ရှီချန်းကျိ ထပ်ပြီးဇာတ်လမ်းအဆင်ခံရပြန်ပြီ
Vol. 011 Ch. 1082
ရှီမာယူယူသည် ဖြေဆေးထုတ်ပြီး ကုန်ရှန်ချီကို တိုက်လိုက်သည်။ သူမသည် သွေးစီးဆင်းသည့်ပုံကိုကြည့်ပြီး မတ်တတ်ရပ်ကာ ကုန်ရှန်ယိကို ပြောလိုက်သည် “ဒီအဆိပ်က ရှီချန်းကျိပိုင်တာဟုတ်တယ် ဒါပေမဲ့ ဒီလူတွေ တော့မဟုတ်ဘူး”
“ဘယ်လိုလုပ် သိတာလဲ” ကုန်ရှန်ယိ မေးလိက်သည်။
“ဒီအဆိပ်က သူတစ်ဦးတည်းမူပိုင်မဟုတ်ဘူး သူက တီထွင်ထားတာပဲ ရှိတာ” ရှီမာယူယူ ပြောလိုက်သည် “နဂါးနက်ကိုးကွယ်ရေးဂိုဏ်းက အခုချိန် မှာ ဂိုဏ်းတွေရဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဝင်မပါရဲသေးဘူး”
“အစ်မက သူ့ဂိုဏ်းကမဟုတ်တာကို ဘယ်လိုလုပ်သေချာနေတာလဲ”
“ဘာလို့လဲဆိုတော့….” ရှီမာယူယူသည် ကောင်းကင်ခွဲဓားကိုတွေးမိ ကာ ဆက်မပြောတော့ပေ “ဘယ်လိုပဲဖြစ်ဖြစ် သူတို့မဟုတ်ဘူးဆိုတာ ငါ သိနေတယ်”
ကောင်းကင်ခွဲဓားသည် လတ်တလောတွင် နဂါးနက်ကိုးကွယ်ရေးဂိုဏ်း တွင်ရှိနေရာ လှုပ်လှုပ်ရှားရှားဖြစ်အောင် မလုပ်ရဲပေ။ အကြောင်းမှာ နတ်ဆိုး ဓား၏ ဆိုးရွားသောသဘာဝသည် အားပြန်မပြည့်သေးသောကြောင့်ပင်။ အခု ချိန်တွင် တစ်ယောက်ယောက်ကိုပြောလိုက်ပါက ကောင်းကင်ခွဲဓားရှိသည် ကို လူများပိုသိလာကြမည်။
သူတို့သည် ထိုစွန့်စားမှုကို လုံးဝလုပ်မည်မဟုတ်ပေ။
ကုန်ရှန်ယိသည် ရှီမာယူယူ၏ စကားများကိုယုံဆဲဖြစ်သည်။ ရှီချန်းကျိ မဟုတ်ဘူးဟု သူမ ပြောမှတော့ တကယ်ပင် သူ မဖြစ်နိုင်ပေ။
“ငါ့ကို အဲလောက်ယုံတယ်လို့ကြားရတာ တကယ်ကို ရင်ထဲထိသွားတာ ပဲ” လေဟာပြင်ဝင်ပေါက်ပွင့်သွားကာ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့ ဝင်ပေါက် မှ ထွက်လာကြသည်။ သူတို့သည် သူမအား ကျေးဇူးသိတတ်စွာဖြင့် ကြည့် လေသည်။
“ထားလိုက်ပါ” ရှီမာယူယူသည် သူ့ကိုမျက်လုံးလှန်ပြလေသည် “ချူးရှောင် နည်းနည်းစီထွားလာပြီပဲ”
ရှီချူးရှောင်၏ မူလအေးစက်သောအမူအရာများသည် ရှီမာယူယူအား မြင်သောအခါ နွေးထွေးလာကာ ထိုမျက်လုံးများတွင် ပုန်းကွယ်နေသော အပြုံးအရိပ်အယောင်ကိုပင် မြင်နိုင်လေသည်။
“နင် ငါ့ကိုအဆိပ်ထုတ်ပေးပြီးကတည်းက စပြီးဖွံ့ဖြိုးလာပြီလေ” ရှီချူးရှောင် ပြောလိုက်သည် “ငါထွားလာမယ့်နေ့ရှိလိမ့်မယ်လို့ တကယ်ကို မထင်ခဲ့တာ ကလေးတစ်ယောက်လိုဖြစ်နေတာ ပင်ပန်းနေပြီလေ”
“ဖြေးဖြေးပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းအသက်အရွယ်ဆိုရင် တော်တော်များများက မကြီးထွားတော့ဘူး ဒါပေမဲ့ မင်းအခြေအနေက နည်းနည်းပိုပြီးထူးခြားတယ်လေ မင်းခန္ဓာကိုယ်က အရင်ကမှတ်ဉာဏ်တွေကို ထိန်းသိမ်းထားတယ် အဲဒါကြောင့် အရင်ကလိုမျိုး တဖြည်းဖြည်းပြန်ပြီး ကြီးထွားလာတာပဲ”
“အင်း အင်း” ရှီချူးရှောင်သည် သူမ ကြီးထွားလာမည်ကို သိသည်။ ထို့ကြောင့် သူမသည် စိုးရိမ်ပူပန်ခြင်းမျိုးမရှိပေ။
“ဒါက တကယ်ပဲ ရှင်တီထွင်ထားတဲ့ အဆိပ်လား” ကုန်ရှန်ယိသည် ရှီချန်းကျိကို ကြည့်ပြီး မေးလိုက်သည်။
“အမှန်ပဲ ငါလုပ်ထားတာ” ရှီချန်းကျိသည် ဝန်ခံလေသည်။
“အဲဒါက ရှင့်လူတွေလား”
“မဟုတ်ဘူး” ရှီချန်းကျိ ငြင်းဆန်လေသည် “ငါတို့ဒီကိုလာတာလည်း အဲဒါကြောင့်ပဲ”
“ဘယ်လိုလဲ…”
“တချို့လူတွေက ငါတို့ဖန်တီးထားတဲ့အဆိပ်တွေကိုသုံးပြီး ထာဝရ ရှင်သန်သူနယ်မြေမှာ လူတွေကို ဆန့်ကျင်နေတယ်ဆိုတာ သိလိုက်ရတယ်၊ အဲဒါကြောင့် စုံစမ်းဖို့လာတာပဲ” ရှီချန်းကျိ ရှင်းပြလေသည်။
ရှီမာယူယူ မျက်ခုံးမျာပင့်လိုက်သည် “ခင်ဗျား အရင်တုန်းကလူတွေကို များ အပြစ်လုပ်ဖူးတာလား… တစ်ယောက်ယောက်က တခြားသူကို အပြစ်ဖို့ ချင်ရင် ဘာလို့ အမြဲတမ်း ခင်ဗျားကိုပဲ အရင်ဆုံးစဉ်းစားမိကြတာလဲ.. အဲလူတွေက ဘယ်သူဖြစ်မယ်လို့ မှန်းမိလား”
တိမ်ပင်လယ်မြို့တွင်လည်း ထိုအတိုင်းပင်ဖြစ်ခဲ့ကာ အခုထိလည်း ထို အတိုင်းပင်။ ထိုလူများသည် ရှီချန်းကျိနှင့် ကြီးမားသော ရန်ငြိုးရန်စသေချာ ပေါက်ရှိနိုင်သည်။ အဲဒါကြောင့်ပဲ သူတို့ သူ့ကို အပြစ်ဖို့ချင်နေတာလေ။ ဘာလို့ တခြားသူကိုသွားမရှာတာလဲ။
ရှီချန်းကျိ ပခုံးတွန့်လိုက်သည်။ သူသည် စိုးရိမ်မှုလုံးဝမရှိပဲ ပြောလိုက် သည် “ငါ့မှာက ရန်သူနည်းနည်းများတာကိုး စဉ်းစားလိုက်ဦးမယ် မင်းကို အုပ်စုအကုန်လုံးကိုပြောပြလို့ရတယ်”
“ဒါပေမဲ့ ခင်ဗျားအဆိပ်ကိုနားလည်ပြီး ရနိုင်မယ့်သူက မများဘူးမလား” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
“အဟွတ် အဟွတ် အဲဒါလည်း နည်းနည်းများသေးတယ်” ရှီချန်းကျိ ပြောလိုက်သည်။
“ဒါဆိုရင် ဘယ်သူလဲဆိုတာ မှန်းလို့မရဘူးလို့ ဆိုလိုတာမဟုတ်ဘူး လား” ကုန်ရှန်ယိ မေးလိုက်သည်။
“ငါတို့မှာ သဲလွန်စရှိတာလည်းမဟုတ်ဘူး ဒါပေမဲ့ အဲဒါလည်းမသေချာ ပါဘူး အဲဒါကြောင့် မင်းကိုတကယ်ပြောပြလို့မရဘူး” ရှီချန်းကျိ ပြောလိုက် သည် “မင်းကိုပြောပြရင်လည်း သူတို့ကိုမသိလောက်ဘူး”
“ရှင်သိရင် ကုန်တောင်ကြားကို အသိပေးပါ” ကုန်ရှန်ယိသည် ရှီမန်ဖန် ၏ ရင်ခွင်တွင်မှီကာ မျက်လုံးများကို မောပန်းစွာမှိတ်ထားလေသည်။
“တောင်ကြားခေါင်းဆောင် အဲလူတွေကိုရှင်းပြီးပါပြီ” ဘိုင်ရှန်းသည် လျှောက်လာကာ သတင်းပို့လေသည်။
“အလောင်းတွေကို ဦးလေးတို့ပဲရှင်းဖို့ အပ်ထားလိုက်ပြီနော် ကျွန်တော်တို့ တစ်နေရာမှာ စခန်းချရမယ်” ရှီမာယူယူ ပြောလိုက်သည်။
ပန်းလေးသည် ကုန်ရှန်ချီကို သယ်ပြီးထွက်သွားရာ ကျန်ရှိသော တပည့် များသည် သူတို့နောက်လိုက်ကာ ထိုနေရာမှ ထွက်သွားကြလေသည်။ ဆယ် ဂဏန်းလောက်သောလူများသည် ကုန်တောင်ကြား၏ ကျဆုံးသော တပည့် များကို ဖြေရှင်းရန် ကျန်ခဲ့လေသည်။
စခန်းတည်ဆောက်ပြီးနောက်တွင် ရှီမန်ဖန်သည် ကုန်ရှန်ယိကို သူ၏ တဲသို့ခေါ်သွားပြီး အိပ်ယာပေါ်တင်လိုက်သည်။
“ဖန် အာကွာမရှိတော့ဘူး” ကုန်ရှန်ယိသည် အခုမှပင် စိတ်ပြေလျော့ သွားကာ မျက်ရည်များကျလာပြီး သူမ၏ အားနည်းမှုကို ရှီမန်ဖန်အား ပြသ လေသည်။
ရှီမန်ဖန်သည် လက်ဆန့်ထုတ်ကာ သူမ မျက်ရည်များကို သုတ်ပြီး ပြောလိုက်သည် “စိတ်ချပါ ဒီအဖြစ်ရဲ့နောက်ကွယ်ကလူကို သေချာပေါက် ဖော်ထုတ်ပြီး အာကွာ့အတွက် လက်စားချေပေးမယ်”
ကုန်ရှန်ယိနှင့် အာကွာတို့အကြားမှ ဆက်ဆံရေးကို သူ သိသည်။ အခု အာကွာသေဆုံးသွားသဖြင့် သူမ မည်မျှ စိတ်သောကရောက်မည်ကို သူခံစား မိသည်။ သို့သော် သူသည် အနည်းငယ်စိတ်သက်သာရာရသေးသည်။ အာကွာသည် အသက်စာချုပ်မချုပ်ထားဘဲ သာမန်စာချုပ်သားရဲဖြစ်၍သာ တော်သေးသည်။ မဟုတ်လျှင် အကျိုးသက်ရောက်မှုကို တွေးပင်မတွေးရဲပေ။
ကုန်ရှန်ယိ၏ မျက်ရည်များသည် အဆက်မပြတ်ကျလာရာ သူကြည့်ရင်း ရင်များနာကျင်လာသည်။ သူ ဘာလုပ်ရမည်ကိုမသိတော့ကာ မျက်ရည်များကိုသုတ်ရန် သူမ၏ မျက်လုံးထောင့်ကို အလိုလိုနမ်းမိလေသည်။
“…..”
ကုန်ရှန်ယိသည် လန့်သွားကာ ထိုအခိုက်အတန့်တွင် အသက်ရှုရန်ပင် မေ့သွားလေသည်။
သူ သူမကို နမ်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“လိမ္မာတယ် မငိုနဲ့တော့နော်” ရှီမန်ဖန်၏ မျက်နှာသည် နီရဲနေသည်။ သို့သော် သူမ မျက်ရည်များရပ်တန့်ရန်အတွက် တခြားနည်းလမ်းကို သူ စဉ်းစားမရပေ။
“ဟီးဟီး အမလေး…” ရှောင်ချီ၏ အသံသည် တဲအပြင်မှထွက်လာကာ သူမအသံသည် အဝေးမှပင်ကြားနိုင်လောက်အောင် ကျယ်သဖြင့် တဲထဲမှ နှစ်ယောက်သည် အလွန်အမင်းရှက်ရွံ့သွားလေသည်။
တဲအပြင်ဘက်တွင် ရှီမာယူယူသည် ရှောင်ချီ၏ နားရွက်ကို ဆွဲကာ ရှီမန်ဖန်၏ တဲ၏အဝေးသို့ ခေါ်သွားလေသည်။
“အာ.. ယူယူ ယူယူ နာတယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်များကို ပုတ်ကာ နာကျင်သဖြင့် အော်လေသည်။
ရှီမာယူယူသည် ရှောင်ချီ၏နားများကို လက်တစ်ဖက်ဖြင့် ဆိတ်ထား ကာ နောက်တစ်ဖက်ဖြင့် ဟိန်းသံလေး၏ လည်ပင်းကိုဆွဲထားလေသည်။ သူတို့ တဲနှင့်ဝေးရာရောက်မှပင် ရှောင်ချီနှင့် ဟိန်းသံလေးကို လွှတ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။
“မင်းတို့နှစ်ယောက်လုံးကို ချောင်းနားထောင်ဖို့ သင်ထားလား ဟိန်းသံလေး ရှောင်ချီက ဖြူစင်လို့ သူမကိုမကောင်းတဲ့အရာတွေ မသင်ပေး ဖို့ ငါအရင်ကပြောထားလား မပြောထားဘူးလား… မင်းတကယ်ပဲ သူမကို အဲလိုအရာတွေ သင်ရဲသေးတယ်နော်”
ဟိန်းသံလေးသည် သူ့လည်ပင်းကိုလွန့်လူးကာ အရှက်မရှိစွာ ပြောလေ သည် “ငါကစလုပ်တယ်လို့ ဘာလို့ပြောတာလဲ တခြားဘက်လည်းပြောလေ”
“မင်းအကျင့်ကို ငါမသိလို့လား မင်းကလွဲပြီး ဒါမျိုးတွေ ဘယ်သူလုပ်မှာ လဲ” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ၏နဖူးကို ပုတ်လိုက်သည်။
“အင်း.. အစတုန်းကတော့ ခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး” ဟိန်းသံလေး၏ လက်လေးများသည် အကူအညီမဲ့စွာဖြင့် ကွေးသွားလေ သည် “ကုန်ယိရဲ့ စာချုပ်သားရဲသေသွားတော့ သူမက အကျိုးဆက်ကို ခံစား ရပြီး ဒဏ်ရာအပြင်းအထန်ရထားတော့ သူမဆီသွားလည်ပြီး နှစ်သိမ့် အားပေးမလို့ လုပ်တာပဲ… အဲလိုမြင်ကွင်းတွေ့ရလိမ့်မယ်လို့ ဘယ်ထင်မိမလဲ ဟုတ်တယ်မလား ရှောင်ချီ”
“အင်းအင်း ဟုတ်တယ် ဟုတ်တယ်” ရှောင်ချီသည် အမှန်ကို သက်သေပြရန် အဆက်မပြတ် ခေါင်းညိတ်လေသည်။
ရှီမာယူယူသည် ပုံမှန်အတိုင်းပင် ဟိန်းသံလေးကို ဘေးသို့မြောက်ပြီး ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံး ဘာတွေးနေလဲဆိုတာ ငါမသိဘူးလို့ မထင်လိုက်နဲ့ နောက်တစ်ခါ ရှောင်ချီကိုခေါ်ပြီး အဲလိုမျိုးလုပ်မယ်ဆိုရင် မင်းရဲ့ မကျေနပ်ချက်တွေ အသစ်ရောအဟောင်းရော တွက်ထားမှာနော်”
ဟိန်းသံလေးသည် လေထဲတွင် နှစ်ကြိမ်မျှ လှိမ့်ပြီးနောက် ရပ်ကာ ဝမ်းသာစွာ ပြုံးပြလေသည် “မလုပ်ဘူး မလုပ်ဘူး နောက်တစ်ခါမဖြစ်စေရဘူး”
ဖူး…
ထိုသို့ပြောသည်မှာ ဒီတစ်ခေါက်တွင် ရှီမာယူယူ သူတို့ကို ခွင့်လွှတ် သည်ဟု အဓိပ္ပာယ်ရသည်။ သူမ သူတို့ကိုမယုံသည်ကိုတော့ သူ သိသည်။
ဒါပေမဲ့ အဆင်ပြေသေးတယ်လေ… ဒီတစ်ခေါက်ကို ရှောင်ချီက သူနဲ့ အတူတူလုပ်ခဲ့တာပဲ အဲဒါကြောင့် သူမက သူ့ကိုအပြစ်မပေးတာလေ မဟုတ်ရင် သူမရဲ့ ပုံမှန်အကျင့်နဲ့ဆိုရင်…
ဟီးဟီး သူ့မှာအကြံသစ်ရသွားပြီ… နောက်ဆိုရင်တော့ ရှောင်ချီ့ကို သူနဲ့ အမြဲတမ်းခေါ်သွားရတော့မယ်…
“မဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်” ရှီမာယူယူသည် သူ့ကိုကြည့်လိုက် သည်။ ထို့နောက်တွင် ရှီချူးရှောင်နှင့် ရှီချန်းကျိတို့ သူမကိုကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူတို့သည် သူမကို တစ်စုံတရာပြောလိုသည့် ပုံရှိ သည်။ ထို့ကြောင့် သူမ ဟိန်းသံလေးတို့ကို ဆူငေါက်ပြီးသည်နှင့် သူတို့ဆီ လျှောက်သွားလိုက်သည်။
***