← Chapters

သဘာဝ ဝိညာဉ်နှင့် တစ္ဆေများ။

Vol. 14 Ch. 160

သဘာဝ ဝိညာဉ်နှင့် တစ္ဆေများ။

Vol. 14 Ch. 160

“ ဟမ့် ... ဘယ်သူလဲ ... ။ ”

ရုတ်တရက် စုရီ၏အသံကြောင့် လောရှည်ဝိညာဉ်ကောင်က ထိတ်လန့်စွာဖြင့် လှည့်ကြည့်လာသည်။

သူ့လည်ပင်း၌ ရစ်ပတ်ထားသော ငွေရောင်မြွေငယ်မှလည်း ခေါင်းထောင်ကာ တိုက်ခိုက်ရန် အသင့်ပြင်နေ၏။

“ ဟမ့် ... လူသားကောင်လေး တစ်ယောက်ပဲ။ ”

စုရီကို မြင်ပြီး လောရှည်က သက်ပြင်းချကာ၊

“ ငါအသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ကြောက်တတ်လာတယ် ရန်သူတချို့ ငါတို့ကို ဖမ်းမိသွားပြီလို့ ထင်ခဲ့တာ။ ”

-ဟု ညည်းတွားတော့၏။

တစ်ဖက်တွင် လူပုလေးသည် လောရှည်စကားများကို လျစ်လျူရှုလျက် မင်တတ်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေ၏။

အဆုံးတွင် မြေပြင်ပေါ် ဒူးထောက်လျက်၊

“ မင်္ဂလာပါ တာအိုသခင် ... ။ ”

-ဟု နှုတ်ဆက်လိုက်တော့သည်။

ထို့နောက် လူပုလေးက စိတ်လှုပ်ရှားစွာဖြင့်၊

“ တာအိုသခင် ငါထောင်ချင်းရှန်ပါ မက်မွန်ဝိညာဉ်ပဲ တစ်ချိန်က မင်းဉာဏ်အလင်း ပေးတာခဲ့တဲ့ သဘာဝဝိညာဉ်ပါ။ ”

သို့မှ လောရှည်က အံ့အားသင့်လာပြီး စုရီကို ပြန်ကြည့်လေသည်။

“ ထ ... ငါမင်းကို မေးစရာရှိတယ်။ ”

စုရီက ခေါင်းညိတ်ကာ ပြောကြား လိုက်သည်။ လူပုလေးမှ လျင်မြန်စွာ မတ်တပ် ထရပ်လိုက်ပြီး၊

“ မေးပါ တာအိုသခင် ... ။ ”

-ဟု လေးနက်စွာပြောသည်။

“ မင်းဒီကို ဘာလာလုပ်တာလဲ။ ”

“ လွန်ခဲ့သော ရက်အနည်းငယ်က ရေဘုရင်ရဲ့ ကောင်းကင်ဧည့်ခံပွဲ ကျင်းပမယ် ဆိုပြီး ဖိတ်ကြားချက်တစ်ခု လက်ခံရရှိပါတယ် ဒါကြောင့် တက်ရောက်လာခြင်းပါ။ ”

ဤမြစ်ကြမ်းပြင်အောက်တွင် ကိုးမြို့တော်ဟူသည့် တစ္ဆေဒိုမိန်းတစ်ခု ရှိသည်။ ပိုင်ရှင်သည် သူ့ကိုယ်သူ ရေဘုရင်ဟု ခေါ်ဆိုပြီး ထောင်သောင်းချီသော တစ္ဆေများကို ထိန်းချုပ်၏။

ကောင်းကင်ညီလာခံသည် ၎င်းမှ ဦးစီးကျင်းပသော သဘာဝဝိညာဉ်များနှင့် သရဲတစ္ဆေ စုဝေးပွဲ ဖြစ်သည်။

ထို့ထက်ပို၍ သူ မသိချေ။ ဆက်ဆံရေး တစ်ခုကို မငြင်းနိုင်သောကြောင့် တက်ရောက် လာခြင်းဖြစ်၏။

ထောင်ချင်းရှန်စကားကြောင့် စုရီက ခေါင်းညိတ်လိုက်သည်။ ရေဘုရင်သည် တစ္ဆေ ကျင့်ကြံသူဖြစ်၏။

တစ္ဆေတစ်ကောင်သည် ကောင်းကင် ညီလာခံကို ကျင်းပနိုင်မည်လော။ သူ့ကိုယ်သူ ဖြောင့်မတ်သော ကျင့်ကြံသူအဖြစ် ထင်နေပုံရသည်။

“ ထောင်ချင်းရှန် ... ရေဘုရင်ရဲ့ မူလကဘာလဲ၊ သူ့ရဲ့ ခွန်အားကရော ဘယ် အဆင့်မှာလဲ။ ”

“ ရေဘုရင်ဆိုတာ ... စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ နာကျည်းနေတဲ့ မဟာသခင်ပါ သူ သေဆုံးပြီးနောက် ဒေါသနဲ့ နာကြည်းမှုတွေက မြေအောက်သွေးမြစ်မှာ ကျက်စားခဲ့ပြီး တစ္ဆေအဖြစ် ပြောင်းလဲလာတယ် ...

... လက်ရှိ ခွန်အားအရ ဆိုရင် တတိယအဆင့် မဟာသခင် တစ်ပါးနဲ့ ယှဉ်နိုင်နေပါပြီ ဒါပေမယ့် ...

... ရေဘုရင်က ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါး တားမြစ်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြပါတယ်။ ”

တတိယတန်း မဟာသခင်ခွန်အား ဖြစ်နေသဖြင့် စုရီမှ စိတ်ဝင်စားမှု ပျောက်ဆုံး သွားလေသည်။

“ လွန်ခဲ့တဲ့ရက်အနည်းငယ်က ... ဒီဧရိယာတဝိုက်မှာ ခရီးသည်တင် သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့တယ် ... သင်္ဘောပေါ်မှာ ငါ အသိတစ်ယောက် ပါသွားတယ် မင်း ဘာကြားမိလဲ။ ”

သူ့မေးခွန်းကြောင့် ထောင်ချင်းရှန် ဘေးနားရှိ လောရှည်က ထိတ်လန့်တုန်လှုပ် သွားပြီး၊

“ တာအိုသခင် ... ငါသိတယ် ဒီကိစ္စက ရေဘုရင်လုပ်ခဲ့တာ ဖြစ်မယ် ... အဲဒီလူကြီးက ဒီနားတဝိုက်မှာ မရေမတွက်နိုင်တဲ့ သင်္ဘော တွေကို မှောက်ချပြီး အပြစ်မဲ့သူတွေကို သတ်နေကျပဲ။ ”

“ မင်းက ဘယ်သူလဲ ... ။ ”

စုရီက လောရှည်ကို ကြည့်ကာ မေးလိုက်၏။

“ တာအိုသခင် သူအမည်က တန့်ယောင်၊ သူ့မူလက အနှစ်တစ်ထောင် သက်တမ်းရှိနေတဲ့ ရွှေစပျစ်နွယ်ပင်ပါ ...

... ငြိမ်းချမ်းရေးစီရင်စုမှာ မထင်မှတ်ပဲ သူ့ရဲ့ဉာဏ်ရည်ကို ဖွင့်ပေးနိုင်တဲ့ ဝိညာဉ်နွေဦးရဲ့ စွမ်းအားကို စုပ်ယူမိရာကနေ အသွင်ပြောင်း လာတာပါ။ ”

ထောင်ချင်းရှန်မှ မိတ်ပေး၏။ စုရီက လောရှည်ကို ကြည့်ကာ အသိအမှတ်ဟန် ခေါင်းညိတ်ပြလိုက်သည်။

ရွှေစပျစ်နွယ်ပင်သည် စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်သာ ဖြစ်၏။ ဤသို့ ဉာဏ်ပညာ နိုးထလာသည်မှာ ကြီးစွာသော အခွင့်အလမ်းပေပင်။

“ ရွှေစပျစ်နွယ်ပင်ဆိုတာ ဝိညာဉ် သံချပ်ကာကို သန့်စင်ဖို့ အထူးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းပဲ ... အနှစ်တစ်ထောင် သက်တမ်းမျိုး အရမ်းရှားတယ်။ ”

နင်စစ်ဟွာစကားကြောင့် လောရှည် ဦးခေါင်း၌ စိမ်းစိုနေသော သစ်ရွက်နှစ်ရွက် ချက်ချင်း ပေါက်လာ၏။ ကြောက်ရွံ့မှုများ နှင့်အတူ စိမ်းစိမ်းစိုစို ဖြစ်သွားသည်။

သဘာဝဝိညာဉ်တစ်ကောင် မည်မျှ တန်ခိုးကြီးစေကာမူ ကျင့်ကြံသူများအမြင်တွင် ဝိညာဉ်ရေးပစ္စည်းမျှသာ ဖြစ်၏။

“ သူ့ရဲ့အသိဥာဏ် နိုးထလာပြီးတာနဲ့၊ အဲဒါကိုရုပ်ဝတ္ထုအဖြစ် မှတ်ယူဖို့ မသင့်တော် တော့ပါဘူး။ ”

“ မှန်ပါတယ် ... ဒါပေမယ့် ဒီသစ်ပင်သာ နောင်တချိန်မှာ ကပ်ဘေးကြောင့် သေသွားခဲ့ရင် သူ့အလောင်းကို ငါကောက်ယူဖို့ ဆန္ဒရှိတယ်။ ”

စုရီကြောင့် မူလက စိတ်သက်သာရာ ရနေသော လောရှည်ခမျာ ထိုစကားကြား လိုက်သောအခါ စိမ်းစိုသော အရွက်များ ထပ်မံပေါက်လာပြန်သည်။

ဤမိန်းကလေးသည် အသက်အရွယ်နှင့် မလိုက်ဘက်စွာ ရက်စက်လွန်းချေပြီ။ ကြောက်စရာ ကောင်းလှ၏။

“ ချင်းဝမ် ပြန်ဝင်တော့ ... ။ ”

စုရီမှ အမိန့်ပေးသည်။ ထို့နောက်တွင် လေးယောက်သား မြူခိုးများအတွင်း တိုးဝင်လာ ခဲ့ကြ၏။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့အပေါ် သိုင်းခြုံလာပြီး ရေအောက်သို့ တရွေ့ရွေ့ ခေါ်ဆောင်သွားသည်။

ဤအရာသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှသော ရေစွမ်းအင် သွေးပြန်ကြောနှင့် တောင်များကို ဆက်သွယ် ထားသည့် ဝင်္ကပါစွမ်းအား ဖြစ်သည်။

များမကြာခင် ရေအောက်ဒိုမိန်းတစ်ခုကို မြင်လိုက်ရ၏။ ဟိုးအဝေးတွင် အုံ့မှိုင်းနေသော ကိုးမြို့ရိုး မြို့ကြီးရှိချေပြီ။

အစိမ်းရောင် မီးတိုင်များ မြို့ရိုးများ အပေါ်တွင် တဟုန်းဟုန်း တောက်လောင်ကာ အလင်းပေးသည်။

“ တကယ်လို့သာ ငါဒီကို လူကိုယ်တိုင် မလာခဲ့ရင် မြစ်ကြမ်းပြင်အောက်မှာ ဒီလိုဒိုမိန်း ရှိနေလိမ့်မယ်လို့ ထင်မိမှာမဟုတ်ဘူး။ ”

နင်စီဟွာတစ်ယောက် အံ့သြစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။ အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းသော လေထုနှင့် ပြည့်နှက်နေသည့်အရပ် ဖြစ်၏။

“ ဒါက သဘာဝတရားရဲ့ စွမ်းအားပဲ ... ရေဘုရင်က ဒီနေရာကို ရှာတွေ့ပြီး သူ့ကိုယ်ပိုင် နယ်မြေအဖြစ်နဲ့ ဖန်တီးထားနိုင်တာ အထင်ကြီးစရာကောင်းတယ်။ ”

စုရီတစ်ယောက် အဝေးက မြို့ကြီးထံ လှမ်းကြည့်ကာ မှတ်ချက်ပေးပြောကြားသည်။ ထိုနေရာတွင် မကောင်းဆိုးဝါး စွမ်းအင်များ သိပ်သည်းစွာရစ်သိုင်းနေ၏။

“ သွားရအောင် ... ငါရှာနေတဲ့သူကို စုံစမ်းပေးပါ။ ”

စုရီက ‌ထောင်ချင်းရှန်ကို အမိန့်ပေး လိုက်လေသည်။ ထို့နောက် လေးယောက်သား မြို့တော်ဆီ ဦးတည်လိုက်ကြ၏။

မြို့ရိုးတွင် သွေးဖြင့် ကိုးမြို့ရိုး ဟူသော အက္ခရာသုံးလုံး ရေးထိုးထားသည်။ မြို့တံခါး နှစ်ဘက်တွင် တစ္ဆေများ စောင့်ကြပ်နေ၏။

စုရီက ထူးခြားသော နည်းစနစ်တစ်ခုကို နင်စစ်ဟွာထံ ပေးဆောင်ကာ လူသားရောင်ဝါ ဖျောက်ဖျက်လိုက်သည်။

ချက်ချင်းပင် မကောင်းဆိုးရွား အငွေ့အသက်များ သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ် လာသည်။

တစ္ဆေအစောင့်များက ၎င်းတို့၏ ခန္ဓာကိုယ်များကို အခိုးအငွေ့များသဖွယ် တွန့်လိမ်ကာ ရနံ့ခံပြီး ဝင်ခွင့်ပြုလိုက်သည်။

မြို့ထဲဝင်ပြီးသည်နှင့် အနက်ရောင် အဆောက်အအုံ များစွာကို မြင်လာရတော့၏။ လမ်းနှစ်ဘက်စလုံးတွင် မီးပုံးများ အတန်းလိုက် ချိတ်ဆွဲထားပြီး သရဲ တစ္ဆေများ၊ သဘာဝ ဝိညာဉ်များ သွားလာနေကြသည်။

၎င်းတို့သည် နေရာတိုင်းတွင် ပြည့်ကျပ်နေပြီး မျက်စိမြင်နိုင်သလောက် အဆုံးမရှိခဲ့ကြချေ။

ငိုကြွေးသံများ၊ ရယ်မောသံများ၊ ညည်းညူသံများနှင့် အဆက်မပြတ် အော်ဟစ် ဆူညံနေ၏။ အမှန်ပင် တစ္ဆေမြို့တော်ကြီး ပေပင်။

သရဲပေါက်ကလေးများက လမ်းပေါ်၌ ပြေးလွှား စော့ကစားနေ၏။ ဒယ်အိုးများအတွင်း ပြုတ်ထားသော အသားပုပ်များ၊ အလောင်းများ စသည့် အစားအသောက်များကို ရောင်းချသည့် စျေးဆိုင်များလည်း ရှိသည်။

သွေးစွန်းနေသော မျက်လုံးများစွာ၊ ကိုယ်တွင်းအင်္ဂါများစွာနှင့် ခန္ဓာကိုယ်အပိုင်းအစ မျိုးစုံကို တည်ခင်းရောင်းချသည့် တစ္ဆေဈေးပေပင်။

ရုတ်တရက် ပတ်တီးဖြူပတ်ထားသည့် ခေါင်းတစ်ခြမ်းမပါသော အဘိုးအိုတစ်ဦးရှေ့၌ စုရီက ရပ်လိုက်သည်။ အဘိုးအိုသည် အရိုးပေသီးကို တွက်ချက်နေ၏။

“ မင်း ဘာတွက်နေတာလဲ။ ”

နင်စစ်ဟွာမှ သိချင်သွားသည်။

“ ဒီကိုးမြို့ရိုးကြီးမှာ သေဆုံးသွားကြတဲ့ လူတွေစာရင်းကို ​ပြုစုနေတာ ... တစ်နှစ်အတွင်း အမျိုးသမီး (၃၀၀၀)၊ ကလေးငယ် (၃၀,၀၀၀)၊ အမျိုးသား (၅၀,၀၀၀)ကျော်နဲ့ အဘိုးအို (၄၀,၀၀၀) ကျော်တယ် ... ဟီးဟီး ... ။ ”

အဘိုးအိုမှ ရွံ့စရာကောင်းသော ရယ်ဖြင့်ပြန်ဖြေလေသည်။ စုရီတစ်ယောက် တွေဝေသွား၏။

စုရွှမ်ကြွယ်ဘဝ၌ မရဏကမ္ဘာသို့ သွားရောက်ဖူးသည်။ သို့သော် ယနေ့မြင်ရသည့် မြို့လောက် ရွံစရာကောင်းခြင်း မရှိချေ။

“ ဒါက သာမန်လူတွေပဲ။ ”

စုရီက အေးစက်စွာ ပြော၏။

“ ဟီးဟီး ... သူတို့က ပိုအရသာရှိတယ်။ ”

အဘိုးအိုမှ ပြန်ဖြေသည်။

“ ငါတို့ပြန်ရင် ဒီနေရာကိုဖျက်ဆီးပစ်မယ်။ ”

“ လူငယ်လေး မင်းစကားကို သတိထားပြောပါ ရေဘုရင်မှာ နားတွေရှိတယ် ဟီးဟီး ဟား ဟား ဟား ... ။ ”

“ ဟမ့် ... မင်းက ကျွန်တစ်ကောင်ပဲ ငါသတ်ပစ်ရင်တောင် ရေဘုရင်က ငါတို့ကို အပြစ်ယူမှာ မဟုတ်ပါဘူး။ ”

နားထောင်နေသော ထောင်ချင်းရှန်မှ ဝင်ပြောသည်။ အဘိုးအိုခမျာ ထိတ်လန့်စွာဖြင့် ပါးစပ်ပိတ်သွား၏။ လူငယ်များအပေါ်မကြောက် သော်လည်း ဤသက်ကြီးကောင်ကို သူ ကြောက်ချေပြီ။

“ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ... မကြာသေးဘူး ဒါပေမယ့် ထောင်ချင်းရှန် ... မင်း ပိုပိုပြီး မာနကြီးလာတယ် ... ဒီနေရာမှာ မင်းရဲ့ ပင်လယ်ဘုရင်က အထောက်အကူဖြစ်မယ်လို့ ထင်နေတာလား။ ”

ရုတ်တရက် လှောင်ပြောင်သံနှင့်အတူ သဘာဝ ဝိညာဉ်တစ်ကောင် ရောက်ရှိလာခဲ့ လေသည်။

***

All Chapters