထွက်သွားတာ ကြည့်ဦး” တပည့်တစ်ယောက် ပြောလိုက်သည်။

အစောပိုင်းက ပြုံးနေသော အကြီးအကဲ၏ မျက်နှာသည် အေးစက်စွာ နှာမှုတ်ကာ ပြောလိုက်သည် “ငါတို့က သူတို့ကိုဆန့်ကျင်မှာကို ကြောက်တာ ဖြစ်နိုင်တယ်”

“သူတို့ ရတနာတစ်ခုခုများရသွားလို့လား”

“ဖြစ်နိုင်တယ် မဟုတ်ရင် ဘာလို့ဒီလိုအလောတကြီးသွားမှာလဲ”

“ဟင်း သူတို့ ရတနာရရင်တောင်မှ သူတို့ဆီကလုရဲလို့လား”

“အာ….”

သူတို့ တကယ်မလုပ်ရဲပေ။

“သူတို့ကို ပလစ်ထားလိုက်… ဝင်ပေါက်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မမြင်တာလည်းမဟုတ်ဘူး သခင်ကြီးရင်လင်း သူတို့ကို ဆက်ဆံပုံနဲ့ဆိုရင်… ဘာပဲဖြစ်ဖြစ် သူတို့နဲ့ရန်သူမလုပ်တာကောင်းမယ် တခြားနေရာကိုပဲ သွား ကြည့်ရအောင်”

“နားလည်ပါပြီ…”

သူတို့ထွက်သွားသည်နှင့် ပျားများသည် ထိုလူတို့၏ အပြန်အလှန်ပြော စကားများကို သတင်းပို့သဖြင့် သူမ၏ နှုတ်ခမ်းသည် အသာအယာပြုံးသွား သည်။ ဝင်ပေါက်မှာဖြစ်ခဲ့တဲ့ ကိစ္စက သူမအတွက် အကျိုးရှိတဲ့ပုံပဲ… သူမ အတွက် ကာကွယ်ရေးအဆောင်လိုပါပဲလား…

“ဘာတွေတွေးပြီး ပျော်နေတာလဲ” ဝူလင်းယူသည် သူမ နားနားသို့ လာကာ လေသံဖြင့် ပြောလေသည်။

ရုတ်တရက် နီးကပ်လာမှုကြောင့် သူမ လန့်သွားကာ အနောက်သို့ ရှောင်လိုက်ပြီးနောက်တွင် သူမ ကြားလိုက်သည်များကို ပြောပြလေသည်။

“ပြောကြည့် သခင်ကြီးရင်လင်းက ဘာလို့ကျွန်တော့်ကိုကောင်းပေးတာ လဲ” ရှီမာယူယူ မေးလိုက်သည်။

“သူက မင်းရဲ့ အဆုံးမရှိတဲ့ စွမ်းဆောင်နိုင်မှုကို မြင်သွားလို့နေမှာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

“အရင်တုန်းက ဘယ်ယောက်ျားလေး ကပ်လာလာ အစ်ကို့ မျက်နှာက အရမ်းကိုမည်းနက်သွားတာလေ ဒါပေမဲ့ သခင်ကြီးရင်လင်းက ကျွန်တော့်ကို ဒီလောက်ကောင်းပေးတာ ဘာလို့ဘာတုန့်ပြန်မှုမှမရှိရတာလဲ” ရှီမာယူယူ သည် သူ့ကိုကြည့်ရင်း မျက်တောင်ခတ်လေသည်။

“ဂမ္ဘီရပညာရှင်မှာ အိမ်ထောင်ဖက်ရော သားသမီးရော ရလာစရာမရှိ ဘူးလေ သူ မင်းကိုတစ်ခုခုလုပ်ချင်ရင်တောင် လုပ်လို့ရမှာမဟုတ်ဘူး ကိုယ် သဝန်တိုစရာဘာအကြောင်းရှိမလဲ” ဝူလင်းယူသည် တိုးညင်းစွာပြောလေ သည်။

ရှီမာယူယူ နှုတ်ခမ်းကိုတွန့်ချိုးလိုက်သည်။ ဒီလူကြီးကတော့ တကယ်ပဲ… သူက သဘောထားကြီးတယ်လို့ ပြောချင်ရင်လည်း တစ်ခါတလေ သဘောထားသေးသိမ်တဲ့အချိန်လည်းရှိတယ်… သေးသိမ် လွန်းတယ်လို့ ပြောပြန်ရင်လည်း စိတ်ကိုဖွင့်ပေးတဲ့ချိန်လည်းရှိသေးတယ်။

“အဲလူတွေက သနားဖို့ကောင်းတယ်လို့ခံစားရတယ် သူတို့တစ်ဘဝလုံး မှာ လေးစားမှုအများကြီးတွေ့ကြုံရပေမဲ့ အိမ်ထောင်ဖက်မရှိ သားသမီးမရှိဘဲ နဲ့ တစ်ကိုယ်တည်း အိုမင်းသွားရမှာလေ” ရှီမာယူယူသည် မျှဝေခံစားမိသည်။

“သူတို့လိုလူတွေက တကယ်ပဲ နည်းနည်းတော့အထီးကျန်မှာပဲ” ဝူလင်းယူ ချစ်ကြောက်ရိုသေသူများမှာ ဂမ္ဘီရပညာရှင်များသာဖြစ်သည်။ အထူးသဖြင့် ရင်လင်းကဲ့သို့ ပညာရှင်မျိုးပင်။

“ကျွန်တော် သခင်ကြီးရင်လင်းကိုကြည့်လိုက်ရင် သူက ဘဝကို ဘာမျှော်လင့်ချက်မှမရှိဘူးလို့ခံစားရတယ် သူက သူ့အနာဂတ်မှာ ဘာပျော်ရွှင်စရာမှမရှိဘူးဆိုတာကို နားလည်နေတဲ့ပုံပဲ သူ့ဘဝက တိုတောင်း ပြီးတော့ တာဝန်ကလည်း ကြီးမားတယ်၊ သူ့မှာနေထိုင်ဖို့ သူ့ဘဝဆိုတာမရှိ ဘူးပဲ” ရှီမာယူယူ သက်ပြင်းချလေသည် “သြော် ဟုတ်သားပဲ ဘယ်လိုထင်လဲ ကျွန်တော်တကယ်ပဲ သူကျေနပ်လောက်စေတဲ့ ရေယူသွားပေးနိုင်မယ်ဆိုရင် အဖေ့အကြောင်းကို ပြောပြမယ်ထင်ထား”

“မင်းယူသွားပေးမယ်ဆိုရင် ပြဿနာမဖြစ်လောက်ပါဘူး” ဝူလင်းယူ ပြောလိုက်သည် “ပြဿနာက မင်းယူနိုင်မလား မယူနိုင်မလားဆိုတာပဲ”

ရှီမာယူယူ၏ မျက်နှာငယ်သွားလေသည် “အမှန်ပဲ သူ့ရဲ့စံနှုန်းက မသဲမကွဲနဲ့ ဒီအတိုင်း အသန့်ရှင်းဆုံးရေကိုတောင်းတာပဲမလား ဒါပေမဲ့ ရေက အကုန်အတူတူပဲကို သန့်ရှင်းလား မရှင်းလားဆိုတာကို ဘယ်လိုလုပ်သိမှာလဲ သူမကျေနပ်ရင် အဖေ့သတင်းနဲ့ အလဲအလှယ်လုပ်လို့ရတော့မှာမဟုတ်ဘူး”

“သူ မင်းကို သတင်းပြောပြသည်ဖြစ်စေ မပြောပြသည်ဖြစ်စေ မင်း အဖေကိုရှာတွေ့ရမယ်လို့ ယုံကြည်ထားရမယ်” ဝူလင်းယူ သူမကို နှစ်သိမ့် လေသည်။

“ဦးလေးလျူဖန်နဲ့ တခြားသေူတွေတောင် ဒီလောက်နှစ်တွေကြာအောင် ရှာတာတောင် အဖေရဲ့ အရိပ်အမြက်တစ်ခုမှမတွေ့တာ တစ်ယောက်တည်း လုပ်ဖို့ဆိုပြောမနေနဲ့တော့” ရှီမာယူယူ ပြောလိုက်သည် “သခင်ကြီးရင်လင်း သာ အရိပ်အမြွက် တစ်ခု နှစ်ခုလောက်ပေးနိုင်မယ်ဆိုရင် တချို့အားစိုက်မှု တွေ သက်သာတာပေါ့”

သူမသည် ရှီမာလျူရွှမ်၏ နာမည်ကျောက်ပြားကို ထုတ်လိုက်သည်။ ကျောက်စိမ်းပြားသည် ကွဲအက်ရာများပြည့်နေသော်လည်း ကွဲကြေနေခြင်း တော့မရှိသေးပေ။ ဆိုလိုသည်မှာ သူသည် လက်ရှိအချိန်တွင် ဒုက္ခတွေ့နေ သည်ကို သက်သေပြနေသည်။

“ယူယူတို့ တောင်ပေါ်မှာတုန်းက သူဘာတွေပြောခဲ့လဲ” ရှောင်ချီသည် သူတို့ သီးသန့်စကားပြောခဲ့သည့်အချိန်ကို ပြန်တွေးကာမေးလိုက်သည်။

ရှီမာယူယူ စဉ်းစားလိုက်ပြီးနောက် အဓိကအကြောင်းအရာများကို ပြော ပြလိုက်သည်။ ရှီမာယူယူနှင့် ရှီမန်ယူယူတို့သည် တစ်ဦးတည်းဖြစ်ကြောင်းကို ရှောင်ချီကြားသောအခါ သူမအတွက်ပျော်ပေးလေသည်။

“အဲတော့ ယူယူက တကယ်ပဲ တစ်ယောက်တည်းပဲ ဒီလိုဆိုရင် ပေါင်းစပ်ဖို့တောင်မလိုတော့ဘူး”

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြစ်သွားသော် သူမ၏ စိတ်များသည် များစွာပေါ့ပါးသွားသည်။

“တခြားဘာတွေပြောသေးလဲ” ဟန့်မြောင်ရွှမ်နှင့် တခြားသူများလည်း နားထောင်နေကြသည်။ သူတို့သည် သူမအတွက် ပျော်ရွှင်မိသော်လည်း သူတို့ပြောခဲ့သည့် တခြားအကြောင်းအရာများကို သိချင်မိသေးသည်။

“ပြောခဲ့သေးတယ်”

“ဘာပြောခဲ့တာလဲ”

“ဒီအံ့ဖွယ်နယ်မြေမှာ တစ္ဆေအလံတစ်ရာကို ယူဖို့လိုတယ်တဲ့”

“တစ္ဆေအလံတစ်ရာလား အနီရောင်တောင်ထိပ်မှာတွေ့ခဲ့တဲ့ဟာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“အဲဒီ တစ္ဆေအလံတစ်ရာက အဲလောက်အားကောင်းတာ ဘာလို့ ခိုးရ မှာလဲ၊ ပြီးတော့ အဲပစ္စည်းက တစ္ဆေမျိုးနွယ်ပိုင်တဲ့ဟာပဲ နင်ယူထားလို့ တကယ်ပဲ ကောင်းမှာလား” ရှီမန်ဖန်သည် သဘောမတူစွာဖြင့် ပြောလေ သည်။

ပြီးခဲ့သည့်တစ်ခေါက်က ရှီမာယူယူသည် တစ္ဆေမျိုးနွယ်ကြောင့် ဒဏ်ရာ ရခဲ့ကာ သေလုနီးပါးဖြစ်ခဲ့သည်။ သူသည် စဉ်းစားလိုက်သည်နှင့်ပင် ကြောက်ရွံ့ခဲ့သည်။

“ဒါပေမဲ့ တစ္ဆေအလံတစ်ရာကို ငါရမှဖြစ်မယ်လို့ သခင်ကြီးရင်လင်းက ပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်၏ “အကြောင်းအရင်းကိုတော့ မပြော ပေမယ့် တစ်ခုခုဖြစ်လာမယ်လို့ခံစားနေရတယ် မဟုတ်ရင် သူ အထူးတလည် သတိပေးမှာမဟုတ်ဘူး”

“မင်းမှာ တစ္ဆေမျိုးနွယ်ရဲ့ သွေးသားရှိနေတယ်လေ တစ္ဆေအလံတစ်ရာ ဆိုရင်တောင် မင်းက စီမံနိုင်ပါတယ်” ဝူလင်းယူ ပြောလိုက်သည် “သခင်ကြီး ရင်လင်းပြောခဲ့တယ်ဆိုတော့ သူ့စကားနားထောင်တာမမှားနိုင်ပါဘူး”

“အစ်ကိုက သူ့ကိုဘာလို့အဲလောက်ယုံတာလဲ”

“ရင်လင်းက အားအကောင်းဆုံးဂမ္ဘီရပညာရှင်ပဲ သူ ဟောကိန်းထုတ် တာက တစ်ခါမှမမှားဖူးဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါရတနာပဲ ကျွန်တော်တို့ရမယ်ဆိုရင် တစ္ဆေ လောကရောက်ရင် သုံးလို့ရနိုင်တယ်” ရှီမာယူယူသည် ထိုကိစ္စနှင့်ပတ်သတ် ပြီး ပြဿနာမရှိပေ။ မည်သို့ပင်ဖြစ်ကာမူ အချိန်တစ်ခုသာလိုသည်။

***

All Chapters