သူတို့ကိုဖြည်းဖြည်းချင်းပျော်မွေ့ခိုင်းလိုက်
Vol. 011 Ch. 1093
မကောင်းသောခံစားချက်မှာ အကြီးအကဲစိတ်တွင် မြင့်တက်လာသည်။ အသည်းကွဲတောင်ကြားက အစကတည်းက သူတို့ကို ဆန့်ကျင်ဖို့ လှုပ်ရှား ထားတာလား။
သို့သော် သူ ချက်ချင်းပင် ထိုအတွေးကိုဖယ်ရှားကာ ပြောလိုက်သည် “မဖြစ်နိုင်ဘူး ငါတို့က ဝင်မလာခင်ကို တစ်ခါမှတွေ့ဖူးတာမဟုတ်ဘူး မင်းတို့ ငါတို့ကို လုပ်ထားစရာအကြောင်းမရှိဘူး အဲဒီဝိညာဉ်သားရဲတွေကို အကွက် ဆင်ထားတာလား”
“ခင်ဗျားဒီနေရာကိုဝင်လာတယ်ဆိုတာကိုတောင် ကျွန်တော်တို့မသိဘူး ဘယ်လိုလုပ် အဲဒါကိုစီစဉ်နိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ငါတို့ကိုအဆိပ်ခတ်ခဲ့တယ် အဲဒါကြောင့် ငါတို့ဘယ်သွားသွား ဝိညာဉ်သားရဲတွေရဲ့ တိုက်ခိုက်တာကိုခံရတာပဲ” အကြီးအကဲဝူပြောလေ သည်။
“ခင်ဗျားကံကမဆိုးဘူးပဲ ကျွန်တော်တို့ဒီကိုရောက်တာကြာနေပြီ အသက်ရှင်သူတွေ များသေးသားပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျုံကျန်း နန်းတော်လည်း ခင်ဗျားတို့လိုကံကောင်းမလားသိချင်သေးတယ်”
“မင်းက ငါတို့ဒီနေရာကိုဝင်မလာခင်ကတည်းက အဆိပ်ခတ်ထားတာ လား ဘယ်တုန်းကဖြစ်သွားတာလဲ”
“သေတဲ့အကြောင်းအရင်းကို သိပြီးမှသေချင်တာလား ခင်ဗျားကိုပြောပြ ဖို့က ပြဿနာမရှိပါဘူး ကျွန်တော့်အဖွဲ့ထဲကလူတွေထဲမှာ ရင်းနှီးတဲ့သူရှိ တယ်လို့ မထင်မိဘူးလား” ရှီမာယူယူ သူ့ကိုသတိပေးလိုက်သည်။
အကြီးအကဲဝူသည် သူမ ထိုသို့ပြောလိုက်သောအခါ ချက်ချင်းပင် အသည်းကွဲတောင်ကြားမှလူများကို ကြည့်လေသည်။ သူ မျောက်ဝံအိုကြီးကို မြင်သောအခါ တုန်လှုပ်မှုများသူ့ဆီရောက်လာသည်။
“မင်းက ငါတို့ကို မင်္ဂလာသားရဲသွေးပေးတဲ့သူပဲ မင်းက အဲသွေးထဲမှာ အဆိပ်ခတ်ထားတယ်”
“ဉာဏ်ကောင်းတယ်” ရှီမာယူယူသည် အသက်မဲ့စွာပြုံးလိုက်သည် “ရှီရှားတောင်တန်းမှာဖြစ်ခဲ့တဲ့ ကျုံကျန်းမျိုးနွယ်ကို ခင်ဗျားတို့မှားစွတ်စွဲမိတဲ့ အကြောင်းပြောပြရမှာပဲ”
“အဲဒါဆိုရင် အတွင်းပိုင်းပဋိပက္ခဖြစ်တာမဟုတ်ဘဲနဲ့ မင်းက ငါတို့လူ တစ်ယောက်ချင်းစီကိုသတ်ပစ်တာပဲ မင်းက ရှေးဟောင်းသားရဲသွေးမှာ တောင်အဆိပ်ခတ်ထားတယ်” အကြီးအကဲဝူသည် နောက်ဆုံးတွင် နားလည် သွားသည် “မင်းက ငါတို့ကိုတစ်ယောက်နဲ့တစ်ယောက် ရန်တိုက်ပေးတာပဲ ရက်စက်လိုက်တာ”
“ဟုတ်လား” ရှီမာယူယူ၏ အမူအရာသည်ပြောင်းလဲသွားသည်။ သူမ သည် သူ့ကို စုတ်ဖြဲတော့မည့်အတိုင်း သူ၏ ရင်ဘတ်ပေါ်သို့နင်းလိုက်သည် “ခင်ဗျား အဲတုန်းက ငါတို့ရှီမန်မျိုးနွယ်ကို ဖြိုခွင်းတုန်းက ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ရက်စက်တယ်လို့ မခံစားရဘူးလား ငါတို့ရှီမန်မျိုးနွယ်တွေ မြေပေါ်လဲကျတုန်းက ရက်စက်တယ်လို့ဘာလို့မခံစားရတာလဲ ဒီနေ့ဖြစ်ပျက် သမျှတွေက မင်းတို့အမှားတွေပဲလေ ငါတို့မင်းတို့အပေါ်ထားတဲ့ အာဃာ တတွေက မင်းတို့ဘယ်တော့မှပြန်မဆပ်နိုင်တဲ့အမှားတွေပဲ”
“အား…”
အကြီးအကဲဝူသည် အသက်ရှုမရတော့ပေ။ သူသည် သေမင်းကို တောင်မြင်နေရသည့်အတိုင်းပင်။
သူသာ ဒီအတိုင်းသေသွားရင်လည်း သေပါစေတော့…
“မင်းကဒီအတိုင်းသေချင်တာလား အဲလိုလွယ်လွယ်နဲ့အဖြစ်မခံဘူးလေ စိတ်ချပါ မင်း သေခြင်းတရားကို ဖြည်းဖြည်းချင်းပျော်မွေ့ရအောင်လုပ်ပေး မယ် ဝိညာဉ်သားရဲတွေက မင်းခြေတွေလက်တွေ ဖြည်းဖြည်းချင်းချိုးပစ်တာ အူကလီစားတွေ စားသောက်တာကို ကိုယ်တိုင်ကြည့်စေရမယ် မင်းမျက်လုံး တွေ ဆွဲဖြုတ်ခံရတာကို ကိုယ်တိုင်ကြည့်စေရမယ်” သူမသည် ခြေထောက်ကို ပြန်ရုတ်လိုက်ရာ နောက်ဆုံးတွင် အကြီးအကဲဝူသည် အသက်ရှုနိုင်သွားလေ သည်။ သူ ထိုခံစားချက်ကိုမခံစားရသည်မှတော့ နှမြောဖွယ်ကောင်းသည်။
သူမ မျက်နှာသည် ဆွဲဆောင်မှုရှိကာ သူမကိုကြည့်လိုက်လျှင် ကောင်းမွန်သောခံစားချက်ကိုဖြစ်စေသည်။ သို့သော် သူမ၏ ရောင်ဝါသည် နက်စောက်သော အကျဉ်းထောင်ထဲမှ တွားသွားတက်လာရသည်နှင့်တူ သည်။ သူမ စကားပြောလိုက်သည်နှင့် ရင်ယန်နန်းတော်မှလူများသည် ချွေးအေးများပျံလာရသည်။
နတ်ဆိုးတစ္ဆေပဲ… သူမက နတ်ဆိုးတစ္ဆေပဲ…
“ယူယူ ဝိညာဉ်သားရဲတွေလာနေပြီ” ဘိုင်ရှန်းသည် သူမ ထိုမျှလောက် ရူးသွပ်သည်ကို တစ်ခါမှမမြင်ဖူးပေ။ ပြီးနောက် သူမ သန်မာလာရန် ဘာကြောင့် ကြိုးစားခဲ့သည်ကို ရုတ်တရက်ကြီးနားလည်သွားလေပြီ။
ထို့အပြင် လောကအသေးထဲတွင် အဟာရဖြည့်နေသော ၁၁လေးသည် သူမ၏ တောက်လောင်နေသောဒေါသကို ခံစားမိလေသည်။ သူသည် စိတ်အနှောင့်အယှက်ဖြစ်သွားသောကြောင့် နေရာရွေ့ကာ သစ်သားပုံးကို မှောက်လိုက်သည်။
ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်တို့သည် ရေအောက်ခြေမှတက်လာပြီး သူ့ကို နှစ်သိမ့်မည်အပြုတွင် သူသည် ပျံတက်သွားပြီး လေထဲတွင် ပရမ်းပတာ ပျံသန်းလေသည်။ တစ်ချက်တစ်ချက်တွင် ရေထဲတွင်ရှိနေပြီး နောက်ခဏ တွင် လေပေါ်ပျံနေပြန်သည်။ သူသည် တစ်စုံတစ်ယောက်ကို ရှာနေသည့် အတိုင်းပင်။
“၁၁လေး ဘာဖြစ်တာလဲ” ရွှမ်ရှင်းမန်သည် သူမကလေးကို စိုးရိမ်တကြီး ကြည့်လေသည်။
“ငါသူ့ကိုပြန်ခေါ်ခဲ့မယ်” ဝူလာမိုင်သည် ရေထဲမှထွက်ကာ ၁၁လေး နောက်ကို လိုက်လေသည်။
၁၁လေးသည် လေထဲမှပျံနေကာ ဝူလာမိုင်သူ့ကိုဖမ်းမိတော့မည့်အချိန် တိုင်းတွင် လှည့်ပြီးရင်း လှည့်လိုက်သည်။ သူ့ဖခင်သည် အတန်ကြာအောင် အထိလိုက်ပြီး နောက်ဆုံးတွင် ရပ်လိုက်သည်။
ဝူလာမိုင်သည် ၁၁လေးကို ဖက်ပြီးပြန်လာသည်။ သူ ဝူလာမိုင် ဖက်ထားသည့်ကြားမှ ဆက်လက်လွန့်လူးနေသည်ကို ရွှမ်ရှင်းမန် ကြည့်ပြီး စိုးရိမ်စွာဖြင့် ပြောလေသည် “၁၁လေး တစ်နေရာရာများ သက်တောင့်သက် သာမဖြစ်လို့လား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဝူလာမိုင် ပြောလိုက်သည်။ သို့သော် ၁၁လေး ရူူးသွပ်နေသည့်ပုံကိုမြင်သည့်အခါတွင်တော့ သူမသေချာတော့ပေ “ယူယူ့ကို ဝင်လာပြီး ကြည့်ခိုင်းရင်ရော”
“သူမ လာကြည့်ရင်တော့ကောင်းမှာပဲ” ရွှမ်ရှင်းမန် ပြန်ဖြေလိုက်သည်။
လောကအသေးအပြင်ဘက်တွင် ရှီမာယူယူသည် ဆေးပုလင်းတချို့ ထုတ်ပေးပြီး နီအန်းယိနှင့် တခြားသူများကို ရင်ယန်နန်းတော်မှလူတိုင်းကို တိုက်ခိုင်းသည်။
“ငါတို့ကို ဘာကျွေးလိုက်တာလဲ” လူတစ်ယောက် မေးလေသည်။
“မင်းတို့ စိတ်ကိုလှုံ့ဆော်နိုင်မယ့်ဆေးပဲ မင်း အဲဆေးစားလိုက်တာနဲ့ မင်းခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ပဲနာကျင်နေပါစေ သတိမေ့သွားမှာမဟုတ် ဘူး မင်းတို့ရဲ့ နောက်ဆုံးထွက်သက်အထိပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ရဲ့ နောက်ဆုံးမိနစ်အထိကို ဖြည်းဖြည်းချင်း အရသာခံလို့ရတယ်”
“မင်း…”
ထိုလူများသည် ကြောက်လန့်သွားကြသည်။ ထိုအရာသည် သူမ ပြုလုပ် ချင်ခဲ့သည့် တကယ့်လက်စားချေမှုပင်။
အသည်းကွဲတောင်ကြားမှလူများပင် ရှီမာယူယူကို ကြောက်ရွံ့လာကြ သည်။ သို့သော် သူတို့လည်း စိတ်ထကြွနေကြသည်။
ရှီမာယူယူ အားကောင်းသော်လည်း ထိုမျှမလုံလောက်သေးဟု သူတို့ ထင်ခဲ့ကြသည်။ သူမတွင် စိတ်ခက်ထန်သည့်အပိုင်းရှိလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။ ထိုလူများသည် ဖြည်းဖြည်းချင်းသေဆုံးကာ သူတို့၏ နောက် ဆုံးထွက်သက်အထိ သတိရှိနေမည်ဖြစ်သည်။ ဒါကအရမ်းကို မိုက်လွန်းတာပဲ
“ယူယူ ရှောင်ချီတို့ဒီနေရာကနေ ထွက်သွားမှာလား” ရှောင်ချီ မေးလိုက် သည်။
“ငါ…” ရှီမာယူယူသည် အဝေးမှကြည့်မည်ဟု ပြောမည်အပြုတွင် လောက အသေးထဲမှ ရွှမ်ရှင်းမန်ခေါ်နေသံကိုကြားလိုက်ရသည်။ သူမ ပြောမည့်စကားကိုပြောင်းလုကိသည် “လောကအသေးထဲသွားကြမယ်”
သူမသည် တံခါးအသေးထုတ်ပြီး ကြာပန်းနက်လောကအသေးသို့ လူအားလုံးကိုဦးဆောင်ခေါ်သွားပြီး မြစ်ဘေးသို့ တိုက်ရိုက်သွားလိုက်သည်။
“မွေးစားအမေ ဘာဖြစ်လို့လဲ”
“ယူယူ ရောက်လာပြီလား မြန်မြန် ၁၁လေးကိုကြည့်ဦး သူတစ်ခုခုဖြစ် နေပြီ” ရွှမ်ရှင်းမန် ပြောလိုက်သည်။
၁၁လေးတွင် တစ်ခုခုဖြစ်နေပြီဟု ပြောသံကြားလိုက်သည်နှင့် ရှီမာယူယူသည် ပျာယာခတ်သွားကာ မေးလိုက်သည် “၁၁လေးဘာဖြစ်တာ လဲ”
“သူ စဖြစ်တော့ အရမ်းယောက်ယက်ခတ်နေတာ ဘယ်လိုမှ ငြိမ်အောင် လုပ်မရဘူး မင်းအဖေက သူ့ကိုပြေးပြီးသယ်လာရတယ် ပြီးတော့ အခု သူတို့ ဘယ်ရောက်သွားလဲ မသိဘူး” ရွှမ်ရှင်းမန်ပြောလိုက်သည်။
“ဝှီး”
၁၁လေးသည် အဝေးမှပျံလာပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ တည့်တည့် ဝင်လာသည်။ ဝူလာမိုင်သည်လည်း တူညီသောဘက်သို့ပျံသန်းလာသည်။
“ဒီကောင်လေးက ငါသတိလွတ်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး မြန်မြန်ထွက်ပြေးသွားတာ တခြားသူသာဆိုရင် သူ့ကိုချုပ်ထားတာကြာပြီ” ဝူလာမိုင်သည် သူ၏သားချောအား မြေခွေးတစ်ကောင်သဖွယ် ညည်းတွား လေသည်။
“ယူယူ ဘာတွေမှားနေလဲ မြန်မြန်ကြည့်ပါဦး” ရွှမ်ရှင်းမန် ပြောလိုက် သည်။
“ကောင်းပါပြီ” ရှီမာယူယူသည် ၁၁လေးကိုဖက်ပြီး ကြည့်လိုက်သည်။ သူ တစ်စုံတစ်ရာမှားနေသည်ကို သူမ ရှာမတွေ့ပေ။
“သူ ဘာလို့ရုတ်တရက်ကြီးငြိမ်သွားတာလဲ” ဝူလာမိုင်သည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသော ၁၁လေးကို ကြည့်ပြီး ရှုပ်ထွေးသွားသည်။
၁၁လေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် သူ့အား လုံခြုံမှုပေးနိုင်သည့် လူတစ်ဦးကိုတွေ့လိုက်ရသည့်အတိုင်းပင်။
“သူဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “မွေးစားအမေ သူ အခုဘာဖြစ်သွားတာလဲ”
“သူ ရုတ်တရက်ကြီး ဖောက်ပြီးတော့ တစ်ယောက်ယောက်ကိုရှာနေ သလိုမျိုး မကျေနပ်ချက်တွေထုတ်ပြနေသလို အဆက်မပြတ်ပျံနေခဲ့တာ သူ့ ရောင်ဝါလည်း ဖရိုဖရဲဖြစ်သွားတယ်” ရွှမ်ရှင်းမန် ပြောလိုက်သည်။
“အာ.. ယူယူလည်း ခုနတုန်းကအဲလိုပဲဖြစ်သွားတယ် ယူယူ ဒေါသ ထွက်လို့များ ၁၁လေးလည်း အဲလိုလိုက်ဖြစ်တာလား” ရှောင်ချီသည် သာမန်ကာလျှံကာ အကြံပြုလေသည်။ သို့သော် သူမ စကားဆုံးသည်နှင့် လူတိုင်းသည် သူမကိုစိုက်ကြည့်နေသည်ကို သတိထားမိပြီး မသိမသာ လည်ပင်းပုဝင်သွားလေသည် “အဟွတ် အဟွတ် ရှောင်ချီက ဒီအတိုင်းပဲ သာမန်ကာလျှံကာ မှတ်ချက်ပေးမိတာပါ ဟီးဟီး…”
“ဒီကောင်လေးက ယူယူနဲ့ စိတ်အာရုံဆက်နွယ်မှုရှိနေတော မဟုတ်ဘူး လား” နီအန်းယိနှင့် တခြားသူများလည်း ထိုအတိုင်းတွေ့ကြသည်။ ထိုအရာ သည် အလွန်ပင် အံ့သြလောက်စရာပင်။
***