← Chapters

ချမ်းသာလာခြင်း

Vol. 1 Ch. 5

ချမ်းသာလာခြင်း

Vol. 1 Ch. 5

နေ့တဝက်မကုန်ဆုံးမီပင် ဝယ်ယူထားသည့်ကုန်

ကြမ်းများအားလုံးကို ဖော်စပ်၍ပြီးသွားလေပြီ။

ယခင်ကဆိုလျှင် နှစ်ရက်မှ သုံးရက်အထိကြာမြ

င့်မည်ဖြစ်ကာ ယခုတွင်တော့အချိန်ကုန်သက်

သာလာပေသည်။ စွမ်းဆောင်ရည်များတိုးလာ

သလို အောင်မြင်မှုများကလည်း သုံးဆအထိ

တက်လာသည်။

အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတတုံးသာ ရှာနိုင်

ရာမှ သုံးတုံးအထိရှာနိုင်လာသောကြောင့်အိမ်

ငှားခမှာ အဆင်ပြေသွားပြီဖြစ်သည်။ ချန်အန်

သည် စိတ်အေးလက်အေးဖြစ်သွားရကာ အချိန်

တခုအထိမပြုံးရယ်ဖူးသည့်မျက်နှာပေါ်တွင်လဲ

အနည်းငယ်ပြုံးနေလေသည်။

ထိုစဥ် တံခါးအပြင်ဘက်မှ ဆောင်ဟွာယင်း၏

အသံထွက်ပေါ်လာသည်။

“ယောက်ကျားရေ ရေနွေးအသင့်ဖြစ်ပြီ အတူတူ

ရေချိုးလို့ရအောင် အလုပ်တွေပြီးတဲ့အခါပြော

ပါဦး”

“အေး ငါ့အလုပ်ကပြီးပါပြီ”

ချန်အန်က ရှုပ်ပွနေသည့်ဆေးဖော်စပ်ခန်းကိုပ

င် မရှင်းလင်းတော့ပဲ သူမနှင့်ရေအတူချိုးရန်အ

ခန်းထဲမှ အလျင်အမြန်ထွက်သွားလေသည်။

ဒါက ခါးလေ့ကျင့်ခန်းအချိန်ပင်မဟုတ်လော။

[လက်တွဲဖော်နှင့်နက်ရှိုင်းသည့်ဆက်ဆံရေးတခု

ရရှိခဲ့သည် ဆေးပညာအတွေ့အကြုံ +1]

အမည်……ဆောင်ဟွာယင်း

ဂုဏ်သတ္တိ….ကျေးဇူးတရားကိုအဆများစွာပြန်

လည်ပေးဆပ်ပါမည်

ဆက်ဆံရေး…..ကြာ်တပွင့် 69/100

ရရှိထားသည့်ဆေးပညာအတွေ့အကြုံ +99

ဆက်ဆံရေးက ကြယ်နှစ်ပွင့်နှင့်မဝေးတော့ပေ။

ချန်အန်တယောက် အနည်းငယ်စိတ်လှုပ်ရှား

သွားရပြီး သူမကိုဆက်လက်၍ လုပ်ဆောင်နေ

တော့သည်။ ချန်အန်သည် မတူညီသည့်ဆက်

ဆံရေးနည်းလမ်းများကိုသုံးကာ သူတို့နှစ်ဦး

ကြားဆက်ဆံရေးကို အရှိန်မြင့်စွာတိုးမြင့်နေ

လေသည်။

အချိန်များစွာကုန်သွားကာ နောက်တကြိမ်အိမ်

ငှားခပေးချေရမည့် အချိန်သို့ရောက်ရှိလာသည်

ဘဏ္ဍစိုးကျန်းက အချိန်မှန်စွာပင် ရောက်ရှိလာ

ကာ အိမ်စေ့ လိုက်လံကောက်ခံကာ အိမ်ငှားခ

မှာအဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး၂တုံးဖြစ်သည်။

အဆင့်နိမ့်ကျင့်ကြံသူများအတွက် စိတ်ဝိဉာဥ်

ကျောက်တုံး၂တုံးဟူသည့်ပမာဏမှာ အလွန်

များပြားပေသည်။ လူအများစုက အသက်ပင်

မရှင်ချင်ကြတော့ဟု တွေးထင်ကာစိတ်ဓာတ်

ကျသွားကြသည်။

ဘဏ္ဍစိုးကျန်း၏ မောင်းထုတ်ခြင်းကိုခံခဲ့ရသူ

များသည် အိမ်ရာမှထွက်ခွာသွားရပြီး စိတ်ဓာ

တ်များမှာလည်း အောက်ဆုံးထိကျဆင်းနေလေ

သည်။ အခြားသူများသည် ထိုမြင်ကွင်းမှဖိအား

ကိုခံစားလိုက်ရကာ အခြားကျင့်ကြံသူများနှင့်

ပူးပေါင်း၍ နတ်ဆိုးသားရဲများအားအမဲလိုက်သ

ည်မှလွဲ၍ သူတို့တွင်ရွေးချယ်စရာမရှိတော့ပေ။

ထိုသူများထက်စာလျင် ချန်အန်၏ဘဝကအန

ည်းငယ်အဆင်ပြေနေသေးသည်။ အိမ်ငှားခတိုး

မြင့်လာကာ ကျင့်ကြံသူများမှာဖိအားများကြော

င့်နတ်ဆိုးသားရဲများကို ဖမ်းဆီးကြပြီးထိခိုက်ဒ

ဏ်ရာများရရှိလာသည့်အတွက် ဆေးလုံးများ

၏စျေးနှုန်းမှာလည်း တိုးသွားတော့သည်။

ကျင့်ကြံရေးလောကတွင် စျေးကွက်စည်းမျဥ်း

ဟူသည့်အရာမရှိပေ။ စျေးနှုန်းသည် ပါးစပ်ထဲ

တွင်သာရှိသည်။ ချန်အန်သည် ဆေးလုံးများ

စျေးတက်လာသည့်အခါ သူသည်လည်းအကျို

ကျေးဇူးများစွာရလာသည်။ လဝက်မပြည့်မီ၌

ပင် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၇၈ တုံးထိစု

ဆောင်းမိလာသည်။ ငှားရမ်းခကို ဘဏ္ဍစိုးကျန်

အားပေးချေပြီးနောက် အိမ်ထဲ ပြန်ဝင်ကာသူမ

နှင့်ဆက်ဆံရေးတည်ဆောက်ရန်သာကြိုးစား

တော့သည်။

ဆောင်ဟွာယင်းသည် လက်ထပ်ခါစနှင့်မတူညီ

စွာပို၍လှပလာပြီး ရံဖန်ရံခါ၌ အိပ်ရာပေါ်တွင်

သူမကတဖန် တက်တက်ကြွကြွဖြစ်နေကာ ထို

အရာကို ချန်အန်တယောက် မခုခံနိုင်ခဲ့ပေ။ သို့

သော်လည်း ထိုအရာကိုက သူမအပေါ်ပို၍ပင် စွဲလမ်းမိစေသည်။

“ဒုန်း ဒုန်း ဒုန်း”

“ဆေးပညာရှင်ရှိလား ဆေးဝယ်ချင်လို့ပါ”

ချန်အန်တယောက် ဆောင်ဟွာယင်းနှင့်အတူပြ

င်းပြင်းထန်ဆက်ဆံနေစဥ် ကျယ်လောင်သည့်

တံခါးခေါက်သံတခုထွက်ပေါ်လာလေသည်။ထို

အသံမှာ စိတ်လှုပ်ရှားနေပုံရပြီး ထိုကဲ့သို့အဖြစ်

ပျက်များကို ချန်အန်တယောက်မကြာခနပင်

ကြုံလာသည်မဟုတ်လား။ နတ်ဆိုးသားရဲများ

ကိုဖမ်းဆီးရန်ကြိုးစားနေကြသည့် ကျင့်ကြံသူ

များဖြစ်နိုင်ချေရှိကာ ထိုသူများသည် မကြာခန

ဒဏ်ရာများရလာတတ်ကြပြီး ဆေးလုံးများလို

အပ်တတ်သည်မဟုတ်လား။ ထိုဆေးလုံးများ

ကိုအများစုက လိုချင်သော်လည်း လိုအပ်ချိန်၌

အသင့်သန့်စင်ပေးနိုင်သည့် ဆေးပညာရှင်ကိုရှာ

ရပေဦးမည်။ ထို့အပြင် ကုန်ကြမ်းများယူဆော

င်ကာ ဝန်ဆောင်ခပေး၍ ဆေးလုံးများသန့်စင်

ပေးရန် အကူညီတောင်းခံနိုင်သည်။ သို့သော်ယ

ခုကာလတွင်တော့ ဝန်ဆောင်ခကနည်းမည်မဟု

တ်ပေ။

ချန်အန်တယောက် ကုတင်ပေါ်မှ တွန့်ဆုတ်စွာ

ထလိုက်ပြီးနောက် အဝတ်အစားလဲကာ ပြတင်း

ပေါက်ဆီသို့သွားကာ အပြင်ဘက်ရှိသူများနှင့်

စကားပြောလိုက်သည်။ သဘောတူညီမှုအလျင်

အမြန်ရရှိသွားပြီး ဆေးလုံးဖော်စပ်ခမှာ ကျော

က်တုံး၅တုံးကုန်ကျမည်ဖြစ်သည်။ ထိုစျေးနှုန်း

မှာ တခြားသူများနှင့်ယှဥ်လျင် များစွာသက်

သာပါသည်။

ချန်အန်က အမြတ်အစွန်းအနည်းငယ်သာယူ၍

အရေတွက်များများရောင်းချသည့် နည်းကိုအ

သုံးပြုလေသည်။ အခွင့်အရေးများကို အလွန်

အကျူးရယူပါက တဖက်သူများကိုစော်ကားမိ

မှာကြောက်ရသေးသည်။ ဤလောကတွင်မည်

သည့် ဥပဒေမှမရှိပါ။ထို့ကြောင့်တစုံတဦးကိုမ

ကြိုက်ပါက အချိန်မရွေးဒုက္ခပေးလာနိုင်သည်။

များများစော်ကားမိလေ အသေစောလေဖြစ်ပြီး

ငွေအတွက်တော့ တကမ္ဘာလုံးနဲ့ရန်သူမဖြစ်လို

ပေ။ မဟုတ်ပါက ရှာထားသည့်ငွေများကိုမည်

ကဲ့သို့ သုံးရမည်နည်း။ ၄နာရီကြာသန့်စင်ပြီး

နောက် ဆေးလုံးများကိုယူကာ ပြတင်းပေါက်မှ

တဆင့် ဝယ်ယူသူများကိုပေးလိုက်သည်။အရင်

ဦးစွာ ကျောက်တုံး၅တုံးကိုပစ်ထည့်စေပြီး အ

စစ်အမှန်ဖြစ်ကြောင်းကြည့်ပြီးမှ ဆေးလုံးများ

ကိုရှည်လျားသည့် ဝါးတိုင်တချောင်း၏အကူ

ညီဖြင့် လှမ်း၍ပေးလိုက်ခြင်းဖြစ်သည်။

ယခုကာလတွင် သူ့အနေဖြင့်သတိထားရပေမ

ည်။ မည်သူတဦးတယောက်အနားကိုမှမကပ်ခဲ့

ပေ။ ဆေးပညာရှင်အနေဖြင့်သူ့တွင် ငွေအများ

အပြားရှိထားသည်မဟုတ်လား။ သေချာသည်

ကထိုအချက်မှာ တခြားသူများကိုမနာလိုစိတ်

ဖြစ်ပေါ်စေပြီး မိမိလုံခြုံမှုအတွက် တပါးသူကို

လည်း စော်ကားလိုခြင်းမရှိပေ။

တနေ့ငွေအလုံအလောက်စုဆောင်းမိပါက အ

လယ်ဗဟိုသို့ရွှေ့ရပေမည်။ ချန်အန်တယောက်

အတွေးများနေစဥ် အခန်းထဲမှဆောင်ဟွာယင်း

၏အသံထွက်ပေါ်လာသည်။

“ယောက်ကျား ပြီးပြီလား”

“ပြီးပြီ ငါအခုလာမယ်”

ချန်အန်သည် စိတ်ရှုပ်ထွေးကာ ကူကယ်ရာမဲ့

သည့်အမူအရာဖြင့် အခန်းထဲသို့ဝင်သွားလိုက်

သည်။

“ဒုန်း ဒုန်း ဒုန်း”

ချန်အန်တယောက် အခန်းထဲရောက်ပြီးမကြာမီ

ပင် တံခါးခေါက်သံများကို ကြားရပြန်သည်။

ဝန်ခံရလျင်ဖြင့် စိတ်အနှောင့်အယှက်ဖြစ်မိ

သော်လည်း အဝတ်အစားများအမြန်ဝတ်ကာ

အခန်းထဲမှ ထွက်လာရသည်။

ငွေရှာရမည့်ကာလ၌ ငွေရနိုင်မည့်အခွင့်အရေး

မှန်သမျှ လက်မလွှတ်သင့်ပေ။ ငွေရှာတာကအ

ခြားအရာများထက် အရေးကြီးပေသည်။

ပြတင်းပေါက်နားရောက်ချိန်၌ ဝါးတိုင်ဖြင့်ပြ

တင်းပေါက်အကာကို ဖယ်ရှားပြီးကြည့်လျင်

အပြင်ဘက်၌ အလောင်းကစားသမားကျင့်ကြံ

သူ အဖိုးကြီးကိုတွေ့လိုက်ရသည်။

“ဆေးပညာရှင်ချန် အရမ်းအရေးကြီးနေလို့

ဝိဉာဥ်ကျောက်တုံး ၂၀ခန့်ချေးပါ ငါအနိုင်ရရင်

၇၀ ပြန်ပေးပါ့မယ်”

ထိုသူ၏မျက်လုံးအစုံမှာ နီရဲနေပြီး ရူးသွပ်နေသူ

နှင့်ပင် တူနေလေသည်။ ချန်အန်က ခပ်ပြတ်ပြ

တ်ပင် ငြင်းလိုက်သည်။

“ငါ့မှာပိုက်ဆံမရှိဘူး”

ထိုသို့ပြောပြီးနောက်ပြတင်းပေါက်အကာကိုပိ

တ်ကာ အပြင်ဘက်ရှိထိုသူကို လျစ်လျူရှုလိုက်

တော့သည်။ ထိုသူသည် မျှော်လင့်ချက်ရှိသေး

သည်ဟုထင်ကာ အိမ်အပြင်ဘက်မှနေ၍ ဆက်

လက်နှောင့်ယှက်နေသည်။ ချန်အန်၏ ပြတ်ပြ

တ်သားသားငြင်းဆိုလိုက်မှုက ထိုသူ၏အလော

င်းအစားဝါသနာကို စွန့်လွှတ်နိုင်မည် ချန်အန်

တယောက်တွေးနေသည်။

“ဆေးဆရာချန် မင်းက အမြင်ကျဥ်းပြီးဘာလို့

တကိုယ်ကောင်းဆန်နေရတာလဲ မင်းကတဘဝ

လုံး စုတ်ပြတ်နေတဲ့ဆေးဆရာတယောက်ဖြစ်

ချင်နေတာလား”

ထိုသူက ချေးငှားမရ၍ ဒေါသတကြီးကျိန်ဆဲ

နေပုံမှာ အရူးတယောက်လိုပင်ဖြစ်သည်။သို့ပေ

မယ့် အချိန်တော်တော်ကြာထိ ထိုအခြေနေက

မဖြစ်ပွားခဲ့ပေ။

“ကျင့်ကြံသူဝမ် မင်းကငွေလိုနေတာလား ဒါဆို

ရင် နတ်ဆိုးသားရဲတွေကိုဖမ်းဆီးဖို့ ငါတို့အဖွဲ့နဲ့

အတူလိုက်ခဲ့ပါ ငါကမချမ်းသာပေမဲ့ လစဥ်အိမ်

ငှားခပေးချေတာထက်တော့ ပိုပါတယ်”

“ငါလုပ်မယ် ငါလုပ်ပါရစေ”

ထိုအဖိုးကြီးက စိတ်အားထက်သန်စွာဖြင့်သ

ဘောတူလိုက်သည်။ အသင်းဖော်အနေဖြင့်အို

မင်းနေသူအားဖိတ်ခေါ်ခြင်းသည် မရိုးရှင်းနိုင်

လောက်ပေ။ ချန်အန်လည်း ထိုစကားများကို

ကြားနေရကာ နတ်ဆိုးသားရဲများကိုဖမ်းဆီးရန်

အသက်ကြီးရင့်သူကို ဖိတ်ခေါ်ခြင်းကတခုခု

မှားယွင်းနေသည်ဟု သူခံစားရသည်။ သူတို့အ

တွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးလား ဒါမှမဟုတ်

သနားပြီး ကူညီချင်တာကြောင့်လား။

ချန်အန်ထိုအရာကိုအရမ်းတော့ အလေးအနက်

မထားပေ။ အိပ်ခန်းထဲပြန်ဝင်ကာ ဇနီးသည်နှင့်

လုပ်လက်စကိုသာ အားသွန်ခွန်စိုက် ကြိုးစား

တော့သည်။ လူတို့၏နှလုံးသားများသည် နတ်

ဆိုးသားရဲများကဲ့သို့ပင် ဆိုးရွားကာ ယုတ်ညံ့

တတ်ကြသည်။

………………………………………..

All Chapters