← Chapters

ပိတ်ပင်ခြင်းနှင့်တွေ့ဆုံခြင်း

Vol. 011 Ch. 1084

ပိတ်ပင်ခြင်းနှင့်တွေ့ဆုံခြင်း

Vol. 011 Ch. 1084

ထိုလူများဘာဖြစ်သည်ကို သူတို့မသိကြသော်လည်း နှစ်ရက်လုံးလုံး ရှေ့ဆက်သွားကြသည်။ အလျင်လိုနေသူမှာ သူတို့တင်မဟုတ်ပေ။ တခြားသူ များလည်း ထိုဦးတည်ဘက်သို့ အလျင်စလိုသွားကြလေသည်။

“ကြည့်ရတာ အဲနေရာမှာ ရတနာတချို့ပေါ်တဲ့ပုံပဲ” သတင်းသွား စုံစမ်းသော အထောက်တော်များသည် သတင်းနှင့်အတူပြန်လာကြသည်။

“ဟုတ်လား ဒါဆိုရင် ငါတို့လည်း ရတနာခိုးပြီး မတော်တဆ တွေ့ဆုံ ပေးရမှာပေါ့” ရှီမာယူယူသည် နတ်ဆိုးဆန်စွာ သွားဖြဲရယ်လိုက်သည်။

အသည်းကွဲတောင်ကြားမှလူများသည် အလွန်စိတ်လှုပ်ရှားနေကြ သည်။ သူတို့သည် တစ်ချိန်လုံး အလျင်စလိုလာခဲ့ရာ အမှန်တကယ် အသုံးဝင် မည့် အခွင့်အရေးတစ်ခုနှင့်မျှ မတွေ့ခဲ့ရပေ။

အခု ရတနာပေါ်လာပြီဟု ကြားလိုက်သောအခါ စိတ်မလှုပ်ရှားသည်က ပင် ထူးဆန်းနေမည်။

အစပိုင်းတွင် သူတို့သည် သူတို့၏ တောင်ကြားခေါင်းဆောင်နှင့် ဒု တောင်ကြားခေါင်းဆောင်ကို ကူပြီး လက်စားချေပေးရန်ကိုသာတွေးခဲ့ကြ သည်။ သို့သော် အားလုံး၏ စိတ်တက်ကြွမှုမှာ မီးဖြင့်ထိုးဆွသလိုပင်။

သူတို့လိုက်သော ထိုလူများသည် နှစ်ရက်ကြာပြီးနောက်တွင် ရပ်သွား လေသည်။ ကြည့်ရသည်မှာ သူတို့ပန်းတိုင်နေရာရောက်ပြီသည်နှင့်တူသည်။

ရှီမာယူယူနှင့် တခြားသူများသည် နောက်နှစ်ရက်ကြာထပ်ပျံသန်းပြီး ထိုနေရာသို့ ရောက်လေသည်။ ထိုနေရာသည် ပင်လယ်ကမ်းခြေဖြစ်ဟန်တူ သည်။

“မကြာမီက လူတွေ ပိုပိုရောက်လာကြတယ်” သူတို့ရောက်သောအခါ ထိုလူများပြောသည်ကို ကြားလိုက်ကြ၏ ။

ရှီမာယူယူနှင့် တခြားသူများသည် ထိုနေရာကို မသိကြပေ။ သို့သော် သူတို့လိုက်လာသော လူများ၏ အမူအရာကိုကြည့်ရသည်မှာ တန်ဖိုးကြီး ရတနာဖြစ်နိုင်ချေရှိသည်။

“သူတို့က ရင်ယန်နန်းတော်ကပဲ” ရှီမန်ဖန်သည် ရင်ယန်နန်းတော်မှလူ များကို မြင်သောအခါ ရှီမာယူယူကို အသံနှိမ့်ပြီးပြောလေသည်။

ရှီမာယူယူသည် သူ့အကြည့်အတိုင်းလိုက်ကြည့်ရာ အမှန်တကယ်ပင် အဝေးတွင် ရင်ယန်နန်းတော်တူညီဝတ်စုံဝတ်ထားသော ထိုလူများကိုတွေ့ လိုက်သည်။

“သူတို့ဟုတ်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ သူတို့ အခြေအနေမကောင်းဘူးထင်တယ် အရေအတွက်လည်းနည်းတယ် ကံတရားက သူတို့ဘက်မရှိဘူးနဲ့တူတယ်”

“ဒါပေမဲ့ သူတို့ပြိုင်ဘက်ကလည်း အဲလောက်အားမကောင်းနိုင်ဘူး မဟုတ်ရင် သူတို့ဒီလောက်လူအများကြီးကျန်မှာမဟုတ်ဘူး” ရှီမန်ဖန်သည် ရလဒ်ကို သိပ်ကျေနပ်လှသည်မဟုတ်ပေ။

ရှီမာယူယူသည် ပင်လယ်ဘက်သို့ကြည့်ပြီး ပြောလိုက်သည် “အေးဆေးပေါ့ သူတို့အရင်က မသေခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ပြေးမလွတ် ပါဘူး”

ရေထဲတွင် ဝိညာဉ်သားရဲများစွာရှိသည်။ သူတို့အားလုံးကို အငမ်းမရ လုယက်စားသောက်ရန် လုံလောက်သည်။

“သူတို့ ဒီကိုလာရတဲ့အကြောင်းအရင်းကို အရင်ဖော်ထုတ်ရမယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ဒါပေမဲ့ အဲလူတွေကိုကြည့်လိုက် သူတို့ဘာလာလုပ်လဲဆိုတာ ငါတို့ကို ပြောပြမယ့်ပုံပေါက်နေလား” စူးရှောင်ရှောင်ပြောလိုက်သည်။

“အပြင်လူကိုတော့ သေချာပေါက်ဘယ်ပြောမလဲ” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ အနီးအနားမှာ တခြားသူမရှိရင်တော့ သေချာပေါက် ဆွေးနွေးကြလိမ့်မယ် အဲအချိန်ကျရင် ကျွန်တော့်ပျားတွေကဏ္ဍပါလာပြီလေ”

ရှီမာယူယူသည် သူတို့စကားများကိုနားထောင်ရန်အတွက် နီရဲပျားများ အချို့ကိုလွှတ်လိုက်သည်။ သူမသည် လျင်မြန်စွာပင် လူတိုင်း၏ ဆန္ဒကို ခိုင်မာစေခဲ့သည်။

သူမ၏ တောက်ပသောမျက်လုံးများကို သူတို့မြင်သောအခါ သူမဘက် မှလူများသည် ကောင်းသည့်အရာ တစ်စုံတစ်ခု သေချာပေါက်ဖြစ်နေပြီကို သိလိုက်သည်။

“ယူယူ မြန်မြန်ပြော ဘာသတင်းကောင်းတွေရလဲ” ရှောင်ချီ လှုံ့ဆော် လေသည်။

“အကုန်လုံးဒီမှာစုရတဲ့အကြောင်းအရင်းက ဒီသမုဒ္ဒရာရဲ့ အလယ်မှာ ကျွန်းသေးတစ်ခုရှိတယ်လို့ ငါ့ပျားတွေကပြောတယ် အဲကျွန်းမှာ ရှေးဟောင်း အကြွင်းအကျန်တချို့ပေါ်လာမယ်တဲ့ ကြည့်ရတာ အရင်တုန်းက ဧကရာဇ် ကျန်ခဲ့တဲ့ အကြွင်းအကျန်ဖြစ်ရမယ်” ရှီမာယူယူ ပြောလုကိသည်။

“တကယ်လား”

အားလုံးအော်လိုက်ကြသည်။ ထိုသတင်းသာအမှန်ဆိုပါက ထိုကျွန်း ပေါ်တွင် ရတနာများစွာ သေချာပေါက်ရှိနိုင်သည်။ အမွေပစ္စည်းတချို့ပင်ရှိနိုင် သည်။

ကြီးမြတ်သောမင်းဧကရာဇ်နှင့် ပတ်သတ်သည့်အရာဆိုပါက သာမန် အရာမဟုတ်နိုင်ပေ။

“အဲဒါကြောင့် ဒီမှာလူတွေအများကြီးစုနေတာမထူးဆန်းတော့ပါဘူး ဒါပေမဲ့ သားရဲမျိုးနွယ်တော့မများဘူးပဲ” ရှီမန်ဖန် ပြောလိုက်သည်။

ဝိညာဉ်သားရဲမျိုးနွယ်သာ အမှန်တကယ်ရှိခဲ့ပါက ရင်ယန်နန်းတော် သည် ထိုသေးငယ်သောကျွန်းကို ဂရုတစိုက်စောင့်မည်မဟုတ်ပေ။

“အဲကျွန်းမှာ အမွေပစ္စည်းရှိနေမှတော့ အားလုံးကဘာလို့ကမ်းစပ်မှာပဲ စောင့်ကြတာလဲ” စူးရှောင်ရှောင်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ သူတို့ အဲနေရာကို သွားဖို့လမ်းကိုရှာမတွေ့လို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။

“သွားလို့မရဘူးလား”

“အဲနေရာကို ပျံပြီးဖြတ်လို့မရဘူး ကြည့်ရတာ ငှက်မျိုးနွယ်တောင် မရ နိုင်ဘူးထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ပင်လယ်ကိုဒီအတိုင်း ဖြတ်လို့ရတာပဲ” နီအန်းယီ အကြံပေး လေသည်။

“အဲလူတွေ အဲဒါလေးကိုမသိဘူးလို့ထင်နေလို့လား” ရှီမာယူယူ ခေါင်းခါ ပြီး ပြောလိုက်သည် “ရေတွေက သာမန်သမုဒ္ဒရာထက် ပိုပေါ့ပုံရတယ် လှေတွေ ရေပေါ်နိုင်မှာမဟုတ်ဘူး ပြီးတော့ သူတို့ဒီကိုရောက်တဲ့အချိန်မှာ ဒီမှာ ရေရှိနေတာ မသိခဲ့ဘူး အဲဒါကြောင့် လှေတွေပြင်မထားမိတာပဲ”

“ဒါဆိုရင် ရှောင်ချီတို့လည်း ဖြတ်လို့မရဘူးလား” ရှောင်ချီ မေးလေ သည်။

“ဘယ်သူမှ မဖြတ်နိုင်မှာတော့ သူတို့ ဒီမှာဘာလို့စောင့်နေကြတာလဲ”

“ရေတွေက တစ်ခုခုကြောင့်ပြောင်းလဲသွားမယ်လို့ ပြောနေကြတယ် ငါးရက်တစ်ခါမှာ ပင်လယ်ဧရိယာတစ်ခြမ်းကပိုနီးလာတယ် အဲရေတွေ စီးသွားတာနဲ့ လှေတွေကပုံမှန်လို ထွက်ခွာလို့ရလိမ့်မယ်” ရှီမာယူယူ ရှင်းပြ လေသည် “ပြီးခဲ့တဲ့နှစ်ရက်က တချို့လူတွေသွားလိုက်ပြီထင်တယ် လှေမရှိ တဲ့သူတွေက အရေးတကြီးဆောက်နေကြပြီ”

ထိုအချိန်တွင် လက်နက်သခင်များသည် အရေးအကြီးဆုံးဖြစ်သည်။

“ဒီတစ်ခေါက်ကို ငါတို့ဘယ်လက်နက်သခင်မှ မခေါ်လာခဲ့ဘူး” ဘိုင်ရှန်း ပြောလိုက်သည်။

သူတို့ သာမန်လှေတချို့ကို ဆောက်လုပ်ချင်လျှင်တောင် မလုပ်နိုင်ကြ ပေ။

“ယူယူ ရှောင်ချီတို့မှာ လှေမရှိဘူးလားဟင်” ရှောင်ချီ မေးလိုက်သည် “လှေရှိရင် ပင်လယ်ပြောင်းတာကို စောင့်စရာမလိုဘူးမလား”

ရှီမာယူယူ မျက်လုံးများအရောင်တောက်သွားသည်။ ဟုတ်သားပဲ… သူမ အဲဒါတွေကို ဘယ်လိုလုပ်မေ့နေတာလဲ။

သို့သော် သူမ၏ ပီတိဖြစ်နေသောမျက်နှာမှာ လျင်မြန်စွာပင် ပျက်သွား ကာ ပြောလိုက်သည် “ဖက်တီးတစ်ယောက်ပဲ ဘယ်လိုဆောက်ရမယ်ဆိုတာ သိတာ၊ အခုသူမရှိတော့ ဘယ်လိုသုံးရမလဲဆိုတာ ငါတို့မသိဘူး”

သူတို့ထဲတွင် တစ်ခုမှမရှိသည့်ပင် တူလေသည်။

ရှောင်ချီသည် သူမရင်ဘတ်ကိုပုတ်ကာ မေးစေ့ကိုပုတ်ပြီး ပြောလာမယ် လို့ ဘယ်သူထင်မိမှာလဲ “ဘယ်လိုဆောက်မရမလဲဆိုတာ ရှောင်ချီသိတယ်”

“ဘယ်လိုသိတာလဲ”

“အင်း အစ်ကိုကြီးဖက်တီး စစ်သင်္ဘောဆောက်တုန်းက ရှောင်ချီက သူ့ ဘေးမှာကြည့်နေတာလေ ရှောင်ချီက ပျော်စရာကောင်းတယ်ထင်လို့ သူ့ကို သင်ခိုင်းထားတာ” ရှောင်ချီ ပြောလေသည်။

ထိုအချိန်က သူမသည် ပျော်စရာကောင်းသည်ဟု ထင်သဖြင့် သင်ယူခဲ့ သည်။ နောက်ဆုံးမှာ အသုံးဝင်လာမည်ဟု ဘယ်သူထင်မိမှာနည်း။

“ရှောင်ချီ ဉာဏ်ကောင်းလိုက်တာ” ရှီမာယူယူသည် ရှောင်ချီ၏ ပါးပြင် ကို ပျော်ရွှင်စွာဆိတ်လိုက်လေသည် “ဘယ်လိုဆောက်ရမလဲဆိုတာ ရှောင်ချီ သိရင် ပြဿနာမရှိတော့ဘူးလေ အခုမလုပ်နိုင်ရင်တောင် ရေပြောင်းသွားရင် လုပ်လို့ရတာပဲ”

“စစ်သင်္ဘောကဘာလဲ” ရှီချန်းနှင့် တခြားသူများ မေးလိုက်သည်။

သူတို့သည် စစ်သင်္ဘောဆိုသည်ကို အရင်ကမကြားဖူးပေ။ ဝူလင်းယူ ပင်လျှင်မသိပေ။

“ဒီလို ကျွန်တော်တို့ ကျောင်းတက်တုန်းက တစ်ခါက မစ်ရှင်တစ်ခုရှိခဲ့ တယ်…” ရှီမာယူယူသည် အနောက်ကမ်းရိုးကန္တာရတွင်ရှိစဉ်က သတ္တုတွင်း ရောင်းခဲ့သည့်အဖြစ်ကို ပြန်ပြောပြလိုက်သည်။

“သြော် သေစမ်း အဲတုန်းကအဖြစ်ကိုလုပ်ခဲ့တာ ခေါင်းဆောင်တို့ပဲ” နီအန်းယိသည် ဆဲရုံအပြင်မရှိတော့ပေ။ အမှန်တကယ်ကို တုန်လှုပ်စရာပဲ။

“အဲကယူခဲ့တဲ့ သတ္တုကြောနဲ့ ဒုခေါင်းဆောင် အင်အားစုတည်ထောင်ခဲ့ တာမလား” ဖန်ကျိသည် ယုံကြည်ချက်ဖြင့် ပြောလသည်။

သူမ သတ္တုကြောကို ယူခဲ့သည့်အဖြစ်ကြောင့် သူတို့သည် အံ့သြနေ တုန်းပင်။ အခုစဉ်းစားကြည့်ရာ ထိုစဉ်က သတ္တုကြောတစ်ခုလုံးပျောက်သွား သည်ဟု အားလုံးပြောခဲ့ကြသည်။ ဆိုလိုတာက အဲဒါကိုတူးသွားတဲ့သူက သူမ ပဲမဟုတ်ဘူးလား။

ထို့အပြင် မဖြစ်နိုင်တဲ့အရာ တကယ်ဖြစ်ခဲ့သည်က သူတို့ကို အာရုံစိုက်မိ စေခဲ့သည်။

“ဟီးဟီး ရှောင်ချီတို့မှာ စစ်သင်္ဘောရှိမှတော့ စောစောထွက်သင့်တယ် တစ်ယောက်ယောက်ကသွားနှင့်ပြီဆို ရှောင်ချီတို့ အချိန်ဆွဲနေရင် သူတို့ ပစ္စည်းတွေလုသွားလိမ့်မယ်” ရှောင်ချီ ပြောလိုက်သည်။

“ဒါပေမဲ့ အခုထွက်သွားရင် ရင်ယန်နန်းတော်ကလူတွေ ဘယ်လိုလုပ် မလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“သူတို့ကတော့ ကျွန်တော်တို့လှုပ်ရှားဖို့မလိုဘူး ပင်လယ်ထဲက ဝိညာဉ် သားရဲတွေ ကြည့်လုပ်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ ပင်လယ်ထဲရောက်အောင် နည်းလမ်းတော့ရှာရမယ်”

“ငါတို့ သူတို့နဲ့မှ မသိတာ ဘယ်လိုလုပ် ပင်လယ်ထဲရောက်အောင် ပို့မလဲ”

ရှီမာယူယူ စဉ်းစားကြည့်ပြီး ကုန်ရှန်ယိနှင့် ကုန်ရှန်ချီတို့ကို ကြည့်ပြီး ပြောလိုက်သည် “မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ”

“ကျွန်မတို့လား” ကုန်ရှန်ယိသည် အနည်းငယ်အံ့သြသွားသည်။ သို့သော် သူမ အများကြီးမမေးပေ “ကျွန်မတို့ဘာလုပ်ဖို့လိုတာလဲ”

***

All Chapters