← Chapters

အတ္တမူကျောက်စိမ်း

Vol. 11 Ch. 218

အတ္တမူကျောက်စိမ်း

Vol. 11 Ch. 218

မုဝမ်းယန်သည် ခင်ပွန်းဖြစ်သူ၏ စကားကိုကြားလျှင် နှုတ်ခမ်းကို ကိုက်မိလိုက်သည်။ ဟွားဖေး ၏စကားကို သူမအနေနှင့် ဘဝင်မကျသည်မှာ ထင်ရှားသည်။ ဟွားဖေးက ဇနီးဖြစ်သူ၏ ခံစားချက်ကို နားလည်ဟန်နှင့် မုဝမ်းယန်၏ ပုခုံးကို ညင်သာစွာ ပွေ့ဖက်လိုက်ရင်း

“ဝမ်းယန် ကိုယ့်ကိုယုံပါ။ မင်းဖြစ်စေချင်တဲ့အတိုင်း ကိုယ်ဖြစ်အောင်လုပ်ပေးမှာပါ။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး၊ နားလည်တယ်နော်”

မုဝမ်းယန်မှာ ပထမတွင် ခင်ပွန်းဖြစ်သူ၏ စကားကို သဘောမပေါက်ဟန်နှင့် တွေဝေသွားသော်လည်း နောက်ဆုံးတွင် တစ်စုံတစ်ရာကို ရိပ်မိသွားပြီး ဟွားဖေးကို အံ့အားသင့်စွာ မော့ကြည့်မိ သည်။

“တကယ်ပြောတာလား”

ဟွားဖေးက ခေါင်းညိတ်ပြလိုက်ပြီး

“ဒါပေါ့၊ အချိန်တစ်ခုရောက်လာရင် မင်းဆရာအတွက် လက်စားချေခွင့် ရလာမှာပါ”

ဟွားဖေးက အချိန်အတိအကျ မပြောသော်လည်း သူ့စကားမှာ မုဝမ်းယန်အတွက် စိတ်သက်သာ ရာရစေသည်မှာ အမှန်ပင်ဖြစ်သည်။ သူမသည် စိတ်ခံစားချက်များကို ချုပ်ထိန်းလျက် ခင်ပွန်းဖြစ် သူကို ရိုသေစွာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန် ကျန်းချန်ရွှမ် တစ်ကိုယ်တည်းကျင့်ကြံနေသည့် လှိုဏ်ဂူတစ်နေရာတွင်ဖြစ်သည်။ ကျန်း ချန်ရွှမ်သည် ဒုတိယမြောက် မူလဓမ္မရတနာကို စတင်သွန်းလုပ်လျက်ရှိသည်။ အင်မော်တယ်ရေ ကျောက်စိမ်းနှင့် ရေပြာကြာပန်းဖူးကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး အခြားအဆင့် ၃ နှင့် ၂ တန်ဖိုးကြီးကုန်ကြမ်းများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ အကြမ်းထည် ဖန်တီးသည့်အဆင့်မှာ အချိန်တိုအတွင်း ပြီးစီးသွားသည်။ နောက်ထပ်အဆင့်များမှာ ပို၍ရှုပ်ထွေး လက်ဝင်မည်ဖြစ်ပြီး အချိန်အားဖြင့် တစ်နှစ်နီးပါး လိုအပ်ဦးမည်ဖြစ်သည်။ ကျန်းချန်ရွှမ် ဖန်တီး နေသည့် ရေဓာတ်အခြေခံ မူလဓမ္မရတနာသည် အဆင့် ၃ အနိမ့်စားအဆင့် မဟုတ်ဘဲ အလယ်အ လတ်အဆင့်ဖြစ်၍ ရွှေဗလာနယ်ဓားကို သွန်းလုပ်စဉ်ကထက် များစွာရှုပ်ထွေးခက်ခဲပါလိမ့်မည်။ ကံကောင်းသည်က ကျန်းချန်ရွှမ်၏ လက်နက်သွန်းလုပ်သန့်စင်ခြင်း စွမ်းရည်သည်လည်း ထိုစဉ် ကထက် အဆများစွာ တိုးတက်လာပြီဖြစ်သည်။

သို့နှင့် နောက်ထပ်နှစ်နှစ်ကုန်လွန်ခဲ့ပြန်သည်။ ကျန်းချန်ရွှမ်ရှိနေသော လှိုဏ်ဂူအတွင်း၌ အပြာ ရောင်လှိုင်းကြက်ခွပ်များ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလှိုင်းများထံမှ ကြည်လင်နူးညံ့သော အော်ရာတစ်မျိုး ထုတ်လွှတ်လျက်ရှိသည်။ နောက်ဆုံးတွင် လှိုင်းများပျက်ပြယ်သွားပြီး ကျန်းချန် ရွှမ်လက်ထဲတွင် ပင်လယ်ပြာရောင် ဆွဲသီးလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ကျန်းချန်ရွှမ်သည် ထို ရတနာကို ကြည့်လျက် ကျေနပ်စွာပြုံးလိုက်သည်။ နောက်ဆုံးတွင် သူအောင်မြင်ခဲ့ပြီဖြစ်သည်။ အဆိုပါဆွဲသီးလေးသည် အဆင့် ၃ အလယ်အလတ် အဆင့်ရှိပြီး ကျန်းချန်ရွှမ်၏ ဒုတိယမြောက် မူလဓမ္မရတနာလည်းဖြစ်သည်။ ထိုရတနာသည် ချေမှုန်းရေးလက်နက် မဟုတ်သလို ကာကွယ် ရေးပစ္စည်းလည်းမဟုတ်ဘဲ ဓမ္မစွမ်းအင်ကို သိုလှောင်သိမ်းဆည်းဖို့ အတွက်သာ အသုံးချနိုင်မည် ဖြစ်သည်။

ရတနာ၏ လက်ရှိအဆင့်အတန်းအရ ကျန်းချန်ရွှမ်၏ ရှိရင်းစွဲ ဓမ္မစွမ်းအင်ပမာဏထက် သုံးဆကို သိုလှောင်ထားနိုင်ပါမည်။ တစ်နည်းဆိုရလျှင် တိုက်ပွဲအတွင်း ကျန်းချန်ရွှမ်၏ ဓမ္မစွမ်းအင်များ လုံးဝကုန်ဆုံးသွားပါက ထိုရတနာသည် လိုအပ်နေသည့် ဓမ္မစွမ်းအင်များကို နောက်တစ်ကြိမ် အပြည့်ဖြည့်ဆည်းပေးပါလိမ့်မည်။ တစ်ချိန်တည်းတွင် ရတနာမှ အသစ်ဖြည့်တင်းပေးလိုက်သည့် စွမ်းအင်များသည် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နေသည့် မကောင်းသည့်စွမ်းအင်များကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ဥပမာ အဆိပ်၊ ကျိန်စာနှင့် စွမ်းအင်လောင်ကျွမ်း ခြင်းများဖြစ်သည်။ အနာဂတ်တွင် ရတနာ၏ အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ စွမ်းအင်သိုလှောင်နိုင်စွမ်းသည်လည်း လိုက်ပါတိုးမြင့်လာမည်ဖြစ်သည်။

အချုပ်ဆိုရလျှင် ထိုရတနာသည် အထောက်အကူပြုပစ္စည်းတစ်ခု ဖြစ်သော်လည်း ရွှေဗလာနယ် ဓားထက် တန်ဖိုးအရသော်လည်းကောင်း၊ အသုံးဝင်မှုအရသော်လည်းကောင်း နိမ့်ကျခြင်းမရှိပေ။ ကျန်းချန်ရွှမ်သည် ထိုရတနာလေးကို ကြည်နူးစွာကြည့်ရင်း

“ဒီနေ့ကစပြီး မင်းကို အတ္တမူကျောက်စိမ်းလို့ခေါ်မယ်”

ထို့နောက် ကျန်းချန်ရွှမ်သည် ထိုကျောက်စိမ်းလေးကို ညင်သာစွာ တို့ထိလိုက်ရာ အပြာရောင်အလင်းအဖြစ် အသွင်ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ရောနှောပေါင်းစပ်သွားတော့သည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံဝင်လာတော့သည်။

[ဂုဏ်ယူပါသည် စနစ်ပိုင်ရှင်၊ ဒုတိယမြောက် မူလဓမ္မရတနာကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ပါပြီ၊ ဆုလာဘ်အနေနှင့် မြေနက်ပုဆိန်သွားလှံ ကို သွန်းလုပ်နည်းနှင့်အတူ လက်နက်သွန်းလုပ်သူတစ် ဦးကို အနီးကပ် ကြည့်ရှုလေ့လာခွင့်ကိုလည်း ရရှိပါမည်]

စနစ်၏ ဒုတိယဆုလာဘ်သည် သူ၏ လက်နက်ဖန်တီးခြင်း အရည်အသွေးကို တိုးမြင့်စေမည်မှာ ယုံမှားဖွယ်မရှိပါ။ သို့သော် ကျန်းချန်ရွှမ် အာရုံရောက်နေသည်က ပထမဆုလာဘ် မြေနက်ပုဆိန် သွားလှံဖြစ်သည်။ ထိုလက်နက်သည် မြေဓာတ်အခြေခံ မူလဓမ္မရတနာဖြစ်ပြီး အနီးကပ်တိုက်ပွဲ အတွက် အဓိကအသုံးပြုနိုင်ပါမည်။ အလေးချိန်မှာ သူမတူအောင် များပြားလေလံပြီး သူအသုံးပြုနေသည့် ရွှေနက်တုတ်ထက်ပင် ပိုမိုလေးလံပါသည်။ ထိုလက်နက်ကို ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ ဓမ္မစွမ်းအင်ကို အပြည့်အသုံးချလျှင်တောင် မနိုင်မည်မဟုတ်ပါ။ လက်နက်ကို ဖန်တီးသူ တစ်ဦးတည်းသာ ကိုင်ဆောင်အသုံးပြုနိုင်စွမ်းရှိပြီး အနီးကပ်တိုက်ပွဲများအတွက် အထူးအသုံးဝင် မည်မှာ သေချာသည်။

ထိုလက်နက်ကို အပြီးသတ်ဖန်တီးပါက တစ်ချက်လွှဲယမ်းလိုက်ရုံနှင့် တောင်တစ်လုံးကို ချေမွနိုင်မည်ဟု ကျန်းချန်ရွှမ်ယုံကြည်မိသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် လက်နက်ဖန်တီးနည်းနှင့် လိုအပ်သည့် ကုန်ကြမ်းများကို စစ်ဆေးကြည့်လိုက်ရာ လတ်တလောတွင် ထိုပစ္စည်းများအနက် အနည်းစုသာ ရှိကြောင်းသိလိုက်ရသည်။ အဆိုပါရှိနှင့်ပြီးပစ္စည်းများမှာလည်း အရေးမပါသည့် အရန်ကုန်ကြမ်းများသာဖြစ်သည်။ သူ့အနေနှင့် အနာဂတ်တွင် အချိန်တစ်ခုပေးကာ လိုအပ်သည့် ကုန်ကြမ်းရင်းမြစ်များကို စုဆောင်းရပါဦးမည်။ ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် တစ်ကိုယ်တော်ကျင့်ကြံခြင်းကို အဆုံးမသတ်သေးဘဲ တွက်ချက်ခြင်းပုတီးစေ့ကို ထုတ်ယူလိုက်သည်။

ဒုတိယအကြိမ်မြောက် နတ်ဆိုးသားရဲကပ်ဘေးသည် မကြာခင် ကျရောက်လာတော့မည်ဖြစ်သ လို ကြာခုနစ်ပွင့်ဂိုဏ်း၏ လှုပ်ရှားမှုများသည်လည်း စိုးရိမ်မှတ်အထိ ရောက်ရှိလာပြီဖြစ်ရာ သူ၏ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ထားရန်လိုအပ်ပါလိမ့်မည်။ ကျန်းချန်ရွှမ်သည် အဆိုပါပုတီးစေ့ကို ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်၏ မဖော်ထုတ်ရသေးသည့် အပိုင်းများကို ဖော်ထုတ် ရာတွင် အသုံးချရမည်လား၊ သို့မဟုတ် အကန့်အသတ်မဲ့ဘီး၏ နောက်ဆက်တွဲ အကြောင်းအရာများကို ဖော်ထုတ်ရာတွင် သုံးရမည်လားဟု ဝေခွဲမရဖြစ်နေသေးသည်။ နောက်ဆုံးတွင် အကန့်အ သတ်မဲ့ဘီးကျင့်စဉ် ဖော်ထုတ်ရာတွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ၏ တိုက်ပွဲဝင်စွမ်းရည် ကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်သည်မှာ ထိုကျင့်စဉ်သာဖြစ်သည် မဟုတ်ပါလား။

***

All Chapters