← Chapters

အိမ်မက်လေး မှတ်ဉာဏ်များပြန်ရခြင်း ၂

Vol. 011 Ch. 1088

အိမ်မက်လေး မှတ်ဉာဏ်များပြန်ရခြင်း ၂

Vol. 011 Ch. 1088

အိမ်မက်လေးသည် တောင်းပန်သည့်စကားကို ရေရွတ်ရာ အားလုံး၏ မျက်လုံးများမှ မျက်ရည်များကျလာရသည်။ ရှီမာယူယူ ပြုံးလိုက်သည် “ငါ ရပါတယ်”

“ယူယူ အိမ်မက်လေး…” အိမ်မက်လေးသည် စကားမပြောနိုင်တော့ပဲ ရှီမာယူယူကို ဖက်ပြီး ငိုလေသည်။ သူမ ငိုသံသည် လေသံဖြင့်စတင်သော် လည်း နောက်တွင်တော့ ရှိုက်ကြီးတငင်ငိုလေသည်။ သူမသည် အသက်မရှု နိုင်လောက်အောင် ငိုလေသည်။

ရှီမာယူယူသည် သူမ မည်သို့ခံစားရမည်ကို နားလည်သည်။ ထိုအချိန် က သူမကိုယ်တိုင်ပင် လဲကျလုနီးပါးဖြစ်ခဲ့သည်။ သူမလို ဖြူစင်ပြီး ရိုးစင်း သောသူအတွက် ပိုဆိုးမည်။

သူမ ထိုအရာကို နားလည်သည်။ အခုတော့ ခံစားရသက်သာအောင် ပြောရန် သူမတွင် ဘာမှမရှိပေ။ အိမ်မက်လေးကိုယ်တိုင်ကပင် ပြန်စုစည်းရ မည်ဖြစ်သည်။ သူမ အခုလုပ်နိုင်သည်မှာ အိမ်မက်လေးအား တိတ်တဆိတ် အဖော်ပြုပေးပြီး မည်သည့်အချိန် မည်သည့်ကိစ္စဖြစ်လာပါစေ သူမဘေးတွင် ရှိမည်ဟုသာ သိအောင် ပြောရမည်။

ကြာရှည်စွာငိုပြီးနောက်တွင် အိမ်မက်လေးသည် ရပ်လိုက်သည်။ သူမ သည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် နစ်မြုပ်ပြီး အသက်မပါသောအသံဖြင့် ပြော လေသည် “ယူယူ အိမ်မက်လေး မြင်လိုက်တယ်.. ငါ့မျိုးနွယ်တစ်ခုလုံး သူတို့ ဘယ်လိုချေမှုန်းခဲ့လဲဆိုတာ အိမ်မက်လေးကြည့်နေခဲ့တယ် အိမ်မက်လေး ဘေးမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတာကို ကြည့်ခဲ့တယ်၊ သူတို့ က ငါ့ဗိုက်ကိုခွဲပြီး တူးကြတယ် နာတယ်… အရမ်းနာတယ်… အိမ်မက်လေး သေချင်တယ်၊ ငါ့အမေနဲ့ အဖေနဲ့အတူရှိချင်တယ် ဒါပေမဲ့ ငါသေလို့မရဘူး.. သူတို့ ငါ့ကိုဘာပဲလုပ်လုပ် ငါ့ခန္ဓာကိုယ်ကို ဘယ်လိုပဲ ချိုးဖဲ့ချိုးဖဲ့ ငါမသေနိုင် ဘူး ငါ သူတို့ကိုမုန်းတယ် ယူယူ ငါ အမုန်းတွေနဲ့ပြည့်နေပြီ သူတို့ကို မုန်း တယ် ဒါပေမဲ့ ငါ့ကိုယ်ငါ ပိုမုန်းတယ်၊ ငါ့ကြောင့်သာမဟုတ်ရင် ငါ့မျိုးနွယ်ဝင် တွေက ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ အဲဒါတွေကိုဖြစ်စေတာ ငါပဲ…”

ရှီမာယူယူသည် အိမ်မက်လေးနှင့်အတူ လိုက်ငိုလေသည်။ သူမ မျက်ရည်များသည် အိမ်မက်လေး၏ မျက်နှာပေါ်ကျကာ သူတို့ မျက်ရည်များ သည် တစ်သားတည်းဖြစ်သွားလေသည်။

“ငါနားလည်တယ် အိမ်မက်လေး… ငါမင်းခံစားချက်ကို နားလည်တယ် မင်း ထိခိုက်နေပြီ.. အမုန်းတရားတွေနဲ့ပြည့်နေပြီ ငိုချင်ရင် ငိုချလိုက်ပါ လက်စားချေချင်တယ်ဆိုလည်း ငါတို့က မင်းနဲ့အတူရှိနေပေးမယ် နတ်ဆိုး လောကကို မြေလှန်ပစ်ရလည်း ဘာအရေးလဲ… ငါတို့က မင်းနဲ့ရှိနေပေးမယ်”

“ယူယူ…” အိမ်မက်လေး ကျယ်အောင်စွာအော်လေသည် “ဘာလို့လဲ ဘာလို့ ငါလဲ ဘာလို့လဲ…”

ဘာလို့ သူမကို ကြီးထွားစေခဲ့တာလဲ။ သူမကို ဘာကြောင့် ဒီလောက် ဒုက္ခပေးရတာလဲ။

အိမ်မက်လေးသည် ရှည်လျားသော ပင့်သက်ရှိုက်ကာ သူမ ရင်ဘတ် ထဲသို့ လက်ဖြင့် တည့်တည့်ထိုးစိုက်လိုက်သည်။ သူမ၏ လက်တစ်ချောင်း လုံးသည် ရင်ဘတ်ထဲသို့ နစ်ဝင်သွားလေသည်။

“အိမ်မက်လေး ဘာလုပ်တာလဲ” ရှီမာယူယူသည် ထိုအရာကို မမျှော်လင့်ထားသဖြင့် သူမကို တားရန် နောက်ကျသွားခဲ့သည်။

အိမ်မက်လေးသည် ခန္ဓာကိုယ်ထဲမှ လက်ကိုဆွဲထုတ်လိုက်ရာ လတ်ဆတ်သောသွေးများသည် ဒဏ်ရာမှ လျှံထွက်လာလေသည်။

အိမ်မက်လေးသည် ခေါင်းငုံ့ပြီး သွေးများ ဒရဟောထွက်နေသည်ကို ကြည့်နေခဲ့သည်။ သူမ၏ နှလုံးသားသည် စုတ်ဖြဲခြင်းခံရကာ သွေးများသည် ရူးလောက်အောင် ထွက်နေသည်။ သို့သော် သူမသည် အသက်မသေပေ။

“ယူယူ ကြည့် ငါမသေဘူး ငါမသေနိုင်ဘူ အား…” အိမ်မက်လေးသည် သူမလက်မှ သွေးများကိုကြည့်ပြီး ဖိအားကိုမခံနိုင်တော့ကာ စတင် အော်ဟစ် လေသည်။

ရှီမာယူယူသည် အိမ်မက်လေးအပြုအမူကိုကြည့်ပြီး သူမ လဲကျစဉ်က လည်း တခြားသူများ မည်သို့ခံစားရကြောင်းကို နားလည်သွားသည်။ သူမ အိမ်မက်လေးကို တင်းကြပ်စွာဖက်ကာ နဖူးချင်းဖိကပ်ပြီး ပြောလိုက်သည် “အိမ်မက်လေး အဲဒါမင်းအမှားမဟုတ်ပါဘူး မင်းမျိုးနွယ်ဝင်တွေကလည်း မင်း ကို အပြစ်မတင်ဘူး အပြင်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းကိုအရမ်းချစ်လို့ ကာကွယ်ပေးချင်တာကို သူတို့က မင်းကိုမသိစေချင်ဘူး မင်းအမေ ထွက်မသွားခင်က ဘာပြောခဲ့လဲ မေ့လိုက်ပြီလား သူမက မင်းကို ကောင်း ကောင်းအသက်ရှင်ဖို့ ပြောခဲ့တယ်လေ”

အိမ်မက်လေးသည် သူမ မိခင်မှ နောက်ဆုံးပြောခဲ့သည့်စကားများကို ပြန်တွေးနေလိုက်သည်။ သူမကို ကောင်းစွာအသက်ရှင်ရန်နှင့် လွတ်မြောက် အောင်နေပြီး ကောင်းကောင်းနေထိုင်သွားရန် မှာကြားခဲ့သည်။

သို့သော် သူမ မလွတ်မြောက်ခဲ့ပေ။ သူမ အမိခံရကာ နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသည်။ နောက်ဆုံးတွင် ချိပ်ပိတ်ခံရကာ ဖိနှိပ်ခံခဲ့ရသည်။

သူမ မိခင်သာ ထိုအရာကိုသိပါက မည်မျှပင် ဝမ်းနည်းလိမ့်မည်နည်း။

သူမ မျက်လုံးများကိုပိတ်လိုက်သည်။ သို့သော် မျက်ရည်များသည် အကျမရပ်သွားပေ။

သူမ မျက်လုံးများပြန်ဖွင့်ချိန်တွင်တော့ အမြဲတမ်း ဖြူစင်ပြီး ရိုးစင်းသော မျက်လုံးများသည် ပြောင်းလဲသွားခဲ့လေပြီ။ အခုချိန်တွင် ခါးသီးမှုများနှင့် မုန်းတီးများပြည့်နှက်သွားချေပြီ။

“အိမ်မက်လေး မင်းဘာပဲလုပ်ချင် လုပ်ချင် ငါတို့က မင်းနဲ့အတူရှိပေး မယ်” ငှက်လေးသည် ဘေးမှ စိတ်ထိခိုက်စွာပြောလေသည်။

“ဟုတ်တယ် ဟုတ်တယ် မင်းဘာပဲလုပ်ချင်လုပ်ချင် ငါတို့က မင်းနဲ့အတူ ရှိနေပေးမှာ” ရာဟွောင်ပြောလေသည်။

ဖြူစင်ပြီး ရိုးစင်းသည် အိမ်မက်လေးပြောင်းသွားသည်ကို သူတို့ မြင် သောအခါ သူမ၏ အမုန်းတရားနှင့် နာကျင်မှုကိုမြင်သောအခါ သူတို့မျက်လုံး များသည် စိုစွတ်သွားာကသည်။

ဖြစ်နိုင်လျှင် သူမ ယခုကဲ့သို့မဟုတ်ဘဲ အရင်တက်ကြွသောပုံစံသို့ ပြန်သွားရန် သူတို့မျှော်လင့်ကြသည်။

အိမ်မက်လေးသည် သူမကျေးဇူးတင်သည်ကို ဖော်ပြသော်လည်း သူမ သည် မွန်းကြပ်နေသည့်ပုံပေါက်ခဲ့သည်။ သူမသည် စကားတစ်လုံးမှ ပြော မထွက်ပေ။

“ရွှေ..လေး.. အိမ်မက်…လေး” ရွှေလေးသည် လျှောဆင်းကာ အိမ်မက် လေး၏ လည်ပင်းကိုရစ်ပတ်လိုက်သည်။ သူသည် ခေါင်းလေးဖြင့် သူမကို ညင်သာစွာ ပွတ်သပ်လေသည်။

သူသည် သူမဘေးတွင်ရှိနေပေးမည်ဟု ပြောနေသည်။

အပြင်တွင် ပျော်ရွှင်စွာဆော့ကစားနေသော ဟိန်းသံလေးသည် ရုတ်တရက် မျက်ရည်များကျလာသည်။ ထိုအရာကြောင့် ရှောင်ချီနှင့် ကုန်ရှန်ယိတို့ အလန့်တကြားဖြစ်သွားသည်။

“ဟိန်းသံလေး ဘာဖြစ်တာလဲ ငါတို့က မင်းကိုစတာပါ” ကုန်ရှန်ယိသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

“အိမ်မက်လေး… ရွှတ် ရွှတ်.. အိမ်မက်လေး… ယူယူ ငါလည်းဝင်ချင် တယ်” ဟိန်းသံလေး ငိုလေသည်။

ရှီမာယူယူသည် ဟိန်းသံလေး၏ လျှောက်လဲချက်ကိုကြားသောအခါ သူ့ ကိုဝင်ခိုင်းလိုက်သည်။

ဟိန်းသံလေးသည် အိမ်မက်လေး၏ ပုံစံကိုမြင်သောအခါ ငိုကွဲကာ အိမ်မက်လေးဆီသို့ ခုန်တက်လိုက်သည်။ သူမ၏ သွေးများကြောင့် သူအကြိုက်ဆုံး သူ့အဖြူရောင်အမွေးများ အနီရင့်ရောင်ပြောင်းသွားသည်ကို ပင် သူဂရုမစိုက်တော့ပေ။

“ရွှတ် ရွှတ် အိမ်မက်လေး ငါတောင်းပန်ပါတယ် ငါ အပြင်မှာ ဆော့မနေ သင့်ဘူး ငါ မင်းနဲ့ရှိနေသင့်တာ ရွှတ် ရွှတ်…”

ဟိန်းသံလေးဝင်လာသည်နှင့် သူ့ကြောင့်ပင် အားလုံးငိုကြလေသည်။ သူ မျက်ရည်များပေါက်ကွဲပုံသည် အိမ်မက်လေးကိုယ်တိုင်ထက်ပင် ပြဇာတ် ဆန်နေသည်။

အိမ်မက်လေးသည် ရှီမာယူယူလက်ကို ကိုင်ထားသည့် လက်ကိုလွှတ် ကာ အိမ်မက်လေးကို ထိတွေ့လိုက်သည်။ သူမမျက်လုံးအောက်က အမွေး များသည် အနီရောင်ပြင်ဖြစ်နေပြီး သူ့မျက်လုံးများသည်နောင်တဖြင့်ပြည့်နေ သည်ကို မြင်သောအခါ သူမသည် မျက်ရည်များပိုကျလာသည်။

“အိမ်မက်လေး မငိုနဲ့ အဲလူဆိုေးတွကို ရိုက်ဖို့ ငါအဖော်လုပ်ပေးမယ်” ဟိန်းသံလေးသည် တွယ်တက်ကာ အိမ်မက်လေး၏ ပခုံးပေါ်တွင် နားကာ မထိန်းနိုင်မသိမ်းနိုင် ရှိုက်ငိုလေသည်။

ရှီမာယူယူသည် ဟိန်းသံလေး၏ တုန့်ပြန်မှုကြောင့် စိတ်ရှုပ်ထွေးသွား သည်။ သူမ မသိတာများတစ်ခုခုဖြစ်သွားသေးတာလား။

အတန်ကြာပြီးနောက် နောက်ဆုံးတွင် အိမ်မက်လေးသည် ပြောရင်းနှင့် တုန့်ပြန်လာသည်။ “အကုန်လုံးကို ကျေးဇူးတင်ပါတယ် ငါနဲ့အတူရှိပေးလို့ ကျေးဇူးတင်ပါတယ်”

“ဘာကျေးဇူးတင်စရာလိုလဲ ငါတို့အကုန်လုံးက မိသားစုတွေပဲ” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ ဒီမှာပဲ နေကောင်းအောင် နေသင့် တယ် မင်းဒဏ်ရာတွေသက်သာလာတာနဲ့ ငါတို့ အဲဒီနတ်ဆိုးမျိုးနွယ်ကလူ တွေကို အကြွေးတောင်းဖို့ သွားရှာကြမယ် လော့လီနဲ့ တခြားသူတွေဝင်လာ တော့ နတ်ဆိုးမျိုးနွယ်ကတခြားသူတွေလည်း ဝင်လာကြမှာပဲ အဲတုန်းက မင်း ကို ဖမ်းခဲ့တာ အင်အားစုအများကြီးပဲ ဒီတစ်ခေါက်ကို သူတို့တော်တော်များ များ ဝင်လာကြမှာပဲ”

“အင်း” အိမ်မက်လေး ခေါင်းညိတ်လေသည်။

ရှီမာယူယူသည် အိမ်မက်လေး၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ အပေါ်ပိုင်းသည် သူမ၏ အနက်ရောင်သွေးများဖြင့် စွန်းထင်းနေသည်။

“ဒီလိုမျိုးထပ်ပြီးမလုပ်တော့နဲ့ မင်းက ဒီကို ရန်သူတွေကိုသတ်ဖို့လာတာ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ဖို့မဟုတ်ဘူး နားလည်လား”

“သိပါပြီ” အိမ်မက်လေးသည် ရှီမာယူယူတွင် အနီ အနက်သွေးများ စွန်း ထင်းနေသည်ကို မြင်ပြီး တောင်းပန်စွာပြောလေသည် “တောင်းပန်ပါတယ် ယူယူ အစ်မကြီးကိုပါ ထိခိုက်အောင် လုပ်မိသွားပြီ”

“မင်းအဆင်ပြေရင် ငါကအဆင်ပြေပါတယ်” ရှီမာယူယူသည် ပြောရင်းနှင့် နောက်လက်တစ်ဖက်ဖြင့် အိမ်မက်လေး၏ ခေါင်းကိုပွတ်သတ် လေသည်။

“အိမ်မက်လေးလည်း အဆင်ပြေပါတယ် လက်စားချေရလောက် အောင်ကို အဆင်ပြေတယ်” အိမ်မက်လေး ပြောလိုက်သည်။

“အဲလိုစဉ်းစားတယ်ဆို ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်မှငါ့ကိုခေါ်လိုက်နော် ငါသွားတော့မယ် ကောင်းကောင်းလေးကုစား လိုက် မြန်မြန်ပြန်ကောင်းလာလိုက်နော်”

“ချိပ်ပွင့်သွားတော့ အိမ်မက်လေးရဲ့ အားလည်းနည်းနည်း ကြီးထွားလာ တယ် အိမ်မက်လေးကျင့်သားရတဲ့အထိ စောင့်ပေး အိမ်မက်လေးထွက်လာ မယ်” အိမ်မက်လေး ပြောလေသည်။

“ကောင်းပြီ ငါတို့်မင်းကိုစောင့်နေမယ်” ရှီမာယူယူသည် သူမ နဖူးလေး ကို ဖွဖွလေး မွှေးမွှေးပေးပြီးနောက် အဝတ်လဲကာ ထွက်သွားလေသည်။

သူမ ထွက်သွားသည်နှင့် ရှောင်ချီနှင့် ကုန်ရှန်ယိတို့သည် သူမဆီမှ သွေးနံ့ကို ရလေသည်။

***

All Chapters