ဟင်းပွဲတွေကို ငါးစာအဖြစ်အသုံးချခြင်း ၄
Vol. 011 Ch. 1092
အကြီးအကဲဝူသည် ထိုစဉ်က မီးလောင်မှုကိုတွေးမိလိုက်သည်နှင့် မျက်အိမ်များ ကျဉ်းမြောင်းသွား၏ ။ နှစ်ပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီဖြစ် သော်လည်း သူသည် ထိုနေ့ကို ရှင်းလင်းစွာ မှတ်မိသေးသည်။
“အခု မှတ်မိပြီလား”
“မင်းသတ်ချင်တယ်လိုရင် သတ်လိုက်တော့” အကြီးအကဲဝူသည် အခုချိန်တွင် ကိစ္စများကိုသိသွားကာ လွတ်မြောက်လိုချင်းသည် အကျိုးမရှိ သည်ကို သိလိုက်ရသည်။ တခြားသော နားလည်မှုလွဲခြင်းသာဆိုလျှင် သူ သည် လွတ်မြောက်ခြင်းအတွက် နည်းလမ်းရှာတွေ့နိုင်ကောင်း တွေ့နိုင် သည်။ သို့သော် မျိုးနွယ်တစ်ခု ချေမှုန်းခံရခြင်းအတွက် လက်စားချေမှုသည် စကားများနှင့် ချေဖျက်မရနိုင်သည့်အရာဖြစ်သည်။ ယခုအချိန်တွင် သူသည် မြန်ဆန်စွာသေရန်ကိုပင် ဆုတောင်းနေမိသည်။
“မင်း သေချင်တိုင်း ဒီအတိုင်းပဲသေလို့ရမယ်ထင်နေလား” ရှီမန်ဖန် သည် ခြေထောက်ကြွကာ ကြမ်းပေါ်မှ လူများကို အေးစက်သောအကြည့်ဖြင့် ကြည့်လေသည်။ “စိတ်ချပါ မင်းကိုသေချာပေါက် သေခိုင်းမှာပါ မင်းမျက်လုံး ဖွင့်ပြီးတော့ကို မင်းသေတာကိုကိုယ့်ဘာသာကြည့်ခိုင်းမယ် သူတို့ကို အောက် ဆုံးအထပ်မှာ ပိတ်ထားလိုက်”
“ဟုတ်ကဲ့ တောင်ကြားသခင်”
အသည်းကွဲတောင်ကြားမှ တပည့်များသည် အသည်းကွဲတောင်ကြား တည်ထောင်ရခြင်းအကြောင်းမှာ ရင်ယန်နန်းတော်နှင့် ပညာရှိစံအိမ်တော် အကြားမှ ရန်ငြိုးရှင်းရန်ဆိုသည့်အချက်ကို သိထားသော်လည်း သူတို့၏ ဂိုဏ်းတစ်ခုလုံး ချေမှုန်းခံခဲ့ရသည့်အတွက် လက်စားချေသည်ကိုတော့ မသိ ကြပေ။
သူတို့သည် ရှေ့တိုးပြီး တစ်ယောက်ကို လက်မောင်းမှ မ,ယူလိုက် သည်။ သူတို့သည် လှည်းဖြင့်သယ်ကာ အောက်ထပ်မှ မြေအောက်ထပ် အမှောင်ခန်းထဲတွင် ပိတ်ထားလိုက်သည်။
သူတို့တွင် ဝိညာဉ်သားရဲများတိုက်ခိုက်မှုကို ဆွဲဆောင်နိုင်သော အနံ့ ရှိလေသည်။ သူတို့ိကိုသာ ပိတ်မထားလျှင် ပင်လယ်သားရဲများကို ဆွဲဆောင် လိမ့်မည်။
“ကောင်းပြီ ပူးပေါင်းတာအတွက် ကျေးဇူးတင်ပါတယ် ဒီဝိုင်တွေက အနှောင့်အယှက်မရှိပါဘူး စိတ်ချလိုက်ချသောက်လို့ရပါတယ်” ရှီမာယူယူ သည် အစောပိုင်းက ဝိုင်များကိုသိမ်းကာ ပြောရင်းနှင့် ကုန်းပတ်ပေါ်တွင် နောက်တစ်သုတ်ထုတ်လိုက်သည်။
“ဟီးဟီး ခေါင်းဆောင်က ကျွန်တော်တို့သောက်တာကို မတားဘူးဆို တာသိနေတယ်လေ” နီအန်းယိသည် ဝိုင်ကရားများကို ဖက်တွယ်ကာ ဘူးအဆို့များကို ဖယ်လိုက်သည်။ သူခေါင်းငုံ့ပြီး အနံ့ခံလိုက်သည်။ တကယ် ကိုကောင်းလိုက်တဲ့ အနံ့…
“မင်းက စကားကိုများတာ” ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ သို့သော် သူ့ကို အပြစ်တင်သည့်သဘောမဟုတ်ပေ။
ရှီမာယူယူတွင် ထိုဝိုင်များစွာရှိနေသည်မှာ ကောင်းသောကိစ္စပင်ဖြစ် သည်။ ထို့ကြောင့် လှေပေါ်မှလူတိုင်းသည် အဝသောက်နိုင်လေသည်။
ဝိညာဉ်လေးသည် သူတို့ တစ်နှစ်လုံးသုံးပြီး ချက်ထားသော ဝိုင်များ တစ်ဝက်လောက်ကို တစ်ညတည်းနှင့်ကုန်အောင်သောက်နေသည်ကို ကြည့် နေရလေသည်။ သူသည် သူတို့သောက်နိုင်သည့်အချက်တွင် ဝမ်းနည်း ပူဆွေးမိသည်။ ကြည့်ရတာ နောက်ကို ပိုပြီးလုပ်ရတော့မယ်ထင်တယ်… မဟုတ်ရင် နောက်ကျသူတို့သောက်တာနဲ့တင်လောက်မှာမဟုတ်ဘူး…
အရင်ကဆိုလျှင် သောက်သည့်သူနည်းသည်။ ထို့ကြောင့်ပင် သူတို့ အများအပြား မချက်ခြင်းဖြစ်သည်။ ဝိညာဉ်စေတီထဲမှ ဝိညာဉ်အသီးများသည် တစ်လုံးပြီးမှတစ်လုံး အချဉ်ဖောက်ရသဖြင့် သူတို့သည် အနည်းငယ်သာ ချက် နိုင်ခြင်းဖြစ်သည်။
သို့သော် သူတို့ ချက်ပြီးသည့်အရေအတွက်ကိုစဉ်းစားလိုက်ရာ သူမ လူအနည်းငယ်ကိုပေးလိုက်လျှင်တောင် ပြဿနာမရှိပေ။
လှေသည် ရှောင်ချီနှင့် ကုန်ရှန်ယိတို့၏ ထိန်းချုပ်မှုအောက်တွင် ၅ရက် ၆ရက်ကြာရွက်လွှင့်ပြီးနောက် နောက်ဆုံးတွင် ကျွမ်းတစ်ကျွန်းသို့ရောက်လေ သည်။
သူတို့ ကျွန်းဟုသာခေါ်သော်လည်း မသေးလှပေ။ တိုင်းပြည်တစ်ပြည် ၏ တစ်ဝက်အရွယ်အစားရှိသည်။
“ရှောင်ရှောင် နည်းနည်းလောက်ထူးခြားတာတွေ့လား” လှေသည် ကမ်းစပ်သို့နီးလာသည်နှင့် ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ လှေသိမ်းလိုက် သည်ကို ကြည့်နေသည်။ သူမသည် လှည့်ပြီး အဆုံးမရှိသော ရေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
“တစ်ခုခုတော့ တစ်ခုခုပဲ ငါတို့ဒီအထိရောက်လာပြီ ဒါပေမဲ့ ဘယ် ပင်လယ်သားရဲမှ တိုက်ခိုက်တာမခံရဘူး အရမ်းထူးဆန်းတယ်” စူးရှောင်ရှောင် ပြောလိုက်သည်။
“အဲဒါတင်မဟုတ်ဘူး အစောပိုင်းက ရေထဲမှာ ပင်လယ်သားရဲတွေရှိလို့ တောင် အံ့သြနေသေးတယ် နောက်တော့ ကုန်းပတ်ပေါ်ရောက်တော့ ပင်လယ်သားရဲတွေအများကြီးရှိတာကို သိလိုက်တယ် ဒါပေမဲ့ သူတို့က ကျွန်မတို့နဲ့လည်းတွေ့ရော ပုန်းတော့တာပဲ” ကုန်ရှန်ယိ ပြောလိုက်သည်။
“သူတို့က ရှောင်ချီတို့ကိုမနိုင်နိုင်ဘူးဆိုတာများ သိလို့လား အဲဒါကြောင့် သူတို့က ရှောင်ချီတို့ကိုရှောင်ကြတာလား” ရှောင်ချီသည် ယူဆလေသည်။
“သူတို့က ငါတို့နဲ့ တိုက်ရိုက်မှမတွေ့တာ ငါတို့ကိုမနိုင်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် သိမှာလဲ ပြီးတော့ ငါတို့က သူတို့ပိုင်နက်ထဲဝင်လာတာလေ ဒါပေမဲ့ ဘာမှမပြောကြဘူး” ဟန့်မြောင်ရွှမ် ပြောလေ၏ ။
“အမှန်ပဲ” ရှောင်ချီသည် သူမ နဖူးကိုဆိတ်ကာ “ရှောင်ချီတော့ မသိ တော့ဘူး ယူယူ သိလား”
“ငါ့မှာ အကြံကောင်းရှိတယ်လို့တော့ထင်တယ်” ရှီမာယူယူ ပြောလိုက် သည်။
“ဘာလို့လဲဆိုတာ တကယ်သိတာလား”
“ငါမှန်းတာမမှားဘူးဆိုရင် အစောပိုင်းက ငါ့အစ်ကိုတွေက ခရမ်းရောင် ရေနဂါးမျိုးနွယ်ကိုခေါ်ပြီး ဒီရေထဲကဖြတ်သွားတာဖြစ်မယ် ငါတို့လည်း ရေထဲ ဖြတ်တာနဲ့ သူတို့ကရှင်းအောင်လုပ်သွားတာ အဲဒါကြောင့် ပင်လယ်သားရဲ တွေက ငါတို့ကိုမရှုပ်ရဲတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်လိုလုပ်သိတာလဲ”
ရှီမာယူယူသည် မျက်စိမှိတ်ကာ နှာတစ်ချက်ရှုတ်ပြီး ပြောလိုက်သည် “လေထဲမှာ နဂါးမျိုးနွယ်အနံ့သဲ့သဲ့ရနေတယ် ဖြစ်နိုင်တာက သူတို့ ဒီကို ရောက်တာ သိပ်မကြာသေးဘူးပဲ”
“အဲဒါကိုတောင် မင်းအနံ့ရတယ်လား ငါကျဘာလို့မရတာလဲ” ဟန့်မြောင်ရွှမ်သည် ပတ်ပတ်လည် အနံ့ရှုရန်ကြိုးစားသော်လည်း ခရမ်းရောင် ရေနဂါးမျိုးနွယ်၏ အနံ့ကို တစ်ချက်မှ မရပေ။
“စီနီယာက သူတို့နဲ့ ကြာအောင်မှမနေဖူးဘူးလေ အဲဒါကြောင့် မပြော နိုင်တာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က သူတို့နဲ့အကြာပြီးနေခဲ့ တာ သူတို့အနံ့ကိုရင်းနှီးနေတာ သဘာဝပဲလေ”
“ခေါင်းဆောင် ဒီလူတွေကို ဘယ်လိုလုပ်မလဲ” နီအန်းယီ မေးလိုက် သည်။
“သူတို့ကို သဂြိုလ်မယ့်နေရာကောင်းလေးကူရှာပေးလိုက်” ရှီမာယူယူ သည် ပြောပြီးနောက်တွင် နီရဲပျားတစ်အုပ်ကို လွှတ်လိုက်လေသည်။ သူတို့ သည် လူနည်းနေသည့်အချိန်ကိုအခွင့်ကောင်းယူရမည်။ သူတို့သည် ကျွန်းငယ်လေးကို အကောင်းဆုံးစောင့်ကြည့်ပြီး ထိုကျွန်းတွင် အမှန်တကယ် ပင် သမိုင်းဝင်အထောက်အထားများကျန်ရှိသလားဆိုသည်ကို ကြည့်ရမည်။
အသည်းကွဲတောင်ကြားမှ တစ်ယောက်စီသည် ရင်ယန်နန်းတော်မှ လူ တစ်ယောက်စီကိုသယ်ကာ ယူယူနောက်လိုက်ပြီး ကျွန်းအလယ်သို့သွားလေ သည်။
သူတို့သည် တောင်တစ်ခု၏ တောင်ကြားရောက်သောအခါ သူတို့ကို ပစ်ချပြီး ပြေးမည်ပြုသည်။
“ငါတို့ကိုဘာလုပ်မလို့လဲ ငါတို့ကိုလွှတ်ဖို့ အကြံပေးလိုက်မယ် မဟုတ်ရင် ငါတို့ကိုသတ်တာ မင်းတို့ဆိုတာ ရင်ယန်နန်းတော်က သေချာ ပေါက်သိမှာပဲ” ရင်ယန်နန်းတော်မှ အကြီးအကဲများသည် ခြိမ်းခြောက်လေ သည်။
“ခင်ဗျားတို့ကို သတ်မယ်လို့ ဘယ်သူပြောတာလဲ” ရှီမာယူယူ လျှောက် လာသည် “ခင်ဗျားတို့ကို သတ်ဖို့ ကျွန်တော်တို့မှာအချိန်မရှိဘူး ပြီးရင် အဲဒါကို ရှင်းလင်းရေးလုပ်ဖို့လည်း စွမ်းအင်မရှိဘူး”
“ငါတို့ကို အခုလွှတ်ပေးရင် မင်းတို့ဒီနေ့ ငါတို့ကိုလုပ်ဖို့ကြိုးစားတာတွေ ကို တာဝန်မယူခိုင်းတော့ဘူး” တချို့လူများသည် အဖြစ်အပျက်ကို နားမလည်သေးသည့်အတိုင်း တစ်ကိုယ်ကောင်းဆန်ကြလေသည်။
“ဒီလူက မရူးဘူးမလား” ရှောင်ချီ မေးလိုက်၏ ။
“ရူးနေတယ်ထင်တာပဲ မဟုတ်ရင် ဒီလိုစကားတွေပြောမှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“မင်းတို့ အခုငါတို့ကိုဘာလုပ်လိုက်တာလဲ” ရင်ယန်နန်းတော်မှလူများ သည် တုန်လှုပ်ကြလေသည်။
“မင်းတို့ကို ဂရုစိုက်ဖို့လူက အလိုလိုရောက်လာမှာပါ” ရှီမာယူယူ ပြော လိုက်သည် “မင်းတို့ရဲ့ ရင်ယန်နန်းတော်က ငါတို့်ကို ဒီလိုပဲပြောခဲ့တာမလား ငါတို့ကိုယ်တိုင်မလုပ်ရင် သူတို့ကဘယ်လိုလုပ် ရာဇဝတ်မှုနဲ့ မစွပ်စွဲနိုင်ဘူး မလား”
အကြီးအကဲဝ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူမသည် အမှန်တကယ်ပင် သူ့ကိုရှုပ်ထွေးစေသည်။ သူတို့ဘာလုပ်မည်ကို သူ မသိ တော့ပေ။
“သူတို့ိကို တောင်ကြားကိုပစ်ချလိုက် မကြာခင်လာယူမယ့် ဝိညာဉ် သားရဲတွေရှိလိမ့်မယ်” ရှီမာယူယူ အမိန့်ပေးလေသည်။
လူတိုင်းသည် တောင်ကြားသို့ပစ်ချကြလေသည်။
“မင်းက ငါတို့ကိုသတ်ဖို့ ဝိညာဉ်သားရဲတွေသုံးချင်တာလား” အကြီးအကဲဝူ ပြောလိုက်သည်။
ရှီမာယူယူ လျှောက်သွားပြီး ပြောလိုက်သည် “ဟုတ်တယ် အကြီးအကဲဝူ တကယ်ပဲဉာဏ်ကောင်းတာပဲ တကယ်ပဲ ထက်မြက်တဲ့သူနဲ့ စကားပြောရတာ မပင်ပန်းဘူး”
အကြီးအကဲဝူသည် သူမပြောသည့်စကားကိုကြားသောအခါ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။ အကယ်၍ ဝိညာဉ်သားရဲ များဆိုပါက သူတို့ကို ဆန့်ကျင်နိုင်ကြည်မည်မဟုတ်ပေ။ သူတို့ကို သက်ညှာ ပေးရန် သိမ်းသွင်းရနိုင်သည်။
“ဝိညာဉ်သားရဲတွေနဲ့ ညှိနှိုင်းဖို့ကိုတွေးနေတာလား” ရှီမာယူယူသည် အကြီးအကဲဝူစဉ်းစားနေသည်ကို ထုတ်ပြောလိုက်သည် “ခင်ဗျားတို့ကို လွှတ် ပေးဖို့ ဒီနည်းလမ်းကိုရွေးတယ်ထင်နေတလား ဝိညာဉ်သားရဲတွေ ရောက်လာ ပြီး ခင်ဗျားတို့ကိုကြည့်လိုက်တာနဲ့ သူတို့ဆင်ခြင်တုံတရားမဲ့သွားမှာပဲ သူတို့ က ခင်ဗျားတို့ကို မသတ်ရမချင်း ရပ်မှာမဟုတ်ဘူး”
သူမ၏ စကားလုံးများသည် အကြီးအကဲဝူတို့ ဝိညာဉ်သားရဲများတွေ့ခဲ့ စဉ်က အဖြစ်ကို သွားသတိရစေသည်။ ထိုဝိညာဉ်သားရဲများသည် သူတို့ကို မြင်သည်နှင့် ဂရုမစိုက်တော့ပဲ ဦးတည်လာခဲ့သည်။ သူတို့သည် ဘာမှမပြော ဘဲနှင့် တိုက်ခိုက်ခဲ့သည်။
အခုစဉ်းစားကြည့်ရာ ထိုအရာကို ရှီမာယူယူ သိထားသည်မှာ ကြာပြီ ထင်သည်။
“အရင်အကြောင်းကို ပြန်စဉ်းစားနေတာလား” ရှီမာယူယူသည် အလွန် ကြင်နာစွာဖြင့် သူ့ကိုရှင်းပြလေသည် “အစောပိုင်းက ခင်ဗျားတို့ကို ဝိညာဉ် သားရဲတွေက ဘာလို့ အဲအတိုင်းဖြစ်နေတာလဲလို့ သိချင်နေတာလား”
***