အင်မော်တယ်တစ်ဦးဖြစ်ရန်နည်းလမ်း
Vol. 1 Ch. 3
စနစိ၏မျက်နှာပြင်ပေါ်မှစာကိုမြင်လျှင် ချန်အန်
တယောက်ဝမ်းသာသွားသည်။ ဆက်ဆံရေးက
ရမှတ်များနှင့်တိုက်ရိုက်အချိုးညီသတဲ့လား။
စနစ်၏လုပ်ဆေင်ချက်သည် တကယ်ကိုပင်
ကောင်းမွန်လွန်းသည်ဟု ချန်အန်ထင်လာသည်
ဆောင်ဟွာယင်းနှင့်ဆက်ဆံရေးက ကြယ်တပွင့်
သာဖြစ်၍ တကြိမ်ဆက်ဆံတိုင်း တစ်မှတ်သာ
တိုးလာခြင်းဖြစ်ကာ ကြယ်ငါးပွင့်ဆိုပါက ရရှိ
လာမည့်အမှတ်များကလည်း ငါးဆဖြစ်သွားပြီ
မဟုတ်လား။ထိုအချင်းအရာကိုတွေးမိလျှင် ချ
န်အန်တယောက်စိတ်လှုပ်ရှားသွားကာ ဆက်ဆံ
ရေးကိုတိုးမြင့်၍ ကျင့်ကြံဆင့်မြင့်ပေးနိုင်သည့်
စနစ်ကို အမှန်ပင်သဘောကျသွားလေသည်။
အရင်ဘဝက ဂိမ်းသမားဖြစ်သောကြောင့် ဆု
လာဒ်များအတွက် ကြိုးစားရသည့်အခြေနေကို
လက်သင့်ခံသူဖြစ်ကာ သဘောကျပေသည်။
“ယင်းအာ မင်းကဒီထိလမ်းလျှောက်ခဲ့ရတာဆို
တော့ ခြေထောက်တွေကိုက်ခဲနေမှာပဲ ငါအခု
ရေနွေးတအိုးကျိုပေးမယ် ပြီးရင်နည်းနည်းနှိပ်
ပေးမယ်လေ”
ထိုသို့ပြောပြီးနောက် ဆောင်ဟွာယင်း၏တုန့်
ပြန်မှုကိုပင်မစောင့်တော့ပဲ မီးဖိုချောင်ထဲဝင်ကာ
ရေနွေးတအိုးကို လျင်မြန်စွာတည်လိုက်သည်။
ရေပွက်ပွက်တူလာလျင် သစ်သားပုံးတခုထဲသို့
ထည့်၍ ဆောင်ဟွာယင်း၏အရှေ့သို့ယူလာပေ
သည်။
“ဖိနပ်ကိုချွတ်လိုက်ပါ ခြေထောက်ကိုစိမ်ပေးမ
ယ်”
“ ကျေးဇူးတင်ပါတယ် ယောက်ကျား”
ဆောင်ဟွာယင်းက နာခံစွာဖြင့်ခြေထောက်များ
ကိုဆန့်လိုက်သည်။ ချန်အန်သည် သူမ၏ဖိနပ်
များကိုအသာချွတ်လိုက်လျှင် ဖြူနုသည့်ခြေ
ထောက်များမှာ ဆွဲဆောင်မှုရှိသည်ကို သတိပြု
မိလိုက်သည်။ ခြေထောက်အစုံသည် ဖြူဝင်းသ
ည်ထက် ပန်းနုရောင်လေးပင် သန်းနေလေသည်
“ယင်းအာ ရေနွေးက အရမ်းပူလား”
သူမ၏ခြေထောက်အစုံကို သစ်သားပုံးထဲသို့
ညင်သာစွာချပေးပြီး မေးလိုက်သည်။
ချန်အန်၏စကားကို ကြားလျှင် ဆောင်ဟွာယင်
တယောက် မျက်နှာလေးရဲသွားကွာ အကြည့်ကို
ဘေးဘက်သို့လွှဲလိုက်သည်။ ကျင့်ကြံရေးလော
ကသည် ရှေးရိုးဆန်ကာ အစွဲကြီးကြသည်။အ
မျိုးသမီး၏ ခြေထောက်သည် ဖုံးကွယ်အပ်သ
ည့်အရာတခုဖြစ်ကာ လူအများရှေ့ထုတ်ပြ၍မ
ရပေ။ ချန်အန်က သူမ၏ခြေထောက်များကိုအ
သာအယာဆုပ်ကိုင်လိုက်သည့်အခါတွင်တော့
ဆောင်ဟွာယင်းတယောက် ရှက်သွေးဖြာသွား
ရသည်။
သူမအနေဖြင့် ချန်အန်၏ဇနီးဖြစ်နေသော်လည်
တွေ့ဆုံချိန်ကတိုတောင်းလွန်းသည်မဟုတ်လား။ ချန်အန်အတွက်ကတော့ အရေးကြီးကိစ္စဟု
မထင်မှတ်ထားကာ ပြုမြဲအတိုင်းပြုနေလေသ
ည်။
ချန်အန်း၏နှိပ်နှယ်မှုက တခါတကံတွင်အသာ
အယာဖြစ်သော်လည်း တခါတရံတွင်နာကျင်
စေသော်ကြောင့် ဆောင်ဟွာယင်းတယောက်
မျက်မှောင်များကြုတ်ထားမိကာ တချက်တချ
က်၌ ညည်းညူးမိလေသည်။
[ဇနီးသည်၏ခြေထောက်အားနှိပ်နယ်ပေးသည့်
အတွက် ရမှတ် +1 တိုးလာသည်]
ဇနီးအမည်……ဆောင်ဟွာယင်း
ဂုဏ်သတ္တိ….ကျေးဇူးတရားကိုအဆပေါင်းများ
စွာပြန်လည်ပေးဆပ်ပါမည်။
စိတ်ခံစားမှု…..ကြယ်တပွင့် 1/100
ရရှိထားသည့်ဆေးပါရမှတ်…..6
ချန်အန်တယောက်ထိုသတိပေးချက်ကိုကြားလျှင် ပို၍စိတ်လှုပ်ရှားသွားကာ ခြေထောက်မျာ
ကို အဆက်မပြတ်ပွတ်သပ်မိတော့သည်။ သို့
သော် အချိန်တခုထပ်မံကုန်ဆုံးသွားသော်လည်း
ရမှတ်ထပ်မတိုးလာသောကြောင့် အနည်းငယ်
စိတ်ပျက်သွားရသည်။
ဆက်ဆံရေးတိုးမြင့်သည့် ကိစ္စက ချန်အန်ထင်
ထားသည်ထက်ပိုခက်ခဲပုံရလေသည်။
သို့သော်လည်း ဆောင်ဟွာယင်း၏မျက်လုံးထဲ
မှ စိတ်ခံစားချက်များကိုသတိပြုမိလျှင် ရမှတ်
တမှတ်သာတိုးသော်လည်း ထိုအရာကိုချန်အန်
ကျေနပ်မိပေသည်။
စနစ်၏အဆင့်သက်မှတ်မှုက မြင့်မားကာအချိန်
တခုထိတော့ ကြယ်နှစ်ပွင့်သို့ရောက်နိုင်မည်မ
ဟုတ်ပေ။ထို့သို့တွေးမိသည်နှင့် ခြောက်သွေ့သ
ည့်အဝတ်တခုကိုယူကာ သူမ၏ခြေထောက်မျာ
ကို သုတ်ပေးပြီးနောက် ကုတင်ပေါ်၌ပင် အသာ
အယာပွေ့ဖက်ထားလိုက်သည်။
အချိန်တခုအကြာထိ ပွေ့ဖက်ပြီးနောက် သစ်
သားပုံးထဲရှိရေအေးများကို သွန်၍ထွက်ခွာလို
က်ပြီး ဆေးဖော်စပ်ခန်းထဲသို့ဝင်လိုက်သည်။အ
ခန်း၏ထောင့်တနေရာကိုသွားကာ ဖုံးကွယ်ရန်
ထားရှိသည့် အုတ်ခဲတလုံးကိုဖယ်ကာ ထိုအထဲ
မှ သူ့တွင်ပိုင်ဆိုင်သည့် ဥစ္စာအကုန်ဖြစ်သည့်
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ရှစ်တုံးကိုထုတ်ယူ
လိုက်သည်။
အခြားလူများအတွက်မည်သို့အခြေနေဟု မတွ
က်ဆနိုင်သော်လည်း သူ့အနေကတော့ နှစ်နှစ်
ကြာစုဆောင်းထားရသည့် အရာများဖြစ်သည်။
ထိုအရာများဖြင့် ကုန်ကြမ်းများဝယ်ယူရပေမ
ည်။ဆောင်ဟွာယင်းသာ ပြန်ကောင်းလာပါက
ဆေးပညာအတွက် ရမှတ်များထပ်မံစုဆောင်း
၍ ပထမအဆင့်၏အလယ်အလတ်သို့ တိုးမြင့်
နိုင်ပေမည်။ ပြီးနောက်ကုန်ကြမ်းများကို ဆေး
လုံးများဖော်စပ်ကာ ရောင်းချပြီး တိုးမြင့်လာတဲ့
အိမ်ငှားခပြဿနာကို ဖြေရှင်းရမည်။
အချိန်တခုအကြာ ငွေအချို့စုဆောင်းပြီးပါက
ကျင့်ကြံရေးအရင်းအမြစ်များဝယ်ယူကာ ရတ
နာခန်းမ မှ စုံတွဲကျင့်ကြံရေးနည်းစနစ်အချို့ကို
ဝယ်ယူကာ ဆောင်ဟွာယင်း၏ ကျန်းမာရေးကို
ဂရုစိုက်နိုင်ပေလိမ့်မည်ဖြစ်သည်။
သာမန်လူတဦးအနေဖြင့် သက်တမ်းသည်တို
တောင်းကာ သူ့ဇနီးကိုလည်း စောစီးစွာဖြင့်သူ့
ကိုမချန်ထားခဲ့စေလိုပေ။
“ယင်းအာ ငါကုန်ကြမ်းတချို့သွားဝယ်ဦးမယ်
အိမ်ထဲမှာပဲနေ အပြင်လုံးဝမထွက်နဲ့”
“စိတ်ချပါယောက်ကျား မြန်မြန်တော့ပြန်လာပါ”
အပြန်အလှန်ပြောဆိုပြီးနောက် ချန်အန်တယော
က်အိမ်ထဲမှ ထွက်လာခဲ့သည်။ လမ်းတွင်လည်း
ပတ်ဝန်းကျင်ကို သတိမပြတ်ထားနေရသည်။
ဝါးရွက်အိမ်ရာသည် ပြင်ပအန္တရာယ်ဖြစ်သည့်
သားရဲများ၏ အန္တရာယ်ပေးခြင်းကိုကာကွယ်
ပေးသော်လည်း အဆင့်နိမ့်အိမ်ရာဝန်းကျင်၌
အချင်းချင်းလုယက်ခြင်း သတ်ဖြတ်ခြင်းများ
ပြုလုပ်တတ်ကြသည် မဟုတ်လား။
ယခင်ကမ္ဘာကဆိုလျှင် ဆင်းရဲ၍ကြမ်းတမ်းတဲ့
လူနေရပ်ကွက်များ၏ပုံစံနှင့်ဆင်တူပေသည်။
အန္တရာယ်ကင်းကင်းနေလိုပါက အလယ်ဗဟိုထဲ
သို ပြောင်းရွှေ့ရမည်။ သို့သော်လည်း ငှားရမ်းခ
က မထင်ထားလောက်အောင်ပင် များပြားသည်
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၁၀၀ ပေးချေရပြီ
အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံးတစ်
တုံးနှင့်ညီမျှကာ ထိုပမာဏက ချန်အန်တတ်နိုင်
သည့် ပမာဏာမဟုတ်တော့ပေ။ ထိုအလယ်ဗ
ဟိုတွင်နေထိုင်သူများက ချီစုဆောင်းခြင်းအလ
ယ်ဆင့်များဖြစ်ကြသည်။
ဝါးရွက်တောအုပ်။မြို့အလယ်။
ချန်အန်ကိုတွေ့သည်နှင့် စျေးသည်များကနှုတ်
ဆက်ကြလေသည်။
“ ကျင့်ကြံသူချန် မတွေ့တာကြာပြီနော်”
“ကျင့်ကြံသူချန် မင်းကမိန်းမလှလေးနဲ့လက်ထ
ပ်လိုက်တယ်လို့ ငါကြားတယ် မနာလိုလိုက်တာ
ကွာ”
“အင်မော်တယ်လမ်းကြောင်းက ခက်ခဲတယ်ငါ
တို့က ဘဝရဲ့အနှစ်သာရကို ကျင့်ကြံသူချန်လို
ခံစားတတ်အောင် သင်ယူရဦးမယ်”
လူတိုင်း၏စကားကိုလျစ်လျူရှုကာ ထိုနေရာမှ
ထွက်ခွာလာသည်။ မလှမ်းမကမ်းတွင်ဆေးဆိုင်
တခုရှိကာ ဝါးရွက်တောအုပ်ရှိကျင့်ကြံသူများ
က လိုအပ်ချက်များအဆင်ပြေစေရန် စျေးကွ
က်တခုကို ပြုလုပ်ထားကြသည်။
နောက်ခံတောင့်သူများက ဆိုင်များဖွင့်လှစ်ပြီး
ချန်အန်သည်လည်း ထိုဆိုင်များတွင်ဆေးလုံး
များရောင်းချရန်သွားရောက်လေ့ရှိပြီး အခြား
ကျင့်ကြံသူမိတ်ဆွေများလည်း ရနိုင်ပေသည်။
သိပ်မကြာမီပင် ဆေးဆိုင်သို့ရောက်ရှိကာ ကုန်
ကြမ်းများဝယ်ယူ၍ ဖောက်သည်တဦးဖြစ်နေ
သောကြောင့် ဝန်ဆောင်မှုအချို့ပါရလေသည်။
ဝယ်ယူထားသည့် ဆေးပင်ကုန်ကြမ်းများကို
ထုတ်ပို့နေစဥ် ဆိုင်ရှင်နှင့် ကျောက်တုံးစိမ်းမြို့
ပျက်စီးသွားရသည့်အကြောင်းအား ပြောဖြစ်
လေသည်။
နောက်ပိုင်းတွင် ရွှမ်ဟွမ်ဂိုဏ်းအကြောင်းရော
က်လာကာ ထိုဂိုဏ်းက ဝါးရွက်တောအုပ်၏မ
လှမ်းမကမ်းရှိ တောင်တန်းတခုပေါ်တွင် ဝိဉာဥ်
ကျောက်တုံးမိုင်းတွင်းတခုတွေ့ရှိခဲ့သည်ဟု ဆို
သည်။
ထိုမိုင်းတွင်းကိုတူးဖော်မှုကြောင့် သားရဲများ
နေစရာပျောက်ရသည်ဟု ဆိုင်ရှင်မှရွှမ်ဟွမ်ဂို
ဏ်းကို ပြစ်တင်ပြောဆိုနေလေသည်။ထိုလုပ်ရ
က်ကြောင့် ပတ်ဝန်းကျင်ရှိမြို့များပျက်စီးရပြီး
သူ့ရဲ့စီးပွားရေးလုပ်ငန်းအများအပြားလည်းပါ
ဝင်နေသည်ဟု ဆိုပြန်သည်။
ကျင့်ကြံရေးလောက၌ သက်ရှိများအတွက်မည်
သူကမှ သနားငဲ့ညှာခြင်းမရှိချေ။ထိုအရာကမ
တူညီသည့် လူ့အဖွဲ့သည်းမှ ကူးပြောင်းလာသ
ည့် ချန်အန်အဖို့ စိတ်ရှုပ်ထွေးစေသည်။
“ကျင့်ကြံသူချန် ငါ့မှာအကြံတခုရှိတယ် စိတ်
ဝင်စားလား အဲ့ဒါကမင်းကိုအပိုဝင်ငွေတခုရ
စေလိမ့်မယ်”
ကျိန်ဆဲနေသည့် ဆိုင်ရှင်က ရုတ်တရက်ပင် ချန်
အန်ကို ပြောလာသည်။
“ဘာအခွင့်အရေးလဲ”
ချန်အန်ကသိချင်၍သာမေးလိုက်သော်လည်း
အလကားရသည့်နေ့လည်စာ ဆိုသည်မှာမည်
သည့်လောကတွင်မဆို မရှိချေ။ ဆိုင်ရှင်က
“အခုအပြက်ဘက်အခြေနေတွေက ရှုပ်ထွေးပီး
နတ်ဆိုးသားရဲတွေလည်းနေရာတိုင်းပြန့်နှံနေတ
ယ် ဒါကငါတို့လိုကျင့်ကြံသူတွေအတွက် အခွင့်
အလမ်းပဲ အများစုက အုပ်စုဖွဲ့ပြီး အမဲလိုက်လို့
ရတယ် နတ်ဆိုးသားရဲတကောင်သတ်နိုင်ရင်
မင်းအတွက် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးဆယ်
တုံးရမယ် ဒါကအိမ်ထဲမှာနေပြီးဆေးဖော်စပ်
တာထက်ပိုရတယ်မဟုတ်လား မင်းမှာအဲ့လိုစိ
တ်ကူးရှိထားတယ်ဆိုရင် အဖွဲ့တခုညွှန်ပေးမယ်
ဒါပေမယ့် ငါ့ကိုဝန်ဆောင်ခအချို့ပေးရလိမ့်မ
ယ်”
ချန်အန်ကထိုစကားကိုကြားလျှင် အသာပြုံး၍
ငြင်းလိုက်သည်။
“လတ်တလောတော့ ငါ့မှာအစီစဥ်မရှိသေးဘူး
စိတ်ကူးရလာရင်တော့ မင်းကိုပြောမှာပါ”
ချန်အန်အတွက်ထိုအရာမလိုအပ်ပေ။ သူ့တွင်
စနစ်ရှိကာ ငွေအတွက် အလွန်အကျူးကြိုးစား
နေရန်မလိုအပ်ပေ။
……………………………………………