ကြာခုနစ်ပွင့်ဂိုဏ်းပေါ်လာပြီ
Vol. 11 Ch. 220
“နောက်တစ်ဆင့်တက်နိုင်လို့ ဂုဏ်ယူမိပါတယ် စီနီယာအဒေါ်၊ အနာဂတ်မှာ ရွှေအမြုတေအဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ပါတယ်”
ကျန်းရန်ယီက ဝမ်းသာအားရ နှုတ်ဆက်လိုက်သလို ကျန်းချန်ရွှမ်ကလည်း ရှန်းရူယန်ကို ကြည်နူး စွာဖြင့် ဂုဏ်ပြုလိုက်သည်။
“ကိုယ်အရမ်းဝမ်းသာတယ် ရူယန်”
ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းရန်ယီအား ဆေးပုလင်းတစ်ခု ကမ်းပေးလိုက်ကာ
“ရန်ယီ၊ ဒီဆေးပုလင်းက ရွှေသားအနှစ်ဆေးပုလင်းပဲ။ မင်းအဒေါ် ဂူပိတ်ကျင့်ကြံနေတုန်းက အား လပ်ချိန်တွေမှာ ဖော်စပ်ထားခဲ့တာ။ မင်းအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။ ယူထားပါ”
ရွှေသားအနှစ်ဆေးပြားဆိုသည်မှာ အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ ဆေးဝါးတစ်မျိုးဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အထူးသင့်တော်သလို ကျင့်ကြံသည့်ကာလကို လည်း အဆများစွာ လျှော့ချပေးနိုင်စွမ်းရှိ၍ အဖိုးတန်ရတနာဆေးပြား ဟုသတ်မှတ်နိုင်ပါလိမ့် မည်။ အများအားဖြင့် ထိုဆေးပြားကို ဈေးကွက်အတွင်း တွေ့ရှိရလေ့မရှိချေ။ ကျန်းရန်ယီသည် ဆေးပုလင်းကို ကျေးဇူးတင်စွာ လက်ခံရယူပြီးနောက် ဦးညွတ်လိုက်သည်။
“ကျေးဇူးအထူးတင်ပါတယ် စီနီယာအဒေါ်”
“ရပါတယ်ကွယ်”
ထို့နောက် ကျန်းရန်ယီသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်ပြီးနောက် ရွှမ်းမင်တောင် ထွတ်မှ ထွက်ခွာသွားတော့သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးမှာ စကားလက်ဆုံပြောရင်း ကျန်ရစ်ခဲ့ သည်။ သည်နှစ်ကာလများအတွင်း ရှန်းရူယန်သည် ကျီဖုနယ်ပယ် ဆဌမအဆင့်ကို တက်လှမ်းနိုင်ရုံမက ဒုတိယမြောက် မူလဓမ္မရတနာဖြစ်သည့် မိုးကြိုးဆင်းတံဆိပ်တော်ကိုလည်း အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း ကျန်းချန်ရွှမ်သိလိုက်ရသည်။ မုရုံဖေးလုံတို့ထံမှ ရရှိခဲ့သည့် နှစ်တစ် ထောင်မိုးကြိုးဆင်းသစ်သားကို အသုံးပြု၍ မူလဓမ္မရတနာကို အဆင့် ၃ အလယ်အဆင့်ထိ မြှင့် တင်နိုင်ခဲ့သည်ဟု ရှန်းရူယန်ကဆိုသည်။ ယခုအခါ မိုးကြိုးဆင်းတံဆိပ်တော်သည် ရှေးကထက် ဆယ်ဆ ပိုမိုအစွမ်းထက်လာရုံမက နောက်ထပ် အခြေခံဓာတ်တစ်ပါးဖြစ်သည့် သစ်သားဓာတ်၏ စွမ်းအင်များကိုလည်း လက်ခံရရှိလိုက်ပါသေးသည်။
ထိုကဲ့သို့ အစွမ်းထက်သည့် ဓမ္မရတနာမျိုးသည် ပုံမှန်အားဖြင့် ဓမ္မစွမ်းအင် ကုန်ကျမှု အလွန်များ ပြားလေ့ရှိသော်လည်း မိုးကြိုးဆင်းတံဆိပ်တော်မှာ ရှန်းရူယန်၏ မူလဓမ္မရတနာ ဖြစ်နေသော ကြောင့် စွမ်းအင်သုံးစွဲမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါသည်။ ရှန်းရူယန်မဟုတ်သည့် အခြားသူတစ်ဦး ကိုင်တွယ်အသုံးပြုလျှင်တော့ ထိုအာနိသင်ကို ရရှိမည်မဟုတ်ပါ။ ကျန်းချန်ရွှမ်တို့နှစ်ဦး စကားပြောနေကြချိန်မှာပင် ကျန်းရန်ယီတစ်ယောက် ခပ်သုတ်သုတ် ပြန်လည် ရောက်ရှိလာသည်။ သူ့မျက်နှာမှာ မည်းမှောင်လျက်ရှိပြီး ဒေါသထွက်နေဟန်ရှိသည်။ ကျန်းချန် ရွှမ်တို့လည်း တစ်ခုခုဖြစ်လာမှန်း ရိပ်မိလိုက်ကြသည်။
“စီနီယာဦးလေးနဲ့အဒေါ်”
ကျန်းရန်ယီက စကားပလ္လင်မခံတော့ဘဲ တည့်တိုးပြောချလိုက်သည်။
“ကျွန်တော်တို့ပိုင်တဲ့ အဆင့် ၁ ဈေးတစ်ခု အမြစ်ဖြုတ်သုတ်သင်ခံလိုက်ရတယ်။ ဈေးတာဝန်ခံ ကျန်းချင်ယန်လည်း သေသွားတယ်”
လွန်ခဲ့သည့်နှစ်နှစ်က ကျန်းချင်ယန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ သည့်အတွက် မိသားစုက သူ့ကို မေပယ်ရွက်ဈေး ဟုခေါ်သည့် ကျန်းမိသားစုပိုင် အဆင့် ၁ ဈေးတစ်ခုကို အုပ်ချုပ်ရန် တာဝန်ပေးခြင်းခံရသည်။ နှစ်နှစ်အကြာတွင်တော့ ကျန်းချင်ယန်ခမျာ အဆိုပါကံကြမ္မာဆိုးမျိုးနှင့် ကြုံတွေ့လိုက်ရရှာသည်။ ကျန်းချန်ရွှမ်တို့နှစ်ဦး မှော်တိုင်တောင်တွင် အခြေချပြီးကတည်းက ကျန်းမိသားစုကို ပထမဆုံးအကြိမ် ဦးတည်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အဆိုပါသတင်းဆိုးကြောင့် မျက်နှာများတင်းမာသွားကြသည်။
“ဘယ်သူ့လက်ချက်လဲဆိုတာ သိထားပြီးပြီလား”
ကျန်းချန်ရွှမ်၏ အမေးကို ကျန်းရန်ယီက မဆိုင်းမတွ ပြန်ဖြေသည်။
“ကျွန်တော်တို့သိရှိရသလောက် ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ လက်ချက်ဆိုတာ ထင်ရှားပါတယ်”
“ဘယ်လို..”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထိုဂိုဏ်းနာမည်ကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးကုန် ကြသည်။ ရှန်းရူယန်က အမောတကော မေးမြန်းသည်။
“ဘာကြောင့် ကြာခုနစ်ပွင့်ဂိုဏ်းလက်ချက်လို့ အတပ်ပြောနိုင်ရသလဲ”
“အခင်းဖြစ်ပွားရာနေရာမှာ အနီရောင်ကြာပွင့်တစ်ခုကို တွေ့ပါတယ်။ နောက်ပြီး အသတ်ခံလိုက်ရသူတွေရဲ့ အလောင်းတွေကလည်း အသွေးအသားတွေ ခြောက်ကပ်တဲ့အထိ စုပ်ယူခံထားရပါ တယ်။ နောက်ပြီး အနီးတဝိုက်မှာလည်း ပြင်းထန်တဲ့ မိစ္ဆာချီ အငွေ့အသက်တွေကို ခံစားမိပါသေး တယ်။ ကျွန်တော့်အမြင်မှာ ဒီကောင်တွေဟာ သူတို့ရဲ့ ခြေရာလက်ရာတွေကို တမင်မဖုံးခဲ့တာလို့ ယူဆပါတယ်။ မဟုတ်ရင် သူ့တို့လက်ချက်မှန်းသိဖို့ အချိန်အတော်ပေးပြီး စုံစမ်းယူရပါလိမ့်မယ်”
“ဒါဖြင့် သွားကြည့်ကြစို့”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်ယီဦးဆောင်မှုဖြင့် အချိန်တိုအတွင်း မေပယ်ရွက်ဈေးကို ရောက်ရှိလာကြသည်။ ဈေးတစ်ခုလုံးသည် သားသတ်ရုံတစ်ခုသဖွယ် မြင်မကောင်းဖြစ်နေတော့သည်။ နေရာတိုင်းတွင် သွေးများ၊ ညှိုးခြောက်နေသော အလောင်းများ၊ အဆောက်အဦး ပျက်များနှင့် ပြည့်နှက်နေသည်။ ကျန်းချန်ရွှမ်တို့ ရောက်ရှိလာချိန်တွင် အခင်းဖြစ်ပွားရာနေရာကို စုံစမ်းထောက်လှမ်းနေသူမှာ ကျန်းမိသားစု၏ ဒုတိယအကြီးအကဲ ကျန်းရန်ချွမ်း ပင်ဖြစ်သည်။ ကျန်းရန်ချွမ်းနှင့် သူ့လူများသည် ကျန်းချန်ရွှမ်တို့ ရောက်ရှိလာသည်ကိုမြင်လျှင် အပြေးအလွှား ရောက်လာပြီး ဂါရဝပြုလိုက်ကြသည်။
“နှုတ်ဆက်ပါတယ် စီနီယာဦးလေးနဲ့အဒေါ်”
ကျန်းချန်ရွှမ်က အသာလက်ကာပြပြီး
“ဒါတွေအသာထားပါ။ ခင်ဗျားတို့ စုံစမ်းနေတာ ဘာတွေသိရပြီလဲ”
***
စာစဉ် ၁၁ ပြီးပါပြီ။