ဟင်းပွဲတွေကို ငါးစာအဖြစ်အသုံးချခြင်း ၁
Vol. 011 Ch. 1089
“ယူယူ ဘာဖြစ်ခဲ့တာလဲ” ကုန်ရှန်ယိသည် စိုးရိမ်သဖြင့်မေးလေသည်။ ဟိန်းသံလေး၏ အပြုအမူကပင် သူတို့ကို လန့်နေစေပြီ။ သူတို့သည် သူ့ကို ထိုပုံစံအတိုင်း အရင်ကမမြင်ဖူးခဲ့ပေ။
“ယူယူ အိမ်မက်လေးတစ်ခုခုဖြစ်လို့လား ဘာလို့သွေးတွေထွက်နေတာ လဲ” ရှောင်ချီ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” အိမ်မက်လေး၏ လက်ရှိအခြေအနေကို တခြားသူ များမသိစေချင်သဖြင့် သူမ စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည် “မင်းတို့ ငါ့ကိုခေါ်တာပဲ တစ်ခုခုဖြစ်လို့လား”
“သြော် ဒီလို.. အဘိုးဘိုင်က ခဏဆင်းလာပြီး တချို့လူတွေက ဒီအခန်း ကိုလာဖို့ကို ငြင်းတယ်လို့ပြောသွားတယ်” ရှောင်ချီ ပြောလေသည်။
“သူတို့ငြင်းမှတော့ ဒီအတိုင်းထားလိုက်ပေါ့” ရှီမာယူယူသည် ထိုအကြောင်းကိုမစဉ်းစားတော့ပေ။ မဟုတ်လည်း ရင်ယန်နန်းတော်ကလူ တွေက ကြာကြာနေရတော့မှာမှမဟုတ်တာ.. သူတို့ကမ်းစပ်ကထွက်လာပြီ ဆိုမှတော့ သူတို့ကိုသတ်လိုကရင်တောင် တခြားသူတွေမြင်တော့မှာမဟုတ် ဘူး…
နောက်မှ သူတို့မှန်းထားတဲ့အတိုင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စ သူမ စိတ်အနှောင့်အယှက်ဖြစ်ရမယ့်ကိစ္စမဟုတ်ဘူးလေ။ တိကျတဲ့ သက်သေမရှိဘဲနဲ့တော့ ရင်ယန်နန်းတော်တောင်မှ အသည်းကွဲတောင်ကြား ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး။
“အဘိုးဘိုင်ကအဲလိုဆိုမှတော့ ရေထဲလဲဝင်လာပြီဆိုတော့ လှုပ်ရှားရ မယ့်အချိန်ရောက်လာပြီ” ကုန်ရှန်ယိ ရှင်းပြလေသည် “သူတို့မှာ ဝိညာဉ် သားရဲတွေကို ဆွဲဆောင်နိုင်တဲ့အနံ့ရှိတယ်၊ ရေနက်ပိုင်းထဲဝင်ရင် သူတို့က ဝိညာဉ်သားရဲတွေကို ဆွဲဆောင်ပြီး ကျွန်မတို့ပါ ပါသွားမလားပဲ”
“အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့လှုပ်ရှားလို့ သူတို့ အလောင်းတွေငါတို့နဲ့တွေ့တယ်ဆိုရင် တခြားသူတွေက သေချာပေါက် ငါတို့ ကို သံသယဝင်မှာပဲ”
“ဒါဆိုရင် ဘာလုပ်ကြမလဲ” ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “အရင်ဆုံး သူတို့ကို ပိတ်ထားဖို့နည်းလမ်းစဉ်းစားပြီး ငါတို့ကမ်းစပ်ရောက်တာနဲ့ သူတို့ကို ပစ်ချရမယ်”
“ဒါဆိုရင် သူတို့ကိုရှင်းဖို့ အဆိပ်ပဲသုံးရအောင်” ရှောင်ချီ ပြောလိုက် သည် “ဘယ်လိုပဲဖြစ်ဖြစ် ယူယူ့မှာ အဆိပ်တွေများနေတာပဲ သူတို့ကို လွယ်လွယ်လေးရှင်းလို့ရပါတယ်”
“သူတို့အကုန်လုံးက ကျင့်ကြံသူတွေပဲ အဆိပ်နဲ့ဆိုရင် အဲလောက် လွယ်လွယ်နဲ့ကျရှုံးမှာမဟုတ်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။
“ဒါဆိုရင် အကြံထုတ်ရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ရှောင်ချီတို့မှာ အကြံရှိတယ် ဒါပေမဲ့ အလုပ်ဖြစ်မလား မဖြစ်ဘူးလား တော့ မသိဘူး” ရှောင်ချီသည် ပေါ့ပါးစွာပြောလေသည်။
“ဘာအကြံလဲ”
“ဟီးဟီး အကြံက….” ရှောင်ချီသည် ဆိုးရွားစွာပြုံးပြီး သူမအကြံကို ရှင်းပြလေသည်။
ညရောက်သောအခါ နောက်ဆုံးတွင် ကုန်ရှန်ယိသည် ရှီမာယူယူနှင့် အတူ ကုန်းပတ်ပေါ်သို့ ပြန်တက်လာသည်။ ကုန်ရှန်ယိ ပြန်လာသည်ကို ကုန်ရှန်ချီ မြင်သောအခါ မေးလိုက်သည် “ဘာလို့ ဒီလောက်ကြာနေတာလဲ”
“ရှောင်ချီ့မှာ ပျော်စရာတွေအများကြီးရှိလို့ သူမကိုသင်ခိုင်းနေတာ၊ ဒီလောက်နောက်ကျသွားမယ်လို့ ဘယ်သူထင်မိမှာလဲ” ကုန်ရှန်ယိသည် ပြုံး ပြီးပြောလေသည်။
“သူမက မင်းကိုသင်ပေးတာလား”
“ဟုတ်တယ်” ကုန်ရှန်ယိ ခေါင်းညိတ်လေသည် “ညီမတို့က ဆက်ဆံ ရေး ကောင်းပါတယ်လို့ ပြောသားပဲ”
“ဆက်ဆံရေးကမဆိုးဘူးဆိုရင်တောင် သူများကို ဒုက္ခပေးလို့မရဘူး လေ သူမ စိတ်ဆိုးအောင်လုပ်မိရင် ငါတို့ကို လှေပေါ်ကပစ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ” ပြောပြီးနောက်တွင် ကုန်ရှန်ချီသည် အသည်းကွဲတောင် ကြားမှလူများကိုကြည့်လိုက်သည်။ ဆိုလိုသည်မှာ သူတို့ဒေါသဖြစ်အောင် လုပ်မိလျှင် ပစ်ချနိုင်သည်ဟုပင်…
“အစ်ကိုကြီး စိတ်ချပါ ယူယူက အဲလိုလုပ်မှာမဟုတ်ဘူး ဟုတ်တယ် မလား ယူယူ” ကုန်ရှန်ယိ မေးလိုက်သည်။
ရှီမာယူယူ ကုန်ရှန်ယိကိုပြုံးပြလိုက်၏ ။ “ကုန်ရှန်ယိက ကျွန်တော့် သူငယ်ချင်းပဲ သူမကိုတော့ ပစ်မချပါဘူး”
“ကြည့်လေ သူမလုပ်ပါဘူးလို့ ပြောသားပဲ” ကုန်ရှန်ယိ ပြောလိုက် သည်။
“ဖြစ်နိုင်ချေကို လျစ်လျူရှုလို့မရဘူး” ကုန်ရှန်ချီ မြည်တွန်တောက်တီး လေသည်။
“သိပါပြီ” ကုန်ရှန်ယိသည် ကုန်ရှန်ချီကို နှုတ်ခမ်းဆူပြလေသည်။ ဒီလူ သည် သူမကို ကလေးတစ်ယောက်လိုကို ပွစိပွစိပြောနေတာပဲ။ “သြော် ဟုတ်သားပဲ ယူယူ ကျွန်မတို့နောက်တစ်ခါတွေ့ရင် စားကောင်းတာတွေ ချက်ပြုတ်ကျွေးမယ်လို့ ပြောခဲ့တယ်လေ အဲစကားကအကျုံးဝင်သေးလား”
“ကျွန်တော်က ဘယ်တုန်းက ကိုယ့်စကားကိုပြန်ရုတ်သိမ်းဖူးလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒါဆို အခုဖြစ်နိုင်မလား”
“ညီမလေး” ကုန်ရှန်ချီသည် ကုန်ရှန်ယိကို စိုက်ကြည့်လိုက်သည်။
“တောင်ကြားသခင်လေး စိတ်မဆိုးပါနဲ့ ဒါက ကျွန်တော် ရှန်ယိကို ကတိ ပေးဖူးတဲ့ဟာပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ရင်းနှီးနေမှတော့ အတူတူစားသောက်ဖို့ အခွင့်အရေးကိုယူလို့ရတယ်လေ… ကျွန်တော်တို့ ဂုဏ်ပြုကြတာပေါ့ အကြီးအကဲဝူ ခင်ဗျားတို့လည်း ဝင်ပါမလား”
အကြီးအကဲဝူနှင့် တခြားသူများသည် တစ်ချိန်လုံး ဘေးမှနားထောင်နေ ကြသည်။ ရှီမာယူယူသည် အစားသောက်များပြင်ပေးရလောက်သည်အထိ ကုန်တောင်ကြားမျိုးနွယ်ဝင်များနှင့်ရင်းနှီးသည်ကို ကြည့်ပြီး သူပြုံးကာ ပြော လိုက်သည် “ဒုတောင်ကြားခေါင်းဆာင်က နွေးထွေးမှတော့ ဒီနိမ့်ကျတဲ့သူက ဖိတ်ကြားတာကို လက်ခံပြီး လေးစားမှုကိုပြရတော့မှာပေါ့”
“ယူယူ ကျွန်မ အသားကင်စားချင်တယ်” ကုန်ရှန်ယိ ပြောလိုက်သည်။
“ပြဿနာမရှိဘူး”
“ကုန်းပတ်ပေါ်မှာပဲ စားကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ရေပြင်ညီပေါ် လည်းရောက်လာပြီ ညကောင်းကင်ကလည်း မဆိုးဘူးပဲ” ကုန်ရှန်ယိ အကြံ ပေးလေသည်။
ရှီမာယူူယူသည် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည် “ဖြစ် ပါတယ် ကျွန်တော်သွားပြီး ပြင်လိုက်မယ်”
သူမ အခန်းငယ်သို့ဝင်ပြီးနောက် မြန်ဆန်စွာပင် ပြန်လာသည်။ လက် တစ်ချက်ဝေ့လိုက်သည်နှင့် ကုန်းပတ်ပေါ်တွင် ကြီးမားသော စားပွဲပေါ်လာ လေသည်။ နောက်တစ်ချက်ဝေ့လိုက်သောအခါ သေချာစွာပြင်ဆင်ထား သော ဟင်းပါဝင်ပစ္စည်းများ စားပွဲပေါ်တွင်ပေါ်လာလေသည်။ အိုးခွက်များ ယောက်မတချို့ပင် ရှိလေသည်။
ပါဝင်ပစ္စည်းများ၏အနံ့ကိုရသည်နှင့် ဟန့်မြောင်ရွှမ်သည် အခန်းထဲမှ ထွက်လာသည်။ သူမသည် ရှီမာယူယူ ပြင်ထားသောအရာများကိုမြင် သောအခါ ပြောလိုက်သည် “ဟားဟား ဂျူနီယာမောင်လေး ဟင်းချက်တော့ မလို့လား ငါ့ကိုဘာလို့မခေါ်တာလဲ”
ရှီမာယူယူသည် သူမကို တည့်တည့်ကြည့်ကာ ပြောလိုက်သည် “ဖိတ်ဖို့တောင်လိုသေးလို့လား စီနီယာ့ရဲ့ နှာခေါင်းက ဝိညာဉ်သားရဲတွေ ထက်တောင် အနံ့ခံကောင်းတယ်”
“အဟွတ် အဟွတ် ငါ့ကိုအဲလိုပြောဖို့တော့မလိုပါဘူး ဟုတ်တယ်မလား” ဟန့်မြောင်ရွှမ်သည် ဝန်မခံပေ။
“ကျွန်တော်ပြောတာမှားလို့လား” ရှီမာယူယူသည် စတင်ချက်ပြုတ်လေ သည်။ အသားကင်ပြီး အသီးအရွက်များကြော်ကာ စွတ်ပြုတ်ပြင်ဆင်ပြီးသည့် နောက်တွင် ထမင်းချက်လေသည်။
သူမ၏ စိတ်စွမ်းအင်သည် တခြားသူထက်သာလွန်ခြင်းမရှိပါက သည် လောက်အလုပ်အများကြီးကိုလုပ်နိုင်မည်မဟုတ်ပေ။
ကုန်ရှန်ယိသည် ထမင်းစားရန်အတွက် စားပွဲထုတ်ပြီး ပြင်ဆင်လေ သည်။ သူမနှင့် ဟန်မြောင်ရွှမ်သည် စားပွဲတွင်ဝင်ထိုင်ကာ ရှီမာယူယူ ချက်ပြုတ် ပြင်ဆင်နေသည်ကို ကြည့်နေလေ၏ ။
မြန်ဆန်စွာပင် ပထမဆုံးဟင်းပွဲ အသားကင်သည် ပြီးဆုံးသွားလေ သည်။ ရှီမာယူယူသည် စားပွဲပေါ် ပန်းကန်များခင်းကျင်းသည်ကို ဝိညာဉ် စွမ်းအင်သုံးလိုက်သည်။
“အစ်ကိုကြီး အကြီးအကဲဝူ မြန်မြန်လာပြီးစားလေ ယူယူရဲ့ လက်ရာက တကယ်စားကောင်းတယ်” ကုန်ရှန်ယိသည် သူတို့ကို လက်ဝေ့ရမ်းပြလေ သည်။
ကုန်ရှန်ချီ၊ အကြီးအကဲဝူနှင့် တခြားအကြီးအကဲနှစ်ယောက်တို့လည်း ထိုင်လိုက်ကြသည်။ အစပိုင်းတွင် သူတို့သည် မိတ်ဖြစ်ဆွေဖြစ်ကပ်လိုက်လာ ခြင်းဖြစ်သည်။ သို့သော် အသားကင်အနံ့ရသောအခါ ဆာလောင်မှုကို ခံစားရ လေသည်။
“ဒါဆိုလည်း စားတော့မယ်နော်” အကြီးအကဲဝူသည် ဝက်သားကင် တစ်ဖတ်ကိုကောက်ယူပြီး ဝါးစားရန် မစောင့်နိုင်တော့ပေ။
ကုန်ရှန်ချီလည်း တစ်ချပ်ကောက်ယူကာ စားလိုက်သည်။ သူ၏ လျှာအတွင်းတွင် ပျော်ဝင်သွားလောက်သည်အထိ အရသာတွေ့လေသည်။
အခုမှပင် သူတို့သိတော့သည်။ ကုန်ရှန်ယိ ရှီမာယူယူကို ဟင်းချက်ခိုင်း သည်မှာ ထိုလူများကို ငါးစာချရန်အတွက်သာမဟုတ်ပေ။ သူမ အမှန်တကယ် စားချင်နေခြင်းဖြစ်သည်။
“ဘယ်လိုလဲ” ကုန်ရှန်ယိသည် သူ့ကိုကြည့်ပြီး ဟင်းများကို သူမ ချက်ထားသည့်နှယ် ချီးကျူးမှုပြန်လာသည်ကို စောင့်နေသည်။
“ဒါ ငါစားဖူးတဲ့ အသားကင်တွေထဲမှာ အကောင်းဆုံးပဲ” အကြီးအကဲဝူ ချီးကျူးလေသည်။
ထိုအခိုက်တွင် သူတို့သည် ဟင်းပွဲတစ်ခုလုံးကို စားပြီးလေသည်။ သူတို့ ဘယ်လက်ထဲမှ တူမချခင် ညာလက်သည် နောက်တစ်ခုကို ကောက်ယူကာ စားလေသည်။
ရင်ယန်နန်းတော်မှလူများသည် သူတို့အကြီးအကဲမှာ အရင်က ထိုကဲ့သို့ စားသောက်ခြင်းကို ပျော်မွေ့သည်ကို မမြင်ဖူးပေ။ ထို့ကြောင့် အသားကင်မည်မျှ အရသာရှိသည်ကို တွေးကြည့်နေလေသည်။
သည်လိုနှင့် သူတို့သည် အနံ့ကိုသာရှုရသော်လည်း သားရည်များသည် အဆက်မပြတ်ကျလေသည်။
ရှီမာယူယူသည် နောက်ထပ်လတ်ဆတ်သော ဟင်းပွဲကိုချလိုက်ရာ အကြီးအကဲဝူသည် တစ်ချက်ကြည့်လိုက်သည်နှင့် သိလေသည်။
“ဒါက အမှတ်တရစားသောက်ဆိုင်က ခြင်္သေ့ခေါင်းမွှေကြော်မလား ဒါက သူတို့ရဲ့ အထူးဟင်းလျာပဲ ဒုတောင်ကြားသခင် ဒါကိုဘယ်လိုသင်ထား တာလဲ”
“ကျွန်တော်ကပဲ စားတော်မှူးတွေကိုသင်ပေးခဲ့တာပဲ သေချာပေါက် သိ တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“အမှတ်တရစားသောက်ဆိုင်က အသည်းကွဲတောင်ကြားကပဲ ပိုင်တာ လို့ပြောလိုက်တာလား”
ရှီမာယူယူသည် ပြန်မဖြေဘဲ ပြုံးကာ သဘောတူသည့် ပုံစံပြလေသည်။
“ဒါဆိုရင် အမှတ်တရစားသောက်ဆိုင်က အသီးဝိုင်လည်းရှိမှာပဲ” အကြီးအကဲဝူ မေးနေချိန်တွင် သူ့မျက်လုံးများသည် အရောင်တောက်နေသည်။
***