ကုန်ရှန်ယိ၏ ထိခိုက်မှု
Vol. 011 Ch. 1081
“တောင်ကြားသခင်လေး သခင်မလေး” ကုန်တောင်ကြားအဖွဲ့ဝင်များ သည် ကုန်ရှန်ယိနှင့် သူမ၏ အစ်ကိုကြီးကုန်ရှန်ချီတို့ကို ဝိုင်းပတ်လိုက်ကြ သည် “ညီမလေး ခဏနေရင် ငါဒီလူတွေကိုတောင့်ခံထားမယ် လူတွေခေါ် ပြီးထွက်သွားတော့ ပြန်မလာနဲ့ နားလည်လား” ကုန်ရှန်ချီသည် ဒဏ်ရာရ ထားကာ သူ့သွေးများသည် ကုန်ရှန်ယိ၏ လက်ချောင်းများထိ စီးဆင်းလေ သည်။
ကုန်ရှန်ယိသည် ကုန်ရှန်ချီ၏ ဒဏ်ရာကို ပိတ်လိုက်သည်။ သူဆေး သောက်ပြီးသော်လည်း သွေးများသည် မရပ်ပေ။ ဒဏ်ရာသည် သေချာပေါက် အဆိပ်မိထားသည်ကို သူမ သိလိုက်သည်။
“အစ်ကိုကြီး ဘာတွေပြောနေတာလဲ ညီမလေးပြေးရမယ်ဆိုရင် အတူတူပဲပြေးမယ် ဒီမှာတစ်ယောက်တည်း ပစ်ပြီး ညီမလေးတစ်ယောက် တည်းမပြေးနိုင်ဘူး” သူမသည် ဒေါသဖြင့် အော်လိုက်သည်။
“ညီမလေး” ကုန်ရှန်ချီသည် ကုန်ရှန်ယိ၏ လက်များကို ဆုပ်ကိုင်လိုက် သည် “ငါတို့အားလုံးဒီမှာ သေလို့မရဘူး အဖေနဲ့ အမေတို့ ဝမ်းနည်းပက်လက် ဖြစ်လိမ့်မယ် သူတို့ကလေးနှစ်ယောက်လုံးကို တစ်ခါတည်းဆုံးရှုံးစေချင်လို့ လား”
“ဒါဆိုရင် နောက်မှနေခဲ့တာက ညီမလေးပဲဖြစ်ရမယ် အစ်ကိုကြီးသွား တော့” ကုန်ရှန်ယိ ပြောလိုက်သည် “အစ်ကို့ရဲ့အခြေအနေနဲ့ဆိုရင် သူတို့ကို တားထားရင်တောင် ကြာကြာခံနိုင်မှာမဟုတ်ဘူး၊ အဲလိုဆိုရင် ညီမလေးကို သူတို့မှီသွားမှာပဲ အဲအစား ညီမလေးပဲ နောက်ကနေတားထားပေးမယ်”
“ဘာလို့အဲလောက် စကားနားမထောင်ရတာလဲ” ကုန်ရှန်ချီသည် ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။ သို့သော် သူဒဏ်ရာရထားသဖြင့် သူ့ အသံသည် အားပါလှသည်မဟုတ်ပေ။
“ညီမက အမြဲစကားနားမထောင်ခဲ့တာပဲလေ အခုမှသိတာလဲမဟုတ် ဘူး” ကုန်ရှန်ယိသည် ကုန်ရှန်ချီကို ကြည့်လိုက်သည်။
ကုန်ရှန်ချီသည် သူမ၏ ခေါင်းမာသည့်မျက်နှာလေးကိုကြည့်ပြီး စိတ်ထဲ တွင်တော့ အကူအညီမဲ့နေသည်။ သူသည် လက်ရှိသူ့ခန္ဓာကိုယ်အခြေအနေ ကို ခံစားမိသည်။ သူ့အသက်သည် ထိုအတိုင်းသာပါသွားတော့မည်။ သူ လွှတ်နိုင်လျှင်တောင် အသက်မရှင်နိုင်ပေ။
သို့သော် ငယ်စဉ်ကပင် ခေါင်းမာသော သူ့အချစ်ဆုံးညီမလေးနှင့် ရင်ဆိုင်လိုက်ရသောအခါ ဒီအကြောင်းကို သူမကို ဘယ်လိုပြောမလဲ။
“ဟင်း ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ လွတ်ဖို့မစဉ်းစားနဲ့ ဘယ်သူနေ မယ် ဘယ်သူသွားမယ်နဲ့ ရန်ဖြစ်မနေကြနဲ့” အနက်ဝတ်လူတစ်ယောက်သည် ဖိနှိပ်သောလေသံဖြင့် ပြောလေသည်။
“ဟင်း ရှင်တို့က ဒီအံ့ဖွယ်နယ်မြေမှာ အကုန်လုံးကို လိုက်ပြီးနှိပ်စက်နေ တဲ့သူတွေဖြစ်ရမယ်” ကုန်ရှန်ယိသည် ကုန်ရှန်ချီကိုတွဲထားပြီး အနက်ဝတ် လူများကို လူသတ်မည့်မျက်လုံးများဖြင့်ကြည့်လေသည်။
“သခင် သူတို့ကို ငါရှင်းမယ် သခင်တို့လွတ်အောင်ပြေးကြ” ကုန်ရှန်ယိ ၏ စာချုပ်သားရဲ မိန်းမလှလေးသည် အရှေ့တိုးကာ ကုန်ရှန်ယိ၏အရှေ့သို့ လာလေသည်။
“အာကွာ” ကုန်ရှန်ယိသည် သူမ၏ ပြတ်သားသောကျောပြင်ကို မလိုလာစွာဖြင့် ကြည့်လိုက်သည်။
သို့သော် သူမ ဆုံးဖြတ်ချက်ချမှဖြစ်မည်။ ထိုနေရာတွင် အားလုံးကျန်ခဲ့ ပါက သူတို့အားလုံး သေသွားနိုင်သည်။
“သခင် ငါ အာကွာက သခင့်ရဲ့စာချုပ်သားရဲဖြစ်ရတာကို ဝမ်းသာပါ တယ် သခင် နောက်ကို အာကွာ့ကိုယ်စား သခင့်ကိုကာကွယ်ပေးမယ့် ပိုကောင်းတဲ့ စာချုပ်သားရဲကို ရှာတွေ့ပါစေလို့မျှော်လင့်ပါတယ်” အာကွာ သည် လှည့်ကာ ကုန်ရှန်ယိကို ပြုံးပြလေသည်။
“အကြီးအကဲ၅ အစ်ကိုကြီးကိုခေါ်ပြီးပြေးတော့” ကုန်ရှန်ယိသည် ကုန်ရှန်ချီကို သတ်လတ်ပိုင်းအရွယ်အမျိုးသားဆီသို့ လက်လွှဲပေးလိုက် သည် “ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုခေါ်သွားရမယ်နော်”
“သခင်မလေး” အကြီးအကဲ၅သည် မလိုလားစွာဖြင့် “ငါဘာလို့…”
“အကြီးအကဲ၅” ကုန်ရှန်ယိ အော်လိုက်သည် “အခု အကြီးအကဲ တစ်ယောက်ပဲ အစ်ကိုကြီးကိုခေါ်သွားနိုင်မှ သူ့မှာ အသက်ရှင်ဖို့အခွင့်အရေး ရှိမှာ အစ်ကိုကြီးရဲ့သရုပ်မှန်ကိုမမေ့ပါနဲ့ မြန်မြန်သွားတော့”
အကြီးအကဲ၅သည် ဆန္ဒမရှိပေ။ သို့သော် ကုန်ရှန်ယိ ပြောသည်မှာ မှန် သည်။ ကုန်ရှန်ချီသည် ကုန်တောင်ကြား၏ သခင်လေးဖြစ်သည်။ သူသာ သေသွားပါက ကုန်တောင်ကြားအတွက် များစွာသက်ရောက်မှုရှိသည်။
အံကြိတ်ရင်း သူသည် ကုန်ရှန်ချီကိုခေါ်သွားရာ သူတို့ဝိုင်းထားသည့် အားနည်းဆုံးနေရာကို ရွေးကာ တိုက်ခိုက်လေသည်။
“တစ်ယောက်မှ မပြေးစေနဲ့” အနက်ဝတ်လူကြီး လှည့်ပြီးနောက် လက် ကိုဝေ့ရမ်းလေသည်။ အနက်ဝတ်လူကြီးသည် ကျန်သည့် ကုန်တောင်ကြား လူများကို တိုက်ခိုက်လေသည်။
ကုန်တောင်ကြားအဖွဲ့ဝင်များသည် သူတို့တိုက်ခိုက်မှုကို တောင့်မခံနိုင် တော့ပဲ များစွာဒဏ်ရာရကြကာ မြေပေါ်တွင် အလောင်းများ ပိုပိုများလာ သည်။
ကုန်ရှန်ယိသည် ကြာပွတ်ကို ဝင့်လိုက်ရာ တစ်ချက်ရမ်းလိုက်သည်နှင့် လူအနည်းငယ် လွှင့်သွားလေသည်။ သို့သော် ထိုသို့ဆိုလျှင်တောင် အရေအတွက်ကွာခြာ်းမှုကို မကျော်လွှားနိုင်ပေ။
ဒီလူတွေက ဘယ်ကနေရောက်လာပြီး သူတို့ကုန်တောင်ကြားကို ဒီလောက်ရန်ငြိုးထားပြီး လုပ်နေတာလဲ။
“သခင် သတိထား” အာကွာ၏အသံသည် ကုန်ရှန်ယိ၏အနောက်မှ ထွက်ပေါ်လာသည်။ သူမ မလှည့်ခင်တွင် ခန္ဓာကိုယ်ကို ဖြတ်ဖောက်သွား သည် ဓားသွားအသံကိုကြားလိုက်ရသည်။
“အာကွာ” ကုန်ရှန်ယိသည် သူမအရှေ့မှ လူအားလုံးကိုသတ်ပြီးနောက် လှည့်ထွက်ကာ အာကွာ၏ လဲကျသွားသောခန္ဓာကိုယ်ကိုတွဲလိုက်သည်။
“သခင် အာ..အာကွာ… မကာကွယ်နိုင်တော့ဘူး” အာကွာသည် ရင်ဘတ်မှ သွေးများယိုကျသောခန္ဓာကိုယ်ဖြင့် ကုန်ရှန်ယိ၏ ရင်ခွင်တွင်မှီ ထားလိုက်သည်။ သွေးများသည် ကုန်ရှန်ယိ၏ စကတ်တွင် စွန်းထင်ကုန်လေ သည်။
“အာကွာ စကားမပြောနဲ့ မြန်မြန် ဒီဆေးစားလိုက်” ကုန်ရှန်ယိသည် ဆေးတစ်လုံးထုတ်ကာ သူ့ပါးစပ်ထဲသို့ ရေနှင့်အတူလောင်းထည့်လိုက် သည်။ သူမသည် စားစေချင်သဖြင့် မျက်ရည်များသည် မျက်လုံးမှ အဆက် မပြတ်ကျလာလေသည်။
“သ သခင်… ကောင်းကောင်းဂရုစိုက်ရမယ်နော် ခုနက ငါပြောခဲ့တာကို သတိရပါ အာကွာ…”
အာကွာသည် သူမရင်ခွင်ထဲ၌ပင် သေးငယ်သောအပြာရောင်မြွေပါ အဖြစ်ပြောင်းသွားလေသည်။ သူမ ပျောက်ကွယ်သွားသည်နှင့် ကုန်ရှန်ယိ သည် လည်ချောင်းထဲတွင် ချိုသောတစ်စုံတရာကို အရသာခံမိကာ ပါးစပ် အပြည့် သွေးများအန်ထွက်လေသည်။
သူမသည် စာချုပ်၏ ရိုက်ခတ်မှုကို ခံစားရလေသည်။
အနက်ဝတ်လူကြီးသည် သူမအနောက်မှ ချောင်းမြောင်းတိုက်ခိုက်လေ သည်။ သို့သော် သူအနားမရောက်ခင်တွင် သူ့ဘေးမှ အန္တရာယ်တစ်ခုခုလာ နေသည်ကို ခံစားလိုက်ရသည်။ မီးတောက်လုံးတစ်ခုပေါ်လာရာ သူ တိုက်ခိုက်မှုကို လက်လျော့ပြီး တိုက်ခိုက်မှုကို ရွှေ့လိုက်သည်။
“ချွင်”
ရှည်လျားသော လှံတစ်ချောင်းသည် လေပေါ်တွင်ပျံဝဲလာကာ ထိုလူကြီးရှိနေသော နေရာကိုဖြတ်ကာ ကုန်ရှန်ယိအနောက်မှ မြေပေါ်သို့ ကျလာလေသည်။
ကုန်ရှန်ယိသည် အာကွာ၏ အလောင်းကိုဖက်ပြီး လှံလာရာနေရာသို့ ကြည့်လိုက်သည်။ သူမသည် သူမမျှော်နေခဲ့သော လူများကိုတွေ့လိုက်ရ သည်။
ရှီမန်ဖန်သည် သူမအဝတ်မှ သွေးများနှင့်အတူ ကုန်ရှန်ယိ၏ နှုတ်ခမ်း တွင် သွေးများစွန်းထင်းနေသည်ကို မြင်လိုက်ရသည်။ သူသည် အစောပိုင်းက မြင်ကွင်းကို ပြန်တွေးကာ ရင်နာမှုနှင့်အတူ ဒေါသထွက်လေသည်။ သူ သူမ ဘေးသို့ သွားကာဖက်ပြီး ပြောလိုက်သည် “တောင်းပန်ပါတယ် ကိုယ် နောက်ကျသွားတယ်”
ကုန်ရှန်ယိသည် ရှီမန်ဖန်ကို မျက်ရည်ပြည့်သော မျက်လုံးများဖြင့်ကြည့် လိုက်လေသည်။ သူမသည် စကားမပြောခင်တွင် ပါးစပ်အပြည့်သွေးများကို မျိုချလိုက်သည်။
“ရှန်ယိ ဘာဖြစ်တာလဲ” ရှီမန်ဖန်သည် သူမကိုကြည့်ပြီး ပျာယာခတ်နေ မိသည်။
“အစ်မကြီး ကုန်ရယိ ဘာဖြစ်တာလဲ” ရှောင်ချီသည် အပြေးလာကာ သူမ ခန္ဓာကိုယ်မှသွေးကိုမြင်သောအခါ ဒေါသစတင်ထွက်လေသည်။
“ရှောင်ချီ အစ်မကြီးအတွက် လက်စားချေပေးမယ်” ထိုသို့ပြောပြီး နောက် သူမလက်သည် လက်သီးအသွင်ပြောင်းပြီး ထိုအနက်ဝတ်လူများကို တိုက်ခိုက်လေသည်။
ရှီမာယူယူသည် ပန်းလေးနှင့် အသည်းကွဲတောင်ကြားမှလူများကို တိုက်ခိုက်စေလိုက်သည်။ သူမသည် ရှီမန်ဖန်ဘေးလာရာ အာကွာ၏ အလောင်းကိုမြင်သောအခါ ပြောလိုက်သည် “သူမရဲ့ စာချုပ်သားရဲ သေသွား တာဖြစ်မယ် အဲဒါကြောင့် သူမ စာချုပ်ရဲ့ တန်ပြန်မှုကိုခံနေရတာ အသက် စာချုပ်သားရဲမဟုတ်တာ တော်သေးတယ် သူမ အသက်တော့ ကျန်သေး တယ်”
“အဲလူတွေက သေဖို့ပဲတန်တယ် အသည်းကွဲတောင်ကြားက တပည့်တို့ ငါ့အမိန့်ကိုနာခံကြ လူတစ်ယောက်မှ မကျန်စေနဲ့” ရှီမန်နဖန်၏ အသံသည် နိမ့်နေသည်မှာ သူ မည်မျှဒေသထွက်နေကာ သူ့စိတ်ကိုသူ မထိန်းနိုင်ဖြစ်နေ သည်ကို ပြသနေသည်။
“ကျွန်မ အစ်ကိုကြီးကိုကယ်ပါဦး…” ကုန်ရှန်ယိသည် ရှီမာယူယူအား လျှောက်လဲလေသည်။
“စိတ်ချပါ မင်းရဲ့ အစ်ကိုကြီးက အဆင်ပြေသွားပါပြီ” ရှီမာယူယူသည် ကုန်ရှန်ချီရှိသောနေရာသို့ကြည့်လိုက်ရာ ပန်းလေးသည် ပန်းများဖြင့် သူ့ကို ဝိုင်းပတ်ထားသည်ကို တွေ့လိုက်သည်။
“သူ အဆိပ်မိထားတယ်” ကုန်ရှန်ယိ ပြောလိုက်သည်။
ရှီမာယူယူ တွေဝေသွားပြီးနောက် ဆက်ပြောလိုက်သည် “သူ့အခြေအနေကို ငါသွားကြမည့်မယ်”
သူမအမိန့်ကိုကြားပြီးနောက် ပန်းလေးသည် ကုန်ရှန်ချီကို ပို့လိုက်လေ သည်။ သူသည် မြေပေါ်တွင် ပန်းပွင့်ဖတ်ကိုခင်းကာ အခင်းသဖွယ်သုံးလိုက် သည်။
ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ကာ ကုန်ရှန်ယိကိုကျွေးလိုက် သည်။ ထို့နောက် သူမသည် ကုန်ရှန်ချီ၏ အခြေအနေကို စစ်ဆေးရန်သွား လိုက်လေသည်။
သူ့ခန္ဓာကိုယ်မှ ဆယ်ဂဏန်းမျှရှိသော ဒဏ်ရာများသည် ကြောက်လန့် စရာပင်။ သို့သော် အဆက်မပြတ်ထွက်နေသော သွေးလောက် ကြောက်စရာ မကောင်းပေ။
“အစ်ကိုကြီးရဲ ဒဏ်ရာက စဖြစ်ကတည်းက သွေးထွက်နေတာ ဘယ်လိုလုပ်လုပ် မရပ်သွားဘူး” ကုန်ှရန်ယိ ပြောလိုက်သည်။
“သူအဆိပ်မိထားတာပဲ” ရှီမာယူယူသည် သူ့ကို ခေတ္တမျှ စမ်းသပ်ပြီး နောက် ပြောလိုက်သည် “ဒါပေမဲ့ ရသေးတယ် ဒီအဆိပ်ကို ကုဖို့နည်းရှိတယ်”
“အစ်မကြီးမှာ ဖြေဆေးရှိတာလား”
“ရှီချန်းကျိ ငါနဲ့ရှိတုန်းက သူ့ဆီက အဆိပ်နည်းနည်းနဲ့ ဆေးတွေစုခဲ့ တယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲအဆိပ်က ရှီချန်းကျိရဲ့ အဆိပ်လို့ပြောလိုက်တာလား” ကုန်ရှန်ယိ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ အဆုံးမရှိသော အေးစက်သော ရောင်ဝါပေါ်ထွက်လာလေသည်။
***