← Chapters

မဂ်လာပွဲည

Vol. 1 Ch. 1

မဂ်လာပွဲည

Vol. 1 Ch. 1

ချီစုဆောင်းခြင်းတတိယအဆင့်။

ကျင့်ကြံမှုကိုတိုင်းတာနိုင်သည့် ကျောက်တုံး၏

မျက်နှာပြင်ပေါ်မှဖော်ပြချက်ကိုကြည့်၍ချန်အန်

တယောက် စိတ်ပျက်နေသည်။

ဇာတ်ကြောင်းပြန်ရမည်ဆိုလျှင်

ချန်အန်တယောက် ကျင့်ကြံခြင်းကမ္ဘာတခုသို့ ကူးပြောင်းလာခဲ့ပြီးနောက်သူ၏သေးငယ်သည့် ရည်မှန်းချက်တခုကတော့ဆယ်နှစ်ကြာကျင့်ကြံပြီးနောက် တည်ဆောက်ရေးအဆင့်သို့ ရောက်ရှိနိုင်ရန်ဖြစ်ပေသည်။ သို့သော်လည်း နှစ်ပေါင်း၃၀ ကျော်ကြာမြင့်ခဲ့ချိန်မှာ​တောင် သူ့ရဲ့ကျင့်ကြံမှုက တတိယအဆင့်မှ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ နိမ့်ပါးသည့် ပါရမီကြောင့် လက်ရှိဘဝတွင်တော့ တည်ဆော

က်ရေးအဆင့်ကို ဖြတ်ကျော်ရန်သူ့တွင် မည်သည့် မျှော်လင့်ချက်မှမရှိတော့ချေ။

"ရှီး..အင်မော်တယ်လမ်းကြောင်းကတကယ်ခက်ခဲတာပဲ ငါကသာမန်ဘဝကိုပြန်သွားပြီး သာမန်လူတဦးအနေနဲ့ဘဝကိုကုန်ဆုံးရတော့မယ်ထင်ပါရဲ့”

"ငါ့ရဲ့မျိုးဆက်အတွက် အလိမ္မာအိမ်ပါပြီး လှပ

တဲ့ဇနီးမယားနဲ့ သားသမီးအချို့ရယူပြီး ပျော်ရွှင်တဲ့မိသားစုတခုတည်ဆောက်ရမယ်"

"ဒီနည်းလမ်းက ငါ့ဘဝကိုအလဟဿမဖြစ်စေ

တော့ဘူးပေါ့"

ထိုကဲ့သို့အတွေးရှိလာသည့်အတွက်ကြောင့်

ချန်အန်သည် မြို့တော်သို့အလျင်အမြန်ပင်သွာ

ရောက်လိုစိတ်ပေါ်လာခဲ့သည်။

မြို့တော်ရှိအောင်သွယ်အချို့နှင့်ချိတ်ဆက်၍

ကောင်းမွန်သည့် လက်တွဲဖော်တဦးအတွက်

အပျိုစင်မိန်းကလေးတဦးကိုရှာဖွေစေသည်။သူ

သည် အဆိုပါမိန်းကလေးဖြင့်လက်ထပ်ကာ

ဘဝတခုအခြေကျရန် ကြိုးစားမည်ဖြစ်သည်။

ကျောက်တုံးစိမ်းရွာ။ပန်းပွင့်လမ်းမ

ချန်အန်သည် မှတ်ဉာဏ်များအားကိုးဖြင့် အော

င်သွယ်ရှိရာသို့ တည့်တည့်ပင်သွားလိုက်သည်။

ပြည့်တန်ဆာအိမ်တခုဖြတ်သွားမိချိန်တွင် သံစ

ဥ်တခုကိုကြားလိုက်ရလေသည်။

“အစ်ကိုကြီးကငွေရှာပြီး ညီမလေးကသုံးစွဲတ

ယ်..ညီမလေးကငွေရှာပြီး အစ်မကြီးကသုံးစွဲတ

ယ်”

ဇီသာတူရိယာ၏နုတ်အချို့ဖြစ်ကာ ထိုအရာကို

ချန်အန်းတယောက်နားမလည်ပေ။ အနည်းငယ်

ပျင်းရိဖွယ်ကောင်းသည်ဟု ခံစားမိပြီးနောက်ထို

နေရာမှ လှည့်ထွက်ရန်သူ၏ဦးခေါင်းကို လှည့်

လိုက်သည်။ ထိုအချိန်တွင် ပြည့်တန်ဆာအဆေ

င်၏ ဘေးတဖက်တွင် ရုန်းရင်းဆန်ခတ်သည့်

အခြေနေတခုဖြစ်သွားလေသည်။

“အဟင့် ဟီး ငါက ဖျော်ဖြေတဲ့သူတယောက်မ

ဖြစ်ချင်ဘူး”

“နင်က ရုပ်ရည်ချောမောပြီ ဂီတ စစ်တုရင်

လက်ရေးလှနဲ့ပန်းချီ တွေမှာ ကျွမ်းကျင်မှုရှိ

တယ်မဟုတ်လား ဖျော်ဖြေသူတယောက်မဖြစ်

ချင်ရင် ဘယ်နေရာမှာသွားသုံးစားမလဲ”

“ငါ့ကို ဖျော်ဖြေတဲ့သူအဖြစ် အတင်းလုပ်ခိုင်း

ရင် ငါ့ကိုယ်ငါသတ်သေပစ်လိုက်မယ်”

“အေး နင်ဆက်ငိုနေမယ်ဆိုရင်တော့ ဒီညမှာပဲ

နင့်ကိုပြည့်တန်ဆာမလုပ်ခိုင်းပစ်မယ်”

“အဟင့်ဟင့်ဟင့်”(ရှိုက်၍ငိုသံ)

ချန်အန်သည် ငိုသံကြားရာသို့ကြည့်လိုက်လျှင်

မိနိးမငယ်လေးတဦးသည် မြေပြင်ပေါတွင်ထိုင်

၍ ရှိုက်ငိုနေလေသည်။သူမ၏ဘေးတွင်တော့

ယောက်ကျားလေးအနည်းငယ်နှင့် လှပသည့်အ

မျိုးသမီးတဦးရှိကာ မိတ်ကပ်များလိမ်းကျံ

ထားလေသည်။ မိန်းမငယ်လေးသည် ချမ်းသာ

သည့်လူကုံထံမိသားစုမှ ရောင်းချခံခဲ့ရပြီး သူမ

သည် သူမ၏ကံတရားကိုလက်ခံလိုက်ခြင်းထ

က် သေခြင်းတရားကိုသာလိုလားနေပုံရှိသည်။

ထိုအရာများကိုတွေးရင်း ချန်အန်၏အကြည့်က

မိန်းမငယ်လေးဆီရောက်သွားရလေသည်။ အ

ဆိုပါမိန်းမငယ်လေး၏အသွင်ပြင်သည် လှပ၍

ဆွဲဆောင်မှုရှိသည့်ကိုယ်ဟန်ကိုပိုင်ဆိုင်ထားသ

ည်။

ထိုအချင်းအရာကိုကြည့်၍ ချန်အန်လည်းအကြံ

တခုရသွားကာ မိန်းမလေးရှိရာ အဆောင်ဘေး

သို့လျှောက်သွားလိုက်သည်။ လှပသည့်အမျိုး

သမီး၏ရှေ့တည့်တည့်တွင်ရပ်၍ ရွှေစင်တုံးကို

ထုတ်ကာမိန်းမငယ်လေး၏အခြေနေကိုမေးလိုက်လေသည်။

“သူမရဲ့အခြေနေကို ငါသိခွင့်ရှိမလား”

ထိုအမျိုးသမီးသည် အနည်းငယ်ကျိန်ဆဲကာ

သူမသည် မည်သည့်လုပ်ငန်းကိုလုပ်ကိုင်နေ

ကြောင်း ကျိုးယန်ကိုသိစေချင်ပုံရသည်။

သို့သော် ချန်အန်၏လက်ထဲတွင်ကိုင်ထားသည့်

ရွှေတုံးကိုမြင်ချိန်တွင် ချက်ချင်းပင်စိတ်ပြောင်း

သွားတော့သည်။

“နင်​ပြောတာ ဒီကောင်မလေးကိုလား။သူမက

မြို့တော်မှာရှိတဲ့ ဆောင်မိသားစုရဲ့သမီးပဲ။သူ

တို့က ကျင့်ကြံသူပညာရှင်တယောက်ကိုထိပါးမိ

ခဲ့တဲ့အတွက် မိသားစုတစုလုံးအသတ်ခံရပြီး

ဒီကောင်မလေးကတော့ ရုပ်ရည်လေးရှိနေတဲ့အ

တွက် ဒီနေရာမှာရောင်းစားခံလိုက်ရတာပဲ”

အမှန်ပင် သူမ၏မိသားစုသည် အကုန်လုံးပင်

သတ်ဖြတ်ခံခဲ့ရကာ ထိုအရာသည်အလွန်ပင်

ဝမ်းနည်းနာကျင်ဖွယ်ကောင်းသည့် ဖြစ်ရပ်တခု

ဖြစ်သော်လည်း ချန်အန်းကတော့ မည်သို့မှမခံ

စားရပေ။ သူရှင်သန်ခဲ့သည့် အချိန်များတွင်

ဒီကမ္ဘာ၏ရက်စက်မှုကို သိမြင်မှုက လုံလောက်

သည်ထက်ပင်ပိုနေပြီဖြစ်ကာ ယခုအချင်းအ

ရာကိုခံစားရန်မစွမ်းသာတော့ပေ။

ကျောက်တုံးစိမ်းမြို့ကြီးတခုပျက်စီးသွားခဲ့မည်

ဆိုရင်တောင် ထိုအဖြစ်အပျက်သည် ကျင့်ကြံ

ရေးလောကတွင်တော့ သာမန်အဖြစ်အပျက်

လေးတခုသာ ဖြစ်လာပေမည်။

အဆိုပါဖြစ်စဥ်သည် မင်းမျိုးမင်းနွယ်များတွင်

လည်းပါဝင်ကာ ပုရွတ်ဆိတ်များအတွက် ၎င်း

တို့၏အသက်များက မြက်ပင်များသဖွယ်အ

လားသဏ္ဍန်တူပေသည်။ သူတို့သေတော့ကော

ဘာဖြစ်မှာလဲ။ ဒါကိုမည်သူမှဂရုမစိုက်ပေ။

“ငါဂရုစိုက်တာက သူမကအခုထိအပျိုစင်ပဲရှိ

နေသေးလားဆိုတာပဲ”

“လူငယ်ဆရာသခင်လေး နင်ကသူ့ကိုရွေးချင်

နေတာလား”

“ဟုတ်တယ် သူမရဲ့တန်ကြေးကိုပြောလိုက်ပါ”

“သူမက ချောမောတဲ့ရုပ်ရည်ရှိပြီး ဂီတ စစ်တု

ရင် လက်ရေးလှနဲ့ ပန်းချီတို့မှာ ကျွမ်းကျင်တယ်

ဒါ့အပြင် သူမက အပျိုစင်ပဲရှိသေးတယ်ဆို

တော့ သူမရဲ့တန်ကြေးက ရွှေတုံးတစ်ရာကျ

သင့်လိမ့်မယ်”

ရွှေတုံးတစ်ရာသည် အဆင့်နိမ့်စိတ်ဝိဉာဥ်ကျော

က်တုံး တစ်တုံးနှင့်ညီမျှပေသည်။ ချန်အန်သည်

စဥ်းစားခြင်းပင်မလုပ်တော့ပဲ သူ၏အိပ်ကပ်ထဲ

မှ အဆင့်နိမ့်စိတ်ဝိဉာဥ်ကျောက်တုံးတစ်တုံးကို

နှိုက်ကာ အဆိုပါအမျိုးသမီးထံပစ်ပေးလိုက်သ

ည်။

“ငါက ဆောင်မိသားစုရဲ့ ဒီမိန်းမငယ်လေးကို

ယူမယ်”

“စိတ်ဝိဉာဥ်ကျောက်တုံးလား”

ထိုအမျိုးသမီး၏မျက်လုံးအစုံသည် မယုံကြည်

နိုင်ဟန်ဖြင့် ပြူးကျယ်သွားလေသည်။ သာမန်

ဆန်သည့် အသွင်အပြင်သာရှိသည့် ချန်အန်ကို

လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်းရိပ်မိ

သွားလေသည်။ စာအုပ်တအုပ်ကို အဖုံးကြည့်

ရုံဖြင့် မဆုံးဖြတ်နိုင်ပေ။

သူမသည် ချက်ချင်းပင်စကားများပြောင်းလဲ

သွားကာ ဆောင်မိသားစုမှမိနိးမငယ်လေးအား

ချန်အန်ကိုအလကားပေးပါမည်ဟု ဆိုလာလေ

သည်။ ထိုအရာက ချန်အန်က ကျင့်ကြံသူမှန်း

သူမသိလိုက်၍ မိတ်ဖွဲ့လိုခြင်းဖြစ်သည်။ သို့

သော်လည်း ချန်အန်ကစိတ်ဝိဉာဥ်ကျောက်တုံး

ကိုပြန်မယူတော့ပေ။ ဆောင်မိနိးကလေးနှင့်အ

တူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

အပြန်တွင် နှစ်ဦးသားစကားအနည်းငယ်စတင်

ပြောဆိုလာကြသည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ”

“ငါ့ရဲ့မျိုးရိုးအမည်က ဆောင်ဖြစ်ပြီး အမည်က

တော့ ဟွာယင်းလို့ခေါ်ပါတယ်”

“အင်း ကောင်းသားပဲနာမည်က”

“လူငယ်ဆရာသခင်လေး နင်ကအင်မော်တယ်

ဆရာတဦးလား”

“ဟုတ်တယ်”

ချန်အန်သည် သူမကိုစကားအများကြီးထပ်မ

ပြောတော့ပေ။ အင်မော်တယ်တဲ့လား ဟမ့်

ချန်အန်သည် စိတ်ထဲတွင်တော့ ထိုစကားလုံး

အတွက် မချိတင်ကဲခံစားနေရသည်။ သူသည်

အင်မော်တယ်လမ်းစဥ်ကို လိုက်ပါလိုသူဖြစ်ခဲ့

သော်လည်း ခက်ခဲစွာပင် ကျရှုံးခဲ့သူဖြစ်နေ

သည်။ သူ့တွင်ရှိသည့် တခုတည်းသောကျွမ်း

ကျင်မှုက ဆေးလုံးဖော်စပ်ခြင်းပင်ဖြစ်သည်။

သူထွက်ခွာလာချိန်တွင် မိတ်ဆွေအနည်းငယ်က

ဆေးပညာချန်ဟူသည့် အမည်ကိုခေါ်သော်ကြ

လေသည်။ ဆောင်ဟွာယင်းကတော့ ချန်အန်၏

အတွေးကိုမသိပေ။ သူမ၏ဦးခေါင်းကိုသိသိ

သာသာပင် ငုံ့ထားသော်လည်း တခါတရံတွင်

ချန်အန်၏ ကြည့်ကောင်းသည့်အသွင်အပြင်ကို

ခိုးကြည့်နေတတ်သည်။

“အင်မော်တယ်လူငယ်ဆရာသခင်လေး ရှင့်ရဲ့

ကယ်တင်မှုကို ကျေးဇူးပြန်ဆပ်ဖို့ ဒီဘဝမှာ

တော့ ကျမကိုယ်ကျမ ပေးအပ်လိုက်တာက

အကောင်းဆုံးနည်းလမ်းတခုဖြစ်နေမှာစိုးရတယ်”

ချန်အန်သည် အနည်းငယ်ပြုံးနေသော်လည်း

မည်သည့်စကားမှတော့ မပြောလိုက်ပေ။ သူ့အ

ထင်ကတော့ ကြည့်ကောင်းသည့်အသွင်အပြင်

တခုရှိတာက အဆင်​ပြေပုံပေါ်သည်။ သူတို့နှစ်

ဦးသည် ငါးကီလိုမီတာထက်ပင်ပို၍ လမ်း

လျှောက်နေခဲ့ပြီး စိတ်ဝိဉာဥ်စွမ်းအင်များပြည့်

နေသည့် တောအုပ်တခုရှိရာသို့ ရောက်သွားကြ

သည်။

ယခုတောအုပ်သည် လေလွင့်ကျင့်ကြံသူများ

ကြားတွင် ဝါးရွက်အိမ်ရာဟု ကျော်ကြားလေသ

ည်။ဒီနေရာတွင် အဆိုပါလေလွင့်ကျင့်ကြံသူ

များအနေဖြင့် တည်ဆောက်ရေးအဆင့်ကျင့်

ကြံသူများ၏ အကာအကွယ်အောက်၌ အခ

ကြေးငွေပေး၍ နေထိုင်နိုင်သည်။ အဆင့်နိမ့်ကျ

င့်ကြံသူအများစုသည် ၎င်းတို့၏အသက်ရှင်

သန်ရေးအတွက် အခကြေးငွေပေးရန်လိုသည်။

ထိုလူများထဲတွင် ချန်အန်လည်းအပါအဝင်ဖြစ်

ပေသည်။

မကြာမီတွင် ချန်အန်တို့နှစ်ဦးသည် အတန်ငယ်

ရိုးရှင်းသည့် သစ်သားအိမ်ငယ်လေးတခုရှေ့

တွင်ရပ်လိုက်သည်။ ထိုအိမ်သည် ချန်အန်၏

ကိုယ်ပိုင်အိမ်ပင်ဖြစ်ကာ သူကိုယ်တိုင်ဆောက်

ထားရခြင်းဖြစ်သည်။

ဝါးရွက်အိမ်ရာရှိရာ ဝါးရွက်တောအုပ်တွင် နေ

ထိုင်ရန်အိမ်ကို ကိုယ်တိုင်ဆောက်လုပ်ရန်လိုအ

ပ်ကာ အိမ်ရာမှာ မြေကွက်လပ်တခုသာထောက်

ပံ့ပေးထားပြီး အခြားမည်သည့်အရာမှထပ်မံ

ပေးအပ်ထားခြင်းမရှိပေ။

ခရက်ခ်

ချန်အန်သည် သစ်သားတံခါးကိုအသာဖွင့်၍

ဆောင်ဟွာယင်းနှင့်အတူ အထဲသို့ဝင်လိုက်သ

ည်။

“မင်းစိတ်ထဲ သက်တောင့်သက်သာဖြစ်သွား

အောင် လက်ဖက်ရည်ပူပူလေးတွက် ငါလုပ်

ပေးမယ်”

“ ကျေးဇူးတင်ပါတယ် အင်မော်တယ်ဆရာ”

ဆောင်ဟွာယင်းသည် အနည်းငယ်သတိထား၍

ချန်အန်ကိုပြောလိုက်သည်။ မူလကသူမသည်

ချန်အန်အတွက် လက်ဖက်ရည်ကိုဖျော်ပေးရန်

ဆန္ဒရှိသော်လည်း ထိုအရာကိုမလုပ်ခဲ့ပေ။ ချန်

အန်သည် ကျင့်ကြံသူအင်မော်တယ်တဦးဖြစ်ပြီ

သူမသည် သာမန်လူတဦးသာဖြစ်နေသည်။

သို့သော်လည်း သူမသည် ကျင့်ကြံသူတဦးကဲ့

သို့ပင် တောင်ပေါ်လမ်းများ၌ ဆယ်မိုင်ကျော်ထိ

လမ်းလျှောက်ခဲ့ရကာ သူမ၏ခြေထောက်များ

သည် နာကျင်ကိုက်ခဲနေလေသည်။

မကြာမီတွင် လက်ဖက်ရည်ရလာသည်။

ချန်အန်သည် လက်ဖက်ရည်ခွက်ကို ကမ်းပေး

ပြီးနောက် လိုရင်းကိုပင်တည့်တည့်ပြောလိုက်

တော့သည်။

“ယင်းအာ မင်းကိုပြည့်တန်ဆာစံအိမ်ကခေါ်

ထုတ်လာရတဲ့အကြောင်းက လက်ထပ်ချင်လို့

ပါ မင်းမှာကော ငါ့လိုဆန္ဒရှိရဲ့လား”

ချန်အန်၏စကားကိုကြားလျှင် သူမသည်အန

ည်းငယ် တုန်လှုပ်သွားမိသည်။ မူလကသူမသ

ည် သာမန်အစေခံဘဝတခုကိုသာ မျှော်လင့်

ထားပြီး ဇနီးမယားတဦးဖြစ်လာရန် မျှော်လင့်

ချက်မထားခဲ့ပေ။ အတန်ကြာပြီးနောက် အန

ည်းငယ် ရှက်ရွံနေသည့်ပုံစံဖြင့် လေသံသည်လဲ

တိုးညှင်းနေကာ

“အင်မော်တယ်ကျင့်ကြံသူဆရာလေးကို လက်

ထပ်ခွင့်ရတာက ယင်းအာအတွက်တော့အံ့ချီး

ဖွယ်ရာဖြစ်စဥ်တခုပါပဲ”

“ဒါဆို ငါတို့အချိန်ထပ်မဖြုန်းတော့ဘူး အခုပဲ

လက်ထပ်လိုက်ကြတာပေါ့”

ချန်အန်သည် ထိုအရာအတွက် မည်သည့်ဟန်

ဆောင်ခြင်းကိုမှ မလုပ်ခဲ့ပေ။ သူ၏စိတ်ကူးအ

တိုင်းအကောင်အထည်ဖော်လိုက်သည်။ ချန်အ

န်သည် မဂ်လာဆောင်ခြင်းဓလေ့၏ ထုံးတမ်း

အများစုကို ကျော်ဖြတ်ကာ ညအချိန်ရောက်သ

ည်အထိပင် မစောင့်တော့ပဲ လက်ထပ်တော့သ

ည်။ ဆောင်ဟွာယင်းသည် အပျိုစင်အဖြစ်သာ

ရှိနေသေးကာ သတို့သမီးမျက်နှာဖုံးအတွက် သူ

မစိတ်ထဲရှိသလိုသာ ပြုလုပ်စေလိုက်သည်။

အချိန်တချို့ကြာမြင့်ပြီူချိန်မှာတော့ သူတို့သ

ည် အရွယ်ရောက်သည့်လူများ အမှန်တကယ်

ဖြသ်လာကြသည်။(အိမ်ထောင်ကျသွား၍ အရွ

ယ်ရောက်သည်ဟု ဆိုလိုဟန်ရ)

“ဆေးပညာအတွေ့အကြုံ ၁ မှတ်”

“ဟမ် အဲ့ဒါဘာကြီးလဲ”

ချန်အန်သည် မျက်စိရှေ့လေဟာနယ်တွင်ပေါ်

လာသည့် စာလုံးများကို ကြည့်ကာမှင်သက်နေ

လေသည်။ ခနအကြာတွင် နောက်ထပ်စာလုံး

များထပ်ပေါ်လာပြန်သည်။

အမည်… ….ချန်အန်

ကျင့်ကြံမှု….ချီစု​ဆောင်းခြင်း အဆင့် ၃

ဆေးပညာ….သင်ကြားသူ ရမှတ် 1/100

လက်တွဲဖော်……ဆောင်ဟွာယင်း

မျိုးရိုး…….မရှိ

………………………………………..

All Chapters