← Chapters

ငါးစာဟပ်မိခြင်း

Vol. 011 Ch. 1085

ငါးစာဟပ်မိခြင်း

Vol. 011 Ch. 1085

ရှီမာယူယူသည် ကုန်ရှန်ယိဆီသို့ နီးကပ်သွားကာ စကားတချို့ကို လေသံဖြင့်တိုးညင်းစွာပြောလိုက်သည်။ ကုန်ရှန်ယိ ခေါင်းညိတ်ပြီးနောက် သူမ၏ ကုန်တောင်ကြားဝင်များကို ဦးဆောင်သွားလေသည်။

“ယူယူ သူတို့ကိုဘာလုပ်ခိုင်းလိုက်တာလဲ” ရှောင်ချီသည် စပ်စုစွာ မေး လေသည်။

“စပ်စုလိုက်တဲ့ကလေး ခဏနေရင်သိလိမ့်မယ်” ရှီမာယူယူသည် ရှောင်ချီ၏ ပါးပြင်ကိုဆိတ်ပြီး ပြောလိုက်သည်။

ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုပုတ်ပြီး နှုတ်ခမ်းတွန့်ကာ ပြောလေ သည် “ရတယ်လေ အဲဒါဆိုလည်း မပြောနဲ့ပေါ့”

သူမက စပ်စုတဲ့ကလေးမဟုတ်ပါဘူးနော်…

ရှီမာယူယူသည် ပြုံးပြီး ရေများရှိရာသို့ အကြည့်လွှဲလိုက်သည်။

ဖျက်စီးမယ်…

တစ်ဖက်တွင် ကုန်ရှန်ယိနှင့် ကုန်ရှန်ချီတို့သည် သူတို့လူများကို ကမ်း သို့ ဦးဆောင်သွားလေသည်။ ရင်ယန်နန်းတော်မှ လူများသည် မဝေးကွာလှ ပေ။

“အစ်ကိုကြီး ဒီမှာဘာလို့လူတွေ ဒီလောက်များနေတာလဲ” ကုန်ရှန်ယိ မေးလိုက်သည်။

ကုန်ရှန်ချီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ငါလည်းမသိ ဘူးလေ လူရှာပြီးမေးရအောင်” ကုန်ရှန်ချီ ပြောလိုက်သည်။

“အဲလူတွေက ရတနာရှာတွေ့တာဖြစ်နိုင်တယ်လေ မဟုတ်ရင် ဒီမှာ လူ ဒီလောက်များမှာမဟုတ်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည် “အစ်ကိုကြီး သွား မေးရင်တောင် သူတို့ကပြောပြမှာမဟုတ်ဘူး”

“အမှန်ပဲ” ကုန်ရှန်ချီ သက်ပြင်းချလိုက်သည်။

အမှန်တကယ်သာ ရတနာဖြစ်ပါက လူတိုင်းသည် ဖုံးကွယ်ချင်ကြ သည်။ သူတို့ကို ပြောစရာအကြောင်းမရှိပေ။

“ဟင်.. ရင်ယန်နန်းတော်က အကြီးအကဲတွေမဟုတ်ဘူးလား အစ်ကိုကြီး သူတို့ိကိုသွားမေးရအောင်” ကုန်ရှန်ယိသည် အခုမှ ရင်ယန် နန်းတော်မှလူများကို မြင်သလိုဟန်ဆောင်လေသည်။

ရင်ယန်နန်းတော်မှလူများသည် သူတို့ စကားပြောနေသည်မှစပြီး သတိ ထားမိသည်။ သူတို့သည် အာရုံမစိုက်သလိုလုပ်နေခြင်းသာဖြစ်သည်။ အခု သူတို့လာနေကြသဖြင့် သူတို့၏ ဆက်ဆံရေးကိုထောက်ထားကာ ဆက်ပြီး လျစ်လျူရှုမရတော့ပေ။

“အကြီးအကဲဝူ ဒီမှာဘာလုပ်နေတာလဲ” ကုန်ရှန်ချီ လျှောက်လာကာ အကြီးအကဲဝူကို နှုတ်ဆက်လေသည်။

“သြော် ရှန်ယိနဲ့ ရှန်ချီပါလား ဒီမှာဘာလာလုပ်ကြတာလဲ” အကြီးအကဲ ဝူသည် အပြုံးမဟုတ်သော အပြုံးတုကိုပြုံးလိုက်သည် “မင်းတို့ဝင်လာ ကတည်းက မင်းတို့ကိုမြင်လိုက်တယ် ဘာလို့လူနည်းသွားတာလဲ”

သူ ထိုအရာကိုပြောလိုက်သည်နှင့် ကုန်ရှန်ယိသည် နာကျင်မှုကို မထိန်းချုပ်နိုင်ကာ ဒေါသထွက်ကာပြောလေသည် “အစောပိုင်းက ကျွန်မတို့ ကိုလိုက်ပြီး သတ်ဖို့ကြိုးစားတဲ့သူတွေရှိတယ် ကျွန်မတို့ မြန်မြန်မပြေးခဲ့ရင် အသက်ရှိတော့မှာမဟုတ်ဘူး၊ ကျွန်မတို့လွတ်လာတော့ ဒီကိုလူတွေ အလျင် စလိုလာတာကိုတွေ့လိုက်တယ် အဲဒါကြောင့် ကျွန်မတို့လည်း ဒီကိုပဲလာ လိုက်ကြတာ အကြီးအကဲဝူက ကျွန်မတို့ထက် စောရောက်နေတာပဲ ဘာတွေ ဖြစ်နေလဲဆိုတာ သိလား”

သူမ ပြောသည်မှာ အမှန်ကဲ့ပင်။ သူမ၏ သရုပ်ဆောင်မှုမှာလည်း ပါရမီရှင်ကဲ့သို့ပင်။ ထို့ကြောင့် အကြီးအကဲဝူသည် ယုံသွားလေသည်။

“အဲဒါက တကယ်တော့ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး ရေရဲ့ တစ်ဖက်မှာ ရတနာနည်းနည်းလောက်ရှိနေတာ” အကြီးအကဲဝူသည် ဖုံးကွယ်ပြီး ဖြေလေသည်။

“ရတနာရှိတာလား” ကုန်ရှန်ယိ၏ မျက်လုံးများသည် ဝမ်းမြောက်စွာ တောက်ပလာသည် “ရေနဲ့ပိုင်းခြားထားမှတော့ ပျံသွားလို့ရတာပဲ”

သူမသည် အဆုံးမဲ့သရုပ်ဆောင်ကာ ပြောနေသည်။

“အဲလောက်ရိုးရှင်းနေရင် ဒီမှာလူတိုင်းစောင့်ဖို့တောင်မလိုဘူး” ရင်ယန်နန်းတော်မှ နောက်အကြီးအကဲတစ်ယောက်သည် ထူးဆန်းသော အပြုအမူဖြင့်ပြောလေသည်။

“ဘာလဲ ပျံသွားလို့မရဘူးလား” ကုန်ရှန်ယိ မေးလိုက်သည်။

“မရဘူး အဲဒီကိုပျံသွားလို့မရဘူး ငါတို့သားရဲပျံတွေတောင် မပျံနိုင်ကြ ဘူး တစ်ခုတည်းသော နည်းလမ်းက ရေကိုဖြတ်ကူးဖို့ပဲရှိတယ်” အကြီးအကဲ ဝူပြောလိုက်သည်။

“ဒါဆိုရင် ဖြတ်ကြမယ်လေ လှေပဲလိုတာမလား”

“လှေကိုလည်းသုံးမရဘူး” အကြီးအကဲဝူသည် ကမ်းစပ်မှ လှေတချို့ ကိုကြည့်ပြီး ပြောလိုက်သည် “ရေတွေကပေါ့တယ် အဲတော့ သာမန်လှေကို မထမ်းနိုင်ဘူး အဲလိုလှေတွေဆိုရင်နစ်သွားမှာပဲ”

“ဟင် ဒါဆိုရင် ကျွန်မတို့ သွားလို့မရဘူးလို့ဆိုလိုတာမလား” ကုန်ရှန်ယိ အော်ပြီး ရေများကို နှမြောတသဖြစ်စွာ ကြည့်လိုက်သည်။

“ဟုတ်တယ် အားလုံးက သွားလို့ရမယ့်နည်းလမ်းကိုစဉ်းစားနေကြတာ ငါတို့ ရင်ယန်နန်းတော်လည်း သင့်တော်တဲ့အကြံမရှိသေးလို့ ရှန်ယိ မင်းတို့ ကုန်တောင်ကြားမှာ လက်နက်သခင်တွေရှိတယ်လေ ထူးခြားတဲ့လှေများ ဆောက်လို့ရမလား”

ထိုအကြောင်းကြောင့်ပင် သူတို့ အကြီးအကဲဝူကို ဇာတ်လမ်းဆင်ခြင်း ဖြစ်သည်။

ကုန်ရှန်ယိ သက်ပြင်းချပြီး ပြောလိုက်သည် “ကျွန်မတို့ လက်နက်သခင် တွေက အသတ်ခံလိုက်ရပြီးပြီ နှစ်ယောက်ပဲကျန်တယ် ဒါပေမဲ့ သူတို့က အဆင့်မမြင့်ကြဘူး သူတို့ကို သာမန်လှေဆောက်ခိုင်းရင် ၁၀ရက်နဲ့ ၁၅ရက် ကြားအချိန်မပေးဘဲ ပြီးမှာမဟုတ်ဘူး”

“ကြာလိုက်တာ” အကြီးအကဲဝူသည် မျက်မှောင်ကြုတ်လေသည်။ သူ တကယ်ပဲ ဘာမှမဟုတ်တဲ့အတွက်နဲ့ သတင်းတွေပြောလိုက်မိပြီ။

သူ့တွင် ထိုသို့ရည်ရွယ်ချက်များရှိသည်ကို ကုန်ရှန်ယိ သိထားသည်။ သို့သော် သူမအမူအရာတွင် မဖော်ပြပေ။ သူမသည် နှမြောစွာဖြင့်ပြောလေ သည် “ဟုတ်တယ် ဒါပေမဲ့ ကျွန်မတို့မှာ လက်နက်သခင်နှစ်ယောက်ရှိသေး လို့တော်သေးတယ် အထူးလှေလုပ်ဖို့ကို ဘယ်လောက်ကြာမလဲသာမသိတာ ပါလေ၊ အကြီးအကဲဝူက ဒီလောက်အရေးကြီးတဲ့သတင်းကိုပြောပြထားမှ တော့ ကျွန်မတို့ဖြတ်သွားနိုင်မယ်ဆိုရင် အကြီးအကဲဝူတို့ကို သေချာပေါက် ခေါ်သွားပါမယ်”

“ဟင်း” စကားဝင်ပြောသောအကြီးကဲသည် အေးစက်စွာနှာမှုတ်ကာ အင်္ကျိလက်များကို သပ်ထုတ်ကာ တခြားဘက်သို့ထွက်သွားလေသည်။

အကြီးအကဲဝူ ပြုံးလိုက်သည် “အဲလိုဆိုမှတော့ မင်းတို့ကိုပဲ ဒုက္ခပေးရ တော့မှာပဲ”

“ဟေး ကိုယ့်လူတို့ ကြည့်လိုက် လှေတစ်စင်းပဲ” လူတစ်ယောက်သည် ရုတ်တရက်အော်လိုက်ရာ အားလုံးသည် ပင်လယပြင်တွင်ပေါ်လာသော ကြီးမားသောလှေကြီးကိုလှည့်ကြည့်လိုက်ကြသည်။

“အဲဒါဘယ်သူ့လှေလဲ ရေပေါ်မှာပေါ်နိုင်တာလား”

“ကြီးလိုက်တဲ့လှေပဲ လူဘယ်နယောက်တောင်ဆန့်တာလဲ”

“ဘယ်သူပိုင်တာလဲမသိဘူး ငါတို့ရောစီးလို့ရလား”

“လှေပေါ်ကလူတွေကိုကြည့်လိုက် သူတို့က အသည်းကွဲတောင်ကြား ကမဟုတ်ဘူးလား”

“ဟုတ်တယ် မျက်နှာဖုံးနဲ့လူက အသည်းကွဲတောင်ကြားရဲ့ တောင်ကြား ခေါင်းဆောင်ပဲ”

ရှီမန်ဖန် လှေပေါ်တက်လိုက်သည်နှင့် အသည်းကွဲတောင်ကြားမှ တပည့်များလိုက်တက်ကြသည်။ သူတို့သည် သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင် လိုက်ကြသည်။ အောက်မှလူများသည် ထိတ်လန့်စွာကြည့်နေကြသည်။

“တကယ်ပဲ အသည်းကွဲတောင်ကြားပဲ”

“အသည်းကွဲတောင်ကြားမှာ ဘယ်လိုလုပ် ဒီလိုစစ်သင်္ဘောရှိနေတာလဲ အဲလိုဆောက်ရဖို့က အချိန်လိုသေးတယ်မလား”

“အသည်းကွဲတောင်ကြားက အခုမှတည်ထောင်ထားတဲ့ အင်အားစု အသစ်ဆိုတာ မတွေ့ဘူးလား ဒီအင်အားက ငါတို့ရောက်နိုင်တာထက် ကျော်လွန်နေတယ်”

“ပြောဦး ငါတို့သူတို့ကို စီးဖို့မေးရန် သဘောတူပါ့မလား”

“မစီးခိုင်းဘူးဆိုတာ ကြည့်တာနဲ့မသိဘူးလား”

သွေးမိစ္ဆာမြို့မှ အားလုံးသည် နတ်ဆိုးပုံစံနှင့် ရန်ပြုမည့်ပုံစံပေါ်နေ သည်။ သူတို့၏ ကြောက်မက်ဖွယ်ရောင်ဝါသည် သူတို့ကို နောက်ပြန်ဆုတ် စေသည်ကိုဖြစ်စေသည်။

တစ်ဖက်တွင် ရင်ယန်နန်းတော်နှင့် ကုန်တောင်ကြားတို့လည်း မြင်ကြ လေသည်။ ကုန်ရှန်ယိသည် လှေပေါ်ဖြည်းညင်းစွာတက်နေသော ရှီမာယူယူ ကိုမြင်သောအခါ အော်လိုက်သည် “ဟေး အဲဒါယူယူမဟုတ်ဘူးလား”

“ညီမလေး သူ့ကိုသိလို့လား” ကုန်ရှန်ချီ မေးလိုက်သည်။

“သိတာပေါ့ သူနဲ့ ညီမနဲ့ကရင်းနှီးတယ်” ကုန်ရှန်ယိ ပြောလိုက်သည် “ညီမတို့ ကိစ္စတချို့ကိုအတူလုပ်ခဲ့ကြတယ် အဲဒါကြောင့် ရင်းနှီးတယ်လို့ ပြော လို့ရတယ်”

“ဒါဆိုရင် ငါတို့ကိုခေါ်သွားဖို့ မေးကြည့်ပါလား သူသဘောတူပါ့မလား” ကုန်ရှန်ချီ ပျော်ရွှင်စွာမေးလိုက်လေသည်။

“သဘောတူမှာပါ” ကုန်ရှန်ယိ ပျော်ရွှင်စွာပြောလေသည် “ယူယူက တကယ်သဘောကောင်းပြီး နွေးထွေးတယ်၊ ညီမတို့ ဆက်ဆံရေးနဲ့ဆိုရင် ကုန်တောင်ကြားဝင်အကုန်လုံးကိုခေါ်သွားဖို့က ပြဿနာမဟုတ်လောက်ပါ ဘူး အစ်ကိုကြီး သူတို့ကိုရပ်ဖို့ခေါ်ပေးပါဦး မဟုတ်ရင် သူတို့လှေထွက်သွား လိမ့်မယ် ယူယူ ယူယူ”

ပြောပြီးနောက်တွင် သူမသည် ရှီမာယူယူ၏လှေဆီသို့ ပြေးသွားလေ သည်။

ကုန်ရှန်ချီသည်လည်း ပြေးလိုက်သွားမည်အပြုတွင် အကြီးအကဲဝူသည် သူ့လက်မောင်းကို ဆွဲထားလေသည်။

“ရှန်ချီ မင်းတို့ လှေဆောက်ပြီးရင် ငါတို့ကိုခေါ်သွားမယ်လို့ အစတုန်းက ပြောခဲ့တယ်နော် အခုဒီလိုဖြစ်လာပြီဆိုတော့ ကြည့်… အသည်းကွဲတောင် ကြားက ငါတို့ကိုပါ ခေါ်သွားဖို့ ပြောပေးလို့ရမလား”

“ခေါ်သွားပေးဖို့လား” ကုန်ရှန်ချီသည် ဆုံးရှုံးသွားသည့်ပုံပြကာ “ကျွန်တော်ကိုယ်တိုင်တောင် ရှီမာယူယူကို မသိတာ၊ ကြည့် သူ့ကိုသိတာက ကျွန်တော့်ညီမလေ အခု ညီမလေးကသွားပြောနေတာ အကြီးအကဲဝူတို့ကို ခေါ်ဖို့ မခေါ်ဖို့က ကျွန်တော်မသိဘူး ဒီလိုလုပ်ပါလား ကျွန်တော်တို့နဲ့လိုက်ခဲ့ ပြီး ဖြစ်နိုင်မလားဆိုတာ မေးမယ်လေ”

***

All Chapters