အသက်ရှင်ကျန်သူမရှိစေရ။
Vol. 1 Ch. 7
“ရှပ် ရှပ် ရှပ်”
ခြေသံများက ခြံစည်းရိုးနှင့်နီးကပ်ချိန်တွင်ပို၍
ကျယ်လောင်လာသည်။ ကျူးကျော်သူများသ
ည် ခြံဝန်းအတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်
ကြောင်း ချန်အန်သိလိုက်သည်။
အမှောင်ထဲတွင်ပုန်းခိုကာ သူ၏ကျင့်စဥ်အသစ်
ဖြစ်သည့် ရွှေလက်ချောင်းကိုအသုံးပြုကာတို
က်ခိုက်မည်ဖြစ်သည်။ အချိန်တခုကြာပြီးနော
က် လူ၆ဦး၏ပုံရိပ်များထွက်ပေါ်လာကာ အမျိုး
သား၅ဦးနှင့် အမျိုးသမီး၁ဦးဖြစ်သည်။ထိုအထဲ
တွင် အနည်းငယ်ရင်းနီးသည့်မျက်နှာနှစ်ခုပါဝင်
ကာ ယခင်ကနှုတ်ဆက်ခဲ့ဖူးသည့်စုံတွဲတတွဲပင်
ဖြစ်သည်။ ထိုစုံတွဲမှာ ကြင်နာတတ်ဟန်ရှိသော်
လည်း အပေါ်ယံအမြင်ဖြင့်လူတိုင်းကိုဆုံးဖြတ်
၍မရနိုင်ပေ။
ထို၆ဦးက အခန်းရှိကာဘက်သို့ စူးစိုက်ကြည့်
နေကြသည်။ အခန်းထဲတွင်မှောင်နေသည်ကို
တွေ့လိုက်ကြကာ အိမ်ရှင်ဖြစ်သည့် ချန်အန်းတ
ယောက်အိပ်ပျော်သွားလောက်ပေမည်ဟု သူ
တို့တွက်ဆကာ နံရံပေါ်မှညင်သာစွာခုန်ဆင်း၍
အိမ်ခန်းဆီဦးတည်လိုက်သည်။
အားးး
ရုတ်တရက် နာကျင်စွာဖြင့်အော်လိုက်သည့်အ
သံများထွက်ပေါ်လာသည်။ တိတ်ဆိတ်သည့်
ညလယ်ခေါင်တွင် အသံကိုပို၍ပင်ကျယ်လောင်
လေသည်။ ထိုသူများသည် ထောင်ချောက်ထဲ
ကျရောက်သွားကြကာ သစ်သားဆူးချွန်များက
ခြေထောက်များကို ထိုးဖောက်သွားကြသည်။
ပြင်းပြင်းထန်ထန်နာကျင်မှုဖြင့်အော်ဟစ်နေရ
သော်လည်း ရည်ရွယ်ချက်ကိုတော့မမေ့ပေ။
“အိမ်ထဲဝင်ပြီး သူ့ကိုအမြန်အဆုံးသတ်လိုက်
တော့”
သူတို့၏လှုပ်ရှားမှုများဖော်ထုတ်ခံလိုက်ရပြီး
နောက် ခေါင်းဆောင်ဖြစ်ဟန်တူသူက သူ့လူ
များကို တိုက်တွန်းလိုက်သည်။ တစုံတရာအ
ပြောင်းအလဲမဖြစ်သွားစေရန် ချန်အန်ကိုရှင်း
လင်းပစ်ရပေမည်။ ကျန်သူများသည် ထိုစကား
ကိုကြားလျှင် နာကျင်မှုများကိုသည်းခံ၍ လက်
နက်များကို ဆုပ်ကိုင်ထားလိုက်သည်။
သို့သော်ခဏအကြာတွင် အရိုးများပျော့ခွေသ
လိုခံစားသွားရကာ ခြေလှမ်းအနည်းငယ်သာ
လှမ်းလိုက်ရသည်။ ထို့နောက်မတ်တပ်ရပ်ရန်
ပင် ခက်ခဲသွားကြကာ
“မဟုတ်သေးဘူး ငါတို့ထောင်ချောက်မိသွား
တာပဲ ဖြေဆေးအမြန်သောက်ကြ”
ဦးဆောင်သည့်သူက သတိပေး၍အော်ပြောလို
က်သည်။ အခြားသူများက ချက်ချင်းပင်ခရမ်း
ရောင်အိတ်ငယ်လေးထဲမှ ဆေးလုံးများကိုယ်စီ
ထုတ်ယူကာ သောက်ရန်ပြင်လိုက်သည်။ သို့
သော် ချန်အန်ကထိုအခွင့်အရေးကိုပေးမည့်သူ
မဟုတ်ပေ။
ဦးဆောင်သူ၏အသံကြားသည်နှင့် ချန်အန်က
ချီစွမ်းအင်များစုစည်းကာ ရွှေလက်ချောင်းကို
လျှပ်စီးပဲ့သို့အလျင်ဖြင့် ကျုးကျော်သူများအ
ပေါ်တိုက်ခိုက်လိုက်သည်။
“ဖောက် ဖောက်”
အသံအနည်းငယ်နှင့်အတူ အလယ်ရှိအမျိုးသာ
၃ဦး၏ နဖူးတွင် အပေါက်ငယ်လေးများပေါက်
သွားကြလေသည်။ သူတို့တစုံတရာပြန်မလုပ်နို
င်ခင်မှာပင် နဖူးမှသွေးစီးကြောင်းတခု ထွက်
ပေါ်လာပြီး လဲကျသွားတော့သည်။
“ဖောက်”
နောက်ထပ်တဦးသည်လည်း ပထမသူများကဲ့
သို့ပင် မြေပေါ်လဲကျကာ သေဆုံးသွညးတော့
သည်။ မျက်စိတမှိတ်အတွင်း ကျူးကျော်လာ
သူ၆ဦးအနက် ၂ဦးသာ ကျန်ရှိတော့သည်။ ဦး
ဆောင်သည့်သူနှင့် အမျိုးသမီးသာ ကျန်ရှိခဲ့
ကာ ချန်အန်ကာ ထပ်မံ၍အချိန်မဆွဲခဲ့ပေ။ ဝေါ!
လေတိုးသံအချို့ထွက်ပေါ်လာကာ ချန်အန်က
နောက်ထပ်တဦးကို သတ်ဖြတ်ရန်ပြေးဝင်သွား
သည်။ ထိုလူက ဦးခေါင်းကိုကာကွယ်ရန်သူ၏
လက်ဖြင့်ကာလိုက်သည်။
“ဖောက်”
ထိုသူ၏လက်တွင် အပေါက်တခုပေါ်လာကာ
သွေးများစီးကျလာသည်။ ပြင်းထန်သည့်နာကျ
င်မှုကိုသည်းခံကာ ချန်အန်၏လည်ပင်းကိုခုတ်
ပိုင်းရန် လက်ထဲမှဓားကိုမြှောက်လိုက်သည်။
ထိုသူသည် ကျယ်လောင်စွာကြိမ်းဝါး၍ လက်
ကျန်ခွန်အားအကုန်အသုံးပြုသော်လည်း အဆိ
ပ်မိထားပြီဖြစ်တာကြောင့် ခွန်အားကိုအကုန်အ
စင်မထုတ်ဖော်နိုင်ခဲ့ပေ။ ဓားချက်ကခွန်အား၏
ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိလေသည်။
ချန်အန်ကထိုဓားချက်ကို အလွယ်ပင်ရှောင်တိမ်
ကာ ရွှေလက်ချောင်းဖြင့် ထိုသူ၏နဖူးကိုထိုး
ဖောက်လိုက်သည်။
ဖောက်!
ထိုသူ၏ခေါင်းတွင်အပေါက်ငယ်တခုပေါ်လာ
ပြီးနောက် မြေပေါ်လဲကျသွားတော့သည်။ ချန်
အန်က ထိုသူကိုတချက်ကြည့်ပြီးနောက် မျက်
နှာလွှဲလိုက်သည်။ ဘေးနားရှိအမျိုးသမီးကိုကြ
ည့်လိုက်သည်။ သူမသည် ဆွဲဆောင်မှုရှိသည့်
ပုံစံရှိကာ သူ၏ဇနီးဖြစ်သူထက်ပင် အဆင့်တန်း
မြင့်ကာ ရင့်ကျက်သည့်အမျိုးသမီးတဦး၏
အသွင်အပြင်ရှိလေသည်။ သူမ၏ကျင့်ကြံမှုက
တော့ မမြင့်ပေ။
ချန်အန်သည် သူမအိမ်သာသွားသည်ကိုခနခန
တွေ့ဖူးသည်။ ကျင့်ကြံမှုနိမ့်ခြင်းကြောင့် ထိုအ
ရာများပြုလုပ်ရန်လိုအပ်နေသေးသည်။ တခါ
တရံနှုတ်ဆက်လေ့ရှိကာ သူမ၏ခန္ဓာကိုယ်ကို
လည်း ချန်အန်ကမှတ်မိနေသည်။
“ငါ့ကို ကျေးဇူးပြုပြီးမသတ်ပါနဲ့ နင့်အတွက်ငါ
ဘာမဆိုလုပ်ပေးပါ့မယ်”
ချန်အန်က သူမ၏ခန္ဓာကိုယ်ကိုစိုက်ကြည့်နေသ
ည့်အတွက် သူမတွင်အသက်ရှင်ရန်အခွင့်အလ
မ်းရှိသေးကြောင်း တွက်ဆလိုက်သည်။ ချက်ချ
င်းပင် စကပ်ရှည်ကို ဆွဲလှန်ကာ ဖြူဖွေးသည့်
ခြေတံရှည်များကိုပြသ၍ တောင်းပန်လာသည်။
သူမ၏အလှတရားကိုအသုံးပြု၍ ချန်အန်၏
ခွင့်လွှတ်မှုကိုတောင်းခံနေခြင်းဖြစ်သည်။ချန်အ
န်က သူမကိုပြောလိုက်သည်။
“ငါကမိန်းမတွေကို မသတ်ဘူး အခုထွက်သွား
လိုက်တော့”
သူမက နားကြားမှားနေသလားဟုတွေးကာမှင်
သက်နေလေသည်။ တခဏအကြာမှသတိဝင်၍
စိတ်သက်သာရာရစွာပြောလာသည်။
“ငါ့အသက်ကိုချမ်းသာပေးလို့ ကျေးဇူးတင်ပါ
တယ်”
ထို့နောက် ချန်အန်တယောက်ကတိမတည်မှာကို
ကြောက်၍ထင် တုန်တုန်ယင်ယင်ဖြင့်လှည့်ထွ
က်သွားလေသည်။
ဖောက်
သူမ ခြေနှစ်လှမ်းပင်မပြည့်သေး သူမ၏နောက်
ကျောမှ အသံများထွက်ပေါ်လာကာ ခေါင်းအ
နောက်ဘက်တွင် သွေးစီးကြောင်းတခုဖြစ်ပေါ်
လာပြီး သူမသည် မြေပေါ်လဲကျသွားပြီး မလှုပ်
ရှားနိုင်တော့ပေ။
“မိန်းမတယောက်ရဲ့နှလုံးသားက ကြောက်ဖို့
ကောင်းလွန်းတယ်”
ချန်အန်သည် ခြေထောက်ဖြင့် သူမ၏ညာဘက်
လက်ကို ထိုး၍ကြည့်လိုက်သည်။လက်ထဲ၌ငွေ
ရောင်အပ်တခုရှိနေကာ ချွန်မြနေသည်။ ချန်အ
န်သည် သူမ၏ခန္ဓာကိုယ်ကိုကြည့်၍ သူမသည်
အမှန်တကယ်ပင် ဆွဲဆောင်နိုင်ကာ ယခုတော့
သေဆုံးသွားရပြီဖြစ်သည်။ မိန်းမတွေကပိုလှ
လေ ပိုအန္တရာယ်များလေဖြစ်ကာ ရန်သူကိုသနာ
ခြင်းက ကိုယ့်ကိုကိုယ်ရက်စက်ရာကျပေသည်။
လက်ဖဝါးပေါ်တွင် ချွေးစေးများရှိနေပြီးခြေ
ထောက်များက ပျော့ခွေနေလေသည်။ ချန်အန်
အနေဖြင့် ကူးပြောင်းလာသည့်အချိန်မှစကာလူ
တိုင်းအပေါ် ကြင်နာစွာဆက်ဆံခဲ့သည်။ သူ့အ
တွက်သတ်ဖြတ်ခြင်းဟူသည့်အရာသည် မရင်း
နီးပေ။ ယခုတွင် ပထမဆုံးသတ်ဖြတ်ခြင်းဖြစ်
ကာ ၆ဦးပင်ဖြစ်နေသည်။
နောက်ပိုင်းအချိန်များတွင် နာကျင်ဖွယ်ရာမြင်
ကွင်းများကိုသာ မမြင်ခဲ့ပါက ချက်ချင်းပင်အန်
ထွက်မိပေလိမ့်မည်။ ချန်အန်သည်စိတ်ထဲ၌မ
သက်မသာခံစားနေရလေသည်။
ထို့နောက်အချိန်တခုကြာအောင်တည်ငြိမ်ရန်ပြု
လုပ်ပြီးနောက် အလောင်းများကိုစစ်ဆေးကြည့်
လိုက်သည်။
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၇ခု
အဆင့်နိမ့် ပထမအဆင့်ဆေး ၅လုံး
သာမန်သံလက်နက် ၆ခု။
အတော်ဆင်းရဲကြတာပဲ။ချန်အန်လည်းစိတ်ပျက်စွာဖြင့် ခေါင်းကိုသာခါယမ်းလိုက်တော့သည်
ထို့နောက်အလောင်းများကို ဆွဲယူကာ ခြံထောင့်
တွင်မြုပ်နှံရန်ကျင်းတခုတူးလိုက်သည်။ မူလ
ကအလောင်းများကို ဆွဲထုတ်၍ အပြင်ဘက်ရှိ
လူသူမရှိသည့်နေရာ၌ မြုပ်နှံချင်သော်လည်းအ
ပြင်ဘက်၌ ရန်သူများထပ်မံရှိနေလျင်ကော…။
အန္တရာယ်ကင်းရန်အတွက် အပြင်မထွက်သည်
ကပို၍ကောင်းပေမည်။
………………………………………..