မင်းအတွက် နှင်းဆီဥယျာဉ်စိုက်ပျိုးထားတယ်
Vol. 011 Ch. 1096
သူတို့သည် တွေ့ကရာဦးတည်ဘက်ကိုသာ လျှောက်လာခဲ့ကြသည်။ ထိုလမ်းသည် ရှီမန်ဖန်တို့ သွားသည့်လမ်းဟုတ်ရဲ့လားပင် မသိပေ။ ရင်လင်း သည် သူမကို တစ်ဦးတည်းလှုပ်ရှားရန်ပြောခဲ့သဖြင့် သူမ သူတို့နောက် လိုက် မသွားတော့ပေ။
“ဒီထာဝရရှင်သန်သူနယ်မြေမှာ တကယ်ပဲ ဧကရာဇ်ရဲ့ အကြွင်းအကျန် တွေရှိတာလား” ရှောင်ချီ ဆက်ပြောလေသည် “ဒီလိုထာဝရရှင်သန်သူနယ် မြေက ချိပ်ပိတ်ထားတာမဟုတ်ဘူးလား ဧကရာဇ်က ဒီမှာဘယ်လိုလုပ်နေနိုင် တာလဲ”
“ဟိုးတုန်းက ထာဝရရှင်သန်သူနယ်မြေနဲ့ လောကအသေးနဲ့က တိုင်းပြည်တွေနဲ့ ဆက်စပ်နေတာ အဲတော့ သဘာဝကျကျပဲ လူတွေ ဒီမှာနေ နိုင်ကြတယ် ဧကရာဇ်ရှိလားဆိုတာပဲ မသိနိုင်တာ” ဟန့်မြောင်ရွှမ် ပြောလေ သည်။
“ဝါး ဒါကိုတောင် အစ်မကသိတယ်နော်” ရှောင်ချီသည် ဟန့်မြောင်ရွှမ် ကို တလေးတစားကြည့်လေသည်။
“ဟန့်မျိုးနွယ်က ဘာမှမဟုတ်ပေမယ့် မျိုးနွယ်ကြီးတစ်ခုပဲ ကိစ္စတချို့ သိတာတော့ ပုံမှန်ပါပဲလေ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“ဒါဆို တခြားဘာတွေသိသေးလဲ” ရှောင်ချီ မေးလေသည်။
“ဒါငါသိသမျှအကုန်ပဲ ငါ ငယ်ငယ်တုန်းက ဖတ်တဲ့စာအုပ်ရှိတယ်… ငါတို့က တစ်ဦးတည်းမဟုတ်ကြဘူး တခြားတိုင်းပြည်တွေလည်းရှိတယ် ဒါပေမဲ့ ငယ်တုန်းကတော့ နားမလည်ခဲ့ဘူး အဲဒါနဲ့ ငါအဲစာအုပ်ကိုထပ်တောင် မကြည့်တော့ဘူး ဘယ်စာအုပ်ရေးထားတာမှန်လဲဆိုတာကိုတောင် မသိဘူး” ဟန့်မြောင်ရွှမ်သည် ပခုံးတွန့်လေသည်။
“တခြားနေရာတွေ တကယ်ရှိတာလား ယူယူ ဘယ်လိုထင်လဲ” ရှောင်ချီ သည် ကြီးမားသောမျက်လုံးများကို မျက်တောင်ခတ်လေသည်။
“ရှိမှာပေါ့” ရှီမာယူယူသည် မအံ့သြပေ။
ရှေးအချိန်က လူများသည် သူတို့နေထိုင်ရာနေရာသည် ကြီးသည်ဟု ထင်ကြသည်။ သို့သော် တခြားတိုင်းပြည်များရှိသည်ကို နောက်မှသိကြလေ သည်။ ထို့နောက်တွင် တခြားတိုင်းပြည်မှာကြီးမားသည်ဟုထင်ထားသော် လည်း နောက်တိုင်းပြည်တစ်ခုကပိုကြီးနေသည်။ ထိုတိုင်းပြည်၏အပြင်ဘက် တွင်တခြားသော တိုင်းပြည်များရှိသေးသည်။ ထို့နောက်တွင် ကမ္ဘာကြီးသည် လုံးဝန်းပြီး ကမ္ဘာကြီးသည် သူ့အလိုလိုလည်ကာ နေကိုလှည့်ပတ်သည်ကို သိ လာကြသည်။ ထို့နောက်တွင် သူတို့သည် နေအဖွဲ့အစည်းအကြောင်းများ၊ နဂါးငွေ့တန်းနှင့် အဆုံးမရှိသော စကြာဝဠာအကြောင်းများ သင်ယူခဲ့ရသည်။
သူမ အရင်ဘဝသည် ထိုအတိုင်းဖြစ်သဖြင့် တိုက်များမည်မျှရှိကြောင်း မည်မျှကြီးကြောင်းပြောပြလျှင် ဘယ်လောက်တောင် တုန်လှုပ်လိုက်ကြမလဲ။
“ဧကရာဇ်အကြောင်းပြောရင်းနဲ့ ယူယူ မင်းလက်ထဲမှာရှိတဲ့ ကောင်းကင်လှံတံဘယ်လိုရှိလဲ” ဟန့်မြောင်ရွှမ် မေးလေသည်။
“ဒီနှစ်တွေမှာ သေချာသန့်စက်ပြီးသွားပြီ ဒါပေမဲ့ သုံးရရုံပဲရှိတယ် ပြီးတော့ နောက်တစ်ပိုင်းကိုရှာတွေ့ရင်တောင် စွမ်းအားဘယ်လောက်မှရှိမှာ မဟုတ်ဘူး”
လင်းလုံလောက် မကောင်းပေ။ ရှီမာယူယူသည် ထိုစကားကို စိတ်ထဲမှ ထပ်ဖြည့်လိုက်သည်။
ဝိညာဉ်စေတီထဲတွင် ဟိန်းသံလေးသည် ကောင်းကင်လှံတံကို သုံးပြီး မြေတူးနေရာမှ လှံတံသည် ရုတ်တရက် လှုပ်ရှားလာပြီး အင်အားအပြည့်သုံး ကာ လှုပ်ရမ်းလေသည်။ သို့သော် ဟိန်းသံလေးသည် ဖိနှိပ်လိုက်သည်။
“မလှုပ်နဲ့ ငါတို့တွင်းတူးရဦးမယ်” ဟိန်းသံလေးသည် ကောင်းကင်လှံတံ ကို ရိုက်လိုက်သည်။
ဝိညာဉ်လေးသည် လေထဲတွင် ရုတ်တရက်ပေါ်လာကာ ကောင်းကင် လှံတံကိုင်ပြီး ညစ်ပတ်ပြီး ရိုးသားစွာကြည့်နေသော ဟိန်းသံလေးကို ကြည့် လိုက်သည်။
သူ ဒီရောက်နေတာကြာပြီလေ။ ဒါပေမဲ့ ဒီကောင်က သိတောင်မသိဘူး သူ တစ်စုံတစ်ရာကို အသည်းအသန်လုပ်နေတာကို ပထမဆုံးမြင်ဖူးတာပဲ။
“ဒီတစ်ခါရော ဘာတွေလုပ်နေတာလဲ” သူ မေးခွန်းထုတ်လိုက်သည်။
ဟိန်းသံလေးသည် တင်ပါးလိမ်ကာ လှည့်ပြီး ဝိညာဉ်လေးကို တစ်ချက် ကြည့်ကာ ပြောလိုက်သည် “ငါ တွင်းတူးနေတာ”
“ဘာလို့တွင်းတူးတာလဲ” ဝိညာဉ်လေးသည် ပျံဆင်းလာရာ တူးနေ သည်မှာ တွင်းဆယ်ခုကျော်ရှိနေပြီကိုမြင်ပြီး မျက်နှာတွင် အနက်ကြောင်းများ ပြည့်သွားတော့သည်။
“မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေတဲ့အချိန်မှာ ယောက်ျား လေးက နှင်းဆီပန်းပေးလိုက်ရင် ပျော်သွားလိမ့်မယ်လို့ ယူယူ တစ်ခါ ပြောဖူးတယ် အိမ်မက်လေးက တစ်နေ့လုံးမပျော်မရွှင်ဖြစ်ပြီး မပြုံးနိုင်နေတာ အဲဒါကြောင့် သူမကို နှင်းဆီပန်းတစ်ခင်းစိုက်ပေးချင်လို့… သူမ နှင်းဆီခင်းကို မြင်ရင် ပျော်သွားမှာပဲ” ဟိန်းသံလေးသည် လက်ထဲမှ ကောင်းကင်လှံတံကို လှုပ်ရမ်းရင်း ပြောလေသည်။
“…” ဝိညာဉ်လေးသည် ထိုမယုံကြည်ရသော လူကို မည်သို့ အကဲဖြတ် ရမည်ကိုမသိတော့ပေ။
ရိုက်နှက်မှုနဲ့တန်အောင်ပြောရမယ်ဆိုရင်တော့ အိမ်မက်လေးပျော် အောင် လုပ်ဖို့်ကြိုးစားနေတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ကောင်းကင်လှံတံကိုယူပြီး မြေတူးနေတာပဲ။ တွင်းတူးတာက ဟုတ်ပါပြီ… ဒါပေမဲ့ တစ်မီတာအနက်တွင်းတူးတာက နှင်းဆီပန်းစိုက်မလို့လား ကိုယ့် ကိုယ်ကိုမြှုပ်မလို့လား။
“ကောင်းကင်လှံတံသုံးပြီး မြေတူးနေတာကို ယူယူသိရင် သူမင်းကို သီးသန့်ခွဲထားမှာပဲ” ဝိညာဉ်လေးသည် မပီသစွာပြောလိုက်သည်။
ဟိန်းသံလေး၏ တက်ကြွနေသော မျက်လုံးများသည် ကြည်လင်သွား သည်။ ယူယူက ဒီပစ္စည်းကိုအရမ်းတန်ဖိုးထားတဲ့ပုံပဲ…
သူမ သူ့ကိုအပြစ်ပေးမည်ဟု တွေးလိုက်သည်နှင့် သူ၏ နားရွက်နှစ်ခု သည် ကျုံ့သွားလေသည်။
“ယူယူ ငါ့ကိုအပြစ်မပေးလောက်ဘူးမလား”
သူ့စကားများတွင် ယုံကြည်မှုပင်မရှိတော့ပေ။
“ဖြစ်ဖို့များတယ်” ဝိညာဉ်လေးပြောလိုက်သည်။
“ငါ့ကိုမခြောက်နဲ့” ဟိန်းသံလေးသည် ကောင်းကင်လှံတံကို ဖက်ရင်း ပြောလေသည်။
“ခြောက်နေတယ်လို့ထင်လို့လား” ဝိညာဉ်လေးသည် လေးနက်ပုံပေါက် ရာ ဟိန်းသံလေးသည် သူကြောရိုးမှ အေးစက်သွားလေသည်။
အိမ်မက်လေးသည် အဝေးမှလျှောက်လာပြီး တွင်းထဲမှ ဟိန်းသံလေးကို သယ်ကာ ပြုံးပြီး ပြောလိုက်သည်။ “မကြောက်ပါနဲ့ ယူယူက မင်းကို အပြစ်ပေးမှာမဟုတ်ဘူး”
လက်ရှိအိမ်မက်လေးသည် ပြီးခဲ့သည့်အချိန်များနှင့် ကွာခြားခဲ့လေပြီ။ အရင်က ကြာပန်းနက်ဟုပြောရမည်ဆိုလျှင် အခုချိန်တွင်တော့ လှပပြီး လှည့်ဖြားတတ်သည့် နှင်းဆီနက်ဖြစ်ကာ အချိန်မရွေးလူများကို ဆူးနှင့် ထိုးဖောက်နိုင်သည်။
ဟိန်းသံလေးသည် အိမ်မက်လေး၏အပြုံးကိုမြင်သောအခါ လက်ထဲမှ ကောင်းကင်လှံတံကို ပစ်ပြီး တက်ကြွစွာပြောလေသည် “အိမ်မက်လေး မင်း နောက်ဆုံးတော့ပြုံးပြီပဲ ရက်ပေါင်းများစွာကြာပြီးမှလေ”
အိမ်မက်လေးသည် ဟိန်းသံလေး၏ ကျောပေါ် မျက်နှာဖြင့် လွန့်လူးကာ ပြောလိုက်သည် “ငါဘာလို့ဒီလောက်ကံကောင်းတာလဲ ငါ့မှာ နင်နဲ့ ယူယူရယ် ငါ့ကို အဖော်ပြုပေးတဲ့တခြားသူတွေလည်းရှိတယ်”
သူမသည် အပြစ်သားတစ်ဦးဖြစ်သည်။ သူမသည် သူတို့၏ အချစ် မဟုတ်ဘဲ အဆုံးမရှိသောနာကျင်မှုများ အပြစ်တင်မှုများ ခံရသင့်သည်။
“အိမ်မက်လေး ငါတို့က မင်းရဲ့မိသားစုတွေပဲ” ဟိန်းသံလေးသည် အိမ်မက်လေး၏ စကားထဲမှ နာကျင်ကိုမှုကို ခံစားမိပြီး သူမကိုနှစ်သိမ့်လေ သည် “နောက်တစ်ခါ ငါအမှားလုပ်မိရင်သာ ငါ့ကိုအထင်မသေးနဲ့”
“မသေးပါဘူး ဟိန်းသံလေးက ချစ်စရာအကောင်းဆုံးပဲ” အိမ်မက်လေး သည် အာမခံကာ ဟိန်းသံလေး၏ နဖူးကို မွှေးမွှေးပေးလိုက်သည်။
“ဟီးဟီး…”
ဟိန်းသံလေးသည် အိမ်မက်လေး၏ အနမ်းကို နားမလည်နိုင်ဖြစ်ပြီး တုံးအစွာရယ်လေသည်။
ဝိညာဉ်လေးသည် အရူးပုံပေါက်နေသော ဟိန်းသံလေးအားကြည့်ပြီး အထင်သေးစွာခေါင်းရမ်းကာ အိမ်မက်လေးကိုပြောလိုက်သည် “ဒီကောင်က မယုံကြည်ရလောက်ပေမယ့် သူ့ပြောတဲ့စကားတချို့ကမှန်တယ် ငါတို့က မိသားစုတွေပဲ မင်းတစ်ယောက်တည်း ခံစားနေဖို့မလိုဘူး ငါတို့က မင်းနဲ့ရှိနေ ပေးမှာ”
ဝိညာဉ်လေးသည် ထိုစိတ်လှုပ်ရှားစရာစကားများကို ပြောခဲသည်။ သူ ပြောပြီးနောက်တွင် ရှက်လာသဖြင့် အမြန်ထွက်ပြေးလေသည်။
သူထွက်သွားပြီးနောက်တွင် ဟိန်းသံလေးတူးထားသော တွင်းသည် ပြည့်သွားလေသည်။ ခဏအကြာတွင် နှင်းဆီပန်းများသည် မြေဆီထဲမှ အပင်ပေါက်လာသည်။ အပင်ပေါက်များသည် အတိုင်းသားမြင်ရလောက် အောင်ပင် လျင်မြန်စွာ ကြီးထွားလာပြီး အလျင်အမြန်ပင် လှပပြီးရနံ့သင်း သော ပန်းများအဖြစ် ပွင့်လန်းလေသည်။ ထို့အပြင် မျိုးစုံသောအရောင်များ ပွင့်လေသည်။
နှင်းဆီပန်းဥယျာဉ်ဖြစ်လာကာ ထိုဥယျာဉ်သည် အိမ်မက်လေးတွက် ဆောက်လုပ်ပေးခြင်းဖြစ်သည်။
အိမ်မက်လေး နှုတ်ခမ်းထောင့်မှ အပြုံးသည်ပိုပိုကျယ်လာကာ မျက်လုံး မှ မျက်ရည်များကျလာ၏ ။
“ကျေးဇူးတင်ပါတယ်…”
ဟိန်းသံလေးသည် အိမ်မက်လေး၏ ရင်ခွင်ထဲတွင်ရှိနေသည်။ သို့သော် သူ့မျက်နှာတွင် မပျော်ရွှင်မှုများ ပြည့်နေသည်။
ဝိညာဉ်လေးသည် သူ၏ ရေပန်းစားမှုကိုလုယူသွားခဲ့လေပြီ။ သူက အိမ်မက်လေးအတွက် နှင်းဆီပန်းတွေစိုက်ပေးချင်တယ်ဆိုတာ သူသိရဲ့သား နဲ့ အဲကောင်က ချက်ချင်းပဲ ဥယျာဉ်အဖြစ် ချက်ချင်းပြောင်းလိုက်တယ်။ ပြီးတော့ သူကြိုးစားပမ်းစား အပင်ပန်းခံပြီး တူးထားတဲ့တွင်းကိုတောင် ဖို့ လိုက်သေးတယ်။
မပျော်ဘူး မပျော်ဘူး…
အိမ်မက်လေးသည် ဟိန်းသံလေးများ ချီကာ ဥယျာဉ်ထဲတွင်ထိုင်ပြီး ပန်းများ၏အနံ့ကို ရှုရှိုက်ကာ ပြောလိုက်သည် “ဟိန်းသံလေး မင်းဒီမှာ ပတ် ဆော့လို့ရတယ် ငါကတော့ ခန္ဓာကိုယ်ထဲက စွမ်းအားကိုကျင့်သားရအောင် လုပ်ပြီး မြန်မြန်ထွက်ရမယ်”
“အင်း”
ဟိန်းသံလေးသည် စိတ်ပျက်စွာထွက်သွားလေသည်။
“ဟိန်းသလေး မင်းအကောင်းဆုံးပဲ”
ဟိန်းသံလေးသည် သူမပြောလိုက်သည့်စကားကိုကြားသောအခါ ပြန်ပြီး တက်ကြွလာကာ ခံ့ညားထည်ဝါစွာဖြင့်ပင် မော့ကြည့်လေသည်။
***