← Chapters

အပျင်းပြေ လူသတ်ခြင်း ... ။

Vol. 14 Ch. 165

အပျင်းပြေ လူသတ်ခြင်း ... ။

Vol. 14 Ch. 165

“ ငါ လမ်းလျှောက်ထွက်လိုက်ဦးမယ်။ ”

နေ့လည်စာ စားပြီးသည်နှင့် စုရီက တိမ်ပင်လယ်စံအိမ်မှ တစ်ကိုယ်တည်း ထွက်ခွာ လာခဲ့သည်။

ပြည်နယ်မြို့တော်သည် လူအများဖြင့် စည်ကားနေသော်လည်း တစ်ယောက်တည်း ဟူသည့် ခံစားချက်များ ဝင်ရောက်လာ၏။

နှလုံးသား၌ နားမလည်နိုင်သော အထီးကျန်မှုနှင့် ငြီးငွေ့မှု အရိပ်အယောင်များ ပေါက်ဖွားလာသည်။

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ သိမ်ငယ်မှု၊ ဝင့်ကြွားမှုစသည့် အရာအားလုံးကို ဓားတစ်ချက် တည်းဖြင့် ဖြတ်ပစ်လိုသည်။

ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်း မေတ္တာသည်ပင် ဤလောကကျင့်ဝတ်များထံမှ လွတ်လွတ်လပ်လပ် ပေါက်ဖွားစေချင်၏။

တစ်နည်းဆိုရသော် ကျင့်ကြံသူသည် နှလုံးသားကို ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ ဓားကဲ့သို့ ပြတ်သားစေရပေမည်။

စုရီတစ်ယောက် ဦးတည်ရာမဲ့ လျှောက်သွားစဉ် ငြိမ်းချမ်းရေး တည်းခိုဆောင် ဟူသော နာမည်ကို အမှတ်မထင် မြင်လိုက်ရသည်။

“ တိုက်ဆိုင်လိုက်တာ ... ။ ”

အနည်းငယ်မျှ အံ့အားသင့်သွားပြီးနောက် တည်းခိုဆောင်အတွင်း လျှောက်လှမ်းသွားကာ ဒင်္ဂါးပြားကို ကမ်းပေးလိုက်မိ၏။

“ ငါနောက် လိုက်ခဲ့ပါ သခင်လေး။ ”

လူလတ်ပိုင်းအရွယ် တာဝန်ခံက ကြေးနီဒင်္ဂါးပြားကိုကြည့်ကာ မှောင်မိုက်သော အခန်းအတွင်း ခေါ်ဆောင်သွားသည်။

“ မဟာသခင်တစ်ပါးက တည်းခိုခန်း ပိုင်ရှင်ဖြစ်နေတာလား စိတ်ဝင်စားစရာပဲ။ ”

စုရီမှ မှတ်ချက်ပြုလျက် ပြုံးကာ လိုက်ပါလာ၏။ အခန်းအတွင်းရောက်သောအခါ အမျိုးသားက၊

“ ကောင်လေး ... မင်းဘယ်သူလဲ ကာကွယ်သူအဖိုးကြီးဝမ်က မင်းကို ဒီဒင်္ဂါး ဘာလို့ ပေးလိုက်တာလဲ။ ”

-ဟု မေးမြန်းလာတော့သည်။

စုရီမှ မျက်ခုံးပင့်လျက်၊

“ ဒီပစ္စည်းကိုပြရင် ဒီလို စစ်ဆေးမေးခံရလိမ့်မယ်လို့ ဝမ်ယွင်ချွယ်က မပြောထားပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာဖြင့်၊

“ မင်းကို ငါတို့ ဖမ်းမိသွားပြီဆိုတာ သိသင့်တယ် အခုချိန် ပူးပေါင်းဆောင်ရွက်တာ မင်းအတွက် အကောင်းဆုံးပါပဲ။ ”

“ အိုး ... ကောင်းပြီ မင်းဘာသိချင်တာလဲ။ ”

စုရီမှ ရယ်ချင်စိတ်ကို ထိန်းနေရ၏။ တစ်ဖက်လူသည် မဟာသခင်ခွန်အားမျိုးဖြင့် လုံလောက်သည်ဟု ထင်နေပုံရသည်။

“ ဝမ်ယွင်ချွယ်နဲ့ မင်းရဲ့ ပတ်သတ်မှု အကြောင်း ပြောပြပါ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်ကာ တည်ငြိမ်သောလေသံဖြင့် မေးမြန်းလာ၏။

“ တိုတိုပြောရရင် ... သူငါ့ကို ရှုံးပြီး ဒီဒင်္ဂါးပြားကို ပေးခဲ့တာ ဝိညာဉ်ကျောက်စိမ်းတုံး အကြောင်း သိချင်တဲ့တစ်နေ့ ဟူရန်ဟိုင်ဆီ ငါ့ကို ခေါ်သွားပေးမယ်လို့ သူ ကတိပေးထားတယ်။ ”

“ ကောင်လေး၊ မင်းငါ့ကို ရိုးသားဖို့ အကြံပေးတယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားမှ မယုံချေ။ မျက်လုံးများသည် အေးစက်ပြီး ထက်မြက်သော ဓားများကဲ့သို့ စုရီထံ စိုက်ကြည့်လာ၏။

“ မင်းကို ငါလိမ်နေတယ်လို့ ... ထင်နေတာလား ... ဒါဆို မင်းတို့ရဲ့ ကာကွယ်သူ သုံးယောက်အလောင်းကို သတ်သေအဖြစ် ငါသိမ်းထားလိုက်ရမှာ။ ”

ဤတစ်ကြိမ်၌ လူလတ်ပိုင်းအရွယ် အမျိုးသားက ခဏကြာမျှ အံ့အားသင့်သွားပြီး ဒေါသတကြီး ရယ်မောလျက်၊

“ ဟားဟားဟား ကောင်လေး ... ၊ ဒီအခြေအနေမျိုးမှာတောင် ... မင်းက ငါ့ကို ခြောက်လှန့်ဖို့ ကြံစည်ဝံ့တယ်။ ”

-ဟု တုန့်ပြန်လာ၏။

“ ဒီလိုလူမိုက်တစ်ယောက်က ... အခြေအနေနဲ့ အချိန်အခါကို မတွက်ဆနိုင်တာ သဘာဝပါပဲ။ ”

စုရီက ရှင်းပြရန် ပျင်းလာပြီး လက်ဖဝါးနှင့် လှမ်းရိုက်ပစ်၏။ လူလတ်ပိုင်းအရွယ် အမျိုးသား ခမျာ ချက်ချင်းထရပ်လျက် တုန့်ပြန်လေသည်။

သို့သော် သူကဲ့သို့ ပထမအဆင့် မဟာသခင်တစ်ပါးသည် စုရီထံမှ စွမ်းအားကို ခုခံနိုင်စရာ နည်းလမ်းမရှိချေ။

“ ဘုန်း ... ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ တောင်ကြီးတစ်လုံးနှင့် အရိုက်ခံလိုက်ရသကဲ့သို့ လွင့်စဉ်သွား၏။ ကုလားထိုင်နှင့် စားပွဲများ ပြိုကျပျက်စီးပျံ့ကျဲကုန်သည်။

“ မင်းဘယ်လို သတ္တိရှိလဲ ... ။ ”

ခန်းမအပြင်တွင် စောင့်ကြပ်နေသော အစောင့်နှစ်ယောက်က ဆူညံသံကြားသဖြင့် ပြေးဝင်လာပြီး စုရီကို သတ်ရန် ကြိုးစား၏။ စုရီမှ လက်နှစ်ချောင်ဖြင့် ပိုင်းချလိုက်သည်။

ကြယ်ချီတစ်ကြိုးက ဓားအဖြစ် ဦးခေါင်းများကို ပိုင်းဖြတ်သွားခဲ့လေသည်။ ခေါင်းနှစ်လုံး လေထဲ ပျံသွားကာ ရေတံခွန်ကဲ့သို့ သွေးများ​ပန်းထွက်လာ၏။

ဤမြင်ကွင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသားကို လုံလောက်အောင် ကြောက်ရွံ့ သွားစေခဲ့သည်။

“ သခင်လေး ... ငါ့ကိုခွင့်လွှတ်ပါ ... ဝမ်ယွင်ချွယ်ကို ရှာဖို့ ... ငါကူညီပေးနိုင်ပါတယ်။ ”

“ ငါမင်းကို ပြောဖို့ မေ့သွားတယ် တကယ်တော့ ဝမ်ယွင်ချွယ် ရှိတဲ့နေရာကို ငါ ရှာတွေ့ထားပြီးပြီ။ ”

( ဟမ့် ... ဒါဆို မင်းဘာလို့ ဒီကို လာနေသေးတာလဲ ... ပျင်း‌နေတာလား။ )

လူလတ်ပိုင်းအရွယ် အမျိုးသားက ရူးမတတ်ဖြစ်သွား၏။ စုရီမှ သူ့အတွေးများကို မြင်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ ဟုတ်တယ် ... ငါနည်းနည်းတော့ ပျင်းနေတယ် ... မဟုတ်ရင် ဘာလို့ ဒီကို လာနေရမှာလဲ။ ”

သူ့စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်‌ချင်း ခေါင်းငုံ့လိုက်ရသည်။ ည်ကမ္ဘာတွင် ဤသို့သောလူမျိုး အမှန်တကယ် ရှိနေသည်လော။ မျက်လုံးခြင်း ဆုံရန် မဝံ့တော့ချေ။

“ တကယ်တော့ ဒီမြို့မှာ ... ငါနဲ့ အတူသောက်နိုင်တဲ့ လူသာရှိရင် ဒီနေ့ဒီကို လာမိမယ် မထင်ဘူး။ ”

( ကောင်းလေး မင်းအရက်သောက်ဖော် မရှိတာနဲ့ပဲ ငါ့ဆီလာတာလား ... မင်းကိုယ်မင်း ဘာထင်နေတာလဲ။ )

လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ ပို၍ခေါင်းငုံ့သွား၏။ စုရီအသံသည် အနည်းငယ် လွမ်းဆွတ်နေခဲ့ပြီး၊

“ ဘာပဲဖြစ်ဖြစ် ... ဒီလိုအချိန်မျိုးမှာ မင်းနဲ့ကြုံရတာ ကံကြမ္မာပါပဲ ...”

( ဘာ ... ကံကြမ္မာလဲ ... မင်း ငါ့လူနှစ်ယောက်ကို အပျင်းအပြေ ခေါင်းဖြတ် သတ်ဖို့ ကံကြမ္မာပါလာတာလား။)

အဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ မျက်ရည်များ စီးကျလာခဲ့၏။ ဤသည်မှာ လုံးဝ ဘေးဥပဒ်ပေပင်။

“ ငါ့ကို ဝိညာဉ်‌ကျောက်စိမ်းတုံးအကြောင်း ပြောပြနိုင်ရင် ... ငါတို့ ကံကြမ္မာကို ဖြတ်နိုင်မယ် ထင်တယ်။ ”

စုရီက ဝိညာဉ်ကျောက်စိမ်းကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

“ ငါလုပ်မယ် ... ငါလုပ်နိုင်ပါတယ်။ ”

လူလတ်ပိုင်းအရွယ်အမျိုးသားမှ ရွှင်မြူးစွာဖြင့် ချက်ချင်း ခေါင်းညိတ်ပြကာ၊

“ ဒါက ဝမ်ယွင်ချွယ် ခိုးယူသွားခဲ့တဲ့ ... လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိညာဉ်ကျောက်စိမ်းတုံး တစ်တုံးပါ လွန်ခဲ့တဲ့ဆယ်နှစ်က ခေါင်းဆောင် ဟူရန်ဟိုင်က ဌာနချုပ်အမိန့်ကြောင့် ...

... လျှို့ဝှက်စစ်ဆင်ရေးတစ်ခုအတွက် သွေးနတ်ဆိုးတောင်တန်းဆီကို သွားခဲ့ရတယ် ကံဆိုးစွာနဲ့ ဒဏ်ရာ အပြင်းအထန်ရခဲ့တယ် ...

... ဒါနဲ့ တိမ်မြစ်ဌာနခွဲကို ဝင်ပြီး၊ သူ ယုံကြည်စိတ်ချရဆုံးဖြစ်တဲ့ ဝမ်ယွင်ချွယ်ဆီကို ဒီဝိညာဉ်ကျောက်စိမ်းကို အပ်ခဲ့တယ် ဒါပေမယ့် တိရိစ္ဆာန်က သစ္စာဖောက်ပြီး ခိုးပြေးမယ်လို့ ဘယ်သူထင်မှာလဲ။ ”

စုရီက ငြိမ်သက်သွားသည်။ လွန်ခဲ့သော ဆယ်နှစ်ဟူသည် ယိုတောင်တန်း၌ သားရဲဒီရေ တက်ချိန်ဖြစ်၏။

“ လျှို့ဝှက် စစ်ဆင်ရေးက ... ဆယ်နှစ်တစ်ကြိမ် ယိုတောင်တန်းရဲ့ သားရဲ ဒီရေနဲ့ သက်ဆိုင်လား။ ”

“ ဟုတ် ... ဟုတ်ပါတယ် သခင်လေး။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားမှ အလျင်အမြန် ခေါင်းညိတ်လိုက်တော့သည်။ စုရီတစ်ယောက် အတွေးနက်သွား၏။

ချင်းဝမ်သည် ယိုတောင်တန်းနှင့် ပတ်သတ်နေပုံရသည်။ လက်ဖက်ရည်သောက်ပွဲ ပြီးနောက် ထိုချန်ကျန့်ထံ အလည်အပတ် သွားရန် လိုအပ်လာချေပြီ။

***

All Chapters