ဟင်းပွဲတွေကို ငါးစာအဖြစ်အသုံးချခြင်း ၂
Vol. 011 Ch. 1090
“ဟုတ်သားပဲ ယူယူ ဝိုင်မပါဘဲ ဘယ်လိုလုပ်စားကြမလဲ” ကုန်ှရန်ယိ ပြောလိုက်သည် “အရင်တစ်ခေါက်ကရှင်ပေးခဲ့တဲ့ အသီးဝိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကုန်သွားပြီ” အသီးဝိုင်လား…. “အကြီးအကဲယူ အဲဒါကို သောက်ချင်လို့လား”
ကုန်ရှန်ယိ စကားကိုကြားပြီးနောက်တွင်တော့ သူအတွေးမှာ ပိုခိုင်မာ သွားသည်။ ရှီမာယူယူတွင် အသီးဝိုင်များရှိလောက်သည်။
“ကျုပ်ကတော့ အမှတ်တရစားသောက်ဆိုင်ကို မကြာခဏသွားပြီး ဟင်းလျာတွေနဲ့ အရသာရှိတဲ့ဝိုင်တွေကို စွဲလမ်းနေပြီ သူတို့က အဲဟင်းအမည်တွေကို ထုတ်ပိုးခွင့်မပြုတာတော့ နှမြောစရာကောင်းတယ် အသီးဝိုင်ကို နောက်ဆုံးထိ မသောက်ရတော့ဘူးလေ” အကြီးအကဲဝူ ဝမ်းနည်းပူဆွေးလေသည်။
“အမှန်ပဲ” ကုန်ရှန်ယိ ထပ်ပေါင်းထည့်လိုက်သည် “ယူယူ စိတ်မဆိုးနဲ့ ရှင့်ရဲ့ အမှတ်တရစားသောက်ဆိုင်က အရမ်းကပ်စေးကုပ်တယ် ကျွန်မအဲဒီ ကိုသွားတိုင်း ဝိုင်က အကန့်အသက်နဲ့ပဲ တစ်ယောက်ကို ဝိုင်အရေအတွက် ကန့်သက်ထားသေးတယ်၊ အကန့်အသက်ပြည့်တာနဲ့ ပြီးပြီပဲ အဲဒါကြောင့် အဝကို ဘယ်တော့မှမသောက်ရဘူး”
“ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အဲလိုပြောပြီးပြီလေ အဲဒါကြောင့်ပဲ ကရား တချို့ပေးလိုက်တာမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ မလောက်ဘူးလေ” ကုန်ရှန်ယိ ပြန်ချေပလေသည် “အဲလောက် မြန်မြန်ကုန်အောင်သောက်ရလောက်အောင် အသီးဝိုင်ကို အဲလောက်အရသာရှိအောင်လုပ်ပါလို့ ဘယ်သူပြောလို့လဲ”
“အခုပြောမှပဲ အသီးဝိုင်အမျိုးအစားကွဲတွေ ထပ်လုပ်ထားသေးတယ်”
“တကယ်လား ဒါဆိုရင် မြန်မြန်လုပ်ပြီး စမ်းသောက်ခိုင်းကြည့်” ကုန်ရှန်ယိ အော်လေသည်။
“အဲတော့ အသီးဝိုင်တွေက ဒုတောင်ကြားခေါင်းဆောင် ချက်တာတွေပဲ ပေါ့” အကြီးအကဲဝူ ပြောလိုက်သည် “ဒီနေ့ညကို အသစ်ချက်ထားတဲ့ အသီး ခင်ဗျားရဲ့ အဆင့်မြင့်တဲ့ အသီးဝိုင်ကို မြည်းစမ်းကြည့်မလို့ရမလား”
အမှတ်တရစားသောက်ဆိုင်သည် ရံဖန်ရံခါ အသီးဝိုင်အရသာအသစ် များကို ထုတ်လေ့ရှိသည်။ သည်လိုနှင့် အသီးဝိုင်အမျိုးမျိုး တိုးလာသည်။ ထိုအရာထဲမှ တစ်မျိုးမှမကြိုက်ရင်တော့ မင်းရဲ့နှစ်ခြိုက်မှုက တစ်ခုခုတော့ ဖြစ်နေပြီ။
အမှတ်တရစားသောက်ဆိုင်မှ အသီးဝိုင်မှာ ကျော်ကြားသည်ကို တခြား စားသောက်ဆိုင်မှမြင်သောအခါ သူတို့၏အသီးဝိုင်လုပ်နည်းကို သိရန် ကြိုးစားခဲ့ကြသည်။ အမှတ်တရစားသောက်ဆိုင်ကဲ့သို့ အရသာကို ထုတ်လုပ် နိုင်သည့် စားသောက်ဆိုင်တစ်ဆိုင်မှမရှိသည်ကတော့ နှမြောဖို့ကောင်း သည်။
ထို့ကြောင့်ပင် အသီးဝိုင်သည် အမှတ်တရစားသောက်ဆိုင်တွင် ဈေးကြီးစေကာမူ တစ်ကြိမ်တွင် အနည်းငယ်သာသောက်နိုင်ကာ အများစုမှာ ရရန်ခဲယဉ်းလေသည်။
“ဒါဆိုလည်း ကောင်းပြီလေ မြည်းကြည့်ဖို့အရသာအသစ်တွေလည်းရှိ နေတာပဲ” ရှီမာယူယူသည် တွေးလိုက်ရာ အားလုံးရှေကတွင် အသီးဝိုင်ပုလင်း များပေါ်လာလေသည်။ သူမသည် အဆို့ဖွင့်လိုက်ရာ အနံ့သည် ချက်ချင်းပင် လှေပေါ်မှလူများကို သွေးဆောင်လေသည်။
“ဒီအနံ့က အရင်ဟာတွေထက် ပြင်းတာပဲ” ကုန်ရှန်ယိ ချီးကျူးလေ သည်။
“မရဘူး ငါ့ကိုစမ်းကြည့်ခိုင်း” ဟန့်မြောင်ရွှမ်သည် မစောင့်နိုင်တော့ပဲ ကရားကို ကောက်ကိုင်လေသည်။
“ကျွန်မကိုလည်းပေးဦး” ကုန်ရှန်ယိသည် သူမ ကိုင်ပြီးသည်အထိစောင့် ပြီး ကရားတစ်ခုကိုကိုင်ကာ သူမဘာသာ လောင်းထည့်လေသည်။
“ငါရောပဲ” တခြားသူများလည်း သူတို့ဘာသာထည့်ကြလေသည်။
“ဘယ်လိုလဲ” ရှီမာယူယူသည် သူတို့ကိုစောင့်ကြည့်ပြီး သူမဝိုင်ကို အကဲဖြတ်သည်ကို စောင့်နေသည်။
“အရမ်းကို အရသာရှိတယ် အရင်ဟာတွေထက်ကို ပိုပြီးအရသာရှိတယ်” ကုန်ရှန်ယိသည် ချီးကျူးရုံအပြင်မရှိပေ။
ရှီမာယူယူသည် သူတို့၏မှတ်ချက်ကိုကြားပြီးနောက်တွင် ကျေနပ်စွာပြုံး ပြီးပြောလိုက်သည် “အရသာကောင်းရင်တော်ပါပြီ”
“ယူယူ ဒီအသီးဝိုင်ထဲက ဝိညာဉ်စွမ်းအင်က အရင်ကဟာတွေထက် များတယ်လို့ ဘာလို့ခံစားမိနေတာလဲ” ဟန့်မြောင်ရွှမ် မေးလေသည်။
“အဲဒါပဲလေ ဒီတစ်ခေါက်ကျွန်တော်သုံးတဲ့အသီးက သဘာဝအတိုင်း ဝိညာဉ်စွမ်းအင်စီးဆင်းနေတဲ့အသီးပဲ အဲဒါကြောင့် ဒီသဘာဝအတိုင်းထုတ် ထားတဲ့ အသီးဝိုင်ဘုရင်မက အဝေးမှာမရှိဘူး” ရှီမာယူယူ ပြုံးပြီးပြောလိုက် သည်။
“ဟီးဟီး ယူယူ အသီးဝိုင်အမျိုးအစားအသစ်က ကရားဘယ်နခုလောက် ထုတ်ထားလဲ” ကုန်ရှန်ယိသည် ဝိုင်ကရားကိုဖက်ကာ သူမကိုကြည့်လေ သည်။
“မများပါဘူး” ရှီမာယူယူသည် သူမအပြုအမူကိုမြင်လိုက်သည်နှင့် သူမ စိတ်ထဲတွင်တွေးနေသည့်အရာကို သိလိုက်သည် “အဲဒါကို ဆိုင်တွေကို တောင်မပေးရသေးဘူး အဲတော့ မင်းကိုပေးလို့မရဘူး”
“ရှင်မထွက်ခင်ကို အချိန်တွေအများကြီးရှိနေတာပဲ” ကုန်ရှန်ယိသည် လျှောက်လဲလေသည် “ပြန်လာတာနဲ့ သူတို့ကိုပေးမှာမလား”
ရှီမာယူယူ တွေဝေနေသည်ကို သူမတွေ့သောအခါ ဆက်ပြီး တောင်းဆိုလေသည် “ဒီလိုလုပ်ပါလား အရင်ကလုပ်ခဲ့သလို ကျွန်မ ရှင့်ဆီက ဝယ်မယ်လေ ဘယ်လိုလဲ”
“တကယ်ပဲ ဝယ်ချင်တာလား” ရှီမာယူယူ မေးလိုက်သ်ည။
“ဝယ်ချင်တယ် ကျိန်ပါတယ်” ကုန်ရှန်ယိသည် စိတ်ပိုင်းဖြတ်ထားပြီး ပြောလေသည် “ကျွန်မကိုရောင်းချင်သရွေ့တော့ ပိုက်ဆံကပြဿနာမဟုတ် ဘူး”
“ကောင်းပြီလေ ဒီလောက်အဆင်သင့်ဖြစ်နေမှတော့ ကရားနည်းနည်း လောက်ရောင်းပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အရင်တစ် ခေါက်ဝယ်တာထက် ဈေးတော့နည်းနည်းတက်မယ်နော်”
“ပြဿနာမရှိဘူး” ကုန်ရှန်ယိသည် ဖန်ကျောက်ကတ်ထုတ်လိုက်သည် “လိုချင်တဲ့ ပမာဏကိုသာပြောလိုက် အသီးဝိုင်သာပေးမယ်ဆိုရင်ပေါ့”
“ကောင်းပြီလေ” ရှီမာယူယူသည် ဖန်ကျောက်ကတ်ထုတ်ကာ သူမကို ပေးသော ဝိညာဉ်ကျောက်တချို့ကိုယူပြီး သူမကို ကရားတချို့ပေးလိုက် သည်။
“ကျေးဇူးပဲ ယူယူ” ကုန်ရှန်ယိသည် ဝမ်းသာစွာဖြင့် အသီးဝိုင်များကို သိမ်းလေသည်။
တခြားသူများသည် သူတို့အရောင်းအဝယ်မှာ ထိုအတိုင်းပင် ပြီးဆုံး သွားသည်ကို မြင်သောအခါ သူတို့၏ အမြန်နှုန်းကိုအံ့သြနေလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အမှတ်တရစားသောက်ဆိုင်နှင့် ရင်းနှီးသော ကုန်ရှန်ယိကို အားကျသွားလေသည်။
“ဒုတောင်ကြားခေါင်းဆောင် ခင်ဗျားက မိန်းကလေးရှန်ယိကို အသီးဝိုင် ရောင်းလိုက်တော့ ကျုပ်ကိုလည်း ရောင်းပေးနိုင်မလား” အကြီးအကဲဝူသည် နောက်ပြောင်ခြင်းတစ်ဝက်ဖြင့်ပြောလေသည်။
“ဟီးဟီး အကြီးအကဲဝူ ကြင်နာလွန်းနေပါပြီ” ရှီမာယူယူသည် အမုန်းတရားကို ဖိနှိပ်ကာ ဆက်ပြုံးနေလေသည် “ကျွန်တော်တို့က အမှတ် တရစားသောက်ဆိုင်မှာတောင် ဧည့်သည်တွေများလွန်းလို့ အကန့်အသက်နဲ့ လုပ်ထားတာ အကန့်အသက်သာမလုပ်ထားရင် ကျွန်တော်တို့ ဘယ်လောက် ပဲ ပစ္စည်းရှိပါစေ ဘယ်တော့မှလောက်မှာမဟုတ်ဘူး ဒါပေမဲ့ သူငယ်ချင်းတွေ ကို နည်းနည်းမှမပေးနိုင်ဘူးလို့တော့ မဟုတ်ပါဘူး”
“ဆိုတော့ ပေးနိုင်တယ်လို့ ဆိုလိုတာလား”
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော့်မှာ ကရား နည်းနည်းပဲရှိတော့တယ် ရှန်ယိက အကုန်ဝယ်ပြီးသွားပြီ ဒါပေမဲ့ အကြီးအကဲ ဝူသာ လိုချင်တယ်ဆိုရင် အရင်တစ်ခေါက်က ချက်ထားတဲ့ဟာတွေပဲရှိတော့ မယ်”
ထိုဝိုင်များမှာ ကုန်သွားပြီဟုကြားလိုက်ချိန်တွင် စိတ်ထဲတွင် စိတ်ပျက် သွားသော်လည်း တခြားဝိုင်မှာလည်း အရသာရှိသည်ကိုတွေးပြီး ခေါင်းညိတ် ကာ ပြောလိုက်သည် “အရင်တစ်ခေါက်ကဟာလည်း ရပါတယ် အရင်တစ် သုတ်ကဆိုပေမယ့် တန်ကြေးရှိနေတုန်းပဲလေ”
“ယူယူ အကြီးအကဲဝူက ကျွန်မအစ်ကိုနဲ့ ကျွန်မတို့ကို ဂရုစိုက်ပေးခဲ့ တယ် သူ့ကိုဝိုင်ရောင်းရင် နည်းနည်းလောက်ဈေးလျော့ပေးပါ မဟုတ်ရင် ဈေးက နည်းနည်းမြင့်နေတယ်” ကုန်ရှန်ယိ ပြောလိုက်သည်။
“ဟီးဟီး…” အကြီးအကဲဝူသည် ကုန်ရှန်ယိအား ကျေနပ်စွာဖြင့် ကြည့် လိုက်သည်။ အနာဂတ်တွင် ကုန်ရှန်ယိကို ကောင်းမွန်စွာဆက်ဆံပေးရမည် ဟုပင် သူဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သူတို့နောက်ကိုလိုတာရှိရင် ကူညီပေးရမှာပေါ့…
“ဒါဆိုရင် ဈေးကိုတော့ အမှတ်တရစားသောက်ဆိုင်မှာရောင်းတဲ့ အတိုင်းကို ၂၀ရာခိုင်နှုန်းလျှော့ပေးမယ် ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက် သည်။
“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဒုတောင်ကြားခေါင်းဆောင်” အကြီးအကဲဝူသည် ပြုံးနေသည်။
အမှတ်တရစားသောက်ဆိုင်၏ အဖွဲ့ဝင်မှလွဲပြီး လျှော့ဈေးဘယ်တော့မှ မရပေ။ သို့သော် စိတ်လှုပ်ရှားစွာစောင့်မျှော်ရသော အသင်းဝင်နေ့၌ပင် သူတို့ သည် ၁၀ရာခိုင်နှုန်းလျှော့ဈေးသာရလေသည်။ ၂၀ရာခိုင်နှုန်းလျှော့ဈေးကို ဘယ်သူမှ မရဖူးပေ။
“အဲတော့ ဘယ်လိုအသီးဝိုင်မျိုးကြိုက်တာလဲ” ရှီမာယူယူ မေးလိုက် သည်။
“ဘယ်လိုအမျိုးအစားရှိတာလဲ”
“အကုန်ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အမှတ်တရစားသောက် ဆိုင်မှာ ရောင်းတဲ့ဟာမှန်သမျှ ရှိတယ်”
“ဆိုလိုတာက အများကြီးရှိတယ်ပေါ့”
အမှတ်တရစားသောက်ဆိုင်တွင် အသီးဝိုင်အမျိုးအစားပေါင်း တစ်ရာ နီးပါးရှိသည်။ သူမတွင် အကုန်ရှိသည်ဆိုပါက သူမတွင် အနည်းဆုံး ကရား တစ်ရာရှိသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
“အဲလောက်များတာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “တချို့အမျိုးအစားတွေတော့ နည်းနည်းပဲရှိတယ် ဒါပေမဲ့ အဲထက်ပိုများတာ လည်းရှိတယ် ကရား၁၀ခုကနေ တစ်ရာလောက်ထိရှိတယ် အကြီးအကဲဝူ လိုချင်တဲ့ အရသာပေါ်မူတည်မှာပေါ့”
ထိုစကားကိုအားလုံးကြားသောအခါ သူတို့လည်း ဝိုင်ဝယ်ချင်မိသည်။ လူတိုင်းသည် သားရည် တမြားမြားကျကြသည်။
“ဒါဆိုရင် ၁၀ခုစီလောက်ပေး” အကြီးအကဲဝူသည် တက်ကြွစွာ ပြော လေသည်။
သူ့တွင် ပိုက်ဆံများရှိသည်။ ထို့ကြောင့် သူဝိုင်မရလိုက်ပါက နှမြောစရာ ပင်။
သူသည် ပစ္စည်းအတွက် ငွေချေပြီးသောအခါ အရောင်းအဝယ်ပြီးဆုံး လေသည်။ ရှီမာယူယူသည် ပိုက်ဆံအမြောက်အမြားရလိုက်လေသည်။
“အကြီးအကဲဝူက အဲလောက်အများကြီးဝယ်မှတော့ ဒီလိုလုပ်ရအောင် အကုန်လုံး စိတ်ကျေနပ်အောင် တချို့ကို အလကားတိုက်မယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
***