အဆင့် ၃ ဝိညာဉ်သွေးကြော
Vol. 11 Ch. 203
ဟွမ်းဝမ်ယုထံမှ ထွက်ခွာလာသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နှလုံးသားမှာ လေးလံ လျက်ရှိသည်။ ဟွမ်းဝမ်ယု၏ သတိပေးစကားသည် သူတို့အားလုံးကို တပ်လှန့်လိုက်သည့်ပမာ ရှိပြီး အင်အားကိုတတ်နိုင်သမျှ မြှင့်တင်ထားမှ တော်ကာကျမည်ဟူသော အတွေးကိုဖြစ်ပေါ်စေ သည်။ ထိုမှသာ အနာဂတ်တွင် ရင်ဆိုင်ရမည့် အပြောင်းအလဲများကို ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိမည်ဖြစ် သည်။ ထိုအတွေးနှင့်အတူ ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့ကို ဟွမ်းဝမ်ယုပေးလိုက်သည့် သတင်းစကားကို ဖောက်သည်ချလိုက်သည်။ ထိုနှစ်ဦး၏ တုံ့ပြန်မှုမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
“ငါတို့အားလုံး ခေတ်ဆိုးကြီးတစ်ခုကို ဖြတ်သန်းရဖို့ အချိန်နီးလာပုံပဲ”
ရှန်းယွမ်လုံက သက်ပြင်းချ၍ ညည်းညူလိုက်မိသည်။ သူတို့လေးဦးသား ရှန်းမိသားစုထံသို့ ပြန်လည်ရောက်ရှိပြီးနောက် ကျန်းချန်ရွှမ်က ဟွားဝူတောင်တွင် ကြာကြာဆက်မနေတော့ဘဲ ကျန်းမိသားစုရှိရာ လျန်နိုင်ငံသို့ ပြန်ရန်ဆုံးဖြတ်လိုက်သည်။ တစ်ပတ်အကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံတို့အား နှုတ်ဆက်ပြီးနောက် လျန်နိုင်ငံသို့ ခရီးဆက်လိုက်ကြတော့သည်။ လအနည်းငယ်ကြာပြီးနောက် လျန်နိုင်ငံရှိ ကောင်းကင်မူလရေကန်ဟု အမည်ရသော ရေကန်ကြီး၏ အထက်ကောင်းကင်တစ်နေရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပုံရိပ်နှစ်ခု ရုတ်တရက်ပေါ်လာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းမိသားစုထံမှ ထွက်ခွာလာပြီးနောက် ကျန်းမိသားစုရှိရာသို့ တိုက်ရိုက်မပြန်သေးဘဲ ကျန်းရန်ချွမ် သူတို့အား ပြောပြခဲ့ဖူးသည့် အဆင့် ၃ ဝိညာဉ်သွေးကြောတည်နေရာကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။ ထိုဝိညာဉ်သွေးကြောမှ သူတို့ကျန်းမိသားစုအတွက် အထောက်အကူဖြစ်မည့် ရင်းမြစ်များ ရရှိနိုင်မလားဟူသော မျှော်လင့်ချက်နှင့်အတူ အကယ်၍ တန်ဖိုးကြီးရင်းမြစ်များ မရှိခဲ့လျှင်လည်း ကျန်းမိသားစု၏ ဒုတိယဌာနချုပ်အဖြစ် သိမ်းပိုက်မည်ဟူသော ရည်ရွယ်ရင်းနှင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆင့် ၃ ဝိညာဉ်သွေးကြောဟူ သည့် ရတနာမှာ ကျင့်ကြံသူများအတွက် အဖိုးတန်လှသည်ဖြစ်၍ ထိုရတနာကို လက်လွှတ်ခံခြင်းသည် နှမြောစရာကောင်းလှသည်ဟု ကျန်းချန်ရွှမ် ရှုမြင်မိသည်။
တစ်ချိန်တည်းတွင် သူတို့ကျန်းမိသားစု သိမ်းပိုက်ရန် နှောင့်နှေးနေသော ထိုဝိညာဉ်သွေးကြောကို ပြိုင်ဘက်မိသားစုများ၊ ဂိုဏ်းများက လက်ဦးမှုရယူသိမ်းပိုက်လိုက်လျှင် နောင်တစ်ချိန်တွင် ထိုဝိညာဉ်သွေးကြောကို ပြန်လည်ရယူရန် ကြိုးပမ်းရာတွင် ပဋိပက္ခများနှင့် ပွတ်တိုက်မှုများ ကျိန်းသေရှိလာဦးမည်ဖြစ်သည်။
“ယောက်ျား ကျွန်မအထင်မမှားရင် ဝိညာဉ်သွေးကြောက ဒီနေရာမှာပဲ”
ရှန်းရူယန်က ဘေးဘီဝဲယာကို အကဲခတ်ပြီးနောက် ကျန်းချန်ရွှမ်ကို တီးတိုးပြောဆိုလိုက်သည်။
“ကိုယ် အနီးကပ် ကြည့်လိုက်ပါဦးမယ်”
ထိုခဏတွင် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှ ဝိညာဉ်အလင်းတန်းများ ထွက်လာသည်။ ထိုစဉ် မူလကငြိမ်သက်လျက်ရှိသော ရေကန်အတွင်းတစ်နေရာတွင် ရေဓာတ်အော်ရာများ သိပ်သည်းနေသည့် တံတိုင်းတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ ထိုတံတိုင်းမှာ လူတစ်ဦးမှ ပြုပြင်စီရင် ထားခြင်းမဟုတ်ဘဲ သဘာဝအလျောက် ဖြစ်တည်နေသည့် အကာအကွယ်တစ်ခုဖြစ်သည်။
ကျန်းချန်ရွှမ်တွင် ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံး မပိုင်ဆိုင်ထားပါက ထိုတံတိုင်းကို မည် သည့်နှင့်မှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ဘဲ နှစ်ဦးသား လက်ဗလာဖြင့် အိမ်ပြန်ရကိန်းဆိုက်မှာ သေချာသလောက်ရှိသည်။ ကျန်းချန်ရွှမ်က ရေကန်အတွင်းတစ်နေရာကို ညွှန်ပြလိုက်ပြီး
“ရူယန် ကိုယ်တို့ရှာနေတဲ့ ဝိညာဉ်သွေးကြောက အဆင့် ၃ ရေဓာတ်သွေးကြောပဲ”
ထိုအခါ ရှန်းရူယန်၏မျက်လုံးများ အရောင်လက်သွားပြီး
“ရေဓာတ်ဟုတ်လား။ သေချာရဲ့လား”
ကျန်းချန်ရွှမ်က ယုံကြည်မှုအပြည့်နှင့် အတည်ပြုလိုက်သည်။
“သေချာတာပေါ့”
ထို့နောက် ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး
“ကိုယ်တို့စစ်ဆေးကြည့်လိုက်ရအောင်”
ရှန်းရူယန်က ခေါင်းညိတ်လိုက်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးသည် ရေကန်ထဲသို့ ပြိုင်တူဆင်း သက်လိုက်ကြသည်။ ဝိညာဉ်သွေးကြောသည် ရေကန်မျက်နှာပြင်၏အောက် မီတာတစ်ရာတွင် ဖြစ်တည်လျက်ရှိသည်။ ရှန်းရူယန်သည် နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေး လိုက်သော်လည်း တစ်စုံတစ်ရာ မတွေ့၍ ကျန်းချန်ရွှမ်ကို မေးငေါ့ကြည့်လိုက်သည်။ ကျန်းချန် ရွှမ်က အသာပြုံးရင်း သူတို့ရှေ့မှောက်တစ်နေရာကို လက်ညိုးညွှန်လိုက်သည်။ သူ့လက်ချောင်း ထိပ်ဖျားတွင် ဓမ္မစွမ်းအင်များ ကွန့်မြူးလာသည်။
ကျွီ…
ထိုခဏတွင် ကျန်းချန်ရွှမ် ညွှန်ပြလိုက်သောနေရာ၌ အပြာရောင် လှိုင်းကြက်ခွပ်ပုံစံ ဂယက်များ ဖြစ်တည်လာသည်ကို တွေ့လိုက်ရပြီး တစ်ချိန်တည်းတွင် အလွန်အားကောင်းသိပ်သည်းသည့် ရေဓာတ်အော်ရာများက သူတို့နှစ်ဦးကို လွှမ်းခြုံသွားတော့သည်။
“တကယ်ရှိနေတာပဲ”
ရှန်းရူယန်က ဝမ်းသာအားရ ရေရွတ်လိုက်တော့သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်သည် အစီအရင်အလံများကို ပစ်လွှတ်လိုက်ပြီး ဝန်းကျင်တစ်ခုလုံးကို ကာကွယ်လိုက်သည်။ ထို့နောက်တွင် တော့ ကျန်းချန်ရွှမ်နှင့် ပူးပေါင်းပြီး အကာအကွယ်တံတိုင်းကို ဖောက်ထွင်းရန် ကြိုးစားသည်။ တစ်ရက်ကြာပြီးနောက်တွင် အပြာရောင်တံတိုင်းကြီးမှာ တစ်စစီပြိုကွဲသွားပြီး လူသွားလမ်း ကြောင်းတစ်ခု ပေါ်လာတော့သည်။ ရှန်းရူယန်က နောက်ထပ် အစီအရင်အလံအချို့ကို ထပ်မံပစ်သွင်းလိုက်ပြီးနောက် ကျန်းချန်ရွှမ်နှင့်အတူ လူသွားလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လိုက် သည်။ အနည်းငယ်ဝင်မိပြီးနောက် လှိုင်းကြက်ခွပ်များသည် သူတို့နှစ်ဦး၏ ကိုယ်ကို ဖြတ်သန်း တိုက်ခတ်သွားပြီး မကြာခင်တွင် လျှို့ဝှက်နေရာတစ်ခုကို ရောက်ရှိလာကြတော့သည်။
ထိုနေရာတွင် ရေဓာတ် ဝိညာဉ်ချီများ အလျှံပယ်ပေါများနေပြီး အဆင့် ၃ ဝိညာဉ်သွေးကြောတစ်ခုဖြစ်သည်ကို အတည်ပြုလိုက်နိုင်သည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများ ဝင်းထိန်တောက်ပသွားကြတော့သည်။ သို့သော် ထိုအချိန်တွင် စပါးအုံးမြွေနှင်တူသည့် ရေနေသတ္တဝါများသည် သူတို့အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုသတ္တဝါများသည် ရေမိစ္ဆာဝိညာဉ်များဖြစ် ဟန်တူပြီး ဝိညာဉ်သွေးကြောကို စောင့်ရှောက်နေကြပုံပေါ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆောင်လက်နက်အချို့ကို ထုတ်ယူပစ်ခတ်လိုက်ရာ ထိုမြွေများကို ထိမှန်ပြီးနောက် ရေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် နှစ်ဦးသားလည်း ရှေ့သို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
လမ်းတွင် နောက်ထပ်မြွေများကို တွေ့ရသော်လည်း ချီသန့်စင်ခြင်းနှင့် အခြေခံတည်ဆောက် ခြင်းအဆင့်များသာ ဖြစ်သောကြောင့် ကျန်းချန်ရွှမ်တို့အတွက် အခက်အခဲမရှိလှပါ။ ဗဟိုချက်မ အနီးသို့ ချဉ်းနင်းဝင်ရောက်လာမိချိန်တွင်တော့ ကျန်းချန်ရွှမ်တို့ အခက်တွေ့စပြုလာသည်။ သူ တို့ရှေ့မှောက်တွင် အဆင့် ၃ ရေနတ်ဆိုးဝိညာဉ် ခြောက်ကောင်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါ များအနက် အဆင့် ၃ အမြင့်ဆုံးအဆင့် တစ်ကောင်၊ အလယ်အဆင့် နှစ်ကောင်နှင့် ကျန်သုံးကောင်မှာ အနိမ့်ဆုံးအဆင့်များဖြစ်သည်။ ကျန်းချန်ရွှမ်တို့အတွက် အခက်တွေ့သည်ဆိုသည်မှာ ထိုအကောင်များသည် သူတို့ကို ရန်မူနိုင်စွမ်းရှိခြင်းကြောင့် မဟုတ်ဘဲ ထိုခြောက်ကောင်လုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းရန် မလွယ်လှခြင်းကြောင့်သာဖြစ်သည်။ ထိုအကောင်များအနက် အနည်းဆုံးတစ်ကောင်သာ ပြင်ပလောကသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ဤရေဓာတ်သွေးကြော၏ တည်နေရာကို ပြိုင်ဘက်မိသားစုများ ရိပ်မိသွားနိုင်ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အနည်းငယ်တိုင်ပင်ပြီးနောက် ထိုသတ္တဝါများကို မရင်ဆိုင်တော့ဘဲ ကျန်းမိသားစုထံ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်တို့နှစ်ဦး ကျန်းမိသားစုဌာနချုပ်ကို ပြန်လည်ရောက်ရှိပြီး ကျန်းရန်ယီတို့လူစုကို ဖြစ် သမျှအကြောင်းစုံကို ရှင်းပြလိုက်သည်။ ကျန်းရန်ချွမ်းနှင့်တကွ ကျန်းမိသားစုအကြီးအကဲများသည်လည်း ပိုင်ရှင်မဲ့ အဆင့် ၃ ရေဓာတ်သွေးကြောတစ်ခုကို တွေ့ရှိကြောင်းသိရလျှင် စိတ်လှုပ် ရှားသွားကြသည်။ ထို့နောက် ကျန်းရန်ယီက
“စီနီယာဦးလေး ဒီသွေးကြောကို သိမ်းပိုက်ဖို့ ကျွန်တော်တို့ကို လိုလို့လား”
ထိုအခါ ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး
“ရေဓာတ်နတ်ဆိုးဝိညာဉ်ခြောက်ကောင်ကို လွတ်မထွက်သွားစေဖို့ တို့အားလုံး ပူးပေါင်းပြီး ထောင်ချောက်တစ်ခုဆင်ရမယ်။ အဲဒီထောင်ချောက်အစီအရင်ကို ထိန်းချုပ်မဲ့သူက အနည်းဆုံး ကျီဖုအဆင့်ရှိဖို့လိုမယ်”
ထို့နောက် ကျန်းချန်ရွှမ်က ကျန်းရန်တောင်ဖက်သို့ လှည့်လိုက်ပြီး
“အားတော့နာပေမဲ့ အဲဒီထောင်ချောက်အစီအရင်ကို ခင်ဗျားကြီးကြပ်ပေးမှဖြစ်မယ်”
ကျန်းရန်တောက်က ခေါင်းညိတ်လိုက်ပြီး
“စိတ်မပူပါနဲ့ စီနီယာဦးလေး၊ ဒီကောင်တွေ မလွတ်စေရပါဘူး”
ကျန်းချန်ရွှမ်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီ။ ကျန်တဲ့လူတွေက ရန်တောက်ကို ကူညီပြီး နတ်ဆိုးဝိညာဉ်တွေ လွတ်မသွားအောင် ဖမ်းထားပေးကြပါ။ မစိုးရိမ်ပါနဲ့၊ အချိန်သိပ်မကြာပါဘူး။ ကျုပ်နဲ့ ရူယန်က အရင်ဆုံး အဆင့် ၃ အမြင့်ဆုံး တစ်ကောင်ကို အလစ်တိုက်ခိုက်မယ်၊ ပြီးရင် အလယ်အလတ် နှစ်ကောင်ကို ဆက်ပြီး ရှင်းမယ်။ အရေးကြီးဆုံးအချိန်က ဒီကစမှာ၊ ခုနက နှစ်ကောင်ကိုသတ်နေတုန်း ခင်ဗျားတို့က ကျန်သုံးကောင်ကို မျက်ခြေမပြတ်ကြည့်နေပြီး ထွက်ပြေးမဲ့ အရိပ်အယောင်မြင်တာနဲ့ ချက်ချင်း တုံ့ပြန်ဖို့ပဲ”
ထို့နောက် ကျန်းချန်ရွှမ်က အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ ရွှေရောင်သံချပ်ကာ ရုပ်သေးအဆောင် များကို ကျန်းရန်ယီ၊ ကျန်းရန်ချွမ်းနှင့် လျူလင်းလုံတို့ကို ပေးဝေလိုက်သည်။
“ဒီရွှေရောင်သံချပ်ကာ ရုပ်သေးအဆောင်တွေကို ဖောက်ခွဲလိုက်ရင် အဲဒီနတ်ဆိုးဝိညာဉ်တွေကို အကြီးအကျယ် အထိနာစေလိမ့်မယ်၊ ကျုပ်မှာချင်တာတစ်ခုက ဒီရေဓာတ်သွေးကြောက် အရေးပါသည်မှန်သော်လည်း ခင်ဗျားတို့ရဲ့ ဘေးကင်းမှုက ပိုပြီးအရေးကြီးတဲ့အတွက် အရဲမကိုးကြဖို့ပဲ”
ကျန်းရန်ယီတို့အားလုံးလည်း ခေါင်းညိတ်လိုက်ကြသည်။ စီစဉ်စရာရှိသည်များကို အကုန်အစင် စီစဉ်ပြီးနောက် ရှန်းရူယန်က အဆင့် ၃ ထောက်ချောက် အစီအရင်တစ်ခုကို စတင်ဖန်တီးတော့ သည်။ ရေဓာတ်သွေးကြော၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားပြီးနောက် ရှန်းရူယန်သည် မြေဓာတ်လှောင်ပိတ် ဝိညာဉ်ထောင်ချောက်ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။ အခြေခံဓာတ်ငါး ပါးတွင် ရေဓာတ်ကို မြေဓာတ်က အသာစီးအနိုင်ယူနိုင်စွမ်းရှိသည်။ မြေဓာတ်အခြေခံထားသည့် ထောင်ချောက်ကို အသုံးချခြင်းဖြင့် လုပ်အားထက်ဝက် စိုက်ထုတ်ရုံဖြင့် ထိရောက်မှုနှစ်ဆကို ရရှိ နိုင်ပါလိမ့်မည်။
နောက်ထပ် ၁၅ ရက်ခန့်ကြာပြီးနောက် ရှန်းရူယန်၏ ထောင်ချောက်အစီအရင်မှာ ပြီးစီးသွားပါ တော့သည်။ ကျန်းယွင်ရုံနှင့် အခြားသော ကနဦးအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့် ကြံသူများကို ဌာနချုပ်တွင် ချန်ရစ်ထားခဲ့ပြီးနောက် ကျန်လူများအားလုံး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နောက်ကို တသီတသန်းကြီး လိုက်ပါလာကြတော့သည်။
***