← Chapters

ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်း

Vol. 11 Ch. 202

ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်း

Vol. 11 Ch. 202

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တောင်ထွတ်ကို ရောက်လျှင် ဟွမ်းဝမ်ယုကို အဆင်သင့်တွေ့လိုက်ရပြီး သူ့ရှေ့မှောက်တွင် ဝိညာဉ်လက်ဖက်ရည်ခွက်များ တည်ခင်းထားသည်ကိုလည်း မြင်လိုက်ရ သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း ဦးညွတ်ဂါရဝပြုလိုက်သည်။

“နှုတ်ဆက်ပါတယ် ဂိုဏ်းသခင်ကြီးဟွမ်း”

ဟွမ်းဝမ်ယုက အသာလက်ကာပြရင်း

“ငါတို့က မိတ်ဆွေရင်းတွေပဲ။ ဒါတွေမလိုပါဘူး”

ထို့နောက် သူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ထိုင်ရန် ညွန်ပြလိုက်ရင်း

“ငါလည်းအလုပ်များနေတော့ မင်းတို့နှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ မနှုတ်ဆက်လိုက်ရဘူး။ ဒါကြောင့် လင်းအယ်ကိုခိုင်းပြီး မင်းတို့ကို အခေါ်လွှတ်လိုက်ရတာ။ ဒါနဲ့စကားမစပ်…”

ဟွမ်းဝမ်ယုက လက်ဖက်ရည်ခွက်များကို ညွှန်ပြလိုက်ပြီး

“ခေါ်ခိုင်းရတဲ့ အကြောင်းရင်းကို မပြောခင် ပိုင်ယွင်ဂိုဏ်းက တာအိုမိတ်ဆွေမန် ပို့လိုက်တဲ့ ဓမ္မတိမ်လွှာလက်ဖက်ရည်ကို မြည်းစမ်းလိုက်ပါဦး။ ကြိုက်ရင် အပြန်မှာ ယူသွားပေါ့”

ထိုလက်ဖက်ရည်ကိုမြင်လျှင် ကျန်းချန်ရွှမ်တို့ စိတ်လှုပ်ရှားသွားသည်။ ပိုင်ယွင်ဂိုဏ်းတွင် အဆင့် ၄ ဝိညာဉ်အမြစ်ဖြစ်သည့် ဓမ္မဝိညာဉ်လက်ဖက်ပင် ဆိုသည့် ရတနာသစ်ပင်တစ်ပင်ရှိပြီး ထိုအပင် မှ ရရှိသည့်အရွက်များကို လက်ဖက်ရည်ဖျော်စပ်ရာတွင် အသုံးပြုပြီး အကိုင်းအခက်များကိုတော့ အဆင့် ၄ ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးချသည်ဟု သူတို့ကြားဖူးသည်။ ဟွမ်းဝမ်ယုတည်ခင်းနေ သည့် လက်ဖက်ရည်သည် အဆိုပါလက်ဖက်ရည်ကို ရည်ညွှန်းခြင်းဖြစ်မည်ဟု တွေးမိကြသည်။ ထိုအပင်မှရသည့် အသီးများသည်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်ကို မြှင့်တင်အားဖြည့်ပေးနိုင်ပါသည်။

ထို့ကြောင့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွမ်းလင်းအယ်တို့သည် လက်ဖက်ရည်ကို တစ်ငုံစာမျှ သောက်ကြည့်လိုက်ရာ ကိုယ်တွင်းသို့ စင်ကြယ်သော စွမ်းအင်တစ်ရပ် စီးဝင်လာသည်ကို ခံစား လိုက်မိပြီး ဓမ္မစွမ်းအင်များသည်လည်း ရှေးကထက် ပိုမိုသိပ်သည်းလာသည်ကို သတိပြုမိလိုက် သည်။ ထိုအချိန်တွင် ဟွမ်းလင်းအယ်မှာ မြေပေါ်သို့ ကမန်းကတန်း ထိုင်ချလိုက်ရပြီး ဆေးအာနိသင်ကို သူမ၏ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီအောင် ပြုပြင်သန့်စင်လိုက်ရသည်။ သို့သော် လက်ဖက်ရည်၏ အာနိသင်မှာ သိမ့်မွေ့လှ၍ ဟွမ်းလင်းအယ်လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင် သောက်သုံးရန် အခက်အခဲမရှိပါ။ လက်ဖက်ရည်၏ ဆေးအာနိသင်ကြောင့် ဟွမ်းလင်းအယ်၏ ကျင့်ကြံမှုအမြန်နှုန်းမှာ ယခင်ကထက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

“ဘယ်လိုလဲ မဆိုးဘူးမလား”

ဟွမ်းဝမ်ယုက ပြုံးလျက်ပြောသည်။

“ပြန်ရင် တစ်အိတ်ယူသွားလိုက်ပါ။ မင်းတို့ရဲ့ ဓမ္မစွမ်းအင်ကို သိပ်သည်းရာမှာ အကူအညီဖြစ်လိမ့်မယ်”

ပြောပြောဆိုဆိုနှင့် လက်ဖက်ခြောက်တစ်အိတ်ကို ကျန်းချန်ရွှမ်တို့၏အရှေ့သို့ ချပေးလိုက်သဖြင့် ကျန်းချန်ရွှမ်တို့လည်း ကျေးဇူးတင်စကားဆိုလိုက်ရသည်။ ဟွမ်းဝမ်ယုက ခေါင်းညိတ်လိုက်ရင်း

“မန်လန်ကျူက ငါ့ကို ဘာကိစ္စနဲ့လာတွေ့လဲဆိုတာ မင်းတို့သိလား”

ကျန်းချန်ရွှမ်တို့ တစ်စုံတစ်ရာမဖြေနိုင်မီ ဟွမ်းဝမ်ယုကပင် စကားဆက်လိုက်သည်။

“ယွင်နိုင်ငံနယ်နိမိတ်ထဲမှာ ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်းရဲ့ လှုပ်ရှားမှုအရိပ်အယောင်ကို တွေ့လိုက်ရတယ်လို့ လန်မန်ကျု ငါ့ကို သတင်းပေးလာတယ်”

“ကြာခုနစ်ပွင့်ဂိုဏ်း ဟုတ်လား”

ထိုနာမည်ကိုကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပထမတွင် ကြက်သေသေငိုင်သွားသော်လည်း တစ်စုံတစ်ရာကို တွေးမိလိုက်ပြီးနောက် မျက်နှာပျက်သွားကုန်ကြသည်။

“ဂိုဏ်းသခင်ကြီးဟွမ်းပြောတဲ့ ခုနစ်စင်ကြယ်ဆိုတာက…”

ဟွမ်းဝမ်ယုက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ တစ်ချိန်က အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကကို ကပ်ဆိုးဆိုက်သလို သောင်း ကျန်းမင်းမူခဲ့တဲ့ ကြာခုနစ်ပွင့်ဂိုဏ်းပဲ”

ထိုအခါ ကျန်းချန်ရွှမ်တို့နှစ်ဦးမှာ အကြီးအကျယ်တုန်လှုပ်သွားမိကြသည်။ ဟွမ်းဝမ်ယု သူတို့ကို အခေါ်လွှတ်ရသည့် အကြောင်းရင်းမှာ အဆိုပါသတင်းဆိုးကို ပြောပြရန်အတွက်ဟု သူတို့မထင် ထားခဲ့ကြ။ အဆိုပါမိစ္ဆာဂိုဏ်း မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့အားလုံး သိရှိ ပြီးဖြစ်သည်။ ရှေးမှတ်တမ်းများအရ ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်းတွင် အဓိကထောက်တိုင်များအဖြစ် ဂိုဏ်းအုပ်ဘုန်းကြီးခုနစ်ဦးရှိပြီး အနီ၊ အပြာ၊ အစိမ်း၊ ခရမ်း၊ စိမ်းပြာ၊ လိမ္မော်နှင့် အဝါရောင်များ ကို ကိုယ်စားပြုသည်။ သူတို့အားလုံးမှာ အခြေတည်ဝိညာဉ်အဆင့်များဖြစ်ပြီး သူတို့အထက်ရှိ ဂိုဏ်းသခင်မှာ အခြေတည်ဝိညာဉ်အဆင့်၏ အထက်ရှိ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရှိပြီးသည့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုဂိုဏ်း၏ တုန်လှုပ်ဖွယ် နတ်ဆိုးအော်ရာများအောက်တွင် ကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းများမှာ သွေးချောင်းစီးသည်အထိ ဝါးမြိုဖျက်ဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် အနှစ်သာရကိုးပါး ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အလင်းကျောင်းတော်များ လက်တွဲ၍ အဆို ပါမိစ္ဆာဂိုဏ်းကြီးကို ပူးပေါင်းနှိမ်နင်းခဲ့ရသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်သခင်နှစ်ဦးနှင့် အခြေတည်ဝိညာဉ် ပြီးပြည့်စုံသည့်အဆင့်ရှိ သခင်ဆယ်ဦးထက်မနည်း ကျဆုံးပြီးနောက် တွင် ထိုဂိုဏ်းကြီးကို အပြီးတိုင်ချေမှုန်းနိုင်ခဲ့ပြီး ဂိုဏ်းသခင်ဖြစ်သူကို မြောက်စွန်းအရပ်ရှိ ရေခဲ တောင်များထက်တွင် သုတ်သင်နိုင်ခဲ့သည်။ အဆင့် ၆ ဝိညာဉ်သွေးကြောတစ်ခုနှင့် အဆင့် ၅ ဝိ ညာဉ်သွေးကြော ငါးခုအပြင် အဆင့် ၄ သွေးကြောအများအပြားလည်း ထိုစစ်ပွဲတွင် ပျက်စီးသွား ခဲ့သည်ဟု ဆိုသည်။ ထိုအကျိုးဆက်ကြောင့် ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ချီသိပ်သည်းဆမှာ တစ်ဟုန်ထိုးနိမ့်ပါးကျဆင်းသွားခဲ့ရပြီး နှစ်ထောင်ချီအချိန်ယူပြီးနောက်တွင်မှ ယခုလက်ရှိအနေ အထားကို ပြန်လည်ရောက်ရှိလာရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဟွမ်းဝမ်ယုသည် အလွန်လေးနက်သည့် အသွင်ကိုဆောင်နေပြီး ကျန်းချန်ရွှမ် တို့အား စိုက်ကြည့်ရင်း

“ဒီအကြောင်းတွေကို မင်းတို့ကိုပြောပြတယ်ဆိုတာ ဂရုစိုက်စေချင်လို့ပဲ။ လတ်တလောမှာ မင်းတို့နှစ်ယောက်က ယွင်နိုင်ငံမှာ မနေကြတော့ဘူးဆိုပေမဲ့ လျန်နိုင်ငံနဲ့ ယန်နိုင်ငံတို့မှာလည်း ဒီကောင်တွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်။ သူတို့ရဲ့လက်ရှိအင်အားက ရှေးအတိတ်က အဆင့် အတန်းကို မယှဉ်နိုင်လောက်တော့ဘူးလို့ ယူဆရပေမဲ့ ငါတို့အနေနဲ့ သတိထားတာမမှားဘူး။ နောက်ပြီး အတိတ်က မူလဂိုဏ်းကလည်း သူတို့မပျက်စီးခင်မှာ နောင်တစ်ချိန်ပြန်လာနိုင်ဖို့ အစီအစဉ်တွေ၊ အမွေအနှစ်တွေ မထားခဲ့ဘူးလို့ အတပ်မပြောနိုင်ဘူး။ ဒီရင်းမြစ်တွေကို အသုံးချပြီး ဒီကောင်တွေ အရင်လိုအင်အားမျိုး ပြန်တည်ဆောက်ပြီး ကျင့်ကြံရေးလောကတစ်ခုလုံးကို လက်စားချေလာနိုင်တယ်။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက သူတို့အင်အားကြီးမလာခင် ကြိုပြီး ရှင်းပစ်ဖို့ပဲ၊ ဒါပေမဲ့ ဒီအစီအစဉ်ကလည်း ထင်သလောက်မလွယ်ဘူး”

ထိုနေရာရောက်လျှင် စိတ်ဝင်စားစွာ နားထောင်နေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ နှလုံးခုန်နှုန်းမြန်သွားမိသည်။ ဟွမ်းဝမ်ယုက စကားဆက်သည်။

“ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဌာနချုပ်ကို ရှာဖို့မလွယ်လို့ပဲ။ ပိုင်ယွင်ဂိုဏ်းတင်မကဘူး၊ ကျင့်ကြံခြင်းတစ်လောကလုံး ပူးပေါင်းရှာဖွေရင်တောင် တွေ့ဖို့မလွယ်ဘူး။ ဒီကောင်တွေက လှုပ်ရှားတဲ့ နေရာမှာ လျှို့ဝှက်ပြီး ပုန်းလျှိုးကွယ်လျှိုးဆောင်ရွက်တတ်တဲ့ အကျင့်မျိုးရှိတယ်။ သူတို့ကိုယ် တိုင် လူလုံးထွက်မပြမချင်း ငါတို့အနေနဲ့ ခြေရာခံဖို့မလွယ်ဘူး၊ နောက်ပြီး သူတို့ရဲ့ဌာနချုပ်ကို တွက်ချက်ခြင်းနည်းစနစ်တွေ သုံးပြီး ရှာလို့မရအောင် နည်းလမ်းတစ်ခုနဲ့ စီမံထားတဲ့အပြင် ဌာနချုပ်ကိုလည်း အမြဲတမ်းရွှေ့ပြောင်းနေတယ်လို့လည်း ပြောကြတယ်”

ကျန်းချန်ရွှမ်တို့သည် ထိုကိစ္စမှာ အလွန်ပင် အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း နားလည်စပြုလာသည်။ ဟွမ်းဝမ်ယုအပြောအရ ထိုမိစ္ဆာဂိုဏ်းက စတင်လှုပ်ရှားပြီးမှ သူတို့အနေနှင့် တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်နိုင်မည်ဖြစ်ရာ သူတို့ပြုသမျှနုရမည့် ခံစစ်အနေအထားမျိုးဖြစ်နေသည်။ ထို့ပြင် လတ်တလောတွင် လူသားမျိုးနွယ်အနေနှင့် နတ်ဆိုးသားရဲကပ်ဘေးကိုလည်း ရင် ဆိုင်ရဦးမည်ဖြစ်ရာ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ထိုဂိုဏ်းက အလစ်ထိုးနှက်လာလျှင် ကျင့်ကြံသူအားလုံးအတွက် အလွန်အန္တရာယ်များသည့် အခြေအနေတစ်ရပ်ကို ဆိုက်ရောက်သွားနိုင်ချေရှိသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထိုမိစ္ဆာဂိုဏ်းပြဿနာကို ရှေ့တန်းတင်ကိုင်တွယ်ရန် အထူးလိုအပ်ကြောင်း သူတို့နားလည်လိုက်သည်။

***

All Chapters