← Chapters

ငါးစာဟပ်မိခြင်း ၂

Vol. 011 Ch. 1086

ငါးစာဟပ်မိခြင်း ၂

Vol. 011 Ch. 1086

ရှီမာယူယူသည် လှေထိပ်ကိုရောက်နေချိန်တွင် အောက်မှအော်သံကို ကြားလိုက်သည်။

“ယူယူ ယူယူ”

သူမ လှည့်လိုက်ရာ ကုန်ရှန်ယိ ပြေးလာသည်ကို မြင်လိုက်လေသည်။

“ရှန်ယိလား ဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူသည် အံ့သြသွားသလို နှင့် ကုန်ရှန်ယိကိုပြုံးပြလေသည်။

သူမသည် အဖွဲ့အရှေ့သို့ရောက်လာသည်။ သူတို့အတူရှိသည်ကို ဘယ်သူမှမမြင်ဖူသဖြင့် သူတို့နှစ်ယောက်တွေ့ဆုံသည်မှာ လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။

“ကျွန်မတို့လည်း အခုမှရောက်တာ” ကုန်ရှန်ယိ ပြောလိုက်သည် “ယူယူ ပင်လယ်ကိုဖြတ်မလို့လုပ်နေတာလား”

“ဟုတ်တယ်” ရှီမာယူယူသည် မဖုံးကွယ်ပေ။

“ကျွန်မတို့ကိုခေါ်သွားပေးလို့ရမလား”

ရှီမာယူယူ ခေတ္တတွေဝေသွားပြီးနောက် ခေါင်းညိတ်လေသည် “ပြီးခဲ့တဲ့ တစ်ခေါက်က မင်းငါ့အသက်ကိုကယ်ခဲ့တာပဲ မင်းကိုခေါ်သွားပြီး ပြန်ဆပ်ရမှာ ပေါ့”

ကုန်ရှန်ယိ ပြုံးပြီး ပြောလိုက်သည် “ဒါဆိုရင် ရှင့်ကို ကျေးဇူးတင်ရတော့ မှာပဲ”

“ရှန်ယိ” အကြီးအကဲဝူနှင့် ကုန်ရှန်ချီတို့ လျှောက်လာကာ သူမကိုကြည့် လေသည်။ သူတို့ဆိုလိုချက်မှာ ရှင်းသည်။

ကုန်ရှန်ယိသည်လည်း ဉာဏ်ကောင်းသည့်သူပင်။ သူမသည် ဆိုလိုရင်း ကို ချက်ချင်းသဘောပေါက်လေသည်။

“အဲဒါက…” သူမသည် အကြပ်ရိုက်နေသည့်ပုံဖြင့် ရှီမာယူယူကိုကြည့် လေသည် “ယူယူ ပင်လယ်ဖြတ်တာကို ရင်ယန်နန်းတော်ကလူတွေကိုပါ ခေါ် သွားပေးလို့ရမလား”

ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည် “မင်းတို့က ရင်းနှီးလို့လား”

“အစောက ကျွန်မတို့ဖြတ်လို့ရမယ်ဆိုရင် သူ့ကိုပါခေါ်သွားမယ်လို့ အစောက အကြီးအကဲဝူကို ကတိပေးပြီးသားဖြစ်နေလို့ပါ အဲဒါ… ခေါ်သွား ပေးနိုင်မလား”

“မရဘူး” ရှီမန်ဖန်သည် လျှောက်လာကာ ချက်ချင်းပင် ငြင်းဆန်လေ သည်။

“တောင်ကြားခေါင်းဆောင်” ရှီမာယူယူသည် ရှီမန်ဖန်ကို စီနီယာတစ် ယောက်ကဲ့သို့ ကြည့်လိုက်သည်။

“ယူယူ ငါတို့မှာကိုက လူတွေများနေပြီ အရင်တစ်ခေါက်က ငါတို့ အသက်ကိုကယ်ခဲ့တဲ့အတွက် ကုန်တောင်ကြားကိုတော့ ခေါ်သွားပေးလို့ရ တယ် ရင်ယန်နန်းတော်နဲ့က ဘာဆက်ဆံရေးမှမရှိတာ” ရှီမန်ဖန် ပြောလိုက် သည်။

“ဒါပေမဲ့ ငါ သူမ တောင်းဆိုချက်ကို သဘောတူမယ်လို့ ရှန်ယိကို သဘောတူခဲ့တယ်” ရှီမာယူယူသည် လုံးဝလမ်ပျောက်နေသကဲ့သို့ သူမ စကားကို ပြန်မရုတ်သိမ်းချင်သလို သရုပ်ဆောင်လေသည်။

“ယူယူ…”

“တောင်ကြားခေါင်းဆောင် ငါ့ကို ကိုယ့်စကားကိုယ်မတည်တဲ့လူမဖြစ် စေချင်ဘူးမလား”

ရှီမာယူယူ ထိုသို့ပြောလိုက်သောအခါ ရှီမန်ဖန်သည် ဘာမှ ထပ်မပြော တော့ပေ။

“ဟုတ်တယ် ဟုတ်တယ် ယူယူ ကျွန်မကိုကတိပေးထားတယ်” ကုန်ရှန်ယိသည် အကြီးအကဲဝူကို ကြည့်လိုက်သည်။

အကြီးအကဲဝူသည် ချက်ချင်းပင် အသိစိတ်ဝင်လာကာ လက်သီးဆုပ် ရိုသေသမှုပြုလိုက်သည် “ဒီနိမ့်ကျတဲ့သူက ရင်ယန်နန်းတော်ကအကြီးအကဲ ပါ ကျုပ်တို့ကို ခေါ်သွားပေးမယ်ဆိုရင် ကျေးဇူးအများကြီးတင်မှာပါ”

“ဒါဆိုရင် ရှောင်ချီတို့ တောင်းဆိုတာ ရှင်တို့ဆီမှာရှိလား” ရှောင်ချီသည် ပါးစပ်ဖွင့်လာသည်။

“….” လူတိုင်း၏ အကြည့်အောက်တွင် ထိုကဲ့သို့မေးခွန်းမေးလာမည်ဟု အကြီးအကဲဝူ မထင်ထားပေ။ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်တာ မဟုတ်ဘူးလား။

သို့သော် သူသည် ရှီမန်ဖန်၏ ခံစားမှုကင်းသောအကြည့်ဖြင့် သူ့ကို အကဲခတ်နေသည်ကို မြင်သောအခါ ပြုံးပြီးပြောလိုက်သည် “ကျုပ်တို့ကို ခေါ် သွားမယ်ဆိုရင် ရတနာရဲ့ ၂၀ရာခိုင်နှုန်းပေးပါမယ်”

“၄၀ရာခိုင်နှုန်း” ရှီမန်ဖန် ပြောလိုက်သည်။

အကြီးအကဲဝူသည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “၃၀ရာခိုင်နှုန်း ဒါက ကျုပ်တို့ပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ”

ရှီမန်ဖန်သည် အနည်းငယ်စဉ်းစားလိုက်သည် “ခင်ဗျားတို့ ကုန်းပတ် ပေါ်မှာ နေနိုင်တယ်”

ပြောပြီးနောက်တွင် လှည့်ပြီး ကုန်းပတ်မှထွက်သွားလေသည်။

သူ ထပ်မံငြင်းဆန်ခြင်းမရှိတော့သည်ကို ရှီမာယူယူတွေ့သောအခါ ကုန်ရှန်ယိသို့ လက်ဝေ့ပြကာ ပြောလိုက်သည် “ရှန်ယိ တက်လာခဲ့လိုက်”

“အကြီးအကဲဝူ သွားကြမယ်”

ကုန်ရှန်ယိသည် ပျော်ရွှင်စွာပင် ပြေးတက်ပြီး ကုန်တောင်ကြားနှ့င် ရင်ယန်နန်းတော်မှလူများလည်း နောက်မှလိုက်ကြလေသည်။ ဘေးမှကြည့် နေသူများသည် သူတို့ကို အားကျသည်ထက်ပင် ပိုလေသည်။

ရှီမာယူယူနှင့် ဆက်ဆံရေးကောင်းလှသဖြင့် သူတို့သည် နေရာကောင်း ရလေသည်။

သူတို့အမြင်တွင်တော့ ရှီမာယူယူသည် ငတုံးငအ,ပင်။ ဒီလိုအချိန်မှာ တခြားသူကိုဘယ်လိုလုပ် ခေါ်သွားနိုင်ရတာလဲ။ ဒီလိုမျိုးလုပ်တာ ငတုံးငအ ကလွဲရင် ဘာဖြစ်နိုင်ဦးမှာလဲ။

တစ်ချိန်တည်းမှာပင် သူတို့တခြားအရာကို နားလည်သွားကြသည်။ ရှီမာယူယူသည် အသည်းကွဲတောင်ကြားတွင် ရာထူးမြင့်သည်။ တောင်ကြား သခင်ပင်လျှင် သူမကို အထူးတလည်ဆက်ဆံပေးသည်။

ကုန်တောင်ကြားနှင့် ရင်ယန်နန်းတော်တို့ လှေပေါ်ရောက်သည်နှင့် ရှီမာယူယူသည် သူတို့ကို နေရာချပေးရန် ညွှန်ကြားလေသည်။ ရှောင်ချီသည် ဂရုမစိုက်ဘဲ သင်္ဘောကို စမ်းသပ်မောင်းနှင်နေသည်။

လှေသည် ကမ်းစပ်မှတဖြည်းဖြည်း ထွက်ခွာကာ ကျွန်းဆီသို့ ဦးတည် လေသည်။ အားလုံးသည် သေးငယ်သွားကာ နောက်ဆုံးတွင် လုံးဝပျောက် ကွယ်သွားလေသည်။ ကမ်းစပ်မှကြည့်နေသူများသည် အလွန်အားကျကြ လေသည်။

“ဘာတွေကြောင်ကြည့်နေတာလဲ လှေတွေကိုမြန်မြန်ညွှန်ကြားတော့ လေ”

“ဒီပင်လယ်ရေက ငါးရက်တစ်ခါတိုင်းပြောင်းလဲတာကို နှစ်ရက်ကုန် သွားပြီလေ ငါသူတို့က ငါတို့ထက်၂ရက်ပဲစောရောက်တာလေ အဲဒါကို ရတနာကို သူတို့ရမယ်လို့ဆိုလိုတာမဟုတ်ဘူးလေ” တချို့လူများသည် သူတို့ ဘာသာနှစ်သိမ့်ကြလေသည်။

“ဟုတ်တယ် သူတို့အရင်ရောက်လို့ ရတနာကို မဖြစ်မနေရမယ်လိုမှ မဟုတ်တာ” လူတစ်ယောက် သဘောတူလေသည်။ “ဒီရတနာက အရင်ရောက်တဲ့သူ အရင်ယူလို့ရတာမှမဟုတ်တာ ကံတရားစီမံထားတဲ့သူပဲ ရမှာလေ”

“မင်းတို့က ဘာမှမရတာနဲ့ပဲ စပျစ်သီးကိုချဉ်တယ်ဆိုပြီး စောဒကတက် နေကြတာပဲ သူတို့ရတနာရတာနဲ့ မင်းတို့ ဒီအသံထွက်နိုင်ဦးမလား ကြည့်ဦး မယ်”

“ဟင်း သူတို့ရသွားလည်းဘာဖြစ်လဲ နောက်ဆုံးမှာ ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ မသိသေးနိုင်ဘူးလေ”

ကောင်းပြီ၊ အဲစကားပြောတဲ့သူက ခိုးဖို့အသေအချာစီစဉ်ထားတာပဲ။

“အသည်းကွဲတောင်ကြားဆီက ခိုးရဲလို့လား” လူတစ်ယောက် နှာမှုတ် လေသည် “သူတို့သရုပ်မှန်ကိုမမေ့နဲ့နော် ငှက်မျိုးနွယ်တစ်ခုလုံးက မင်းကို လက်စားလာချေမှာမကြောက်ဘူးလား”

“သွေးမိစ္ဆာမြို့တော်ကလူတွေဒီလောက်များတာ၊ သူတို့ကို မင်းနိုင်နိုင် လို့လား သူတို့ဆီက ဒီနေ့မခိုးလိုက်ရဘဲ မနက်ဖန်ကို မင်းတို့ဂိုဏ်းပြာကျသွား မယ်”

“ခရမ်းရောင်ရေနဂါးက ကြယ်ကိုးပွင့်သမုဒ္ဒရာရဲ့ ခေါင်းဆောင်ပဲ မင်းက သူတို့မင်းသားဆီက ခိုးရဲတယ်ပေါ့”

“အာ…” အစောကထိုစကားပြောသူသည် ချွေးစေးများထွက်လာသည်။ သူတို့ပြောလိုက်သောစကားများကြောင့် သူကြောက်ရွံ့သွားသည်။

“ငါက ဒီအတိုင်းပဲပြောလိုက်တာပါ သူတို့ဆီက တကယ်မခိုးရဲပါဘူး ဒါပေမဲ့ အံ့ဖွယ်နယ်မြေကဒီလောက်ကြီးတာ လူတွေအများကြီးဝင်လာကြ တယ် အဲလူတွေကတော့ သူတို့ကို မကြောက်လောက်ဘူးမလား”

အနည်းဆုံးတော့ တစ္ဆေမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်မှလူများသည် ကြောက်မည်မဟုတ်ပေ။

“ဘယ်သူသိမလဲ သူ့ဆရာက ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး ရှုဂျင်းနော် နောက်တစ်ယောက်က အဘိုးနတ်ဆိုးပဲ နောက်တစ်ယောက်က ဖန်ကျိရှင်း… သူတို့တစ်ယောက်စီက အတွင်းဒေသမှာ လွှမ်းမိုးနိုင်ကြတယ်”

“အဘိုးနတ်ဆိုးနဲ့ ရှုဂျင်းက ပျောက်နေတာ နှစ်ပေါင်းများစွာရှိပြီ သူတို့ ဘယ်နေရာသွားလဲဆိုတာ ဘယ်သူသိလဲ… ဖန်ကျိရင်းကတော့ အတွင်းဒေသကလူပဲ ခြိမ်းခြောက်တာတွေနဲ့ဝေးကွာလွန်းတယ်”

“ဟီးဟီး မင်းမကြောက်ရင်တော့ လုပ်ပေါ့”

“အာ… ငါအဲလောက် သတ္တိမရှိပါဘူး တခြားသူတွေကိုပြောတာပါ”

“ဟူး စိတ်လွှင့်နေမယ့်အစား လှေကိုသာပြီးအောင်ဆောက်”

“ဟူး မင်းပြောတာဟုတ်တယ်”

“ဘာတွေစိတ်ကူးယဉ်နေကြတာလဲ မြန်မြန်လှေဆောက်”

“ဟုတ်ကဲ့ပါ ဂိုဏ်းသခင်လေး”

….

ရင်ယန်နန်းတော်နှင့် ကုန်တောင်ကြားမှလူများသည် ကုန်းပတ်ပေါ်တွင် ရှိနေကြသည်။ အသည်းကွဲတောင်ကြားမှ တပည့်များလည်း ကုန်းပတ်ပေါ် တွင်ရပ်နေကြသည်။ သူတို့သည် လက်ပိုက်ကာ ထိုလူများကိုကြည့်နေကြ သည်။

“ရှန်ယိ ဘယ်နေရာမဆို ရှာပြီးထိုင်လို့ရတယ်နော် ငါသွားကြည့်လိုက်ဦး မယ်နော်” ရှီမာယူယူသည် ကုန်ရှန်ယိကို ပြုံးပြလေသည်။

“အခန်းထဲသွားချင်လို့လား လိုက်ခဲ့ပေးရမလား” ကုန်ရှန်ယိသည် ပျော်ရွှင်စွာ မေးလေသည်။

သူမ စစ်သင်္ဘောမြင်ဖူးသည်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ အရင်က စစ်သင်္ဘောများ မိုးပေါ်ပျံနေသည်ကို မြင်ဖူးကာ ထိုအချိန်မှစပြီး အလွန်သိချင် နေခဲ့သည်။

ရှီမာယူယူသည် ခေတ္တမျှတွေဝေသွားပြီးနောက် ပြောလေသည် “ကောင်းပြီ ဘာမှမကိုင်နဲ့နော် ကျိုးပဲ့သွားရင် ငါတို့ရေပေါ်မှာပဲ လည်နေလိမ့် မယ်”

“စိတ်ချပါ” ကုန်ရှန်ယိသည် သူမရင်ဘတ်ကိုပုတ်ကာ ကတိပေးလေ သည်။

“ဒါဆိုလည်း လိုက်ခဲ့လိုက်”

တခြားသူများသည် ကုန်ရှန်ယိ ရှီမာယူယူနောက်လိုက်သွားသည်ကို ကြည့်ပြီး အားကျနေလေသည်။

သူတို့လည်း သိချင်ပြီး လိုက်ကြည့်ချင်တယ်လေ။

သူတို့ သူမနဲ့ တရင်းတနှီးမရှိတာတော့ နှမြောဖို့ကောင်းတယ် မဟုတ် ရင် သူမကို တောင်းဆိုလို့ရတယ်လေ။

ရှီမာယူယူနှင့် ကုန်ရှန်ယိတို့သည် အောက်ထပ်သို့ဆင်းလာကြသည်။ ရှောင်ချီသည် ခုံပေါ်ထိုင်ကာ ခြေနှစ်ဖက်ကိုလွှဲနေပြီး မုန်လာဥနီကို ကိုက်စား နေသည်။

***

All Chapters