← Chapters

ဟင်းပွဲတွေကို ငါးစာအဖြစ်အသုံးချခြင်း ၃

Vol. 011 Ch. 1091

ဟင်းပွဲတွေကို ငါးစာအဖြစ်အသုံးချခြင်း ၃

Vol. 011 Ch. 1091

ရှီမာယူယူ ထိုသို့ပြောသောအခါ ကုန်းပတ်တစ်ခုလုံးသည် တိတ်သွား ကြပြီး နောက်မှပင် အောင်ပွဲခံသံများထွက်လာသည် “အိုး သေစမ်း ဒုတောင်ကြားခေါင်းဆောင် တကယ်လား” နီအန်းယိသည် အော်လေသည်။

“မင်းအတွက်မပါဘူး” ရှီမာယူယူသည် သူ့ကို ကြည့်လိုက်သည် “ဝိုင်က ရင်ယန်နန်းတော်နဲ့ ကုန်တောင်ကြားအတွက်ပဲ အသီးဝိုင်ပုလင်းတွေဝယ်ချင် ရင်တော့ မင်းကိုကောင်းကောင်းပြုစုပေးမှာပါ”

“ဒုတောင်ကြားခေါင်းဆောင် အဲလိုမလုပ်ပါနဲ့” နီအန်းယိသည် ညည်းညူလေသည်။

“ကျွန်တော်ကျရော ဘယ်လိုလုပ်မလဲ...” ရှီမာယူယူပြောလေ၏ ။ “အဲအတိုင်းပဲလို့ ပြောလိုက်တာလေ ကျွန်တော့်အသီးဝိုင်ကိုဝယ်ချင်တဲ့သူ တွေရှိတယ် မင်းလည်းသောက်ချင်ရင် ပိုက်ဆံပေးရမှာပေါ့”

“ဒါပေမဲ့ သခင်လေးက ကျွန်တော်တို့ရဲ့ ဒုတောင်ကြားခေါင်းဆောင် မဟုတ်ဘူးလား” နီအန်းယိသည် အသံတိုးညင်းစွာဖြင့် ရေရွတ်လေသည်။

“ပိုက်ဆံမပေးရင် ဝိုင်မရဘူးပဲ” ရှီမာယူယူသည် လက်ဝေ့ရမ်းလိုက်ရာ ကုန်းပတ်ပေါ်တွင် ဆယ်ဂဏန်းသောကရားများပေါ်လာလေသည် “သောက် ကြမယ်”

“ဒါတကယ်ပဲ ကျွန်တော်တို့အတွက်လား” ကုန်တောင်ကြားမှလူများ သည် မယုံနိုင်စွာမေးလေသည်။

“ဒါပေါ့ ယူယူက စကားတည်တဲ့သူပဲ မြန်မြန်ယူလိုက်ကြ” ကုန်ရှန်ယိ သည် ပြောရင်းနှင့် လက်ဝေ့ရမ်းရာ ပုလင်းတချို့သည် ကုန်တောင်ကြားဆီသို့ ပျံသွားလေသည်။

ကုန်တောင်ကြားမှတပည့်များသည် ဝိုင်ကရားများကို ပျော်ရွှင်စွာဖြင့် မျှဝေကြလေသည်။ သူတို့သောက်နေသည်ကို ရင်ယန်နန်းတော်မှလူများ မြင် သောအခါ သူတို့လည်း ယူချင်ကြသည်။

သူတို့အဖွဲ့ စတင်သောက်နေသည်ကိုမြင်သည်နှင့် ရှီမာယူယူသည် ခေါင်းငုံ့ပြီး အားလုံးအတွက် ချက်ပြုတ်ပေးနေသည်။ သူမ၏ နှုတ်ခမ်းထောင့် သည် အလွန်နက်ရှိုင်းသော အပြုံးတစ်ပွင့်ဖြစ်သွားသည်။

“ဒုတောင်ကြားခေါင်းဆောင် ခင်ဗျားတို့ တောင်ကြားခေါင်းဆောင်ကို ဘာလို့မမြင်ရတာလဲ” အကြီးအကဲဝူသည် အစားကောင်းများစားရင်း အရသာရှိသောဝိုင်များသောက်ရင်းနှင့် အလွန်ပျော်ရွှင်နေစဉ်တွင် ရှီမာယူယူ တစ်ယောက်တည်းသာ အပြင်တွင်နေနေသည်ကို သူ စဉ်းစားမိပြီးမေးလိုက် သည်။

“တောင်ကြားခေါင်းဆောင်လား သူက တခြားသူတွေနဲ့ ဆက်ဆံရတာ မကြိုက်လို့ အပြင်သိပ်မထွက်ဘူး သူက တောင်ကြားမှာလည်းအဲအတိုင်းပဲ” ရှီမာယူယူသည် သမန်ကာလျှံကာ ပြန်ဖြေလေသည်။

အစောပိုင်းက ရှီမန်ဖန် သူမကိုပြောခဲ့သည့်အရာကိုစဉ်းစားမိချိန်တွင် သူမ မတတ်သာစွာ ခေါင်းခါမိသည်။

“ငါ နောက်ရက်နည်းနည်းလောက်ကို အပြင်ထွက်လာမှာမဟုတ်ဘူး သူတို့ကိုမြင်ရင် သတ်ချင်လိမ့်မယ်.. ငါ့ လူသတ်မယ့် ရောင်ဝါထွက်လာရင် သူတို့သံသယဖြစ်လိမ့်မယ်”

ကြည့်ရသည်မှာ ထိုနေရာတွင် ရင်ယန်နန်းတော်လူများရှိနေသရွေ့ တော့ သူ ပေါ်လာမည့်ပုံမပေါ်ပေ။

“မင်းလို လူငယ်တစ်ယောက်က ဒုတောင်ကြားခေါင်းဆောင်ဖြစ်လိမ့် မယ်လို့ ဘယ်တုန်းကမှ မတွေးမိဘူးပဲ သူရဲကောင်ကတကယ့်ကိုပဲ လူငယ် ထဲကပေါ်ထွက်လာတာပဲ” အကြီးအကဲဝူသည် သူမအား စိတ်ရင်းဖြင့် ချီးကျူး လေသည်။

“ကျွန်တော်က ကံကောင်းသွားတာပါ တချို့ခြေချော်လက်ချော်ကိစ္စ တွေကိုသာ မစီမံနိုင်ရင် အခုလက်ရှိအဆင့်ကိုရောက်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒုတောင်ကြားသခင်က တကယ်နှိမ့်ချတတ်တာပဲ” အကြီးအကဲဝူသည် ပြုံးပြီးပြောလိုက်သည်။

“အားယား ဒီဟာတွေက တကယ်စားကောင်းတာပဲ” ဟန့်မြောင်ရွှမ် သည် စားရင်းနှင့်မှတ်ချက်ပေးလေသည်။

“အဲလောက်စားကောင်းတာစားရတယ် ဒီလောက်အရသာရှိတာ သောက်ရတယ် ဒီဘဝကတော့ အရမ်းကိုသာယာတာပဲ” ကုန်ရှန်ယိလည်း စိတ်တက်ကြွလေသည်။

“နည်းနည်းမူးနေပြီလို့ ဘာလို့ခံစားနေရတာလဲ” ကုန်တောင်ကြား၏ တပည့်တစ်ယောက်သည် အော်လေသည်။

“ငါလည်းမူးတယ်လို့ခံစားရတယ်” နောက်တပည့်တစ်ယောက်သည် မျက်ခုံးများကြုတ်လေသည်။

“ဟားဟား မင်းတို့က ဒီအသီးဝိုင်လေးနည်းနည်းလောက်လိုက်တာကို လား” ဘေးမှ တပည့်တစ်ယောက်သည် ရယ်မောလေသည်။ သို့သော် သူ စကားပြောပြီးသည်နှင့် သူပါ မူးဝေလာသည် “ငါလည်း သောက်တာများလို့ လားပဲ”

“ဟင်း…”

သူပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

ပြီးနောက်တွင် ဒုတိယတစ်ယောက် တတိယတစ်ယောက်လဲကျသွား လေသည်။ ရင်ယန်နန်းတော်မှလူဖြစ်စေ ကုန်တောင်ကြားမှလူဖြစ်စေ အကုန် လဲကျကြလေသည်။

အကြီးအကဲဝူသည်လည်း အနည်းငယ်မူးဝေမှုကိုခံစားရကာ ရှီမာယူယူ လှုပ်ရှားမှုရပ်တန့်သည်ကို မြင်လိုက်ရာ သူသည် ချက်ချင်းပင် သတိကပ် လိုက်သည်။

“မင်း ငါတို့ကိုဘာလုပ်လိုက်တာလဲ” သူသည် ရှီမာယူယူကိုကြည့်ပြီး ခေတ္တမျှ ဆိုင်းတွပြီးနောက် ထရပ်လိုက်လေသည်။

ရှီမာယူယူသည် လက်ထဲတွင် အသားကင်တံဆို့ကိုင်ထားကာ သူ့အား ကြည့်ရုံသာကြည့်နေသည်။

ကုန်ရှန်ချီသည် သူ့တောင်ကြားမှတပည့်များပါ လဲကျသွားသည်ကို မြင် သောအခါ ထိတ်ပျာပျာဖြစ်သွားသည်။ သို့သော် ကုန်ရှန်ယိသည် ခုံပေါ်တွင် အေးဆးတည်ငြိမ်စွာထိုင်နေသည်ကို မြင်သောအခါ သူလည်း ထိုင်လျက်သာ နေလိုက်၏ ။

“ညီမလေး ဒါက…”

ကုန်ရှန်ယိသည် အသားတစ်စိတ်စားပြီးနောက်တွင် ထရပ်ကာ ကျောက်စိမ်းပုလင်းထုတ်လိုက်သည်။ သူမသည် ကုန်တောင်ကြားတပည့် တစ်ယောက်ဆီ၏ ရှေ့သို့သွားကာ အနံ့ရှုခိုင်းပြီး သတိပြန်လည်အောင်လုပ် လေသည်။

“ဘာဖြစ်သွားတာလဲ”

“မင်းတို့က အတူပေါင်းကြံတာလား” အကြီးအကဲဝူသည် ကုန်ရှန်ယိနှင့် ရှီမာယူယူတို့အကြားကြည့်ပြီး နောက်ဆုံးမှပင် တုံ့ပြန်နိုင်လေသည်။

“နောက်ဆုံးတော့သိသွားပြီပေါ့” ကုန်ရှန်ယိသည် သူမ ခုံသို့ပြန်ထိုင်ကာ အသားကို တို့ဆိတ်နေသည်။

“မင်းတို့… တမင်လုပ်တာပဲ” အကြီးအကဲဝူသည် နောက်ဆုံးတွင် နားလည်သွားလေသည် “မင်းတို့က မင်းတို့လှေပေါ် ငါတို့တက်လာအောင် အစကတည်းက စီစဉ်ထားတာပဲ”

“မှန်တယ် အကြီးအကဲဝူ တုံ့ပြန်တာတော့ တကယ်မြန်တာပဲ” ကုန်ရှန်ယိသည် ဝိုင်ကရားယူကာ သူ့ဆီသို့ မြှောက်ပြီးချီးမြှောက်လေသည်။

“ဘာလို့လဲ” အကြီးအကဲဝူသည် ကုန်ရှန်ယိကိုကြည့်လိုက်သည်။ သူမ ဘာကြောင့် ထိုကဲ့သို့အရာကိုပြုလုပ်သည်ကို သူ နားမလည်တော့ပေ။ သူတို့ သည် ကုန်တောင်ကြားနှင့် ဘာသွေးကြွေးမှမရှိပေ။

ထို့နောက် သူသည် ရှီမာယူယူဘက်သို့ အကြည့်လှည့်ကာ ရင်ယန် နန်းတော်နှင့် အသည်းကွဲတောင်ကြားမှ ရန်ငြိုးရှိသလားဟု ပို၍ပင် ရှုပ်ထွေး သွားသည်။

“ဘာလို့လဲ” သူ နားမလည်ပေ။ သူသည် အကြောင်းအရင်းကို စဉ်းစား မရပေ။

“ဘာလို့လဲ ဟုတ်လား” ရှီမာယူယူသည် လျှောက်သွားပြီး အကြီးအကဲ ဝူကို နင်းလိုက်သည် “ကျွန်တော့်ကို မမှတ်မိဘူးလားူ”

အကြီးအကဲဝူသည် မမှတ်မိဘူးဟု သူမကို မသိစိတ်မှ ပြောချင်သော်လည်း သူမ မေးနေသည့်ပုံစံကိုမေးသောအခါ ထိုအဖြေသည် မမှန်နိုင်ဟု ခံစားရသည်။

“အရင်ကတွေ့ဖူးတာလား” သူသည် ကြာရှည်စွာစဉ်းစားလိုက်သည်။ သို့သော် သူသည် သူတို့အကြားမှဆက်နွယ်မှုကို ရှာမရပေ။

“အမှန်ပဲ ခင်ဗျားက အခုကျွန်တော့်လက်ရှိပုံစံနဲ့တော့ တစ်ခါမှမတွေ့ဖူး ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ခင်ဗျားသေချာပေါက် မှတ်မိနိုင် မယ့်သူရှိတယ် ရှီမန်ဖန်.. ထွက်လာပြီး မင်းရဲ့ မိတ်ဆွေဟောင်းကိုကြည့်လိုက် ပါဦး”

“ချွတ်”

ရှီမန်ဖန်သည် တံခါးဖွင့်ပြီး အိမ်ထဲမှထွက်လာသည်။ သူသည် မျက်နှာ ဖုံးအုပ်မထားတော့ပေ။

“မင်း မင်းက…” အကြီးအကဲဝူသည် ချက်ချင်းပင် ရှီမန်ဖန်ကို မှတ်မိ ကာ သူ့မျက်နှာတွင် မယုံကြည်မှုများပြည့်နှက်သွားလေသည်။ “မင်းက သေသွားပြီမဟုတ်ဘူးလား”

ရှီမန်ဖန်သည် အောက်ထပ်သို့ ဖြည်းညင်းစွာလျှောက်လာသည်။ သူ လှမ်းလိုက်သော ခြေလှမ်းတိုငးသည် အကြီးအကဲဝူ၏ နှလုံးသားကို နင်းခြေ လိုက်သည့်အတိုင်းပင်။

ဒါမဖြစ်နိုင်လိုက်တာ… ကျုံကျန်းမျိုးနွယ်ဝင်တွေပြန်လာတော့ ရှီမန်ဖန် က အရိုက်ခံရပြီး အသည်းကွဲတောင်ကြားကိုကျသွားပြီလို့ ပြောခဲ့တာ… သူ မကျခင်ကို ဒဏ်ရာအကြီးအကျယ်ရသွားသေးတယ်…

လူအများစု အသက်မရှင်နိုင်တဲ့နေရာမှာ… သူက ဒဏ်ရာလည်း အများ ကြီးရထားတာကို…

အသည်းကွဲတောင်ကြား…

အသည်းကွဲတောင်ကြား!!!

နောက်ဆုံးတွင် သူတို့ အသည်းကွဲတောင်ကြားတွင် အင်အားစု တည်ထောင်ရခြင်းအကြောင်းအရင်းကို နားလည်သွားခဲ့ပြီ။ အဲဒါတွေက အကုန်လုံးရဲ့ အရင်းအမြစ်ဖြစ်ခဲ့တာပဲ။

“ကြည့်ရတာ ငါတို့ ရှီမန်မျိုးနွယ်ဝင်တွေ ချေမှုန်းခံရတာက မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ထဲထဲဝင်ဝင်ရှိနေတဲ့ပုံပဲ ဒီလောက်နှစ်တွေကြာအောင် မတွေ့ရတာကို ငါဘယ်လိုပုံစံရှိလဲဆိုတာကို မှတ်မိသေးတာပဲ” ရှီမန်ဖန်သည် အကြောင်းပြချက်ပြောပြရင်း ရှီမာယူယူဘက်သို့ လျှောက်လာလေသည်။

“မင်း သေသွားပြီမဟုတ်ဘူးလား ဘယ်လိုလုပ်အသက်ရှင်နေနိုင်တာ လဲ”

သူ အသက်ရှင်နိုင်သည်သာမကပဲ ဒီလောက်အချိန်တိုအတွင်းတွင် အင်အားကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ ထို့အပြင် စွမ်းအားကြီးမား သည်။

“ကောင်းကင်က ငါ့အသက်ကိုမတောင်းချင်သေးဘူး ငါ့ကိုအသက်ရှင် နေပြီး လက်စားချေစေချင်နေတယ် ပြောဦး ငါက ဘယ်လိုလုပ် ဒီအတိုင်းပဲ သေရဲမှာလဲ” ရှီမန်ဖန်သည် အကြီးအကဲဝူ၏ လက်မောင်းကိုနင်းလိုက်ရာ သူ့ လက်ကျိုးသွားသည်ကို အားလုံးကြားလိုက်ရသည်။

အကြီးအကဲဝူသည် သန်မာသောလူကြီးဖြစ်သည်။ သူဒဏ်ရာရသွား သော်လည်း အသံတစ်သံမှမထွက်ပေ။

“မင်းဘာလုပ်ချင်တာလဲ” သူ၏ အံကြိတ်သံသည် နာကျင်စွာထွက်လာ သည်။

“ဘာလုပ်ချင်တာလဲဟုတ်လား ငါတို့လုပ်နိုင်တာက သွေးကိုသွေးနဲ့ ပြန် ပေးဆပ်တာပဲ” ရှီမန်ဖန် ပြောလိုက်သည် “အဲတုန်းက ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်က ငါ့မိသားစုကို ဖျက်ဆီးခဲ့တယ် မင်းရှိနေတယ်မလား သူတို့ တစ်ယောက်ချင်းစီအသတ်ခံရတာကို မင်းကြည့်နေခဲ့တယ်၊ ငါ့ရဲ့ ရှီမန် မျိုးနွယ်တစ်ခုလုံး မီးထဲမှာပြာကျတာကို မင်းကြည့်နေခဲ့တယ် ပြောဦး ဒီသွေး ကြွေးကို ဘယ်လိုပြန်ဆပ်ခိုင်းရမလဲ”

***

All Chapters