← Chapters

ပထမအဆင့်၏အလယ်အလတ်ဆေးပညာရှင်

Vol. 1 Ch. 4

ပထမအဆင့်၏အလယ်အလတ်ဆေးပညာရှင်

Vol. 1 Ch. 4

ဆေးဆိုင်မှ ထွက်ခွာလာပြီးနောက်ချန်အန်က

အိမ်သို့အလျင်အမြန် မပြန်သေးပေ။ အမျိုးသ

မီးအသုံးအဆောင်အချို့ဝယ်ယူရန် ဆိုင်တခုသို့

သွားကာ စျေးသက်သာသည့် ဆံထိုးတခုဝယ်

ယူလိုက်လေသည်။ မည်သည့်လောကတွင်မဆို

မိန်းမများသည် လက်ဆောင်ပစ္စည်းများကိုကြို

က်နှစ်သက်ကြသည်မဟုတ်လား။

ဤသည်မှာ သူနှင့်ယင်းအာကြားဆက်ဆံရေး

ကိုတိုးမြင့်စေနိုင်သည့် အကောင်းဆုံးနည်းလမ်း

တခုဖြစ်ပေသည်။ ဝယ်ယူလာသည့်ဆံထိုးနှင့်

အတူ ကုန်ကြမ်းများသယ်ဆောင်ကာ အိမ်သို့

ပြန်လာလိုက်သည်။ အိမ်အပြန်လမ်းတွင် မည်

သည့်အနှောင့်ယှက်မှမကြုံခဲ့၍ ကံကောင်းသည်

ဟုဆိုရပေမည်။

“ကျင့်ကြံသူချန် မင်းက ကုန်ကြမ်းတွေဝယ်ဖို့

စျေးထဲသွားလိုက်တာလား”

ချန်အန်တယောက် အိမ်တံခါးကိုဖွင့်၍အထဲဝင်

ရန်ပြင်လိုက်စဥ် သက်ကြီးရွယ်အိုတဦး၏အသံ

ကိုကြားလိုက်ရသည်။ ထိုသူသည် ဘေးအိမ်မှ

ကျင့်ကြံသူတဦးဖြစ်ကာ ပုံစံမှာလည်း စုတ်ပြတ်

သပ်နေလေသည်။ ချဥ်စူးစူးအနံ့များထွက်နေ

သောကြောင့် ရေမချိုးသည်မှာကြာမြင့်နေပုံရ

သည်။

ထိုသူက ချန်အန်ရှိရာလျှောက်လာပြီး ကုန်ကြမ်

များကို လှမိးကြည့်လိုက်သည်။ထိုသူကဦးခေါင်

ကိုခါယမ်းလိုက်ပြီး

“ကျင့်ကြံသူချန် ဆေးဖော်စပ်တာကပျင်းစရာ

ကောင်းပြီ ဝင်ငွေအရလည်းအများဆုံးမှ ကျော

က်တုံး တတုံးစ နှစ်တုံးစ ရနိုင်မှာ ငါနဲအတူမင်း

ကလောင်းကစားကွင်းကို လိုက်ခဲ့မယ်ဆိုရင် မင်

အတွက် ကျောက်တုံးတဆယ်ဆိုလည်းဟုတ်တ

ယ် နှစ်ဆယ်ဆိုလည်းဟုတ်တယ် အကျိုးအမြ

တ်အများကြီးရနိုင်တယ်”

ချန်အန်က ထိုသူ၏ပုံစံကိုကြည့်၍ဆွံ့အသွား

လေသည်။ ထိုသို့သာရပါက ဤကဲ့သို့စုတ်ပြတ်

သပ်နေမည်တဲ့လား။ ထိုသို့တွေးမိသော်လည်း

ထုတ်မပြောလိုက်ပေ။

“ငါ့ကံက ကျင့်ကြံသူဝမ်လောက်မကောင်းပါဘူး

ငယ်ငယ်တည်းက ကံအရမ်းဆိုးတတ်တဲ့သူဆို

တော့ လောင်းကစားလုပ်ရင်းရှုံးနိမ့်သွားမှာကို

ကြောက်ရတယ်”

ကံဟူသည့် စကားလုံးကိုကြားလျှင် ကျင့်ကြံသူ

ဝမ်၏မျက်နှာလည်းအနည်းငယ်ရှုံ့မဲ့သွားကာအ

​နေက်သို့အနည်းငယ်ဆုတ်သွားလေသည်။သို့ပေမဲ့ ချက်ချင်းပင်ရှေ့ပြန်တိုးလာကာ

“ကျင့်ကြံသူချန် ငါအခုနည်းနည်းကြပ်တည်းနေ

လို့ ငါ့ကို ကျင့်ကြံသူချန်ကအဆင့်နိမ့်ကျောက်

တုံးအနည်းငယ် ချေးငှားပေးနိုင်မလား ငါပိုက်

ဆံရရင် နှစ်ဆပြန်ပေးမှာပါ”

နှစ်ဆပြန်ပေးမယ်တဲ့လား။

ချန်အန်က လိမ္မာပါးနပ်စွာငြင်းပယ်လိုက်ရသ

ည်။

“စိတ်မကောင်းပါဘူး အခုပဲကုန်ကြမ်းတွေဝယ်

လိုက်လို့ လက်ထဲမကျန်တော့ဘူး”

“ဒီလိုဆိုရင်ကော အခုကုန်ကြမ်းတွေကိုပြန်ရော

င်းလိုက်လေ လောင်းကစားရုံထဲရောက်ရင် ပြန်

အနိုင်ယူပြီး ဒါဇင်ချီတဲ့ကျောက်တုံးတွေရဲ့တဝ

က်ကို ပြန်ပေးမယ်လေ”

“အဆင်ပြေမယ်မထင်ပါဘူး”

ချန်အန်ကထိုသူကို မည်သည့်စကားမှထပ်မ

ပြောလိုတော့ပေ။ တံခါးကိုသာတွန်းဖွင့်၍ဝင်

သွားလိုက်သည်။ ချန်အန်၏အပြုအမူကိုတွေ့

လျှင် ထိုသူက ဒေါသတကြီးကျိန်ဆဲလာတော့

သည်။ ဆေးဖော်စပ်ခြင်းကိုသာသိ၍ ဆင်းရဲစွာ

နေထိုင်ရမည့်သူဟု ချန်အန်ကိုပြောလေသည်။

ချန်အန်က ကုန်ကြမ်းများကို သေတ္တာတခုထဲ

ထည့်ကာ သော့ခတ်လိုက်သည်။ ပထမအဆင့်

၏အလယ်အလတ်ကိုရောက်မှသာ ဆေးဖော်

စပ်မည်ဟု သူတွေးထားလေသည်။ ထို့နောက်

ဆေးဖော်စပ်ခန်းမှထွက်လိုက်လျှင် အိမ်တခုလုံး

ရှင်းလင်းသန့်ပြန့်နေကာ ထိုအရာသည် သူ့ဇနီး

မှပြုလုပ်ထားခြင်းဖြစ်ရပေမည်။

“ယောက်ကျား”

ဆောင်ဟွာယင်းတယောက် အခန်းထဲမှထွက်လို

က်လျှင် ချန်အန်ကိုအပြင်ဘက်၌မတ်တပ်ရပ်

နေသည်ကို တွေ့လိုက်ရသည်။ သူမကဝမ်းသာ

သွားပြီး ချက်ချင်းပင် ချန်အန်ဆီလျှောက်သွား

လိုက်သည်။ ဘဏ္ဍစိုးကျန်း၏စကားအရ ကျော

က်တုံးစိမ်းမြို့ပျက်စီးသွားရသည့် သတင်းကို

သူမသိလိုက်ရကာ ဒီလောက၏ရက်စက်မှုကို

လဲ သူမစိုးရိမ်သွားရလေသည်။ ချန်အန်အနေ

ဖြင့် အိမ်မှထွက်ခွာသွားပြီး ပြန်မလာနိုင်ခဲ့လျင်

ကော……။

ကံကောင်းစွာဖြင့် ချန်အန်ကဘေးမသီရန်မခ

ပြန်ရောက်လာလေသည်။ ထို့ကြောင့်သူမလည်း

စိတ်သက်သာရာရသွားခဲ့ရသည်။

ချန်အန်က သူမ၏ဘယ်ဘက်လက်တွင် ပတ်တီ

စည်းထားကာ ထိုနေရာမှ သွေးများထွက်နေသ

ည်ကိုတွေ့လျင် စိုးရိမ်သွားပြီး မေးမြန်းတော့သ

ည်။ ဆောင်ဟွာယင်းက ချန်အန်စိုးရိမ်မှုကိုခံစား

ရသောကြောင့် စိတ်ထဲကျေနပ်သွားကာ လေသံ

တိုးတိုးဖြင့်

“ခုနတုန်းက မီးဖိုချောင်ထဲချက်ပြုတ်ရင်း ဓား

နဲ့မတော်တဆခုတ်မိတာပါ ဒဏ်ရာက တိမ်ပါ

တယ် ဘာမှမဖြစ်ပါဘူး”

ချန်အန်က ထိုစကားကိုကြားလျှင်မည်သည့်စ

ကားမှမပြောပဲ ဝယ်လာသည့်ဆေးမှုန့်အချို့ထု

တ်ယူကာ ဒဏ်ရာအပေါ်ထည့်ပေးလိုက်သည်။

အချိန်ခနအတွင်းမှာပင် ဒဏ်ရာသိသာစွာပင်

သက်သာသွားကာ မူလအခြေအနေသို့ချက်ချင်

ပင်ရောက်ရှိသွားတော့သည်။

ဒဏ်ရာဘယ်ရောက်သွားတာလဲ? ဆောင်ဟွာယ

င်းတယောက် အံ့သြသွားကာဆေး၏စွမ်းရည်

ကိုသတိပြုမိပြီးနောက် ချန်အန်ကိုစိတ်တိုနေသ

ည့်ပုံစံဖြင့် ပြောလာသည်။

“ယောက်ကျား ဒီဆေးက တန်ဖိုးကြီးတယ်မဟု

တ်လား ငါ့လိုသာမန်လူတယောက်အတွက်သုံး

လိုက်ရတာက ဖြုန်းတီးလိုက်တာပဲ”

ဆောင်ဟွာယင်း၏ စိတ်ကိုသိသည့်ချန်အန်က

“ငါကဆေးပညာရှင်ပါ ဒါမျိုးဆေးတွေကိုလိုတဲ့

အချိန်တိုင်းဖော်စပ်လို့ရတယ် စိတ်မပူနဲ့”

ချန်အန်၏စကားကိုကြားမှ ဆောင်ဟွာယင်းလဲ

အနည်းငယ်စိတ်ပြေသွားသည်။ သူမကချန်အန်

ကိုစိတ်တိုခြင်းမဟုတ်ပဲ ဆေးကိုဖြုန်းတီးစေသ

ည့် သူမကိုယ်သူမစိတ်တိုခြင်းဖြစ်သည်။

“ယောက်ကျား ဗိုက်ဆာနေပြီလား မီးဖိုချောင်

ထဲမှာ အားလုံးချက်ပြုတ်ပြီးပြီ အခုပဲပြင်ဆင်

ပေးမယ်”

“အင်း ငါအခုဗိုက်ဆာနေပြီ မင်းကိုဒုက္ခပေးသ

လိုဖြစ်သွားရင် တောင်းပန်ပါတယ်”

ချန်အန်က ဗိုက်မဆာသော်လည်း သူ့ဇနီး၏ကြ

င်နာမှုကို အလဟဿမဖြစ်စေလိုပေ။ဆောင်

စွာယင်းက အမြန်ပင်ပြင်ဆင်ပေးကာ ဟင်းပွဲ

များကိုကြည့်လိုက်လျှင် အရသာရှိမည့်ပုံစံပေါ်

လေသည်။ ထို့ကြောင့် ဆောင်စွာယင်းရှေ့၌ပင်

တူကိုယူ၍ စားလိုက်သည်။

“ကောင်းကင်ဘုံ ဒီဟင်းက ရွံဖို့ကောင်းလိုက်တာ

ဘယ်လိုတွေများဖြစ်နေတာလဲ”

ဟင်း၏အရသာကိုသိသွားလေပြီ။ သို့သော်လဲ

သူသည် ဇနီးသည်၏နောက်ကြောင်းကိုသိထား

ကာ လူကုံထံအသိုင်းအဝိုင်းတခု၏သခင်မလေ

အနေဖြင့် ချက်ပြုတ်ရာတွင် ကျွမ်းကျင်မည်မ

ဟုတ်ပေ။ သူမ၏ကျွမ်းကျင်မှုက ဂီတ ပန်းချီ

လက်ရေးလှတို့သာ ဖြစ်ပုံရသည်။

“ယောက်ကျား အရသာဘယ်လိုနေလဲ”

​ဆောင်ဟွာယင်းက ချန်အန်တယောက်စားသော

က်နေသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့်မေး

လာသည်။

“အဆင်ပြေပါတယ် အရသာရှိတယ်”

စားသောက်ပြီးသည်နှင့် စျေးမှဝယ်လာသည့်

ဆံထိုးကိုထုတ်ယူကာ ပေးလိုက်သည်။ ထို့အ

ပြင် ညင်သာစွာဖြင့် သူကိုယ်တိုင်ပင် တပ်ပေး

လိုက်သည်။ သူမက ဆံထိုးကိုသဘောကျနေ

ကာ ချန်အန်ကိုလည်းပို၍ပင် ချစ်မြတ်နိုးသွား

ရလေသည်။

[စနစ်ရှင်က လက်ရာကောင်းတဲ့ဆံထိုးတခုပေး

တဲ့အတွက် လက်တွဲဖော်ဖြစ်တဲ့ဆောင်ဟွာယင်း

မှ ချစ်ခင်မြတ်နိုးမှုများ တိုးလာသည်။ဆက်ဆံ

ရေး +1]

မျက်စိတမှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ

ကုန်သွားခဲ့သည်။ ဆောင်ဟွာယင်းသည်လည်း

ပြန်လည်သက်သာလာပြီဖြစ်ကာ သူမ၏ပုံစံမှာ

လည်း မူလကထက် ပို၍သန်မာလာသည်။ ချန်

အန်က စျေးကြီးသည့်ဆေးဖက်ဝင်များကိုအသုံ

ပြု၍ သူမကိုဂရုစိုက်ပေးနေခြင်းဖြစ်သည်။

“ယင်းအာနောက်ကျနေပြီ အနားယူကြရအောင်”

ဆောင်ဟွာယင်းသည် ထိုစကားကိုကြားလျှင်

ရှက်ရွံသွားလေသည်။ နောက်ပိုင်းအဖြစ်အပျ

က်များကိုတော့ မည်ကဲ့သို့ရှိလာမည်ကို သူမသိ

ပေသည်။ ထိုကဲ့သို့ ရက်ပေါင်းများစွာကြာမြင့်

ပြီးနောက် ချန်အန်က စနစ်၏မျက်နှာပြင်ကို

ဖွင့်ကြည့်လိုက်သည်။ ဆေးပညာရမှတ်က

တစ်ရာကျော်ပင်ရောက်ရှိနေလေပြီ။

အမည်…….ချန်အန်

ကျင့်ကြံခြင်း…..ချီစု​ဆောင်းခြင်းအဆင့် ၃

ဆေးပညာ….သင်ကြားသူ ပထမအဆင့်

102/100

လက်တွဲဖော်……ဆောင်ဟွာယင်း

မျိုးရိုး………မရှိ

ယခုပင် ပထမအဆင့်ကိုသူကျော်ဖြတ်နိုင်ခဲ့ပြီ။

ထိုနောက်စနစ်၏မျက်နှာပြင်ကိုဖယ်လိုက်ကာ

သူမနှင့်ဆက်လုပ်ရန် စိတ်မပါတော့ပဲ ဆေးဖော်

စပ်ခန်းသို့သာ တိုက်ရိုက်သွားလိုက်သည်။

ဆေးဖော်စပ်ခန်းသို့ရောက်သည့်အခါ လိုအပ်

သည်များကိုပြင်ဆင်ပြီး ကျပန်းဆေးလုံးတခု

ဖော်စပ်၍ အောင်မြင်မှုကို လက်တွေ့မြင်ရန်ကြို

စားတော့သည်။ တခဏအတွင်းပင် အောင်မြင်

သွားသည်။

ဆေးပညာ…ပထမအဆင့်၏အလယ်အလတ်

102/500

ချန်အန်က အချိတ်တခုကြာသည်ထိ စိတ်လှုပ်

ရှားနေမိသည်။ ချက်ချင်းပင် သေတ္တာထဲမှကုန်

ကြမ်းများကိုထုတ်ယူကာ ဆေးဖော်စပ်တော့သ

ည်။ ဆောင်ဝွာယင်းသည် သိတတ်သည့်ဇနီးတ

ဦးဖြစ်ကာ တံခါးကိုခေါက်၍ သူမကူညီနိုင်သ

ည့်အရာများရှိလားဟု မေးလာသည်။ ဆေးဖော်

စပ်ခန်းက ပူပြင်းကာ သာမန်သူများအတွက်မ

သင့်လျော်သောကြောင့် ချန်အန်ကသူမကို မကူ

ညီစေတော့ပေ။ သို့သော်လည်း ဆောင်ဟွာယင်

က မကူညီနိုင်ပေမဲ့ တခြားအရာများကိုတော့သူ

မက လုပ်ကိုင်လေသည်။

…………………………………………

All Chapters