← Chapters

သတ်ဖြတ်ခြင်း

Vol. 11 Ch. 204

သတ်ဖြတ်ခြင်း

Vol. 11 Ch. 204

ကောင်းကင်မူလရေကန်တစ်နေရာရှိ အဆင့် ၃ ဝိညာဉ်သွေးကြော၏ ဗဟိုချက်မနေရာတွင်ဖြစ် သည်။ အဆင့် ၃ နတ်ဆိုးဝိညာဉ်ခြောက်ကောင်သည် ပတ်ဝန်းကျင်ရှိ ရေဓာတ်ချီစွမ်းအင်များကို စုပ်ယူလျက် သာယာပျော်မွေ့လျက်ရှိပြီး ဝိညာဉ်သွေးကြောတဝိုက်တွင် ဖြစ်ပေါ်နေသည့် လှုပ် ရှားမှုများကို သတိထားမိပုံမပေါ်ချေ။ သတိထားမိလျှင်တောင် ထိုသတ္တဝါများ၏ ဉာဏ်ရည်မှာ နိမ့်ပါးလှ၍ အသက်အန္တရာယ်တစ်ခုခု မကြုံမတွေ့မချင်း ဂရုစိုက်လိမ့်မည်မဟုတ်ပါ။ အချိန်မှာ ဖြည်းညင်းစွာ ကုန်လွန်လျက်ရှိသည်။ ထိုအချိန်တွင် ရေဓာတ်အဆီအနှစ်များကို စုပ်ယူနေသော နတ်ဆိုးဝိညာဉ်တစ်ကောင်သည် တစ်စုံတစ်ခုကို အနံ့ရမိဟန်နှင့် ခေါင်းထောင်လာသည်။

ထိုအချိန်တွင် အားကောင်းပြင်းထန်လှသော လျှပ်စီးကြောင်းကြီးတစ်ခုသည် ဝိညာဉ်သွေးကြော ၏ ဗဟိုချက်မနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို သူတို့ခြောက်ကောင်လုံး မြင်လိုက် ကြရသည်။ တစ်စုံတစ်ရာမတုံ့ပြန်နိုင်မှာမီ ထိုလျှပ်စီးကြောင်းသည် ရေလွှာထုကို ဖြိုခွဲဝင်ရောက်လာပြီး လှံတစ်စင်းအသွင်ပြောင်းကာ နတ်ဆိုးဝိညာဉ်တစ်ကောင်ကို ထိမှန်သွားတော့သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ထိုနတ်ဆိုးဝိညာဉ်၏ ပါးစပ်၊ နှာခေါင်းစသည့် အပေါက်များမှ သွေး များယိုစီးကျလာပြီး ရေအောက်ကြမ်းပြင်ထက်သို့ ကျဆင်းကာ တောင့်ခဲသွားတော့သည်။ တစ်ချိန်တည်းတွင် ထိုနတ်ဆိုးဝိညာဉ်၏ မျက်ခုံးနှစ်ခုကြား အလယ်တည့်တည်သို့ ဓားအလင်းတန်း တစ်ခုထိမှန်သွားပြန်သည်။

အဆိုပါဓားအလင်းတန်းသည် နတ်ဆိုးဝိညာဉ်၏ နဖူးမှသည် ခေါင်းအနောက်ဘက်ထိ ထုတ်ချင်း ဖောက်ဝင်ရောက်သွားတော့သည်။ ထိုအခါတွင် ကျန်ရှိနေသော နတ်ဆိုးဝိညာဉ်ငါးကောင်သည် ရန်သူကျူးကျော်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ရိပ်စားမိသွားပြီး ခေါင်းဆောင်ဖြစ်သူထံသို့ အသံ နက်ကြီးများ အော်ဟစ်လျက် ပြေးဝင်လာကြသည်။ သို့သော် လက်မတင်ကလေး နောက်ကျ သွားသည်ဟုဆိုရမည်။ ထိုငါးကောင်ရောက်ရှိလာချိန်တွင် ခေါင်းဆောင်နတ်ဆိုးဝိညာဉ်သည် ကျန်းချန်ရွှမ်၏ ဓားချက်ဖြင့် အသက်ကုန်လျက်ရှိနေပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ အသုတ် သင်ခံလိုက်ရသည်ကို မြင်လျှင် ကျန်ငါးကောင်သည် နားကွဲမတတ် ကျယ်လောင်စွာ အော်ဟစ် လိုက်ကြပြန်သည်။

ထို့နောက်တွင် နတ်ဆိုးဝိညာဉ်ငါးကောင်သည် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် သူတို့အရှေ့ အနီးအနားတစ်နေရာရှိ နေရာလွတ်နှစ်ခုထံ တစ်ဟုန်ထိုးပြေးဝင်လာကြသည်။ ထိုငါးကောင်၏ အသွင်မှာ ရေနဂါးကြီးများသဖွယ် ပြောင်းလဲသွားပြီး အဆိုပါနေရာလွတ်နှစ်ခုကို ကြောက်မက် ဖွယ်အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။ ထိုတစ်ခဏတွင် နေရာလွတ်နှစ်ခု၏ ပတ်လည် တွင် တိမ်တောင်များ ရစ်ဝဲဆိုင်းအုံ့လာပြီး တစ်ချိန်တည်းတွင် ခြောက်ထပ်စေတီတစ်ခု ရုတ်တရက် ပေါ်လာပြန်ပြီး နတ်ဆိုးဝိညာဉ်ငါးကောင်၏ ပြိုင်တူတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ထိုနေရာလွတ်နှစ်ခုတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပုန်းအောင်းနေခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးဝိညာဉ်များသည် တစ်နည်းနည်းဖြင့် သူတို့တည်နေရာကို သိရှိသွားခြင်းဖြစ်သည်။

သို့သော် ခေါင်းဆောင်ဖြစ်သည့် အဆင့် ၃ အမြင့်ဆုံးအဆင့် နတ်ဆိုးဝိညာဉ်ကို အလစ်သုတ်သင် နိုင်ခဲ့ပြီဖြစ်၍ ကျန်ငါးကောင်ကို တစ်ဆက်တည်း သုတ်သင်ရန်မှာ ခဲယဉ်းလှသည့်ကိစ္စ မဟုတ် တော့ပါ။ ထို့ကြောင့် ထိုငါးကောင်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်း ချန်ရွှမ်သည် အဆင့် ၃ အလယ်အဆင့် တစ်ကောင်နှင့် အနိမ့်စားတစ်ကောင်ကို ကိုင်တွယ်ရမည် ဖြစ်သည်။ ရွှေဗလာနယ်ဓားကို ထုတ်ယူလိုက်ပြီးနောက် အဆိုပါနှစ်ကောင်ကို တစ်ချိန်တည်း၌ ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် ရှန်းရူယန်သည် ကျန်သုံးကောင်ကို တာဝန်ယူရမည်ဖြစ်သည်။ ကောင်းကင်ထက်မှ မိုးကြိုးများ အဆက်မပြတ် ကျဆင်းလာသည့်အတွက် နတ်ဆိုးဝိညာဉ်များ တုန်လှုပ်ခြောက်ချားကုန်ကြသည်။

ရှန်းရူယန်တိုက်ကွက်ဖော်နေသော နေရာဒေသမှာ ရေဓာတ်ချီများ အပြည့်သိပ်သည်းလျက်ရှိ၍ လျှပ်စစ်ဓာတ်မှာ ပို၍အလုပ်ဖြစ်သွားပြီး ရှိရင်းစွဲစွမ်းအင်ထက် အဆများစွာ တိုးတက်လာသည် ဟုဆိုရမည်။ ရှန်းရူယန်၏ လက်ဖဝါးတွင် အနီနှင့်အပြာ ရောယှက်နေသော လျှပ်စီးလုံးတစ်ခု ဖြစ်တည်လာပြီး အဆင့် ၃ အနိမ့်စား နတ်ဆိုးဝိညာဉ်ထံ ပျံသန်းသွားပြီး ထိုသတ္တဝါသည် နေရာ တွင်ပင် အသက်ပျောက်သွားတော့သည်။ ထိုမြင်ကွင်းကြောင့် နတ်ဆိုးဝိညာဉ်များသည်သာမက အနီးတဝိုက်တွင် စောင့်ကြည့်နေသော ကျန်းမိသားစုဝင်များပါ တုန်လှုပ်ကုန်ကြသည်။ ကျန်းချန် ရွှမ်သည်ပင် အနည်းငယ် အံ့အားသင့်မိသွားသည်။ ရှန်းရူယန်၏ နတ်ဘုရားစွမ်းအားအသစ်ဖြစ် သည့် မီးနှင့်ရေ နတ်ဘုရားလျှပ်စီးသည် ဤမျှအထိ ဖျက်ဆီးနိုင်စွမ်းမြင့်မည်ဟု သူကိုယ်တိုင်ပင် မထင်ထားမိခဲ့။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်သည် မိမိ၏တိုက်ပွဲကို ပြန်လည်အာရုံစိုက်လိုက် ပြီး ရွှေဗလာနယ်ဓားကို အရှိန်မြှင့်လိုက်ပြီး ဗလာနယ်မှတဆင့် နတ်ဆိုးဝိညာဉ်နှစ်ကောင်၏ ခန္ဓာကိုယ်များကို အဆက်မပြတ်ခုတ်ပိုင်းလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်၏ လက်ဝါးပြင်တွင် အစိမ်းရောင်စွမ်းအင်အလုံးတစ်ခု ပေါ်ပေါက်လာပြီး သူ့အနောက်တွင်လည်း တစ္ဆေကဲ့သို့အရိပ်တစ်ခုပေါ်လာပြန်သည်။

ကျန်းချန်ရွှမ်သည် အဇူရာဧကရာဇ် ကောင်းကင်ဘုံရန်နှိမ်ဓားကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ ချွင်ကနဲအသံမြည်သွားပြီးနောက် ဓားအလင်းတန်းသည် အဆင့် ၃ အလယ်အဆင့် ဝိညာဉ်၏ အကာအကွယ်စက်ဝန်းကို ထိုးဖောက်သွားသည်။ ဓား၏အဟုန်မှာ ပြင်းထန်လှ၍ စက်ဝန်းအပြင် နတ်ဆိုးဝိညာဉ်၏ ခန္ဓာကိုယ်ပါ နှစ်ပိုင်းပြတ်သွားတော့သည်။ ထို့နောက်တွင် ထူးဆန်းသည့်စွမ်း အားတစ်ရပ်က ကျန်ရစ်ခဲ့သည့် အတ္တဘောကြီးကို ညှိုးခြောက်သွားသည်အထိ စုပ်ယူလိုက်တော့ သည်။ မကြာမီ နတ်ဆိုးအမြုတေတစ်ခုမှလွဲ၍ ကျန်ခန္ဓာကိုယ်တစ်လုံး ရွေ့လျောပျက်စီးသွား သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်၏ လျှပ်စီးငါးပါး မသေမျိူးရန်နှိမ်ဓားသည်လည်း ကြောက် မက်ဖွယ်စွမ်းအင်များ ကွန့်မြူးလာပြီး ကျန်ရှိနေသော အဆင့် ၃ အလယ်အဆင့် နတ်ဆိုးဝိညာဉ်ကို တိုက်ခိုက်လိုက်ပြန်သည်။ ထိုနတ်ဆိုးဝိညာဉ်သည် လျှပ်စီးငါးပါးဝိညာဉ်ချီများ၏ ဖိစီးတိုက်ခိုက်မှုအောက်တွင် ခဏချင်း အသက်ပျောက်သွားပြန်သည်။

ထိုအခါ ကျန်းချန်ရွှမ်ဘက်တွင် ကျန်ရှိနေသည့် အဆင့် ၃ အနိမ့်စား နတ်ဆိုးဝိညာဉ်နှင့် ရှန်းရူ ယန်ဘက်တွင် နောက်ဆုံးကျန်နေသည့် နတ်ဆိုးဝိညာဉ်သည် တစ်ချိန်တည်းတွင် အပြာရောင်အလင်းတန်းများ အသွင်ပြောင်းသွားပြီးနောက် ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။

***

All Chapters