← Chapters

ဝူလင်းယူသတိမေ့သွားခြင်း

Vol. 011 Ch. 1095

ဝူလင်းယူသတိမေ့သွားခြင်း

Vol. 011 Ch. 1095

ရင်ယန်နန်းတော်မှလူများကို ဖြေရှင်းပြီးနောက် သူတို့အဖွဲ့သည် မတော်တဆတွေ့မှုကိုရှာရန် ကျွန်းအတွင်းထဲသို့ဝင်လေ၏ ။

“ဒီမှာ” ဟာစွန်၏ကျောပေါ်တွင်ထိုင်ရင်းနှင့် ဟန့်မြောင်ရွှမ်အားမှီရာမှ ရှောင်ချီသည် ရုတ်တရက်ထရပ်ကာ ရေဘက်ဆီသို့ကြည့်လေသည်။

“ဘာလဲ” ဟန့်မြောင်ရွှမ် သူမကိုမေးလိုက်သည်။

“တစ်ခုခုအနံ့ရနေတယ်ထင်တယ် အင်း ရင်းနှီးတဲ့အနံ့ပဲ ဒါပေမဲ့ ဘာလဲ ဆိုတာ မမှတ်မိဘူး” ရှောင်ချီ ပြောလိုက်သည်။

“မင်းက အရင်က အနံ့တွေအများကြီးရဖူးတာလေ မမှတ်မိတာ သဘာဝပဲ စားစရာတစ်ခုခုနေမှာပေါ့” ဟန့်မြောင်ရွှမ်သည် ပြုံးပြီးပြောလေ သည်။

“မဟုတ်ဘူး” ရှောင်ချီသည် သေချာနေသည် “ဒါက မုန်လာဥနီ အကြီးကြီးရဲ့အနံ့မဟုတ်ဘူး ဒီအနံ့ကိုတစ်ခါမှမရဖူးဘူး အဲတော့ သေချာ ပေါက်မဟုတ်ဘူး”

“အရင်ကတစ်ခါမှအနံ့မရဖူးတာကို ဘာလို့ရင်းနှီးနေရတာလဲ” ဟန့်မြောင်ရွှမ်မေးလေသည်။

“ရင်းနှီးတယ်လို့ခံစားရတာတော့ သေချာတယ် ဒါပေမဲ့ ဘာလို့လဲဆို တာမသိဘူး” ရှောင်ချီသည် နှုတ်ခမ်းတွန့်ပြီးပြောလိုက်သည် “အဲဒါဘာလဲဆို တာသိရင် ဒီလိုတောင်လုပ်မနေဘူး အနံ့ခံကြည့်လိုက် အနံ့သင်းသင်းလေး မရဘူးလား”

သူမ ပြောပြီးနောက်တွင် အားလုံးသည် မျက်လုံးမှိတ်ကာ အနံ့ခံကြည့် ကြလေသည်။ သို့သော် သူတို့သည် ထူးခြားသောအနံ့ကိုမရကြပေ။

“ဘာအနံ့မှမရှိဘူး ရှောင်ချီ မင်းမှားများမှားနေလား” ဟန့်မြောင်ရွှမ် မေး လိုက်သည်။

“မဖြစ်နိုင်ဘူး သေချာပေါက် အနံ့ရှိနေတယ် အနံရလား” ရှောင်ချီသည် မေးလေသည်။

ရှီမာယူယူသည် အကြိမ်အနည်းငယ် အသက်ရှုပြီး ခေါင်းရမ်းကာ ပြော လေသည် “ဒီနားမှာ ပန်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေအများကြီးရှိတယ် အဲဒါကိုပြောတာလား”

“ဟင်း ဘာလို့ဘယ်သူမှ အနံ့မရကြတာလဲ” ရှောင်ချီသည် ပျာယာခတ် ကာ ဟာစွန်၏ကျောပေါ်တွင် ခြေဆောင့်လေသည်။

ဝူလင်းယူသည် ထိုင်နေရာမှ နေထိုင်မကောင်းသည့်ပုံစံဖြင့် မျက်မှောင် ကြုတ်လေသည်။ ရှီမာယူယူသည် သူ့ကိုစကားပြောမည်အလုပ်တွင် သူ၏ ဖြူဖျော့သောအမူအရာကိုတွေ့သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူမ သည် စိုးရိမ်စွာမေးလိုက်သည် “စီနီယာအစ်ကို ဘာဖြစ်တာလဲ”

“နည်းနည်းနေရခက်တယ်” ဝူလင်းယူသည် တောင့်ခံရန်မကြိုးစား တော့ဘဲ ရှီမာယူယူကို မှီလိုက်သည်။

“အစ်ကိုကြီးလင်းယူဘာဖြစ်တာလဲ” ရှောင်ချီ မေးလိုက်သည်။

“စီနီယာအစ်ကို အစ်ကို…” ရှီမာယူယူသည် စကားပင်မဆုံးလိုက် ဝူလင်းယူသည် မေ့လဲသွားလေသည်။ သူ့ခေါင်းသည် သူမပခုံးတွင်မှီကာ အောက်စိုက်ကျသွားလေသည်။

“စီနီယာအစ်ကို ဟာစွန် အောက်ကိုဆင်းမယ်” ရှီမာယူယူသည် ဝူလင်းယူကို တွဲထားရင်းနှင့် ဟာစွန်ကို ညွှန်ကြားလိုက်သည်။

ဟာစွန်သည် သူတို့ကို စခန်းချရာသို့ပြန်ခေါ်သွားပြီး ရှီမာယူယူသည် ဝူလင်းယူကို ပြန့်ပြူးသောနေရာတွင်ချကာ သူ့ခန္ဓာကိုယ်ကို စမ်းသပ်လေ သည်။

“ယူယူ သူဘာဖြစ်တာလဲ” ရှီမန်ဖန်သည်လည်း ပျံလာကာ သူမဘေး တွင်ရပ်ပြီး မေးလေသည်။

“သူ့သွေးခုန်တာက အရမ်းနှေးနေတယ် သူ အိပ်မောကျသွားသလိုပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ တော်ပါသေးတယ် သူ မကြာခင်နိုးလာ မှာပါ”

“ဒါကိုသိထားတာကြာပြီဆိုတော့ အရမ်းစိတ်မပူပါနဲ့” ရှောင်ချီ သူမကို နှစ်သိမ့်လေသည်။

ဝူလင်းယူ၏ ဝိညာဉ်ပေါင်းစပ်တွင်က တစ်စုံတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် မကြာမကြာသတိမေ့တတ်သည်။ သတိပြန်ရ လာပြီးနောက်တွင်လည်း သူသည် အချိန်တစ်ခုအထိ အားနည်းနေတတ် သည်။ ထိုအရာကို ရှောင်ချီနှင့် ရှီမာယူယူတို့ သိပြီးသည်မှာ ကြာပြီဖြစ်သည်။ အခုချိန်တွင် သူသည် ထိုအရာကြောင့်သာ မေ့လဲသွားသည်ကို သိလိုက်ရ သောအခါ ပျာယာခတ်နေသော ရှီမာယူယူ၏ နှလုံးသားများ ငြိမ်သွားရတော့ သည်။

“သိထားတာကြာပြီဟုတ်လား ဘာဖြစ်တာလဲ” ရှီမန်ဖန် မေးလေသည်။

“စီနီယာအစ်ကိုရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဟောင်းရှိတယ် အဲဒါကြောင့် သူ မကြာမကြာအိပ်ပျော်သွားတတ်တယ်၊ သူ သတိပြန်ရတာမှာကို စောင့်ရုံပဲ ရှိတယ်” ရှီမာယူယူ ရှင်းပြလေသည်။

“သူတကယ်ပဲ အဆင်ပြေရဲ့လား ဘာလို့ရုတ်တရက်ကြီး မေ့လဲသွားရ တာလဲ” ဟန့်မြောင်ရွှမ်သည် အနည်းငယ်ရှုပ်ထွေးနေသည်။

“တခြားအကြောင်းအရင်းတော့ တကယ်မရှိဘူး” ရှီမာယူယူ ပြောလိုက် သည်။

“ခုနက ရှောင်ချီပြောတဲ့ အနံ့နဲ့များတစ်ခုခုသက်ဆိုင်လို့လား ကြည့်ရ တာ ရှောင်ချီ အဲဒါကိုပြောပြီးတော့ သူ နေရခက်သွားတာပဲ” ကုန်ရှန်ယိ ခန့်မှန်းလေသည်။

“ငါ သူ့ကိုလောကအသေးကိုခေါ်သွားပြီး စမ်းသပ်ကြည့်မယ် မင်းတို့ ငါနဲ့ လိုက်စရာမလိုဘူး ဖန်အာ အခုသူတို့ကို ဦးဆောင်ပြီးခေါ်သွားလိုက် တော့” ရှီမာယူယူ ပြောလိုက်၏ ။

သူမသည် သူ့ခန္ဓာကိုယ်ကို သေချာမစမ်းသပ်ရသေးပေ။ သေချာစမ်း သပ်ပြီးနောက်တွင် မည်သို့ဖြစ်လာမည်ကို သူမ မသိနိုင်သေးပေ။ အချိန် မည်မျှလိုမည်ကိုလည်း မသိပေ။ သူတို့သာ သူမနှင့်လိုက်ခဲ့ပါက မည်မျှ စောင့်နေရမည်ကို မသိပေ။ သူတို့ကို သွားခိုင်းလိုက်သည်က ကောင်းမည်။

ရှီမန်ဖန်သည် သူမ ဆိုလိုသည်ကိုနားလည်သောကြောင့် ဘာမှမပြော ပေ။

“အန္တရာယ်တစ်ခုခုရှိရင် ငါ့ကိုဆက်သွယ်လိုက်”

“အင်း အစ်မရောပဲ”

ရှီမန်ဖန်သည် အသည်းကွဲတောင်ကြားနှင့် ကုန်တောင်ကြားမှ အဖွဲ့ဝင် များကို ဦးဆောင်သွားလေသည်။ ရှောင်ချီ၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင် တို့နေခဲ့ကြသည်။

“ကျွန်တော့်ကို စောင့်ကြည့်ဖို့ကူပေး စီနီယာအစ်ကိုကို သေချာစစ်ကြည့် ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သုံးယောက်သည် ခေါင်းညိတ်ကာ တြိဂံပုံသဏ္ဍာန်ဖြင့် သူမကို အလယ်တွင်ထားကာ စောင့်ကြည့်ပေးလေသည်။

ရှီမာယူယူသည် ဝူလင်းယူ၏ခန္ဓာကိုယ်ထဲသို့ သူမ အသိစိတ်ကို ဆွဲသွင်းပြီး သူ့အခြေအနေကို အနီးကပ်ကြည့်လေသည။်

“ဒီမှာဘာတွေဖြစ်နေတာလဲ”

ဝင်ပြီးနောက်တွင် ဝူလင်းယူ၏ ပင်မကိုယ်တွင်းအင်္ဂါများသည် ဖြည်းညင်းစွာလှုပ်ရှားနေသည်ကို သိလိုက်ရသည်။ သူ့နှလုံးသည် သာမန်လူ နှလုံးခုန်နှုန်းထက် တစ်ဝက်မျှသာခုန်နေသည်။

“ချီလင်း ချီလင်း” သူမသည် ဝူလင်းယူ၏ စာချုပ်သားရဲကိုခေါ်လိုက် သည်။

“ဘာလဲ” မီးတောက်ချီလင်း၏ ပျင်းရိသောအသံထွက်ပေါ်လာသည်။

“အရင်တုန်းက စီနီယာမေ့လဲတုန်းက သူ့ကိုယ်တွင်းအင်္ဂါတွေကဒီလိုပဲ လား”

“မဟုတ်ဘူး အရင်တုန်းက ပုံမှန်ပါပဲ” မီးတောက်ချီလင်းပြောလေသည် “ဒါပေမဲ့ သူဘာမှမဖြစ်ပါဘူး ဒီအတိုင်းပဲအိပ်နေတာပဲ”

“ပြီးခဲ့တဲ့အခေါက်တွေ သူမေ့လဲတုန်းက လက္ခဏာတချို့ရှိခဲ့တယ်လို့ စီနီယာအစ်ကိုပြောတယ် ဒီတစ်ခေါက်ကျ ရုတ်တရက်ကြီးဘာလို့ဒီလိုဖြစ်တာ လဲ အကြောင်းအရင်းကိုသိလား”

“မင်းတောင်မသိတာ ငါကဘယ်လိုလုပ်သိမှာလဲ ငါက သမားတော်မှ မဟုတ်တာ ကဲ ငါ့ကိုမနှောင့်ယှက်နဲ့တော့ သွားနားလိုက်ဦးမယ်” မီ်းတောက် ချီလင်း၏ အသံသည် ဖြည်းဖြည်းချင်း တိုးသွားလေသည်။ သူသည် ဝူလင်းယူ နှင့်အတူ အိပ်မောကျသွားသည့်ပုံပင်။

ရှီမာယူယူသည် အကူအညီမဲ့သွားသည်။ သူမသည် သူ့အခြေအနေကို ဆက်လက်ပြီး စမ်းသပ်ရုံသာရှိတော့သည်။ သူမသည် ဝူလင်းယူ၏ ပင်မ သွေးကြောကိုလာရာ အလင်းတန်းနှစ်ခုရှိနေသည်ကို သိလိုက်သည်။ တစ်ခု မှာအဖြူရောင်ဖြစ်ပြီး နောက်တစ်ခုမှာ အနက်ရောင်ဖြစ်သည်။ အနက်ရောင် အလင်းတန်းသည် ဘာမှမပြောဘဲထွက်သွားလေသည်။ ၎င်းသည် သူ၏ စိတ် ဝိညာဉ်နှင့်အတူရောက်လာသော နတ်ဆိုးမျိုးနွယ်၏ စွမ်းအင်ဖြစ်နိုင်သည်။ အဖြူရောင်အလင်းတန်းသည် အရောင်မျိုးစုံသောဝိညာဉ်စွမ်းအင်ကို ဝန်းပတ်နေသည်။

အနက်နှင့်အဖြူသည် သွေးကြောထဲတွင် တစ်ပြိုင်တည်းရှိနေသော် လည်း တခြားစီးဖြစ်သည်။

“ကြည့်ရတာ စီနီယာအစ်ကိုပြောသလိုပဲ တစ်ခုက သူ့ဝိညာဉ်ကဖြစ်ပြီး တော့ နောက်တစ်ခုက သူ့ခန္ဓာကိုယ်ကပဲ နှစ်ခုလုံးက သူ့ရဲ့အစိတ်အပိုင်းတွေ ဆိုတော့ အတူရှိနေလည်း အန္တရာယ်မရှိဘူးပဲ” ရှီမာယူယူ သက်ပြင်းချလိုက် သည်။

ထိုကဲ့သို့ ခိုင်မာသော အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်တည်ဆောက်မှုရှိသည့် အရာမှ လွတ်မြောက်နိုင်မလားဆိုသည်ကိုတော့ မသိပေ။

သူမသည် သူ့ကို ဂရုတစိုက်ကြည့်သော်လည်း သူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများသည် တစ်ဝက်နှုန်းလှုပ်ရှားနေသည်မှလွဲ၍ တခြား ထူးဆန်းသည့်တစ်စုံတစ်ရာကိုမတွေ့ရပေ။

ကြာရှည်စွာ ရှာဖွေပြီးနောက်တွင် အကြောင်းအရင်းကိုရှာမတွေ့သဖြင့် သူမ ထွက်ခဲ့တော့သည်။

သူအဆင်ပြေသည်ဟု မီးတောက်ချီလင်းပြောသဖြင့် သူပြေလောက်မှာ ပါ။

သူမ စစ်ဆေးမှုပြီးသည်ကို ဟန့်မြောင်ရွှမ်နှင့် တခြားသူများမြင် သောအခါ ပျံလာကြသည်။

“ဂျူနီယာမောင်လေး ဘယ်လိုလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ဘာမှရှာမတွေ့ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့သူ အဆင်ပြေပါတယ်လို့ သူ့ရဲ့စာချုပ်သားရဲပြောတော့ အဆင်ပြေမှာပါ”

“အဲတော့ အခုဘာလုပ်ကြမလဲ သူနိုးလာတာစောင့်ရမှာလား” ရှောင်ချီ မေးလိုက်သည်။

“မလိုဘူး သူ့ကိုဒီအတိုင်းပဲထားမယ် သူဘယ်တော့နိုးလာမလဲကို မသိ ဘူး ဘယ်လောက်ကြာအောင်စောင့်ရမလဲလဲမသိဘူး” ရှီမာယူယူ ပြောလိုက် သည် “ငါ သူ့ကိုဝိညာဉ်စေတီထဲထည့်ထားပြီး ဝိညာဉ်လေးကို ကြည့်ခိုင်းထား လိုက်မယ်”

“အဲဒါလည်းကောင်းတယ် အဲလိုဆိုရင် ငါတို့ရှာတာကို မသက်ရောက် နိုင်တော့ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

ရှီမာယူယူသည် ဝူလင်းယူကို ဝိညာဉ်စေတီထဲထည့်ပြီးနောက် ဟာစွန် ကိုစီးကာ ကျွန်းအတွင်းပိုင်းသို့ ပျံသန်းလေသည်။

***

All Chapters