← Chapters

ကြက်သွေးရောင်မီးတောက်၏ သရုပ်မှန် နှလုံးသား ပဲ့တင်ထပ်ခြင်း

Vol. 011 Ch. 1094

ကြက်သွေးရောင်မီးတောက်၏ သရုပ်မှန် နှလုံးသား ပဲ့တင်ထပ်ခြင်း

Vol. 011 Ch. 1094

“အဓိပ္ပာယ်မရှိတာမပြောနဲ့ ၁၁လေးက ငါနဲ့စာချုပ်တည်ထောင်ဖူးတာ မဟုတ်ဘူး ဘယ်လိုလုပ် ငါ့ခံစားချက်ကိုသိမှာလဲ” ရှီမာယူယူ ပြောလိုက် သည်။

၁၁လေးသည် သူမနှင့် နီးစပ်သည်ဟု သူတို့ပြောလျှင် ယုံနိုင်စရာရှိသေး သည်။ ပြီးလျှင် သူမသည် သူ့ကို အချိန်ကြာရှည် ဂရုစိုက်ပေးရာ သူမ၏ ရောင်ဝါကို သူနှစ်သက်သည်မှာလည်း ထင်ထားသည့်အတိုင်းပင်။ သို့သော် သူတို့အကြားတွင် စိတ်ချင်းဆက်နွယ်နေသည်ဆိုမှတော့ အဓိပ္ပာယ်မရှိလှ ပေ။

ထိုအခိုက်တွင် စာချုပ်သားရဲများသာ သူတို့၏သခင်နှင့် စိတ်ချင်း ဆက်နွယ်ခြင်းဖြစ်သည်။ ထိုကဲ့သို့အရာသည် မရှိနိုင်ပေ။

ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်၏ အမူအရာများ ပျက်သွားကြသည်။ သူတို့ သည် ရှီမာယူယူကို သမီးအရင်းကဲ့သို့နှစ်သက်သော်လည်း သူတို့သားကို တစ်စုံတစ်ယောက်၏ စာချုပ်သားရဲမဖြစ်စေချင်ပေ။

သို့သော် အမှန်တကယ်ပင် ထူးဆန်းသည်။ ရှီမာယူယူ အပြင်တွင် ဒေါသထွက်ချိန်တွင် တစ်ချိန်လုံးတိတ်တိတ်နေနေသော ၁၁လေးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

၁၁လေးသည် မည်သူနှင့်မှ စာချုပ်မတည်ထောင်ထားသည်ကို သူတို့ ယုံကြည်ထားသည့်အတွက် တော်သေးသည်။ မဟုတ်လျှင် သူတို့သည် သံသယကို ချုပ်တည်းနိုင်မည်မဟုတ်ပေ။

“စာချုပ်ကြောင့်ပဲ အဲလိုဖြစ်နိုင်တာ” ဝူလင်းယူ ပြောလိုက်သည်။

“စီနီယာအစ်ကို” ရှီမာယူယူသည် မျက်ခုံးများကို ကြုတ်လိုက်သည်။ ဝူလင်းယူလည်း ထိုကဲ့သို့ ခံစားနေရမည်ဟု သူမ မထင်မိပေ။

“မစိုးရိမ်ပါနဲ့ သူက မင်းနဲ့ စာချုပ်ချုပ်ထားတယ်လို့ ကိုယ်မပြောပါဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘာဖြစ်တာလဲ” ဝူလာမိုင်မေးလိုက်သည်။

ဝူလင်းယူသည် အသည်းကွဲတောင်ကြားတပည့်များကို ပတ်ကြည့် လိုက်ရာ ရှီမာယူယူသည် သူဆိုလိုသည်ကို နားလည်လိုက်သည်။ သူမသည် သူတို့ကို ထွက်သွားခိုင်းပြီး ရှီမန်ဖန်၊ ရှောင်ချီ၊ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်ကိုသာ နေခဲ့ခိုင်းလိုက်သည်။

“အစ်ကိုကြီးလင်းယူ အခုပြောလို့ရပြီလား” ရှောင်ချီ မေးလိုက်သည်။

“ငါမှန်းတာမမှားရင် ကြက်သွေးရောင်မီးတောက်က အံ့ဖွယ်ပဒါးရောင် ဟင်္သာငှက်ပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဘာ” တစ်ယောက်က အော်လိုက်သ်ည။

“အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ဟုတ်လား အစ်ကိုကြီးရှုပ်နေတာတော့ မဟုတ်ပါဘူးနော်” ရှောင်ချီသည် ထခုန်လေသည်။

ရှီမာယူယူသည်လည်း မယုံရဲပေ။ အစပိုင်းတွင် အတောင်ပံလေးခု ဂဠုန် ငှက်သည် ကြက်သွေးရောင်မီးတောက်ကို အံ့ဖွယ်ငှက်ဟုခေါ်ခဲ့သည်။ သို့သော် သူမသည် ရှေးဟောင်းစာအုပ်ထဲမှ အံ့ဖွယ်သားရဲလေးကောင်ကို မဆက်စပ်မိပေ။ ကြက်သွေးရောင်မီးတောက်သည် ရှေးဟောင်းစာအုပ်ထဲမှ ပဒါးရောင်ဟင်္သာငှက်ဖြစ်လိမ့်မည်ဟု သူမ မထင်ထားပေ။

သို့သော် သူမသည် ကြက်သွေးရောင်မီးတောက်၏ သရုပ်မှန်ကိုသိသင့် သည်မှာ ကြာပြီဖြစ်သည်။ ငှက်လေးသည် ဂဠုန်များ၏ဘုရင်ဖြစ်သည်။ သူ သည် ဘုရင်တစ်ပါး၏ရောင်ဝါမရှိဘဲ ကြက်သွေးရောင်မီးတောက်ကို လေးစား သမှုပြသရသည်။ ထိုအဓိပ္ပာယ်မှာ ကြက်သွေးရောင်မီးတောက်၏ သရုပ်မှန် သည် သူ့ထက်မြင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဂဠုန်များ၏ဘုရင်ထက် ကြီးမြတ်သောသူဆိုပါက သူ့သရုပ်မှန်သည် သေချာပေါက် သိသာလွန်းနေပြီဖြစ်သည်။ သူမသာ ထိုကိစ္စကို မသိလိုက်ဘာ သာ ရှောင်ထားခြင်းဖြစ်သည်။

ဝူလာမိုင်သည် ထိုကိစ္စကို ရွှမ်ရှင်းမန်နှင့် ဆွေးနွေးထားသည်မှာ ကြာပြီ ဖြစ်သည်။ ၁၁လေး၏ သွေးသားနိုးထရန် ကူညီပေးခဲ့သည့် ကြက်သွေးရောင် မီးတောက်၏ သရုပ်မှန်ကို ပြောစရာရောလိုသေးလို့လား။

သို့သော် ခန့်မှန်းသည်က တစ်ပိုင်း… လူတစ်ယောက်ဆီမှ အတည်ပြုမှု ကို ကြားရသည့်အရာသည် လုံးဝပင်ကွာခြားသည်။ သူတို့သည် အမှန် တကယ်ပင် အံ့သြနေတုန်းပင်။

ရှီမာယူယူသည် သူမစိတ်ကိုပြန်ကပ်ပြီး ဝိညာဉ်စေတီထဲသို့ကြည့်လိုက် ရာ ၁၁လေး၏ သွေးသားကို နိုးထအောင်လုပ်ပြီးနောက်တွင် တံခါးပိတ် ကျင့်ကြံနေသော ကြက်သွေးရောင်မီးတောက်ကို မြင်ရလေသည်။ သူမသည် သူ့ကို မနှောင့်ယှက်ချင်သဖြင့် ငှက်လေးကို ခေါ်ထုတ်လိုက်သည်။

“ငှက်လေး မင်းအဲဒါကို တစ်ချိန်လုံးသိထားတာလား” သူမ မေးလိုက် သည်။

“အစ်ကိုကြီး ကြက်သွေးရောင်မီးတောက်က ငါ့ကိုဘာမှမပြောဘူး” ငှက်လေးသည် သူမမေးခွန်းကို တိုက်ရိုက် ဖြေလေသည်။

“သူ တကယ်ပဲ…” ရှီမာယူယူသည် မိန်းမောရင်းနှင့် ပြန်ပြောလေသည်။ သူတို့ အမှန်တကယ်ပင် အခက်အခဲတွေ့နေပြီ။

“အာ.. သေစမ်း အစ်ကိုကြီးကြက်သွေးရောင်မီ်းတောက်က တကယ် တော့ အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ပဲ ရှောင်ချီ့ကို ဦးလေးလို့ခေါ်ဦး ရှောင်ချီ့ အသည်းနှလုံးလေးတော့ ရင်ဘတ်က ပြုတ်ထွက်တော့မယ်” ရှောင်ချီသည် သူမ၏ ရင်ဘတ်ကိုပုတ်ကာ ချဲ့ကားပြီး အသက်ရှုထုတ်လေသည်။

၁၁လေးသည် အံ့ဖွယ်နဂါး၏ သွေးသားဆိုသော်လည်း ဖြစ်နိုင်ချေသာရှိ သေးသည်။ သူ့သွေးသား မဖွံ့ဖြိုးခင်တွင် သူသည် ခရမ်းရောင်ရေနဂါးဖြစ် တုန်းပင်ဖြစ်သည်။

သို့သော် ကြက်သွေးရောင်မီးတောက်သည် ကွဲပြားသည်။ သူသည် အမှန်တကယ် အစစ်အမှန် အံ့ဖွယ်ငှက်ဖြစ်သည်။ ပဒါးရောင်ဟင်္သာငှက်လေ.. စဉ်းစားကြည့်လိုက်ရုံနှင့်တင် အသက်ရှုရကြပ်သည်။

ရှီမန်ဖန်သည်လည်း သူ၏ အစ်မကြီးသည် ပြန်လည်မွေးဖွားပြီးသည့် နောက်တွင် အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်နှင့် စာချုပ်တည်ထောင်လိမ့် မည်ဆိုသည်ကို တစ်ခါမှမတွေးဖူးပေ။

သူတို့မှာ အံ့သြနေသော်လည်း ရွှမ်ရှင်းမန်သည် သူမသားကို အစိုးရိမ် ဆုံးဖြစ်သည်။

“အဲဒါက ၁၁လေးနဲ့ ဘာဆက်နွယ်လို့လဲ အဲဒါကစာချုပ်ကြောင့်လို့ ဘာလို့ပြောရတာလဲ” သူမအသံသည် အားလုံးကို သတိပြန်ကပ်စေသည်။

“အစပိုင်းက ကြက်သွေးရောင်မီးတောက်က သူ့သွေးကိုသုံးပြီး ၁၁လေးကို သွေးသားလှုံ့ဆော်ပေးတယ်” ဝူလင်းယူပြောလိုက်သည် “အဲဒါ ဖြစ်ရတဲ့အကြောင်းက ၁၁လေးက အဲလုပ်ငန်းစဉ်အတွင်းမှာသူ့သွေးသားကို စုပ်ယူလိုက်လို့ပဲ ကြက်သွေးရောင်မီးတောက်က ယူယူနဲ့ စာချုပ်ရှိတားတော့ ၁၁လေးကလည်း ယူယူနဲ့ ပိုပြီးှနှီးစပ်သွားတဲ့သဘောပဲ”

“ဒါပေမဲ့ ကျွန်တော်ကကျ၁၁လေးနဲ့ ဘာဆက်နွယ်ချက်မှမခံစားရဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းမှာ စာချုပ်မရှိဘူးလေ အဲဒါကြောင့် မင်းစာချုပ်ကို အာရုံခံလို့ရမှာ မဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “မင်းမှာ နီးစပ်တဲ့ ဆက်နွယ်ချက် တစ်ခုရှိရုံပဲ အမြွှာတွေကြားမှာဖြစ်တတ်တဲ့ ဆက်နွယ်မှုလိုပဲ သူတို့ကြားမှာ ဘာဆက်သွယ်မှုမှာမရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်နီးစပ်တယ်လို့ ခံစားရစေတယ်လေ”

“အာ…” ရှီမာယူယူသည် ခေါင်းငုံ့ပြီး သူမလက်ထဲမှ ၁၁လေးကို ကြည့် လိုက်သည်။ သူမသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။

သူမ နှလုံးသားက နဂါးဥကို ပဲ့တင်ပြန်နေတာလား။ ဒါက အရမ်းကို မယုံနိုင်လောက်စရာပဲ။ အထူးဖြင့် ဒီနဂါးဥက အနာဂတ်အံ့ဖွယ်နဂါးလေ။ စဉ်းစားကြည့်လိုက်ရုံနဲ့တင် မဖြစ်နိုင်လိုက်တာ။

ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်တို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချမိ သည်။ ဆက်နွယ်မှုတစ်ခုရှိနေတာက ဖြစ်တယ်။ ဆက်သွယ်မှုမဟုတ်ရင်ပြီး ရော။

သို့သော် ယူယူနှင့် ၁၁လေးသာ စာချုပ်တည်ထောင်ဖြစ်မည်ဆိုလျှင် သူတို့သည် ဖျန်ဖြေမှုကို လုပ်ကောင်းလုပ်မည်။

“မွေးစားအမေ ကျွန်တော်တောင်းပန်ပါတယ် ဒီလိုဖြစ်မယ်လို့ မသိ ထားဘူး…” ရှီမာယူယူသည် ရွှမ်ရှင်းမန်အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လေသည်။

“ရပါတယ် ၁၁လေးက မင်းကို မောင်နှမအဖြစ်အသိအမှတ်ပြုမှတော့ သမီးတို့ ဆက်ဆံရေးကပိုကောင်းသွားတာပေါ့” ရွှမ်ရှင်းမန်သည် ပြုံးပြီး ပြော လိုက်သည်။

“အစ်မကြီး အစ်မကြီး” ၁၁လေးသည် ရှီမာယူယူကို တက်ကြွသော အသံဖြင့် မနားတမ်းခေါ်နေသံကို အားလုံးကြားကြသည်။ သူသည် သူ၏ အသံအစစ်နှင့်ပြောမည့်အစား စိတ်ကိုသုံးကာခေါ်ခြင်းဖြစ်သည်။

“ဂရုစိုက် ဂရုစိုက်”

“ဟးဟား”

ကြက်သွေးရောင်၏ သရုပ်မှန်နှင့်အတူ ၁၁လေးအဖြစ်အပျက်ကို ကြုံတွေ့သောအခါ အစပိုင်းဖြစ်ခဲ့သော သူမ၏ ဒေါသစိတ်များသည် ငြိမ်ကျ သွားခဲ့လေပြီ။

“ခေါင်းဆောင် ဝိညာဉ်သားရဲတွေက သူတို့ခန္ဓာကိုယ်ကို စုတ်ဖြဲလိုက် ပေမယ့် ဘာလို့မစားကြတာလဲ” နီအန်းယိ မေးလေသည်။

“ငါ သူတို့ကိုပေးတဲ့ဆေးက သူတို့အသားကို အနံ့ဆိုးစေတယ် ဝိညာဉ် သားရဲက အဲအနံ့ကြောင့် ဆွဲဆောင်ခံရပေမယ့် အနံ့မပျောက်သေးတော့ စားမှာမဟုတ်ဘူး အသားအနံ့အရမ်းဆိုးတာကို သိသွားတာနဲ့ သူတို့ ထား သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

နီအန်းယိနှင့် တခြားသူများသည် ချွေးအေးများပျံလာကြသည်။ သူတို့ ခေါင်းဆောင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။ သူတို့သည် နောက်ကို ဘယ်တော့အခါမှ သူမကို ပြစ်မှားမည်မဟုတ်ပေ။

ရှီမာယူယူသည် နီအန်းယိနှင့် တခြားသူများ၏ မျက်နှာအမူအရာကို တွေ့သောအခါ သူတို့အတွေးကိုသိလိုက်သည်။ သူမသည် အေးဆေးတည် ငြိမ်စွာဖြင့် မေးလိုက်သည် “စမ်းကြည့်ချင်လား”

“ဝါး ဝါး ခေါင်းဆောင် ကျွန်တော်ကအမြဲတမ်းကျိုးနွံတယ်လေ ကျွန်တော်က ရန်သူမှမဟုတ်တာ အဲလိုလုပ်ဖို့မလိုဘူးမလား” နီအန်းယိသည် အလျင်အမြန်ပင် ဖော်ပြလေသည်။

“ဟား…”

တခြားသူများသည် ရယ်ကွဲကြလေသည်။ ဒီကောင်က သက်ရှိ ရတနာ ပဲ။

“တောင်ကြားခေါင်းဆောင် ဒုတောင်ကြားခေါင်းဆောင် အလောင်းတွေ ကိုဘာလုပ်ကြမလဲ”

“ပစ်ထားလိုက် ရင်ယန်နန်းတော်က ဝိညာဉ်သားရဲတွေသတ်တာခံရ တာရဲ့ သက်သေပေါ့ တခြားသူတွေလာတာနဲ့ သူတို့က အလိုလိုစကားဖြန့် ပေးလိမ့်မယ်” ရှီမန်ဖန် ပြောလိုက်သည် “ဒီနေရာမှာ ဒုက္ခခံနေဖို့မလိုတော့ဘူး ကျန်တဲ့အချိန်ကို မတော်တဆတွေ့ဖို့ကိုပဲ သုံးသင့်တယ်”

ထိုများသာ အသက်ရှင်နေပါက သူတို့ တွေ့ချင်သေးသည်။ သူတို့ သေသွားပြီဆိုပါက အလောင်းတော့တွေ့ချင်သည်။ သူတို့အလောင်းကို ရှာ မတွေ့ပါက ရင်ယန်နန်းတော်သည် သူတို့လူများကို သေချာပေါက်လာရှာ မည်ဖြစ်သည်။

***

All Chapters