← Chapters

ရှုပ်ထွေးနေသော စီနီယာအစ်ကိုကြီး

Vol. 011 Ch. 1083

ရှုပ်ထွေးနေသော စီနီယာအစ်ကိုကြီး

Vol. 011 Ch. 1083

“တစ်ခုခုတွေ့ထားလား” ရှီမာယူယူ ပြောလိုက်သည်။ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့သည် ခေါင်းရမ်းကြလေသည်။ “အဲလူတွေက အရမ်းကို ရှင်း တယ် ဘာမှချန်မထားခဲ့ဘူး ကြည့်ရတာက သူက သေဖို့ပြင်ပြီးဒီကိုလာတဲ့ပုံပဲ”

“သူတို့က အင်အားစုတချို့ရဲ့ အသေခံတပ်သားတွေဖြစ်မလား” ရှီမာယူယူ မေးလိုက်သည်။

“တစ်ခုတည်းမဟုတ်လောက်ဘူး” ရှီချန်းကျိ ပြောလိုက်သည် “သူတို့ ဘာမှမချန်ထားခဲ့ပေမယ့် ထူးဆန်းတာတစ်ခုတွေ့ထားတယ် သူတို့က အင်အားစုတစ်ခုတည်းကမဟုတ်ဘူး”

“ဒါဆိုရင် အင်အားစုတချို့က ပေါင်းပြီး ထာဝရရှင်သန်သူနယ်မြေမှာ ဒါကိုလုပ်တယ်လို့ ဆိုလိုတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားရဲ့ အဆိပ်ပဲလေ အဲဒါကိုအခြေခံပြီး ဘာသဲလွန်စမှမတွေ့ဘူးလား”

ရှီချန်းကျိနှင့် ရှီချူရှောင်တို့သည် အကြည့်ချင်းဖလှယ်ကာ ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ပြောလေသည် “သံသယဝင်လောက်တဲ့လူနှစ်ယောက် တော့ရှိတယ် ဒါပေမဲ့ သူတို့ဖြစ်ဖို့က မဖြစ်နိုင်ဘူး”

“ဘာလို့လဲ”

“တစ်ယောက်က သေသွားပြီ နောက်တစ်ယောက်က ငါတို့ဆရာပဲ” ရှီချန်းကျိ ပြောလိုက်သည် “သေတဲ့လူက စကားမပြောနိုင်ဘူးလေ ငါတို့ကို ချောက်ချဖို့ဆိုဝေးပြီ ပြီးတော့ ငါ့ဆရာဖြစ်ဖို့ဆိုတာ ပိုမဖြစ်နိုင်သေးတယ်”

ရှီမာယူယူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ခင်ဗျားတို့ပြော သလိုဆိုရင် မဖြစ်နိုင်ဘူးပဲ ဒါပေမဲ့ ဒါတွေဖြစ်လာတာတော့ မှန်နေတာပဲလေ ကျွန်တော်ထင်တာတော့ ခင်ဗျားတို့ နောက်ထပ်သံသယဝင်စရာလူကို ထပ် စဉ်းစားလိုက်ဦး”

“နည်းလမ်းတစ်ခုတော့ရှိတယ်” ရှီချန်းကျိ ပြောလိုက်သည် “ဟူး အဲဒါကြောင့်ပဲ ငါ့မှာ တိကျတဲ့အခြေအနေကိုမရှာနိုင်ဘူး”

ရှီမာယူယူသည် သူ့နှင့်အတူ မျှဝေမခံစားနိုင်ပေ “ခင်ဗျားကို ဘယ်သူက မကောင်းတာတွေ အဲလောက်အများကြီးလုပ်ခိုင်းလို့လဲ တွေ့ပြီလား ဒါက ဝဋ်လည်တာလို့ခေါ်တယ် သိပြီလား”

“အမလေး ဘယ်လောက်ပျော်နေလဲကြည့်ဦး ကမ္ဘာကြီးပြာကျတာကို ကြည့်ပြီး ပျော်နေတာ” ရှီချန်းကျိသည် မျက်လုံးလှန်လိုက်သည်။

“ကျွန်တော် အဲလိုမပြောဘူးနော်” ရှီမာယူယူသည် ငြင်းဆန်လေသည်။ သို့သော် အမှန်တကယ်ပင် ထိုအတိုင်းတွေးသည်။

“မင်းမပြောဘူးသာပြောနေတာ မျက်နှာကအမူအရာက အဲလိုပြနေ တယ် အဲအပြုံးကိုကြည့်ဦး” ရှီချန်းကျိသည် သူမကို ပေါက်ကွဲလေသည် “မင်းလိုလူနဲ့ မိတ်ဆွေဖြစ်လာလိမ့်မယ်လို့ သိတောင်မသိခဲ့ဘူး”

“ကျွန်တော်လည်းအဲဒါတွေးနေတာ ခင်ဗျား ကျွန်တော့်ကို ဆက်တိုက် မနှောင့်ယှက်ရင် ဘယ်လိုလုပ် သူငယ်ချင်းဖြစ်လာမှာလဲ” ရှီမာယူယူ ပြော လိုက်သည်။

“ငါက မင်းကိုဆက်တိုက်နှောင့်ယှက်တယ်ဟုတ်လား ဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ ငါက အေးဆေး တည်ငြိမ် ထိန်းချုပ်နိုင်ပြီး ချေတဲ့သူပဲ မင်းကို သူငယ်ချင်းဖြစ်ချင်တာနဲ့ပဲ ဘာလို့လိုက်နှောင့်ယှက်ရမှာလဲ” ရှီချန်းကျိသည် ကိုယ့်ဘက်ကိုယ်ယက်သည့် စကားပြောလေသည်။

“ချူးရှောင် သူ့ကိုယုံလား မယုံဘူးမလား” ရှီမာယူယူသည် သူ့ကို လျစ်လျူရှုကာ အကြည့်ကို ရှီချူးရှောင်ဘက်လှည့်လိုက်သည်။

ရှီချူးရှောင်သည် ပြုံးလိုက်သော်လည်း သူမ၏ မေးခွန်းကိုပြန်မဖြေပေ။ ထိုအရာသည် ဆိတ်ဆိတ်နေသည့် ဝန်ခံမှုဖြစ်သည်။

“ခင်ဗျားတို့က အတွင်းဒေသမှာနေတာပဲ အဲတော့ အင်အားစုတွေရဲ့ ထူးခြားမှုတစ်ခုခုသိထားလား” ရှီမာယူယူ မေးလိုက်သည်။

“ငါတို့မစ်ရှင်လုပ်ဖို့ကလွဲရင် ငါတို့က တခြားသူတွေဘာလုပ်တယ်ဆို တာကို အာရုံမထားဘူး” ရှီချန်းကျိ ပြောလိုက်သည် “မင်းမေးချင်တယ်ဆိုရင် ဂိုဏ်းကတခြားသူတွေက ရှင်းရှင်းလင်းလင်းသိကြမှာပဲ”

ကောင်းပြီလေ… သူတို့နှစ်ယောက်လုံးသည် သူတို့အလုပ်သူတို့ လုပ်သူများဖြစ်သည်ကို သူမကြည့်လိုက်သည်နှင့်သိသည်။ သူတို့သည် တခြားသူများကို ဝင်စွက်မဖက်ကြပေ။

“အဲဒါကိုဘာလို့မေးတာလဲ” ရှီချူးရှောင် မေးလိုက်သ်ည။

“မကြာခင်ကပဲ တိတ်တဆိတ်ဖြစ်သွားသေးတယ် ပြီးတော့ သူတို့က အတွင်းဒေသနဲ့လုပ်သွားကြတာ၊ နေရာတိုင်းမှာ လိုက်ရှုပ်နေတဲ့ အင်အားစု တစ်ခုရှိရမယ်လို့ သံသယဝင်လိုက်လို့” ရှီမာယူယူ ပြေလာိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက်က တိမ်ပင်လယ်မှာဖြစ်သွားတာလဲ မြင်ကြတာပဲ အဲဒါပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားလည်း ဇာတ်လမ်းအဆင်ခံရတယ် တခြား အင်အားစုတွေကိုတောင် လက်စားချေမိတော့မလို့ အခုချိန်ထိ အဲလိုတွေဖြစ် ခဲ့တာပဲ…”

“ငါတို့ပြန်တာနဲ့ လူလွှတ်ပြီး စစ်ကြည့်မယ်လေ” ရှီချူးရှောင် ပြောလိုက် သည် “လှုပ်ရှားမှုကြီးကြီးမားမားမလုပ်နဲ့နော် ငါတို့သဲလွန်စတစ်ခုမှမရတာ ဖြစ်သွားနိုင်တယ်”

“အင်းအင်း ခင်ဗျားတို့က အတွင်းဒေသကပဲ အဲဒါကြောင့် ခင်ဗျားတို့ စုံစမ်းတာပဲ ကောင်းမှာ” ရှီမာယူယူ ပြောလိုက်သည် “သြော် ဟုတ်သားပဲ အဲအကြောင်း…”

“ဘာလဲ”

“စီနီယာအစ်ကိုကြီးဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဆင်ပြေပါတယ် တိမ်ပင်လယ်မြို့မှာတုန်းက သူများ မျက်နှာကို ရိုက်ချလိုက်တယ်လေ နောက်တော့ ကျန်းမျိုးနွယ်က လူလွှတ်ပြီးလာရှာတယ် သူ့ကို မျိုးနွယ်ကိုပြန်လာစေချင်တယပေါ့ ဒါပေမဲ့ သူကတော့ ငြင်းလိုက်တယ် သူမြင်သမျှ ကျန်းမျိုးနွယ်တွေကို သတ်ပစ်မယ်လို့တောင် ပြောလိုက်သေး တယ်” ရှီချူးရှောင် ပြောလိုက်သည် “သူတို့ဒေါသထွက်သွားပေမယ့် ကျန်းမျိုးနွယ်ဝင်တွေက သူ့ကိုဘာမှမလုပ်နိုင်ဘူးလေ ပြီးတော့ ကျန်းမျိုးနွယ် က ငါတို့ကို မထိရဲပါဘူး”

“ဒါဆိုရင်… ကောင်းကင်ခွဲဓားကရော” ရှီမာယူယူ မေးလိုက်သည် “မင်းအဖေ ယူထားတုန်းလား”

သူမ ကောင်းကင်ခွဲဓားဟုပြောလိုက်သည်နှင့် ရှီချူးရှောင် မျက်နှာပျက် သွားသည်။ သူမ မျက်နှာသည် အကူအညီမဲ့သွားကာ ပြောလိုက်သည် “အဖေ ကဒီရက်ပိုင်းကို စိတ်မကြည်မလင်ပိုဖြစ်လာတယ် နေ့တိုင်းကို ကောင်းကင်ခွဲ ဓားကိုင်ပြီး မလွှတ်တော့ဘူး သူ လူသတ်မယ့်အကြောင်းတွေ ပြောရတာ ကြိုက်တာတယ်”

“ဒါဆိုရင် သူ အသိစိတ်ရှိသေးလား”

“ထင်တာတော့ ရှိသေးတဲ့ပုံပဲ” ရှီချူးရှောင် ပြောလိုက်သည် “ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် ငါသူ့ကိုသွားရှာတော့ သူ့မျက်လုံးက သွေးဆာပြီး လူသတ် ချင်တဲ့အကြည့်တွေနဲ့ပြည့်နေတာ ဒါကသတ်ချင်တဲ့စိတ်ပဲရှိသေးတာ တခြား အတွေးမရှိဘူး ဒီအတိုင်းသာဆက်သွားရင် သူ နတ်ဆိုးဓားရဲ့ ထိန်းချုပ်တာ ခံသွားရမှာစိုးတယ်”

“မင်း စီနီယာအစ်ကိုကြီးကို အပြစ်တင်လား” ရှီမာယူယူ မေးလိုက် သည်။

ကျန်းကျူရှန့်သာ နတ်ဆိုးဓားကို သူ့ကိုမပေးခဲ့လျှင် ထိုအဖြစ်မျိုးဖြစ်လာ မည်မဟုတ်ပေ။

ရှီချူးရှောင် ခေါင်းရမ်းလိုက်သည် “ကောင်းကင်ခွဲနတ်ဆိုးဓားကိုရှာတာ က နဂါးနက်ကိုးကွယ်ရေးဂိုဏ်းရဲ့ မစ်ရှင်းအမြဲဖြစ်ခဲ့တာပဲလေ ငါ ဘယ်သူ့ကို မှ အပြစ်မတင်ချင်ပါဘူး စိတ်ပိုင်းမဖြတ်နိုင်ပဲ နတ်ဆိုးဓားကို မထိန်းချုပ်နိုင်တဲ့ ငါ့အဖေကိုပဲ အပြစ်တင်ရမှာပဲ”

“ဖြစ်နိုင်မယ်ဆိုရင် နတ်ဆိုးဓားကိုပစ်လိုက်တာအကောင်းဆုံးပဲလို့ အရင်ကပြောဖူးတယ်လေ” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် အဲဒါကို ဘယ်တော့မှယူလို့ရတော့မှာမဟုတ်ဘူး အဲလိုဆိုရင် ဘေးဒုက္ခအကြီးကြီး သယ်လာမှာပဲ”

သူမ ထိုအကြောင်းအားတွေးလိုက်သောအခါ ကျန်းကျူရှန့်ကို ဆွဲခေါ် ပြီး သူနှင့်တိုက်ခိုက်ချင်မိသည်။ သူသာ ခုခံပြီး ကောင်းကင်ခွဲဓားကို ယူထုတ် မသွားလျှင် နောက်ဖြစ်လာမည့်အရာများကို ကြိုတွေးပြီး စိတ်ပူနေရန်မလို ပေ။

သို့သော် သူ ဘာကြောင့်လုပ်ခဲ့သည်ကို ပြန်တွေးလိုက်မိသည်။ သူ သည် ရှောင်ချီကို ပြန်ခေါ်မသွားချင်သဖြင့် သူမ၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ကို အနာတရဖြစ်စေခဲ့သည်။

ဟူး… သူမ နာကျင်မှာကို ရှောင်ပြီး တခြားသူနာကျင်တာကိုပဲရွေးခဲ့ တယ်။ သူမ ပျော်ရမလား ဝမ်းနည်းရမလားကို မသိတော့ပေ။

“ဒီတစ်ခေါက်ကိုသူလည်းလာတယ်လေ” ရှီချူးရှောင်ပြောလိုက်သည် “ဒါပေမဲ့ သူငါတို့နဲ့မလိုက်ဘူး သူ့ဘာသာသွားတယ်”

“ဘာလို့လဲ” ရှီမာယူယူသည် စိုးရိမ်လျက်ရှိသည်။ သူသာ သူ့ဘာသာသူ သွာပါက သေလမ်းရှာတာမဟုတ်ပါလား။

“မသိဘူး သူ တစ်ယောက်တည်းသွားချင်တယ်လို့ ပြောတယ် သူက ခေါင်းမာတာပါ ငါတို့စကားကိုနားထောင်တာမဟုတ်ဘူး” ရှီချန်းကျိ ပြော လိုက်သည်။

“ကျန်းကျူကျိနဲ့ သူ့မိဘတွေသေပြီးတော့ ကျန်းမျိုးနွယ် စုံလုံးကန်းသွား တယ်ဆိုတာကို သူ သက်သေပြပြီးနောက် နည်းနည်းလမ်းပျောက်နေတယ် လို့ငါထင်တယ်” ရှီချူးရှောင် ပြောလိုက်သ်ည။

“လက်စားချေတာက သူ့ရဲ့တစ်ခုတည်းသော လှုံ့ဆော်မှုပဲ အခုသူ့ လှုံ့ ဆော်တဲ့ဟာကပျောက်သွားတော့ ရည်ရွက်ချက်ပျောက်သွားမှာပဲ” ရှီချန်းကျိ ပြောလေသည်။

ရှီမာယူယူ ထိုအရာကိုနားလည်သည်။ လူများသည် သူတို့ အမှန်တကယ်လိုချင်သည့်အရာကို ဘယ်သူမှမသိနိုင်ပေ။ သူတို့ လက်စားချေခြင်းပြီးဆုံးသည်နှင့် ကိုယ့်ကိုယ်ပျောက်ဆုံးကာ ဘာလုပ်ရမည် ဘယ်သွားရတော့မည်ကို မသေချာတော့ပေ။

သို့သော် အံ့အားသင့်စရာအကောင်းဆုံးမှာ ကျန်းကျူရှန့်သည်လည်း ထိုသို့ကြုံတွေ့နေရသည်။ သူသည် အမြဲတမ်းပျင်းရိနေတတ်ပုံကိုတွေးပြီး သူ့ အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။

ဟူး ဒါက သူမရဲ့ စီနီယာအစ်ကိုကြီးပဲလေ…

ကုန်တောင်ကြားမှလူများ ထိခိုက်ထားသဖြင့် သူတို့ရွေးချယ်စရာမရှိပဲ နောက်နှစ်ရက်တွင် နားနေကာ ဒဏ်ရာများကုစားရမည်ဖြစ်သည်။ ထိုလူများသည် ထိုနားတွင်ရှိနေဆဲဖြစ်ကာ အဝေးသို့မသွားဟု မျောက်ဝံ အိုကြီး ပြောသဖြင့် တော်သေးသည်။

ရက်အနည်းငယ်အကြာတွင် ကုန်ရှန်ယိ၏ ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားလေသည်။ ကုန်ရှန်ချီသည်လည်း ပြန်ကောင်းလာသည်။ ထိုလူများသည် အလွန်မြန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားနေပြီဖြစ်ကြောင်း မျောက်ဝံအိုကြီးပြောလာသည်။ ထို့ကြောင့် ရှီမာယူယူနှင့် တခြားသူများသည် ထိုလူများမှာ ကျုံကျန်းမျိုးနွယ်ဖြစ်မလား ရင်ယန်နန်းတော်ဖြစ်မလားဆိုသည် ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

***

All Chapters