အိမ်မက်လေး မှတ်ဉာဏ်များပြန်ရခြင်း
Vol. 011 Ch. 1087
အောက်သို့ဆင်းပြီးနောက်တွင် ကုန်ရှန်ယိသည် ဘာမှမသိသလို သရုပ်ဆောင်ရန်မလိုတော့ပေ။ သူမသည် ပျင်းရိနေသော ရှောင်ချီ၏ပုံစံကို ကြည့်ပြီး ပြုံးလိုက်သည် “ငါတို့ရှောင်ချီရဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေပုံကိုကြည့်ဦး”
“ယူယူ ရှောင်ချီ့ကိုပေးထားတဲ့ ကျင့်စဉ်ဆေးတွေအကုန်ကုန်သွားပြီ အဲဒါကြောင့် မုန်လာဥပဲဝါးနေရတယ်” ရှောင်ချီသည် ထလာရာ ရှီမာယူယူ သည် ဆေးပင်တချို့ထုတ်လိုက်သည်။
ရှီမာယူယူသည် ဆေးပင်များယူပြီး မီးဖိုလိုက်သည်။ သူမသည် မီးတောက်ကို အမြင့်ဆုံးထိလုပ်ကာ ဆေးဖက်ဝင်ပစ္စည်းများကို တဖြည်းဖြည်း ဆေးဖော်လေသည်။
“ဟီးဟီး ဒီဆေးဖော်နည်းလမ်းကြောင့်ပဲ ပထမရတာမထူးဆန်းတော့ ပါဘူး” ကုန်ရှန်ယိ အားရပါးရပြုံးလေသည်။
ရှီမာယူယူသည် ဆေးဖော်ပြီးသည်နှင့် ရှောင်ချီကို ဆေးများပေးလိုက် သည်။ သူမ ပြောလိုက်သည် “မင်းတို့ဒီမှာ စောင့်ပေး ငါ အိမ်မက်လေးကို သွားကြည့်လိုက်ဦးမယ်”
“အိမ်မက်လေးက မနိုးသေးဘူးလား” ရှောင်ချီ မေးလေသည်။
“မနိုးသေးဘူး အစောပိုင်းတုန်းက အိမ်မက်လေး မတည်ငြိမ်ဘူးလို့ ဝိညာဉ်လေးပြောလာတယ် ငါသွားစစ်ကြည့်လိုက်ဦးမယ်”
ပြောပြီးနောက်တွင် သူမ လျှပ်တပြက်ပင် ဝိညာဉ်စေတီထဲဝင်လိုက် သည်။
ကုန်ရှန်ယိသည် ရှောင်ချီဘေးသို့လာကာ စူးစူးစိုက်စိုက်ကြည့်လေ သည်။
“ရှောင်ချီ မင်းအရမ်းမိုက်တာပဲ အဲတော့ ဒါကိုဘယ်လိုဆောက်ရမလဲ ဆိုတာ ဘာလို့ ငါ့ကိုသင်မပေးတာလဲ” သူမသည် ရှောင်ချီကို သွားဖြဲပြလေ သည်။
“ဟုတ်ပြီ ဟုတ်ပြီ” ရှောင်ချီ ပြန်မဖြေရသေးခင် ဘေးတွင်ရှိနေသော ဟိန်းသံလေးသည် သူမအစားဖြေလေသည်။
ဟိန်းသံလေးတွင် အမြဲတမ်းထူးဆန်းသော အကြံအစည်များရှိသည်ကို ရှောင်ချီသိသည်။ သူ ဒီလောက်မြန်မြန်သဘောတူလိုက်မှတော့ သူ့မှာအကြံ ရှိလို့ပဲနေမှာ။ သည်လိုမှတော့ သူမ အလျင်အမြန်ပဲ ခေါင်းညိတ်ပြီး သဘော တူလိုက်တာပေါ့ “ကောင်းပြီလေ”
“တကယ်လား ဟားဟား ကျေးဇူးပဲ ရှောင်ချီ” ပျော်ရွှင်နေသော ကုန်ရှန်ယိသည် ထိုကောင်စုတ်ကလေးနှစ်ယောက်၏ ထောင်ချောက်ထဲကျ သွားသည်ကိုတော့ မသိလိုက်ပေ။
ဝိညာဉ်စေတီထဲတွင် ရှီမာယူယူသည် ဝိညာဉ်သားရဲများအုပ်စုလိုက် ဝန်းရံပြီး အိမ်မက်လေးကိုကြည့်ရန် သွားလေသည်။
“အိမ်မက်လေး ဘယ်လိုနေလဲ”
“ဒီအတိုင်းပဲ အဲကတည်းကမနိုးသေးတာပဲ” ဟိန်းသံထောင်ချီ ပြော လေသည်။
ရှီမာယူယူသည် အိမ်မက်လေးကွေးနေသော အိပ်ယာဘေးသို့လာ လိုက်သည်။ သူမသည် မျက်လုံးမှမျက်ရည်များ အဆက်မပြတ်စီးကျနေ သည်ကို မရပ်နိုင်ပေ။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးသည် ရှုံ့မဲ့နေ ကာ ရင်ထဲအထိစိမ့်ဝင်နေသော ကြောက်ရွံ့ထိတ်လန့်မှုများသည် မျက်နှာ ပေါ်တွင် ခါးသီးမှုများအဖြစ်ပေါ်လွင်နေသည်။
“ဘယ်သူပဲ သူမအနားသွားသွား တုန့်ပြန်မှုာကီးတယ် သူမ ငါတို့ကို ဆက်တိုက် ထိုးပြီးကန်နေတာ” ရာဟွောင်သည် ရင်နာစွာဖြင့်ပြောလေသည်။
ရှီမာယူယူ၏ ဝိညာဉ်သားရဲအနေနှင့် သူတို့သည် ထိုအရာကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့သည် သူမအတွက် ရင်နာမိသည်။ သို့သော် သူတို့သည် စွမ်းအားမရှိသဖြင့် ဘာမှမလုပ်နိုင်ကြပေ။
ရှီမာယူယူ လျှောက်သွားလေသည်။ သူမ လက်များကိုဆန့်ထုတ်ကာ အိမ်မက်လေးကို တင်းကြပ်စွာဖက်လိုက်သည်။ အိမ်မက်လေးသည် သူမကို ရိုက်မည်ပြုသည်။ သို့သော် ထိုအစား တင်းကြပ်စွာပြန်ဖက်လေသည်။
“အိမ်မက်လေး ငါပါ မကြောက်နဲ့ ငါအတူရှိပေးမယ်” ရှီမာယူယူသည် အိမ်မက်လေး၏ နောက်ကျောကို အသာအယာပုတ်ပြီး နှစ်သိမ့်လေသည်။
သူတို့၏ စာချုပ်ဆက်နွယ်မှုကြောင့် အိမ်မက်လေးသည် သူမ၏ ရင်ခွင် ထဲတွင် ခံစားရသက်သာကာ သူမကို မတိုက်ခိုက်ပေ။ သူမ၏မသိစိတ်မှပင် ပြန်ပြီးဖက်ထားပေးကာ နှုတ်ခမ်းမှလည်း တိုးညင်းသောလေသံများဖြင့် ညည်းညူနေ၏ ။
ရှီမာယူယူသည် သူမ ရင်ထဲမှနာကျင်မှုကိုခံစားရပြီး သူမ၏ မျက်လုံး များပင် နီရဲလာသည်။ ထိုအတွေ့အကြုံသည် မေ့ပျောက်ထားသော မှတ်ဉာဏ်များ ပြန်ရရန် ခလုတ်တစ်ခုလိုပင်။ ထိုအချိန်တွင် သူမသည်လည်း ဝမ်းနည်းမှုကို မျိုချခဲ့ရသည်။
“အိမ်မက်လေး မကြောက်နဲ့ အဲမှတ်ဉာဏ်တွေကအကုန်ပြီးခဲ့ပြီ မင်း အခု လုံခြုံနေတယ် ငါက မင်းနဲ့အမြဲတမ်းရှိနေပေးမယ်” သူမသည် အိမ်မက် လေး၏ ကျောကိုပုတ်ပေးရင်းနှစ်သိမ့်လေသည်။
“ယူယူ အိမ်မက်လေးရဲ့ မှတ်ဉာဏ်တွေကို သူတို့ယူသွားတာမဟုတ်ဘူး လား ဘယ်လိုလုပ် ခဏလေးနဲ့ ပြောင်းသွားတာလဲ” ရာဟွောင် မေးလေ သည်။
“အိမ်မက်လေးမှတ်ဉာဏ်ကို ချိပ်ပိတ်ထားတာက အစကတည်းက မတည်ငြိမ်ဘူး၊ ဒီနှစ်တွေကုန်သွားတော့ သူမကိုယ်ထဲကချိပ်က တဖြည်းဖြည်း ပြိုပျက်သွားတယ် အဲဒါတွေက ငါ သူမနဲ့ စာချုပ်ချုပ်တုန်းက ပြန်မြင်ခဲ့တဲ့ သူမရဲ့ မှတ်ဉာဏ်တွေပဲ” ရှီမာယူယူသည် ရင်နာစွာပြောလေ သည် “ပြီးတော့ နတ်ဆိုးမျိုးနွယ်က အဲလူတွေက ချိပ်ကို ချက်ချင်းပျက်စေပြီး သူမ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်လိုက်တဲ့ ခလုတ်တွေပဲ”
“သနားစရာကောင်းလိုက်တဲ့ အိမ်မက်လေးပဲ” လင်းလုံသည် မငိုသော် လည်း သူမအတွက် ရင်နာမိသည်။
“ယူယူ သူမ ကိုယ်ထဲကဟာကဘာလဲဆိုတာသိလား” ဟိန်းသံထောင် ချီ မေးလိုက်သည်။
အခု အိမ်မက်လေးခံစားနေရသည်မှာ သူမကိုယ်ထဲက အရာကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူမသည် လက်ရှိအခြေအနေမျိုးဖြစ်မည်မဟုတ်ပေ။
ရှီမာယူယူ ခေါင်းခါလိုက်၏ ။ “အိမ်မက်လေးရဲ့ မှတ်ဉာဏ်ထဲမှာ အဲပစ္စည်းကဘာလဲဆိုတာကို ဘယ်သူမှပြောမထားဘူး ဒါပေမဲ့ ဒီပစ္စည်းကို ရတာနဲ့ သူတို့သိမှာပဲ အဲပစ္စည်းက လူတစ်ယောက်ရဲ့ကျင့်စဉ်နှုန်းကို မြှင့်ပေး တယ် အဲဒါကိုနှလုံးထဲမှာထားလိုက်ရင် အဲလူကို မသေမျိုးဖြစ်စေနိုင်တယ်”
“အိမ်မက်လေးလိုလား”
“အင်း”
အိမ်မက်လေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် ငြိမ်ကျသွားလေပြီ။ သို့သော် သူမ မျက်ခုံးများသည် တင်းကြပ်စွာ တွန့်ခေါက်နေဆဲဖြစ်ကာ သူမ၏ ဖျော့တော့သော မျက်နှာသည် အပြည့်အဝပြန်မကောင်းသည်ကို ပြသနေသည်။
ရှီမာယူယူသည် အိမ်မက်လေးကို ရင်ခွင်ထဲတွင် ပွေ့ထားလိုက်သည်။ သူမ၏ မသေမျိုးခန္ဓာကိုယ်ကြောင့်သာမဟုတ်လျှင် ထိုကဲ့သို့အခက်အခဲမျိုး ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
တစ်ခါတလေ အသက်ရှင်သန်ခြင်းသည် ထင်ထားသလောက် မကြီးကျယ်သည့်အခါများရှိသည်။ သေခြင်းထက် အသက်ရှင်ခြင်းသည် ပို၍ ကြမ်းတမ်းခက်ထန်သည့် အချိန်များလည်းရှိသည်။
“အိမ်မက်လေးနိုးလာတာနဲ့ သူမ မှတ်ဉာဏ်တွေပြန်ရတာကို ကိုင်တွယ် နိုင်ပါ့မလားပဲ”
ရှီမာယူယူ မှတ်ဉာဏ်များပြန်ရစဉ်ကလည်း ပြိုလဲခဲ့ပြီး မျက်စိရှေ့မှ မတော်တဆမှုကို ပြန်မြင်ယောင်ခဲ့သည်။
အိမ်မက်လေး၏ လက်ရှိအခြေအနေမှာလည်း ရှီမာယူယူနှင့် ဆင်တူ သည်။ အကြောင်းမှာ သူတို့သည် မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းခံလိုက်ရခြင်း ကြောင့်ဖြစ်သည်။ အဖြစ်အပျက်များကိုသိသည်နှင့် ဖြူစင်ပြီး ရိုးသားသော အိမ်မက်လေးသည် မည်သို့ပြောင်းလဲသွားမည်ကို သူတို့ တွေးပင်မတွေးရဲ ပေ။
“ဟူး…”
“ရွှီး… မကြောက်ပါနဲ့…” အစောပိုင်းကပင် ရွှေလေးသည် နိုးလာကာ ရှီမာယူယူ၏ ပခုံးပေါ်တွားသွားလာသည်။ သူသည် စကားကို ပြတ်တောင်း ပြတ်တောင်းပြောလေသည်။
“ရွှေလေး နိုးလာပြီလား” ရှီမာယူယူသည် ရွှေမြွေလေးကိုကြည့်ပြီး အနည်းငယ်ပျော်ရွှင်သွားသည်။
“နိုး…လာ.. အိမ်မက်လေး…” ရွှေမြွေလေးသည် စကားစ,သင်သည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြည်းညင်းစွာပြောလေသည်။
“အိမ်မက်လေးအပြင်ပိုင်းကတော့ အဆင်ပြေပါတယ်” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ သူမခန္ဓာကိုယ်ထဲက ချိပ်ကပွင့်သွားပြီ အဲဒါကြောင့် သိပ်မကောင်းဘူး”
“သူ…မကို…ကာ..ကွယ်” ရွှေလေးသည် ဖြည်းညင်းစွာ ပြောလေသည်။
“အိမ်မက်လေးကို ကာကွယ်ချင်တယ်လို့ပြောချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
ရွှေလေးခေါင်းညိတ်လေသည် “ယူ..ယူ..အိမ်မက်…လေး..ကာကွယ်..”
“ရွှေလေးက တကယ်လူကောင်းလေးပဲ” ရှီမာယူယူသည် ရွှေလေး၏ ခေါင်းကိုပုတ်ပြီး ဝမ်းမြောက်စွာပြောလေသည်။
သူက သူတို့ကို ကာကွယ်မယ်ဆိုတဲ့အသိရှိနေတော့ သူ့ကိုကျွေးခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းတွေက အလဟသမဖြစ်ဘူးပဲ။
“ရွှေမြွေလေး မင်းက ငါတို့ကိုမကာကွယ်ချင်ဘူးဆိုတဲ့ သဘောလား” ငှက်လေးသည် ရွှေလေး၏ ပုံစံကိုကြည့်ပြီး စနောက်ချင်မိလေသည်။
“ယူ..ယူ…”
သူက ယူယူကိုကာကွယ်မယ်…ပြီးတော့ ယူယူက သူတို့ိကိုကာကွယ် လိမ့်မယ်လေ။ သူအဲဒါ ဆိုလိုချင်တာမလား…
“ငါ့ကို သေခိုင်းလိုက်တော့ သေခွင့်ပေးလိုက်တော့” အိမ်မက်လေး သည် ရုတ်တရက် အော်ပြီး ရှီမာယူယူ ကိုင်ထားသည့်ကြားမှ မပြတ်လူးလွန့် လေသည်။ ရုတ်တရက်ပင် သူမသည် ရင်ဘတ်ထဲသို့ လက်ဖြင့်ထိုးဖောက်ရန် ကြိုးစားလေသည်။
“အိမ်မက်လေး အိမ်မက်လေး သတိထား” ရှီမာယူယူသည် အိမ်မက် လေး၏ လက်ကိုဆုပ်ကိုင်ပြီး သူမကိုယ်သူ ထိခိုက်ခွင့်မပြုပေ။
“ငါ့ကိုသေခွင့်ပေး သူတို့နဲ့အတူသေခိုင်းလိုက်တော့” ရှီမာယူယူ၏ စကားများသည် အိမ်မက်လေးအတွက် သက်ရောက်မှုမရှိပေ။ သူသည် အော် ကာ လူးလန့်နေဆဲဖြစ်သည်။
“အိမ်မက်လေး” ရှီမာယူယူသည် သူမကိုယ်သူမ ထိခိုက်အောင်လုပ် မည့်နေရာမှ အားသုံးပြီး ရပ်ခိုင်းသော်လည်း ဒဏ်ရာရသွားခဲ့သည်။
“အိမ်မက်လေး မင်း ယူယူ့ကို ဒဏ်ရာရအောင်လုပ်လိုက်ပြီ” ရာဟွောင် နှင့်တခြားသူများသည် အော်လေသည်။
အိမ်မက်လေး၏ အော်သံမှာ ချက်ချင်းပင် ငြိမ်ကျသွားလေသည်။
“ဖူး…”
ရှီမာယူယူ၏ နှုတ်ခမ်းထောင့်မှ သွေးများထွက်ကျကာ အိမ်မက်လေး၏ နဖူးပေါ်စင်လေသည်။
သွေးကြောင့်ဖြစ်မည်… တင်းကြပ်စွာပိတ်ထားသော သူမ၏ မျက်လုံး များသည် ဖြည်းညင်းစွာ ဖွင့်လာသည်။
သူမ နှုတ်ခမ်းမှ သွေးထွက်နေသည်ကို ကြည့်ပြီး စိတ်ကိုပြန်စုစည်းပြီး အိမ်မက်လေး၏ မျက်ရည်များ ပြန်ကျလာပြန်သည်။
“ယူယူ တောင်းပန်ပါတယ်…”
***