ဟိန်းသံလေး၏ တုန့်ပြန်မှု
Vol. 011 Ch. 1080
“တစ္ဆေအလံတစ်ရာကို တစ္ဆေမျိုးနွယ်လက်ထဲမှာမထားချင်ဘူးလို့ ပြော ရင် တခြားသူတွေလည်း သွားလုလို့ရတာပဲ ဘာလို့ လုရမယ့်သူက ယူယူပဲ ဖြစ်ရမယ်လို့ သူခေါင်းမာနေတာလဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲအစား ပိုသန်မာတဲ့လူတစ်ယောက်ယောက်က ခိုးရင် အောင်မြင်ဖို့ အလားအလာများတာမဟုတ်ဘူးလား”
“ကျွန်တော်လည်း အဲမေးခွန်း သူ့ကိုမေးခဲ့သေးတယ် ဒါပေမဲ့ ကျွန်တော် တစ်ယောက်ပဲ ယူရမယ်လို့ပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် ဘာကြောင့်လဲဆိုတာ သူပြောခဲ့လား”
“မပြောဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “အဲဒါက ကျွန်တော့် အတိတ်နဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်လို့ရတာဖြစ်နိုင်တယ်၊ တစ္ဆေမျိုးနွယ်ရဲ့ သွေးသားဆက်ခံတဲ့သူပဲ ရနိုင်တာဖြစ်နိုင်တယ် ဘယ်သူသိနိုင်မလဲလေ…”
“ဖြစ်နိုင်လောက်မှာပါ” ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် မည်သည့် အကြောင်းအရင်းကိုမှ စဉ်းစားမရပေ။
“သူ တခြားဘာမှမပြောဘူးလား” ရှောင်ချီ မေးလိုက်သည်။
“ဒီတစ်ခေါက်က ငါတို့အတွက် အခွင့်အရေးအကြီးတစ်ခုရှိမမယ်လို့ လည်း ပြောခဲ့တယ် ဒါပေမဲ့ သူ အများကြီးပြောလိုက်ရင် အခွင့်အရေးကို သက်ရောက်လိမ့်မယ်တဲ့ အဲဒါကြောင့် ဒီနှစ်တွေမှာ အုပ်စုဖွဲ့တာတွေနဲ့ ခွဲနေ ဖို့အကြံပေးခဲ့တယ် အဲဒါက သူတို့အတွက် အဆင်ပြေမယ်လို့လည်း ပြောခဲ့ တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါတို့ဘယ်တော့ထွက်သွားကြမလဲ”
“အခြေအနေပေါ်မူတည်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အရင်ဆုံး ရင်ယန်နန်းတော်နဲ့ ကျုံ့ကျန်းမျိုးနွယ်ကလူတွေကို သွားကြည့်ရဦးမယ်လေ”
“အခုက သူတို့ဘယ်မှာလဲဆိုတာ မသိဘူးလေ သူတို့ကိုရှာဖို့ အချိန်ယူ ရဦးမယ်” ရှောင်ချီသည် မသိနိုင်သောအခွင့်အရေးအတွက် စိတ်ဝင်စားလျက် ရှိသည်။
“အေးဆေးပါ ထာဝရရှင်သန်သူနယ်မြေထဲမှာ ငါတို့အချိန်ရပါသေး တယ် ၈နှစ် ၁၀နှစ် မပြည့်ခင်ပိတ်သွားမှာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက် သည်။
ထိုအရာများကို ပြောပြခဲ့သူမှာ ရင်လင်းဖြစ်သည်။
“ငါတစ်ခုခုစဉ်းစားမိတယ် တကယ်လို့ ထာဝရရှင်သန်သူနယ်မြေက ဖွင့် နေဦးမယ်ဆိုရင် ငါတို့် အချိန်မရွေးလာချင်တဲ့အချိန်လာလို့ရတယ်လို့ ဆိုလို တာမဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
အားလုံး မှင်တက်သွားကြသည်။ သူတို့သည် အရင်ကမစဉ်းစားမိကြ ပေ။
“ကျွန်တော်တို့မှာ မင်္ဂလာသားရဲသွေးရှိနေသရွေ့တော့ ရလောက်မယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
“အဲတော့ ငါတို့အထဲမှာ အဲလူတွေကိုသတ်လိုက်လို့ အပြင်ဘက်ကလူ တွေက လက်စားချေဖို့ဝင်လာရင် ဘယ်လိုလုပ်မလဲ” ဟန့်မြောင်ရွှမ် ထပ်မေး ပြန်သည်။
“ဟုတ်တယ်” ဝူလင်းယူ ပြောလိုက်သည် “အဲဒါကြောင့် သူတို့က မဝင်ခင်ကို စွမ်းအားကြီးအင်အားစုကလူတွေက သူတို့လူတွေရဲ့ခန္ဓာကိုယ် မှာ လျှို့ဝှက်နည်းကို သူတို့ခန္ဓာကိုယ်မှာ ဝိညာဉ်စာတမ်းကို ရိုက်နှိပ်ပေး လိုက်တယ် လုပ်ကြံတဲ့ အပြင်လူ တွေကိုသိဖို့အတွက် အဲလျှို့ဝှက်နည်းကို သုံးကြတယ် အဲနောက်ကို သူတို့ လူလွှတ်ပြီး လက်စားချေကြတယ်”
“အင် ဒါဆိုရင် အန္တရာယ်များတယ်မဟုတ်ဘူးလား” ရှောင်ချီ ပြောလိုက် သည် “ရှောင်ချီတို့ တစ်ယောက်ယောက်ကိုသတ်လိုက်ရင် ပေါ်သွားမှာကို စိုးရိမ်ထားဖို့လိုတယ်”
“နည်းနည်းပဲစိုးရိမ်ဖို့လိုတာပါ ပြီးတော့ အဲလိုလုပ်ဖို့ စွမ်းရည်က တော် တော်များများမှာ ရှိတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံး တော့ ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်မှာ အဲလိုစွမ်းရည်မရှိဘူး”
“အတွင်းပိုင်းဒေသက အင်အားစုတွေကိုတော့ နည်းနည်းဂရုစိုက်ဖို့လို မယ် တပည့်တိုင်းကတော့ အဲစာတမ်းကိုသယ်သွားတာမဟုတ်ပေမဲ့ ဂိုဏ်းရဲ့ ပင်မတပည့် မဟုတ်ရင် ဆက်ခံသူတွေကတော့ သေချာပေါက် သယ်သွားမှာ ပဲ” စူးရှောင်ရှောင် ပြောလိုက်သည်။
“ဟင်း သူတို့ သယ်သွားတာ မသယ်သွားတာ ဂရုမစိုက်ဘူး တစ်ယောက်ယောက်သာ ရှောင်ချီတို့ကို လာလှည့်စားရဲလို့ကတော့ လက်သီး က လူမရွေးဘူး” ရှောင်ချီ နှာမှုတ်လေသည်။
“လူတော်တော်များများကတော့ ငါတို့ကိုရန်သူအဖြစ်ရွေးမှာမဟုတ်ဘူး လို့ ထင်တယ်” ရှီမန်ဖန် ပြောလိုက်သည် “အစောပိုင်းက သခင်ကြီးရင်လင်း လုပ်ပြသွားတာနဲ့ဆိုရင် သူတို့မြင်ပြီးတော့ ဦးနှောက်ရှိတယ်ဆိုရင် ငါတို့ကို ရန်သူအဖြစ်မလုပ်ဘူး ငါတို့ သတိကပ်ရမှာက မမြင်နိုင်တဲ့သူတွေပဲ”
“အစ်ကိုတို့က ဘာမှမဖြစ်ဘူးလို့ သခင်ကြီးရင်လ်းပြောခဲ့မှတော့ ဘာမှ မဖြစ်လာက်ဘူးထင်တာပဲ စိတ်အေးအေးထားပြီး လုပ်စရာရှိတာသာ ရဲရဲလုပ်” ရှောင်ချီ ပြောလိုက်သည်။
“သူပြောတာကို တကယ်ယုံတယ်ပေါ့…”
“ဒါပေါ့ အစ်ကိုကြီးလင်းယူက သူ့ကိုယုံမှတော့ ရှောင်ချီလည်းယုံတာ ပေါ့”
“ငါမြင်တာတော့ မင်းက အဖွဲ့ကြီးထဲကခွဲထွက်ပြီး ကိုယ့်ဘာသာ သွားချင်နေတာ ဟုတ်တယ်မလား” ဟန့်မြောင်ရွှမ်သည် သူမ၏ အကျင့်ကို နားလည်ပြီးသားဖြစ်သည်။
“ဟီးဟီး…” ရှောင်ချီသည် မငြင်းပေ။ သူမသည် အမှန်တကယ်ပင် ထိုကဲ့သို့ခံစားရသည်။
လူအများကြီးနှင့် သွားလာရသည်မှာ အမှန်တကယ်ပင် နည်းနည်းမှ ပျော်စရာမကောင်းပေ။
“တကယ်တော့ ငါတို့သွေးမှာ ရှုပ်ထွေးအောင်လုပ်လိုက်ပြီပဲ သူတို့ကို မရှာရင်တောင် သူတို့တစ်နှစ်ကျော်ပြီးမနေနိုင်ပါဘူး ဘာလို့သူတို့ကိုသွားရှာ ချင်ရတာလဲ” စူးရှောင်ရှောင်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ချင်လို့လေ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်မကြည့်လိုက်ရဘူးဆိုရင် ခံစားချက် က လုံးဝတူတော့မှာမဟုတ်ဘူး”
“အမှန်ပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ပြီးတော့ တကယ်လို့ သူတို့ကံကောင်းပြီး ဘယ်ဝိညာဉ်သားရဲနဲ့မှ မတွ့ဘူးဆိုရင် လိမ်းထားတဲ့သွေးနည်းနည်းလောက်က သူတို့အပေါ် ဘယ်လောက်မှ သက်ရောက်မှာမဟုတ်ဘူး”
“မဖြစ်နိုင်တာ သူတို့ကဘယ်လိုလုပ် ကံကောင်းနိုင်မှာလဲ” ရှောင်ချီ သည် ထိုအရာကိုမဖြစ်နိုင်ဟု တွေးကာ မျက်လုံးများပြူးကျယ်လာသည်။
သူတို့သည် ထိုနေရာတွင်နေသောအိမ်ရှင် သားရဲများကိုမတွေ့လျှင် တောင်မှ အပြင်မှလာသော ဝိညာဉ်သားရဲများကို တွေ့နိုင်သည်။ တစ်ကောင် မှမတွေ့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
“တကယ်လို့လို့ ငါပြောလိုက်တယ်လေ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဖြစ်ဖို့က လုံးဝကြီးမဖြစ်နိုင်တောတော့ မဟုတ်ဘူး”
“ဒါဆိုရင်တော့ အတည်ပြုသင့်တယ်”
“မြန်မြန်လုပ်ကြမယ်”
မျောက်ဝံအိုကြီးက အာရုံခံမိပြီး လမ်းကိုဦးဆောင်လာသော်လည်း သူတို့သည် အချိန်အများကြီးသုံးပြီး နောက်ဆုံးမှပင် ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်၏ သတင်းကိုရတော့သည်။
သူတို့သည် ပြီးခဲ့သည့် သုံးလတွင် နေရာတချို့ကိုသွားလာခဲ့ပြီးဖြစ် သည်။ တခြားသူများရှိလျှင် သူတို့ ဆက်သွားကြသည်။ ဘယ်သူမှမရှိသည့် အခါတွင်တော့ ရတနာရှိလိုရှိငြားရပ်ပြီး စစ်ဆေးကြသည်။
“နောက်ဆုံးတော့ အဲကောင်တွေကိုတွေ့ပြီပဲ” ရှီမာယူယူသည် သူမ၏ စက္ကူလိပ်တွင် အပြာအစက်များ လှုပ်ခတ်နေသည်ကို မြင်သောအခါ နှာမှုတ် လိုက်သည်။
“သူတို့နဲ့ ဘယ်လောက်ဝေးလဲ” ရှီမန်ဖန် မေးလိုက်သည်။
“သူတို့လည်း ငါတို့ဘက်လာနေတယ် ငါတို့ရဲ့ လက်ရှိအရှိန်နှုန်းနဲ့ဆိုရင် ၁၀ရက်ကနေ ၁၅ရက်အတွင်း သူတို့ကိုရှာတွေ့နိုင်တယ်” ရှီမာယူယူ ပြော လိုက်သည်။
“အဲလူတွေက ရင်ယန်နန်းတော်ကလား ကျုံကျန်းမျိုးနွယ်ဝင်တွေလား ဆိုတာ သိချင်မိသားပဲ” ဟန့်မြောင်ရွှမ်သည် သိချင်နေသည်။
“တွေ့ရင်တော့သိရမှာပဲ” ရှီမာယူယူသည် စိုးရိမ်မှုရှိမနေပေ။
“တခြားအဖွဲ့ကလူတွေရော ဘယ်မှာလဲ”
“သူတို့က စက္ကူလိပ်ပေါ်မှာမပေါ်လာဘူး အဝေးရောက်နေတာဖြစ်မယ်” ရှီမာယူယူသည် စာရွက်ကိုသိမ်းပြီးနောက် ဆက်လက်ပျံသန်းရန် သားရဲပျံကို ညွှန်ကြားလိုက်သည်။
ရက်နည်းငယ်ကြာပြီးနောက်တွင် မျောက်ဝံအိုကြီးသည် ထိုလူများရှိ သည့်နေရာကို ရှင်းလင်းစွာ အာရုံခံမိလေသည်။ ဟိန်းသံလေးသည် ရုတ်တရက် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ တွယ်တက်ကာ ပြောလေသည် “ယူယူ ငါခံစားလို့ရတယ်”
“ဘာကိုခံစားလို့ရတာလဲ” ရှီမာယူယူသည် ဟိန်းသံလေးအား ဖက်ပြီး မေးလိုက်သည်။
“တစ်ယောက်ယောက်ပေါ်လာတယ် သူတို့တိုက်ခိုက်နေကြတယ်” ဟိန်းသံလေး ပြောလိုက်သည်။
“ဘယ်သူတွေလဲဆိုတာ သိရလား”
ဟိန်းသံလေးသည် လက်သည်းကိုဆန့်ထုတ်ကာ ခေါင်းလေးကို ပွတ်ပြီး ပြောလိုက်သည် “အဲဒါကိုတော့ အာရုံခံလို့မရဘူး ငါ့သွေားက တခြားသူရဲ့ သွေးနဲ့ရောနေတာကိုပဲ အာရုံခံစားလို့ရတယ် တစ်ယောက်ယောက်ကတော့ ဒဏ်ရာရနေပြီ”
ရှီမန်ဖန်နှင့် တခြားသူများသည် ချက်ချင်းပင် စိတ်ပူသွားကြသည်။ ဟိန်းသံလေး အာရုံခံမိသည်ဆိုပါက ရှင်းမိုမှလွဲပြီး တခြားတစ်ယောက်မှာ ကုန်ရှန်ယိဖြစ်သည်။ ထိုသူမှာ မည်သူပင်ဖြစ်စေကာမူ တစ်ယောက်ချင်းစီ သည် သူတို့အတွက် အရေးကြီးသည်။
“သွားပြီးကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည် “ဟိန်းသံလေး လမ်းပြ”
“သိပြီ”
အသည်းကွဲတောင်ကြားမှလူများသည် ဘာဖြစ်နေသည်ကို မသိကြ သော်လည်း ဦးတည်ဘက်ပြောင်းကာ ဆန့်ကျင်ဘက်နေရာသို့ ပျံသန်းသွား လိုက်ကြသည်။
“ငါတို့ ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကိုသွားရှာမှာမဟုတ်ဘူး လား”
“တစ်ခုခုဖြစ်နေတဲ့ပုံပဲ”
“ဘာဖြစ်နေတာလဲဆိုတာ အရေးမကြီးဘူး တောင်ကြားခေါင်းဆောင်နဲ့ တခြားသူတွေနောက်သာလိုက်ကြ”
“ဟုတ်တယ်”
ကုန်ရှန်ယိသည် သူမကုန်တောင်ကြားအဖွဲ့ဝင်များကို ဦးဆောင်ကာ အသက်ရှင်ရေးအတွက် ပြေးနေရသည်။ သူတို့၏ သားရဲပျံအများစုမှာ ဒဏ်ရာရထားကြသည်။ သို့သော် သူတို့သည် တတ်နိုင်သလောက် ဝေးဝေး ရောက်အောင် အကောင်းဆုံးပျံသန်းနေကြသည်။ သူတို့ရပ်လိုက်လျှင် နောက်မှလိုက်နေသော အနက်ဝတ်လူစု၏ ချေမှုန်းခြင်းကို သေချာပေါက်ခံရ မည်။
သို့သော် သူတို့ဒဏ်ရာများသည် ပြင်းထန်လွန်းသည်။ သူတို့ ပြေးကြ သော်လည်း ထိုလူများ၏ အရှိန်နှင့် မယှဉ်နိုင်ပေ။ လျင်မြန်စွာပင် သူတို့သည် အနက်ဝတ်လူများ၏ ဝန်းရံခြင်းကိုခံလိုက်ရကာ သူတို့၏ လွတ်မြောက်မည့် ခရီးစဉ်မှာ ပိတ်ဆို့ခြင်းခံလိုက်ရလေသည်။
***