ပန်းလေးကြောက်တဲ့သစ်ပင်
Vol. 011 Ch. 1097
ရှီမာယူယူသည် ဝိညာဉ်စေတီထဲမှ အဖြစ်အပျက်အားလုံးကို ခံစားမိ သဖြင့် ယဲ့ယဲ့ပြုံးလိုက်သည်။ ဟိန်းသံလေး ထိုကဲ့သို့လုပ်တတ်မည်ဟု သူမ မထင်မိပေ။ အိမ်မက်လေး၏ ခံစားချက်ပေါ့ပါးစေရန်အတွက် သူ ကောင်းကင် လှံတံသုံးခြင်းကို သူမ အပြစ်မပြောရန် ဆုံးဖြတ်လိုက်၏ ။
ဧကရာဇ်ရှင်းဒေါင်သာ သူ၏ အံ့ဖွယ်လက်နက်ကို တစ်စုံတစ်ယောက် က မြေတူးရာတွင်သုံးသည်ကို သိပါက သူဒေါသထွက်ပြီး ဟိန်းသံလေးကို ပျော့ဖတ်အောင်ရိုက်မလားဆိုသည်ကို သိချင်မိသည်။
ဧကရာဇ်ရှင်းဒေါင်ကိုစဉ်းစားမိသောအခါ သူမ မသိမသာ သက်ပြင်းချမိ ၏ ။
အစောပိုင်း ကောင်းကင်အဆောင်တော်၌ ဧကရာဇ်ရှင်းဒေါင် သူမကို ပြောခဲ့သော ကမ္ဘာကြီးကိုပြောင်းလဲမည့်နည်းလမ်းများကို လျင်မြန်စွာရှာပြီး ဖြေရှင်းရန်စကားများသည် နားတွင် ဝေ့ဝဲနေသည်။
ဧကရာဇ်…
သည်တစ်ကြိမ်တွင် ဧကရာဇ်၏ သမိုင်းဝင်အမွေအနှစ်များကို သူမ မြင်နိုင်ပါ့မလားဟု တွေးနေမိသည်။
“ဒီကျွန်းကကြီးတယ်”
သူတို့သည် ကျွန်းပေါ်တွင် အချိန်အတန်ကြာစွာပျံသန်းပြီးသော်လည်း သမိုင်းဝင်အမွေအနှစ်မပြောနှင့် လူသားတစ်ယောက်ကိုပင် မမြင်ရပေ။
သူတို့ ပင်လယ်ကမ်းစပ်အနီးအနားတွင်ရှိစဉ်က ဝိညာဉ်သားရဲတချို့ကို မြင်ရသော်လည်း ယခုအချိန်တွင် တစ်ကောင်တစ်လေမှမတွေ့ရပေ။
ရက်အနည်းငယ်လျှောက်ပြီးနောက်တွင်လည်း မည်သည့် သမိုင်းဝင် အမွေအနှစ်ကိုမှမတွေ့ရပေ။
“ဒီမှာ သမိုင်းဝင်အမွေအနှစ် တကယ်ရောရှိရဲ့လား” ရှောင်ချီသည် စိတ်ရှည်မှုများပျောက်ဆုံးသွားလေပြီ “ဒါကတကယ့်ကို လူမနေတဲ့ကျွန်းကြီး ပဲ လူနေတဲ့လက္ခဏာတစ်ခုမှမရှိဘူး”
“ငါလည်းအဲလိုထင်တယ် ဒီနေရာက သမိုင်းဝင်မွေအနှစ်မရှိတဲ့ပုံကြီး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ဘယ်လို မရှိတဲ့ပုံပေါ်တာလဲ” စူးရှောင်ရှောင်မေးလိုက်သည်။
“ငါတို့အရင်သွားဖူးတဲ့နေရာဆိုရင် ရတနာအကြီးအမားမရှိရင်တောင် အနည်းဆုံးတော့ ပျောက်ကွယ်သွားတဲ့ဝိညာဉ်ဆေးမဟုတ်ရင် တခြားပစ္စည်း တချို့ရှိတယ်လေ ဒါပေမဲ့ ဒီမှာတော့ သာမန်သစ်ပင်တွေပဲရှိတယ် ဝိညာဉ်ချီ ဆိုတာလုံးဝမရှိဘူး ဒီကအပင်တွေလည်း တခြားနေရာတွေနဲ့ ယှဉ်လို့တောင် မရဘူး” ဟန့်မြောင်ရွှမ် ဖြေလိုက်သည်။
“ပြီးတော့ ဒီအပင်တွေအားလုံးက ဝိညာဉ်စွမ်းအင်မရှိတဲ့ အပင်တွေပဲ သူတို့ဆီက ဘာအနံ့မှမရဘူး” ရှောင်ချီ တစ်သံတည်းထွက်လေသည်။
“ငါတို့ဒီတောထဲမှာ လျှောက်နေတာ နှစ်ရက်ရှိပြီ ဒါပေမဲ့ ဘာမှရှာမတွေ့ ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။
“စီနီယာတို့ မခံစားမိဘူးလား ပုံမှန်မဟုတ်လေ ပိုဖမ်းစားတတ်လေပဲ” ရှီမာယူယူ ပြောလိုက်၏ ။
နေထွက်ချိန် ပုံမှန်မဟုတ်သည်မှာ တစ်ခုခုတော့ရှိရမည်။ ထိုနေရာပုံမှန် မဟုတ်ခြင်းမှာ ပြဿနာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ဒီမှာဘာပြဿနာရှိတာလဲ” ရှောင်ချီ မေးလိုက်သည်။
“စဉ်းစားကြည့်လေ ထာဝရရှင်သန်သူနယ်မြေရဲ့ နေရာတိုင်းမှာ ဝိညာဉ် ချီရှိတယ် ပန်းတွေ မြက်ပင်တွေတောင်မှ ဝိညာဉ်ချီနဲ့ ပြည့်နှက်နေတာ ဒါပေမဲ့ ဒီကျွန်းက ပန်းပင်တွေ သစ်ပင်တွေနဲ့ အပင်တွေက ဝိညာဉ်စွမ်းအင်လုံးဝ မရှိဘဲ ဘာလို့သာမန်အကျဆုံးဖြစ်နေတာလဲ” ရှီမာယူယူ ဆက်ပြောလေ သည် “အကြောင်းအရင်းကိုပြောပြနိုင်မလား”
“ဘာဖြစ်နိုင်ဦးမလဲ သူတို့မှာ စားဖို့ဝိညာဉ်စွမ်းအင်မရှိဘူး မစားနိုင်တော့ အသားတွေ အရိုးခြောက်ပြီး သာမန်အပင်ဖြစ်တဲ့အထိ ငတ်ရတာပဲလေ” ရှောင်ချီ ပြောလေသည်။
“ဒါဆိုရင် ဘာလို့ ဒီနေရာကလွဲပြီး တခြားနေရာတွေမှာ ဝိညာဉ်စွမ်းအင် ရှိတာလဲ” ရှီမာယူယူ ထပ်မေးပြန်သည်။
“စဉ်းစားစရာမလိုဘူးလေ သေချာပေါက် လူတွေစားတာပဲပေါ့” ရှောင်ချီ သည် အတိအကျပင်ပြောလေသည်။
“ဒီနေရာက ကြီးတဲ့နယ်မြေကြီးပဲ အကုန်လုံးပြောင်ရှင်းအောင်စားနိုင် မလား”
“သေချာပေါက် အားကောင်းတဲ့သူဖြစ်မှာပေါ့”
“အဲဒါပဲလေ”
ရှောင်ချီသည် သူမခေါင်းကိုပုတ်ပြီး ပြောလေသည် “ဟုတ်သားပဲ ဒီမှာ ဝိညာဉ်စွမ်းအင်က လုံးဝစုပ်ယူခံရတာမဟုတ်ရင် ဒီလိုအခြေအနေဖြစ်လာ စရာမရှိဘူးလေ သမိုင်းဝင်အမွေအနှစ်တွေရဲ့ ဝိညာဉ်စွမ်းအင်တွေလည်း စုပ်ယူခံလိုက်ရတာမဖြစ်နိုင်ဘူးလား”
“မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲပစ္စည်းကိုရှာတွေ့ရင် သိရ လိမ့်မယ်”
“ဒါဆို ဆက်ရှာကြတာပေါ့” ရှောင်ချီ၏ စိတ်ဝင်စားမှုသည် ရတနာဟု ပြောလိုက်သည်နှင့် ပျော်ရွှင်ကာ ပြန်လည် တက်ကြွလာသည်။
“မင်းရတနာဆိုရင် ပိုသိလွယ်တယ်မလား ရတနာရှိလားဆိုတာ မင်းနှာခေါင်းကိုသုံးပြီး အနံ့ခံ ကြည့်လေ.. သမိုင်းဝင်အမွေအနှစ်ရှာတွေ့နိုင် လားလို့” ဟန့်မြောင်ရွှမ်သည် သူမကို စနောက်လေသည်။
“ရှောင်ချီက ရတနာကြီးတွေကိုပဲ သိလွယ်တာ တုလေးနဲ့မတူဘူး သူက တော့ အကုန်သိလွယ်တယ် ဒီမှာတုလေးရှိရင် ကောင်းမှာပဲ” ရှောင်ချီပြော လိုက်သည်။
“တုလေးဘယ်မှာရှိနေလဲမသိဘူး သူအဆင်ပြေပါ့မလား” ရှီမာယူယူ သည်လည်း အတိတ်က ထိုကလေးငယ်ကိုလွမ်းမိသည်။
“အဲအပင်တွေအကုန်လုံးရဲ့ ဝိညာဉ်စွမ်းအင်ဆုံးရှုံးတာကိုလုပ်နိုင်တာ က အပင်ပေါ်အခြေခံတဲ့ရတနာတစ်ခုဖြစ်ပြီး အဲအပင်တွေအကုန်လုံးက သူ့ စကားကိုနားထောင်ရလို့ ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်တာပဲ” စူးရှောင်ရှောင် ခန့်မှန်းလေသည်။
“ဖြစ်နိုင်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲတော့ ရှောင်ချီ မင်းနှာခေါင်းကိုသုံးပြီး အနံ့ရှုကြည့်ပါဦး ရတနာဘယ်မှာလဲလို့”
သူမသည် မျက်စိနှစ်ဖက်လုံးဖြင့်ပြုံးပြီး ရှောင်ချီအား ခွေးနှာခေါင်းကဲ့သို့ စနောက်လေသည်။
“ဟင်း” ရှောင်ချီသည် မေးငေါ့ကာ ဟန့်မြောင်ရွှမ်အား နောက်စေ့ကို သာပေးလိုက်သည်။ (ခေါင်းလှည့်သွားတာကိုပြောချင်တာပါ ဟီး)
“ငါ ပန်းလေးကိုစမ်းကြည့်ခိုင်းမယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ပန်းလေးကိုဆင့်ခေါ်ကာ တစ်စုံတရာ ပုံမှန်ရှိမရှိကို စစ်ဆေးခိုင်းလေသည်။
ပန်းလေးသည် ဖြူဖျော့သော မျက်နှာနှင့် နဖူးတွင် ချွေးများပျံနေကာ နေထိုင်မကောင်းသည့်ပုံစံဖြင့် ထွက်လာသည်။
“ပန်းလေး ဘာဖြစ်ထားတာလဲ”
ပန်းလေးသည် လူသားပုံစံကိုမထိန်းထားနိုင်ဘဲ အသားစားပန်းအသွင် ပြောင်းကာ ရှီမာယူယူ၏ လက်ထဲတွင် ကျရောက်လေသည်။
“သခင် ဒီမှာ အရမ်းအားကောင်းတဲ့အရာရှိနေတယ် အဲဒါနဲ့ဆိုရင် ငါ အသက်ရှုလို့မရဘူး” ပန်းလေးသည် ကြောက်ရွံ့စွာဖြင့် ပြောလေသည်။
“ဘယ်ဘက်ကလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။
“အရှေ့ဘက်မှာ”
ပန်းလေး တုန်လှုပ်ခြောက်ခြားစွာပြောနေသည်ကို ရှီမာယူယူ ကြည့်ပြီး သူမကို ဝိညာဉ်စေတီထဲတွင်သာ ထားလိုက်တော့သည်။
“ကြည့်ရတာ အဲဟာကအဆင့်မြင့်တဲ့ပုံပဲ မဟတု်ရင် ပန်းလေးက ဒီလောက်ကြောက်မှာမဟုတ်ဘူး” စူးရှောင်ရှောင်ပြောလေသည်။
ထို့အပြင် ပန်းလေးသည် အသားစားပန်းဘုရင်ဖြစ်ကာ ပန်းအားလုံးထဲ တွင် အဆင့်အမြင့်ဆုံးဖြစ်သည်။ ပန်းကိုအခြေခံသော ဝိညာဉ်သားရဲများ သည် သူမကိုမြင်သည်နှင့် ခြိမ်းခြောက်မှုကိုခံရသည်ချင်းပင်။
သို့သော် ယခုအခါတွင် သူမသည် ထိုအရာ၏တည်ရှိမှုကို ခံစားရရုံနှင့် တင် ထိုအတိုင်းဖိနှိပ်ခံရသည်။ အဲအရာက ဘယ်လောက်တောင် အင်အား ကြီးလို့လဲ။
ယူယူနှင့်တခြားသူများသည် ထိုမေးခွန်းကို စဉ်းစားပြီးသားဖြစ်သည်။ သူတို့သည် စပ်စုပြီးလှည့်ပတ်ကြည့်နေသော ရှောင်ချီအား စုပြုံကြည့်လိုက် ကြသည်။
ပန်းလေးတွင် ယှဉ်ပြိုင်နိုင်သည့် စွမ်းအင်ပင်မရှိပေ။ သူတို့က အပင် အခြေခံတဲ့ ဝိညာဉ်သားရဲချင်းအတူတူပဲလေ ဒါပေမဲ့ ဒီကောင်ကဘာလို့ လွတ်လပ်နေရတာလဲ။
သူမက မတူညီတဲ့ကမ္ဘာကမို့လို့လား မဟုတ်ရင် ရှောင်ချီနဲ့ ထိုအရာက မယှဉ်ပြိုင်နိုင်လို့လား။
စဉ်းစားကြည့်ရာ ရှောင်ချီသည် ကမ္ဘာမြေကြီး၏ မျက်လုံးဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးမှရရှိသော ရတနာဖြစ်သည်။ သူမသည် သာမန် အပင်အခြေခံ ဝိညာဉ်သားရဲမဟုတ်ပေ။
“ဦးတည်ဘက်ကိုသိမှတော့ မြန်မြန်သွားကြတာပေါ့” ရှောင်ချီဆက် ပြောလေသည် “ရှောင်ချီတော့ အခု အဲပစ္စည်းကိုအရမ်းသိချင်နေပြီ”
“သွားမယ်” ရှီမာယူယူသည် ငှက်လေးကိုဆင့်ခေါ်ပြီးနောက် အရှေ့ဘက်သို့ ပျံသန်းခိုင်းလိုက်သည်။
ငှက်လေး၏ အမြန်နှုန်းနှင့် သူတို့သည် တောမှမထွက်မီ တစ်ရက်ကြာ အောင်ပျံသန်းရလေသည်။
“ဒီတောကကြီးလိုက်တာ”
“ဒီလောက်ကြာအောင်ပျံနေတာတောင် ဘာမှမတွေ့ဘူး ငါတို့များ လွတ်သွားသလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“မဟုတ်ဘူး” ရှောင်ချီသည် အကောင်းဘက်မှပြောလေသည် “အခုအနံ့ခံလို့ရတယ် အရင် ရှောင်ချီပြောတဲ့အနံ့ပဲ အဲအနံ့က ပိုပိုပြီးပြင်းလာ တယ် ရှောင်ချီတို့နီးလာပြီထင်တယ်”
သူတို့အရှေ့ဘက်သို့သွားလေလေ ရှောင်ချီ၏ မျက်နှာမှာပိုလေးနက် လာကာ သူတို့ကိုစကားပင်မပြောနိုင်ပေ။
တောင်တန်းကိုဖြတ်ကျော်ကြည့်ပြီးနောက်တွင် သူတို့မျက်လုံးထဲဝင် လာသည်မှာ အဆုံးမရှိ ကျယ်ပြန့်သော မြက်ခင်းပြင်ဖြစ်သည်။
မြက်ခင်းပြင်အလယ်တွင် မြင့်မားသောသစ်ပင်ကြီးတစ်ပင်သည် လေနှင့်အတူ ယိမ်းနွဲ့နေသည်။ ထိုအမြင့်သည် သေးငယ်သော တေင်တစ် တောင်ဖြင့် ယှဉ်နိုင်ကာ သစ်ပင်ထိပ်ဖျားသည် တစ်ကီလိုမီတာပတ်လည် ဖုံးအုပ်ထားသည်။
သစ်ပင်တစ်ပင်သည် ခရိုင်တစ်ခုစာရှိလေသည်။
“ဒါက ရတနာများလား” ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ဗလာကျင်းစွာ ကြည့်မိလေသည်။
သာမန်သစ်ပင်တစ်ပင်သည် သက်တမ်း သောင်းချီရှိလျှင်တောင် ထိုမျှ ကြီးမားသောသစ်ပင်ထိပ်ပိုင်းမရှိနိုင်ပေ။ ပြီးနောက် အမြစ်ဖွဲ့စည်းမှုတိုးတက် သည်ကိုပင် ရွေးချယ်ကြချည်းသာ... အပင်ထိပ်ပိုင်းက ဒီလောက်ကြီးနေရင် ဒီအပင်ရဲ့ အဆင့်ကဘယ်လောက်တောင်ရှိမလဲ…
***