← Chapters

တပည့်လက်ခံပွဲ

Vol. 1 Ch. 11

တပည့်လက်ခံပွဲ

Vol. 1 Ch. 11

ကောင်းကင်ဂိတ်တောင်ထိပ် ဘိုးဘေးခန်းမတွင် သူ့ဆရာရောက်အလာကို လုယန် ရိုရိုသေသေစောင့်နေသည်။

ခန်းမက တိတ်ဆိတ်အေးချမ်း၍ သန့်ရှင်းပြီး မွှေးတိုင်ငွေ့များ ထိုးထွက်နေသည်။ စိတ်တည်ငြိမ်စရာ ပတ်ဝန်းကျင်မျိုးဖြစ်သည်။ ခန်းမထဲတွင် အမှတ်တရကမ္ဗည်းတိုင်သုံးခု စိုက်ထူထားသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အရေးပါဆုံးသုံးယောက်ဖြစ်သည့် မူလတာအိုရှင်၊ ကွေ့ယန်မသေမျိုး၊ ဟန်ဟိုင်ထောက်ကျွမ်းတို့ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်သောင်းနှစ်ထောင်က သာမန်ကျင့်ကြံသူ မူလတာအိုရှင်သည် တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ထို့စဉ်က သူသည် အလယ်ပိုင်းတိုက်နယ်မှ ကျင့်စဉ်အဆင့်တူသည့် ကျင့်ကြံသူထောင်ချီကြားမှ စွမ်းအားရှင်တစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် ‌ကျောင်းငယ်လေးတစ်ခုအဖြစ် ဤဂိုဏ်းကို စခဲ့သည်။

လွန်ခဲ့သည့် နှစ်တစ်သောင်း ကပ်ဆိုးခေတ်ကာလအတွင်း ထိုဂိုဏ်းမှ ထူးခြားသည့် ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့သည်။ ကျင့်ကြံမှုပါရမီတွင် ထိပ်ဆုံးမဟုတ်သော်လည်း ဉာဏ်ကောင်းသည်။ မိတ်ဆွေများသည်။ ဖြောင့်မှန်သည်။ ကံကာင်းသည်။ အခက်အခဲကြားမှနိုးထလာသည့် ပြိုင်ဘက်ကင်းကျင့်ကြံသူ ကွေ့ယွမ်မသေမျိုးဟု ကျော်ကြားသည်။

ကွေ့ယွမ်မသေမျိုးလက်အောက်တွင် တာအိုလမ်းစဉ်ဂိုဏ်း တိုးတက်ခဲ့သည်။ ထိပ်တန်းကျောင်းတစ်ခု ဖြစျ်လာသည်။ နှစ်နှစ်သောင်းပြည့် နှစ်ပတ်လည်ပွဲတွင် ကွေ့ယွမ်မသေမျိုးနှင့် တစ်ခြားထိပ်တန်းကျင့်ကြံသူလေးယောက်က “မသေမျိုးဂိုဏ်းငါးဂိုဏ်း”ဟူသည့် နာမည်ကို တည်ထောင်ခဲ့သည်။ လောကတစ်ခွင် ထင်ပေါ်ကျော်ကြားခဲ့သည်။

သို့သော် ဂုဏ်သရေဟူသည် ထာဝစဉ်တည်တံ့သည်မဟုတ်။ နှစ်ငါးသောင်းကြာပြီးနောက် ဂိုဏ်းက အားနည်းလာသည်။ အကြီးအကဲများ သက်တမ်းကုန်ခါနီး သို့မဟုတ် အချိန်မတိုင်မီ သေဆုံးသည့်အဖြစ်မျိုး ကြုံရသည်။ ဦးဆောင်နိုင်သူ နည်းနည်းသာကျန်ခဲ့သည်။ တပည့်အင်အားလည်း နည်းပါးလာသည်။ မသေမျိုးငါးဂိုဏ်း ကျဆုံးတော့မည့် ကောလဟာလများ ပေါ်လာသည်။

ကောင်းချီးရခဲ့ဟန်ရှိသည်။ ဂိုဏ်းအကြီးအကဲတစ်ယောက်က နတ်ဆိုးများကိုသုတ်သင်ရင်း အရိုင်းနယ်မြေမှ ကလေးတစ်ယောက်ကို ကယ်တင်ခဲ့သည်။ ထိုကလေးက အံ့ဩစရာကောင်းလောက်အောင် ပါရမီထူးခြားသည်။ သူ့ခေတ်အခါက စွမ်းအားအကြီးဆုံး ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူအဖြစ် ချက်ချင်းတိုးတက်အောင်မြင်လာသည်။

ဟန်ဟိုင်ထောက်ကျွမ်းဟု ကျော်ကြားသည့် တာအိုလမ်းစဉ်ဂိုဏ်းကို အားသစ်လောင်းခဲ့သူက ဂိုဏ်း၏ဂုဏ်သရေကို နောက်ထပ်နှစ်ငါးထောင် ဆွဲဆန့်နိုင်ခဲ့သည်။

“စီနီယာအမ၊ ကျုပ်တို့ဆရာက ဘယ်မှာလဲ’

အတော်ကြာအောင်စောင့်ပြီးနောက် ယွမ်ကျိမှလွဲ၍ ဘယ်သူမှမတွေ့သဖြင့် သူမေးလိုက်သည်။

“ဆရာကအခု တံခါးပိတ်ကျင့်ကြံတာ အရေးကြီးတဲ့အဆင့်ကိုရောက်နေတယ်။ အနှောက်အယှက်ပေးလို့ မရဘူး။ ငါက သူ့ကိုယ်စား မင်းကိုတပည့်အဖြစ်လက်ခံပြီး ကျင့်ကြံနည်းလမ်းညွှန်ပေးမယ်။

တရားဝင်ကျင့်ကြံမှုမစခင် ငါတို့မျိုးဆက်အကြောင်း အကျဉ်းချုံးမိတ်ဆက်ပေးမယ်။ ငါတို့ဆရာက စည်းကမ်းသတ်မှတ်ချက် အရမ်းနည်းတယ်။ အလွန်အကျွံ့မဟုတ်ရင် စာရိတ္တပိုင်းကို ဆန့်ကျင်တာမဟုတ်ရင် အများပြည်သူတွေ ဆန့်ကျင့်လာတဲ့အနေအထားမဟုတ်ရင် သူဝင်စွက်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါကတော့ သူ့ထက်နည်းနည်းပိုတင်းကြပ်တယ်။ ဒါကြောင့် သူဝင်မစွက်တဲ့ကိစ္စတွေကို ငါကြီးကြပ်တယ်။

ဆရာ့မှာ မင်းနဲ့ငါ အပါအဝင် တပည့်လေးယောက်ရှိတယ်။ နောက်နှစ်ယောက်က စီနီယာအကိုနဲ့အမတွေပေါ့။ တစ်ယောက်က အနောက်ရွှေဗုဒ္ဓနိုင်ငံမှာ။ နောက်တစ်ယောက်က တောင်းပိုင်းမကောင်းဆိုးဝါးနယ်မြေမှာ။ ဂိုဏ်းကိုပြန်လာခဲတယ်။ သူတို့ကို တွေ့ဖို့လည်း ခဲယဉ်းတယ်။

မင်းရဲ့ကျင့်စဉ်စွမ်းအား အဆင့််တစ်ခုအထိ ရောက်လာရင်တော့ ခရီးထွက်ရင်း သူတို့နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ အခုလောလောဆယ်တော့....”

ယွမ်ကျိ စကားရပ်၍ မင်ပန်းချီသုံးခုထုတ်၍ တန်းစီထားလိုက်သည်။ လုယန်မမြင်ဖူးသည့် ဂိုဏ်းချုပ်ဆရာ၊ ဒုတိယအကို၊ တတိယအမတို့၏ ပုံများဖြစ်သည်။

သုံးယောက်လုံး ပြုံးရွှင်နေသည့်ပုံကို ရေးဆွဲထားသည်။

ဂိုဏ်းချုပ်ဆရာက ဆံပင်များဖြူဖွေးနေသည်။ မျက်လုံးများက သာမန်အကြီးအကဲများနှင့်မတူဘဲ ကြည်လင်နေသည်။ ဘဝကို သာသာယာယာဖြတ်သန်းခဲ့သည့် မသေမျိုးတစ်ယောက်နှင့်တူသည်။

ဒုတိယအကို၏မျက်နှာက နူးညံ့သည်။ ချောမောခံ့ညားသည်။ ကြည်လင်သည်။

တတိယအမက ဆွဲဆောင်အားကောင်းသည်။ နိုင်ငံတစ်ခုကို သူ့အလှဖြင့် ဖျက်ဆီးနိုင်လောက်သည့် ညှို့အားမျိုးရှိသည်။

“ဆရာက ဒီပန်းချီသုံးခုကို အထူးတလည် စီစဉ်ထားတာ။ မင်းရောအပါဆိုရင် စုစုပေါင်းတပည့်ငါးယောက်ပေါ့။ အခု မင်းနဲ့ငါပဲ ရှိနေတယ်ဆိုတော့ အတော်အထီးကျန်သလိုဖြစ်နေတယ်။ ဒါကြောင့် ဒီပုံတူပန်းချီတွေ စီစဉ်ထားတာ”

လုယန် ယွမ်ကျိကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် အသက်ဝင်လှသည့် ပန်းချီပုံများကို ကြည့်သည်။ ထိုပန်းချီထဲမှလူများက သူ့ကိုစိုက်ကြည့်နေသလိုခံစားရသဖြင့် ကျောရိုးထဲမှ စိမ့်တက်လာသည်။

ထိုသုံးယောက်လုံး ဂိုဏ်းအတွက် သေဆုံးသွားပြီး သူနှင့်ယွမ်ကျိသာ ကျန်ခဲ့တော့သလိုမျိုးဖြစ်သည်။

လုယန်ရှေ့တွင် မွှေးတိုင်သုံးခုပေါ်လာသည်။ ယွမ်ကျိလှမ်းပေးခြင်းဖြစ်သည်။

“ဒါက ယုံကြည်ချက်မွှေးတိုင်တွေပဲ၊ မင်းရဲ့အတွေးတွေကို ပြောပြနိုင်စွမ်းရှိတယ်။ ဆရာ့ပန်းချီကို ဂါရဝပြုလိုက်ပါ”

မွှေးတိုင်များ မီးညှိပြီးနောက် ဆရာ့ပုံတူရှေ့မှ မွှေးတိုင်ခွက်ထဲတွင် စိုက်လိုက်သည်။

“ဘိုးဘေးတွေကို သက်သေပြုတိုင်တည်ပါတယ်။ ဆရာသခင်၊ တပည့်အဖြစ် ကျုပ်ဂါရဝပြုတာကို လက်ခံပေးပါ”

အခြေအနေက ပိုပြည့်စုံသွားသလို ခံစားရသည်။

ဂါရဝပြုပြီးနောက် လုယန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။

“စီနီယာ၊ ကျုပ်မလေးမစားလုပ်ပြောတာတော့မဟုတ်ပါဘူး။ ကျုပ်တို့ဆရာက တကယ်ရော အသက်ရှိသေးရဲ့လား”

ယွမ်ကျိ အေးစက်စက်ပြုံးလာပြီး “ဆရာကွယ်လွန်သွားပြီ၊ အကြီးအကဲတွေက ဒါကိုလျှို့ဝှက်ထားကြတာ။ အခု အခုဒီအကြောင်းသိသွားပြီဆိုတော့ မင်းကိုအရှင်ထားလို့မဖြစ်တော့ဘူး”ဟု ပြောလာမည်ကို စိုးရိမ်နေသည်။

သို့သော် ယွမ်ကျိမျက်နှာက နားမလည်သည့်အမူအရာမျိုးဖြစ်လာသည်။ လုယန်ဘာကြောင့် ထိုမေးခွန်းမေးသည်ကို တွေးရခက်နေပုံရှိသည်။

“ဒါပေါ့၊ အသက်ရှင်နေသေးတာပေါ့”

“ယန်ချွန်းတောင်ထိပ်က မင်းရဲ့စစ်ဆေးချက်ရလာဒ်တွေကို ငါကြည့်ပြီးပြီ။ လူ့သွေးကြောဆုံးနဲ့ သွေးကြောတည်နေရာတွေကို မင်းအတော်တိတိကျကျ မှတ်မိတယ်။ အခြေခံစိတ်ငြိမ်မန္တာန်ကို အလွတ်ရွတ်နိုင်တယ်။ မဆိုးဘူးလို့ ပြောရမှာပဲ။ ...အခု ပုံမှန်ကျင့်ကြံမှုတွေ စလိုက်ရအောင်”

လုယန်မျက်နှာ စိတ်ဝင်စားမှုကြောင့် အရောင်တောက်လာပြီး သေချာနားစွင့်နေသည်။ နောက်ဆုံးတွင် သူစတင်ကျင့်ကြံနိုင်တော့မည်။

“ဒါ တပည့်တစ်ယောက်ကို ငါပထမဆုံးအကြိမ် သင်ဖူးတာ။ မင်းလည်း ပထမဆုံးအကြိမ် တပည့်ဖြစ်ဖူးတာ။ ဒီတော့ အပြန်အလှန်သည်းခံကြတာပေါ့။...ဒါပေမယ့် သိပ်လည်းစိတ်မပူပါနဲ့။ ဒီနေ့အတွက် ငါအများကြီး ကြိုတင်ပြင်ဆင်ထားပါတယ်”

ဆေးနာမည်ကပ်ထားသည့် ဆေးအိုးငယ်များကို ယွမ်ကျိ အတန်းလိုက်စီထားလိုက်သည်။ တစ်ချို့ဆေးများကို လုယန်ကြားဖူးသည်။

အရိုးဖြူဆေး။ သေသူကို ပြန်အသက်သွင်းနိုင်စွမ်းရှိသည်။ ကျိုးသွားသည့်အရိုးများကို ပြန်ပြုပြင်နိုင်စွမ်းရှိသည်။

သတ္တမအဆင့် ဗုဒ္ဓဆေး။ ကုသိုလ်စုစည်းမှုအနေဖြင့် ဗုဒ္ဓနိုင်ငံက အတွဲလိုက်ဖော်ထုတ်သည်။ အသက်ကယ်ခြင်းသည့် ခုနစ်ထပ်ဘုံကျောင်းတည်ဆောက်ခြင်းထက် ပိုကုသိုလ်ရသည်ဟု ယူဆသည်။ ထိုဆေးလုံးကိုစားလျှင် ဗုဒ္ဓနိုင်ငံ၏ ကုသိုလ်စွမ်းအားကိုရသည်။

ကိုးဘဝဝင်စားခြင်းဆေး။ ကျင့်ကြံသူလောကတွင် “ကိုးကြိမ်သေမှ တစ်ဘဝပြန်ဝင်စားသည်”ဟု ပြောကြသည်။

ထိုဆေးများရှိနေလျှင် လုယန် သေနိုင်ဖို့ခက်လိမ့်မည်။

“အရင်ဆုံး ချီကျင့်ကြံဖို့အတွက် ခန္ဓာကိုယ်ကို လေ့ကျင့်ရမယ်။ မင်းက ရုပ်ပိုင်းလေ့ကျင့်မှုမလုပ်ဖူးသေးတော့ အခြေခံကနေ လေ့ကျင့်ရမယ်”

ယွမ်ကျိ လေဟာနယ်ကိုအသာထိုးခွဲ၍ ရေစည်ကြီးနှစ်ခု ထုတ်ယူလိုက်သည်။ ဘုန်းခနဲ မြေပြင်ပေါ်ကျလာသည့် ရေစည်များကြောင့် လုယန် စိတ်လေးလာသည်။

“ဓားကျင့်ကြံမှုဟာ ဓားဝိညာဉ်နဲ့ လက်မောင်းစွမ်းအားကို အထူးအလေးပေးတယ်။ ဒါကြောင့် လက်မောင်းစွမ်းအားကို အရင်ဆုံးအာရုံစိုက်ပြီး လေ့ကျင့်တယ်။ ငါတစ်ခါပဲ သရုပ်ပြမယ်။ သေချာကြည့်ထားပါ”

ယွမ်ကျိ ရေစည်တစ်ခု၏အစွန်းတွင် အသာရပ်၍ တစ်ခြားရေစည်၏အစွမ်းကို လက်ဆုပ်ကိုင်၍ ပေါ့ပါးစွာ မလိုက်သည်။ ထို့နောက် ပြန်ချသည်။ ထို့နောက် တစ်ခြားလက်တစ်ဘက်ဖြင့် ထပ်မ,ပြသည်။ လှုပ်ရှားမှုက နူးညံ့ငြင်သာသည်။ ကြည့်ကောင်းသည်။

လက်မောင်းတွင် ရေစိုသည်မှလွဲလျှင် ထိုလေ့ကျင့်နည်းသည် လက်မောင်းကြွက်သားသန်မာဖို့ တကယ်အကျိုးရှိမည့်ပုံမျိုးဖြစ်သည်။

“မင်းအဲလိုလုပ်နိုင်ရင် လုံလောက်ပါပြီ”

ယွမ်ကျိ ရေစည်းကိုပြန်ချပြီး ခပ်အေးအေးပြောသည်။

လုယန် တံတွေးတစ်ချက်မျိုလိုက်သည်။ လူ့အရပ်တစ်ဝက်စာခန့်ရှိသည့် ရေစည်ကြီးက သူဝင်ထိုင်၍သဲများဖြည့်လိုက်လျှင် ဦးခေါင်းပင်ပေါ်မည်မဟုတ်။ ထိုရေစည်ကြီးမျိုးကို မ,နိုင်ဖို့ဆိုသည်မှာ အတော်ခဲယဉ်းသည်။

သူရှေ့တိုးသွားသည်။ အသက်ကိုအဝရှူ၍ ရေစည်ကို လက်တစ်ဘက်တည်းဖြင့် ဖြေးဖြေးချင်း မ,သည်။

ကြွတက်မလာ။

ထို့နောက် လက်နှစ်ဘက်ဖြင့် အားကုန်သုံးမလိုက်မှ ရေစည်က သူ့အားထုတ်မှုကို အသိအမှတ်ပြုဟန်ဖြင့် စိတ်မပါ့တပါ နည်းနည်းကြွလာသည်။

*****************************************************

All Chapters