စိတ်လှုပ်ရှားခြင်းအားရပ်တန့်စေသည့်ဆေး
Vol. 1 Ch. 8
အလောင်းများအားမြုပ်နှံပြီးနောက် ဇနီးဖြစ်သူ
အခြေနေကိုကြည့်ရှုရန် အိပ်ခန်းဆီသို့သွားလို
က်သည်။ သူထင်ထားသည့်အတိုင်းပင် ဇနီးဖြစ်
သူမှာ အိပ်ပျော်နေဆဲပင်ရှိသည်။ သူမသည်နေ့
ခင်းဘက်၌ ပင်ပန်းထားသောကြောင့် နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေခြင်းဖြစ်သည်။ အခန်း
ထဲမှ ထွက်ပြီးနောက် ခန္ဓာကိုယ်ရှိသွေးညှီနံ့များ
အားဖျောက်ဖျက်ရန် ရေနွေးဖြင့်ရေချိုးလိုက်ရ
သည်။ ရေချိုးနေစဥ်အတွင်းပင် သူ၏လက်
ချောင်းများကိုကြည့်ကာ မယုံနိုင်ဖြစ်နေရသေး
သည်။ လက်ချောင်း၏စွမ်းအားကပြင်းထန်လွ
န်းကာ သူနှင့်နီးကပ်သူများကို သေစေနိုင်ပေသ
ည်။
အစောပိုင်းအဆင့်များ၌ ကျင့်ကြံမှုကွာဟချက်
သည်အရေးမပါသေးပေ။ သို့သော်လည်းယခု
အဆင့်မှာတင်ပင် ရွှေလက်ချောင်းကအစွမ်းထ
က်နေလေရာ ကျွမ်းကျင်နယ်ပယ်ကိုသာရောက်
ရှိသွားပါက မည်မျှပင်အစွမ်းထက်နေမည်နည်း
ချန်အန်ကထိုအရာကိုမျှော်လင့်နေကာ နောက်
နေ့မှစ၍ ကြိုးသားလေ့ကျင့်ရပေမည်။
နောက်တနေ့မနက်၌ ချန်အန်တယောက်နိုးထ
လာသည့်အခါ ဇနီးဖြစ်သူသည် ရေဘဝဲလက်
တံများကဲ့သို့ သူ့ကိုပွေ့ဖက်ထားလေသည်။သူမ
၏ပုံစံသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရ
လေသည်။ နေရောင်ပင်ထွက်ပေါ်လာပြီဖြစ်
သော်လည်း သူမကတော့ကုတင်ပေါ်၌အိပ်စက်
နေသေးသည်မဟုတ်လား။
သူမကအလုပ်ထလုပ်ရမည်ကိုမသိဘူးလား။
ဒီလောက်ပျင်းရိတတ်တဲ့ ဇနီးကိုတော့အပြစ်ပေ
မှရတော့မယ်။
ခါးလေ့ကျင့်ခန်းတချို့စတင်လိုက်သည်။
[ဆေးပညာအတွေ့အကြုံ +1]
အိပ်ရာထပြီးနေက်မျက်နှာသစ်ကာ မနက်စာအ
တွက်ရှာဖွေတော့သည်။ ခနအကြာ၌ လေ့ကျင့်
ရန်ခြံထဲသို့ဆင်း၍ လက်ချောင်းများဖြင့်မြင်မြ
င်သမျှ ထိုးဖောက်တော့သည်။ ခနလေးအတွင်း
မှာပင် အချိန်ဆယ်ရက်ကုန်သွားခဲ့သည်။
ထိုကာလများတွင် ချန်အန်သည် မြေပြင်ကိုအ
ပေါက်များစွာဖောက်ကာ သစ်ပင်များကိုလည်း
ထိုနည်းတူပင်ဖြစ်သည်။ ကျောက်တုံးများမှာ
အမှုန်များအဖြစ်ပြောင်းလဲသွားကြရသည်။သို့
သော်လည်း မျက်နှာပြင်ကိုကြည့်လိုက်ချိန်တွင်
တော့ ချန်အန်တယောက်စိတ်ပျက်သွားရသည်။
[ရွှေလက်ချောင်း ပထမအဆင့် 3/100]
သူကဆယ်ရက်ကျော်လေ့ကျင့်ပြီးတရက်လျှင်
နာရီပေါင်းများစွာ အချိန်ပေးခဲ့သော်လည်း ၂
မှတ်သာတိုးလာခဲ့သည်မဟုတ်လား။ဒီနှုန်းဖြင့်
ဆိုလျှင် ကျွမ်းကျင်နယ်ပယ်ကိုဖြတ်ကျော်ရန်
မည်မျှကြာမည်နည်း။
ရွှေလက်ချောင်းမန္တန်မှာအစွမ်းထက်သော်လည်
ကျောက်တုံးတစ်ရာဖြင့် ရောင်းချခဲ့ခြင်းမှာယခု
ကဲ့သို့လေ့ကျင့်ရန်ခက်ခဲခြင်းကြောင့် ဖြစ်ရပေ
မည်။ လွယ်ကူနေမှသာထူးဆန်းနေပေလိမ့်မည်
“မေ့လိုက်တော့ ဒါကိုနောက်ထပ်မကျင့်တော့ဘူ
လေ့ကျင့်မယ့်အစား ဆေးဖော်စပ်တာကမှငါ့
အတွက်အကျိုးရှိစေသေးတယ်”
ချန်အန်ကဦးခေါင်းကိုခါယမ်းလိုက်သည်။
ပြီးနောက် စိတ်ပြေပျောက်ရန်အိပ်ခန်းထဲသို့ပြန်
ဝင်သွားလိုက်ပြီး နှစ်ကိုယ်တူလေ့ကျင့်ခန်းများ
လုပ်ဆောင်တော့သည်။
[ဆေးပညာအတွေ့အကြုံ +1]
[ဆေးပညာအတွေ့အကြုံ +1]
[......]
အချိန်တခုကြာပြီးနောက် စိတ်ကျေနပ်စွာဖြင့်
ကုတင်ပေါ်၌ လဲလျောင်းနေလိုက်သည်။ အစား
အသောက်နဲ့နေစရာအတွက် ပူပင်ရန်မလိုပေ။
သူ့တွင် အိမ်တလုံးနှင့်ဇနီးတဦးရှိပေသည်။အရ
င်ဘဝ နှိုင်းယှဥ်မိလျင် စကားလုံးများဖြင့်ပြော
မပြနိုင်အောင်ပင် ဝမ်းသာမိလေသည်။
တခုတည်းသောအားနည်းချက်ကတော့ ဤ
လောကသည် အန္တရာယ်များဖြင့်ပြည့်နေကာအ
ထူးသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက်
ဖြစ်သည်။ ဘဝအတွက်လုံခြုံမှုကိုအာမခံနိုင်ရန်
အမှန်ပင်ခက်ခဲပါသည်။ သို့သော်သူ့တွင်ပန်း
တိုင်ငယ်လေးတခုရှိပေသည်။ တတ်နိုင်သမျှ
ပထမအဆင့်၏ အဆင့်မြင့်ကိုဖြတ်ကျော်၍
ဆေးပညာရှင်တဦး၏အဆင့်တန်းကို တိုးမြင့်
လာရန်ဖြစ်သည်။
ထိုမှသာ သူ့အတွက်ဝင်ငွေတိုးလာကာ လုံခြုံ
မှုအတွက် အလယ်ဗဟိုသို့ရွှေ့ပြောင်းနိုင်မည်
ဖြစ်သည်။ ချက်ချင်းပင် အဝတ်အစားများလဲ
ဝတ်ကာ ဆေးဖော်စပ်ခန်းထဲသွားလိုက်သည်။
သူသည် ဆေးဖော်စပ်ချင်လာသည့်စိတ်ဖြစ်ကာ
အိပ်ခန်းထဲ၌ ငြီးငွေ့လာပါက ဆေးဖော်စပ်ခန်း
သို့သွားပေသည်။ ဆေးဖော်စပ်ရန်ငြီးငွေ့ပါက
ဇနီးသည်နှင့်အိပ်စက်ရန် အိပ်ခန်းဆီသို့ပြန်လာ
လေသည်။ ထိုအရာက စဥ်ဆက်မပြတ်ဖြစ်နေ
သည့် လုပ်ငန်းစဥ်တခုဖြစ်လာသည်။ထိုနည်းဖြ
င့် ဆေးပညာအဆင့်တန်းမှာလည်းတိုးမြင့်လာ
ပေမည်။
“ယောက်ကျား စောနေသေးတယ်မဟုတ်လား
ငါတို့ထပ်အိပ်ရအောင်”
ချန်အန်တယောက် အိပ်ရာထဲမှထွက်ခွာတော့မ
ည်ကိုတွေ့လျင် ချန်အန်၏လက်မောင်းကိုဖက်
၍ တီးတိုးပြောလိုက်သည်။ ချန်အန်က အရာ
ရာတိုင်းတွင် ကန့်သတ်ချက်များထားရှိရန်စိတ်
ကူးမိပြီး သူမ၏တောင်းဆိုမှုကိုငြင်းပယ်ရန်
တွေးလိုက်မိသည်။ သို့သော် လှုံ့ဆော်မှုတခုသူ့
တွင်ထွက်ပေါ်လာသည်။
မကြာသေးမီက ရွှေလက်ချောင်းမန္တန်ကိုသင်ယူ
ခဲ့သည့်အကြောင်းအား အမှတ်ရလိုက်သည်။
“ယင်းအာ မကြာသေးခင်က ရွှေရောင်အလင်း
နဲ့အရမ်းအစွမ်းထက်တဲ့မန္တန်တခုငါသင်ခဲ့တယ်”
“ယောက်ကျား အဲ့ဒါဘာမန္တန်လဲ”
“ငါမင်းကိုအခုပဲ ပြမယ်”
[စနစ်ရှင်က ရွှေလက်ချောင်း၏စွမ်းအားအပြည့်
အသုံးပြု၍ ဇနီးသည်အပေါ်စမ်းသပ်ခဲ့သည် ခန
အတွင်းမှာပင်သူမ၏ခံစားချက်များများပြားစေ
သည်။ ရွှေလက်ချောင်း +1]
***သူဘာလုပ်လိုက်လဲဆိုတာတော့ကိုယ့်ဘာ
သာကို ပုံဖော်ကြပါ***
အခြေနေကဘာကြီးလဲ?
ချန်အန်ကသူ့ရှေ့တွင်လင်းလာသည့် အကြောင်
ကြားချက်ကိုကြည့်၍မှင်သက်နေသည်။သူ၏
စိတ်လှုပ်ရှားမှုကိုတော့ မဖုံးကွယ်နိုင်အောင်ပင်
ဖြစ်နေရသည်။ ထိုအရာက ရွှေလက်ချောင်း၏
ကျွမ်းကျင်မှုနယ်ပါ်ကိုရောက်ရန် မှန်ကန်သည့်
နည်းလမ်းထွက်ပေါ်လာခြင်းဖြစ်သည်။
ချန်အန်သည် အပြောင်းအလဲကြီးတခုကိုလွယ်
ကူစွာရှာတွေ့ခဲ့ခြင်းဖြစ်သည်။
“ယောက်ကျား ငါကနိဗ္ဗာန်ရောက်သွားသလိုခံ
စားနေရတယ် နောက်တခါလောက်ရနိုင်မလား”
ဆောင်ဟွာယင်း၏မျက်နှာလေးသည် နီရဲနေ၍
အနည်းငယ်လည်း မျှော်လင့်နေပုံရသည်။ ချန်
အန်က သူမကိုကြည့်၍ လက်ညှိုးထိုးပြလိုက်
သည်။ ချီစွမ်းအင်များစုစည်းကာ ချက်ချင်းပင်
ရွှေရောင်အလင်းတန်းများပေါ်လာပြီ သူမကို
နောက်တကြိမ် နိဗ္ဗာန်ရောက်စေတော့သည်။
(အရမ်းစွမ်းတဲ့လက်ညှိုးနော် ညိုကီတို့သင်ယူ
ထားကြ)
[ရွှေလက်ချောင်း ပထမအဆင့် +1]
[ရွှေလက်ချောင်း ပထမအဆင့်+1]
[ရွှေလက်ချောင်း ပထမအဆင့် +1]
[...]
အချိန်တချို့ထပ်မံကုန်သွားပြန်သည်။
ချန်အန်တယောက် ဝါးကုတင်ပေါ်၌ထိုင်နေပြီး
သူ၏ရှေ့တွင်ထွက်ပေါ်နေသည့် မျက်နှာပြင်
အားကြည့်နေသည်။
[ရွှေလက်ချောင်း ပထမအဆင့် 39/100]
[ဆေးပညာ… .ပထမအဆင့် 256/500]
ဇနီး…..ဆောင်ဟွယင်း
ဂုဏ်သတ္တိ….ကျေးဇူးတရားကိုအဆများစွာပြန်
လည်ပေးဆပ်ပါမည်။
စိတ်ခံစားမှု…..ကြယ်တပွင့် 95/100
အတွေ့အကြုံရမှတ်…..247
ရွှေလက်ချောင်းကျွမ်းကျင်မှု 36
ရက်အနည်းငယ်အတွင်းမှာပင် ရွှေလက်ချောင်း
ကျွမ်းကျင်မှုက ၃၆ မှတ်ထိတိုးလာသည်။သူ၏
လက်ချောင်းများကို စိတ်ကျေနပ်စွာကြည့်ကာ
ကုတင်ပေါ်၌ အိပ်နေသည့် ဇနီးဖြစ်သူထံအကြ
ည့်ရောက်သွားသည်။ အဖြစ်အပျက်များအတွ
က်ရီရမလား ငိုရမလားမသိတော့ပေ။ လူအချို့
သည် ကံကောင်းမှုနည်းနည်းတော့ကြုံတွေ့ရနိုင်
သေးသည် မဟုတ်လား။
ရက်ပေါင်းများစွာပြင်းပြင်းထန်ထန်လေ့ကျင်ခဲ့
သော်လည်း အသုံးမဝင်သည့်အရာက ဇနီးကို
ဖျော်ဖြေရာ၌ အကျိုးပြုလာသည်။ တခြားသ
တိပေးချက်များတွင် ဆေးပညာရမှတ်သည်လဲ
တဝက်ကျော်လာပြီဖြစ်သည်။ အနည်းဆုံးနော
က်တလ နှစ်လအတွင်းအဆင့်တခုထပ်မံဖြတ်
ကျော်နိုင်ပေတော့မည်။ ထို့အပြင်သူမနှင့်ဆက်
ဆံရေးသည်လည်း ကြယ်နှစ်ပွင့်ဖြစ်ရန်သိပ်မ
လိုတော့ပေ။
နောက်ထပ်၅မှတ်ရရုံဖြင့် အဆင့်တက်နိုင်တော့
မည်ဖြစ်ကာ အနာဂတ်မှာလည်းပို၍ကောင်းပေ
တော့မည်။ ထိုအချိန်တံခါးခေါက်သံတခုထွက်
ပေါ်လာသည်။
ဒုန်း….ဒုန်း
“ဆေးပညာရှင်ချန် လုပ်ငန်းကြီးကြီးတခုရှိနေ
တယ်”
ချန်အန်က စကားသံကိုကြားလျင် အမြန်ထ၍
အဝတ်အစားများဝတ်လိုက်သည်။ ထို့နောက်
အပြင်ဘက်ရှိသူများနှင့် စီးပွားရေးလုပ်ရန်ပြ
တင်းပေါက်သို့သွားလိုက်သည်။ ထိုအရာကတ
ကယ်ပင်လုပ်ငန်းကြီးဖြစ်ကာ တဖက်သူမှဆေး
လုံးအမြောက်အမြားကိုဖော်စပ်ချင်နေသည်။ထို
အတွက် တနေ့တာပင်ကုန်ဆုံးနိုင်ပြီး ဖော်စပ်ခ
မှာကုန်ကျစရိတ်တခုတည်းကပင် ကျောက်တုံး
၂၀ ထိကျသင့်ပေသည်။
“စကားမစပ် မင်းကြားမိသေးလား မကြာသေး
ခင်က ငါတို့နေရာက ကျင့်ကြံသူ၆ဦးပျောက်ဆုံ
သွားတယ် အဲထဲကတယောက်က ချီစုဆောင်း
ခြင်းအဆင့်၄ ရှိပြီး သူတို့တွေတယောက်မှပြန်မ
ပေါ်လာကြတော့ လူတွေလည်းထိတ်လန့်နေကြ
တယ်”
ပြတင်းပေါက်အပြင်ဘက်ရှိဧည့်သည်ကရုတ်
တရက်ပြောလာသည်။ ချန်အန်ကတည်တည်
ငြိမ်ငြိမ်ဖြင့်ပင်
“သူ တို့ကနတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့
ထွက်သွားတာဖြစ်နိုင်တယ်”
ဧည်သည့်ကသူ့ရဲ့လက်ကိုဝေ့ယမ်းပြီးနောက်
ပြောလာပြန်သည်။
“ဒါကမဖြစ်နိုင်ပါဘူး ငါတို့နေရာကစျေးပေါပေ
မယ့်အဝင်အထွက်အတွက် စာရင်းတော့ပေးရ
သေးတယ် တာဝန်ခံမန်နေဂျာရဲ့အဆိုအရ အဲ့ဒီ
လူ၆ဦးစလုံးက ဝါးရွက်တောအုပ်မှာတချိန်လုံး
ရှိနေကြတယ် ဆေးပညာရှင်ချန် ငါတို့နေရာ
လေးမှာ တယောက်ယောက်ကတော့မကောင်း
ကြံနေပြီလို့ ငါထင်တယ် သူတို့ကအိမ်ငှားခမ
တတ်နိုင်လို့ လူတွေကိုပစ်မှတ်ထားပြီးသတ်ပစ်
လိုက်တာပဲဖြစ်ရမယ်”
ဧည့်သည်ကပြောနေရင်းပင်ကြောက်ရွံလာပုံရ
သည်။ ချန်အန်ကအနည်းငယ်ပြုံးနေသော်လဲ
မည်သည့်စကားမှမပြောလိုက်ပေ။ ထိုသူနဲ့အ
ချက်အလက်အချို့ပြုလုပ်ပြီးနောက် ဆေးဖော်
စပ်ရန် ဆေးဖော်စပ်ခန်းထဲသို့ဝင်လိုက်တော့သ
ည်။ နောက်တနေ့မနက်တွင် ချန်အန်ကပြတင်း
ပေါက်နှင့် ခပ်ကွာကွာနေ၍ ဆေးလုံးများကိုပေ
အပ်လိုက်ပြီး ကျောက်တုံး၂၀ ရလိုက်လေသည်
မသိမသာဖြင့်ပင် စုဆောင်းငွေများတိုးလာကာ
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၃၈ တုံးဖြစ်လာ
သည်။ ပျမ်းမျှအားဖြင့် တရက်လျှင်ဝိဉာဥ်
ကျောက်တုံး၆ တုံးထိရနိုင်ကာ အနာဂတ်ကအ
လွန်ပင်ကောင်းမွန်လာချေပြီ။
ချန်အန်က ကျောက်တုံး၂၀ ကိုသိမ်းကာ ဇနီး
ဖြစ်သူနှင့် လေ့ကျင့်ခန်းလုပ်ရန် အိပ်ခန်းထဲသို့
ဝင်သွားတော့သည်။
[ဇနီးဖြစ်သူကို နှိပ်နယ်ပေးခဲ့သည် ဆက်ဆံမှု
+1]
[ဇနီးအတွက် ရွှေလက်ချောင်းကိုအသုံးပြုခဲ့သ
ည် ရွှေလက်ချောင်းကျွမ်းကျင်မှု +1]
[ဆေးပညာအတွေ့အကြုံ +1]
[ရွှေလက်ချောင်းကျွမ်းကျင်မှု +1]
[....]
[ဇနီးသည်၏အချက်အပြုတ်လက်ရာအားချီး
ကျူးခဲ့ပြီး ထမင်းသုံးပန်ကန်စားခဲ့သည် ဆက်
ဆံရေး +1]
[ရွှေလက်ချောင်းကျွမ်းကျင်မှု +1]
[ဆေးပညာအတွေ့အကြုံ +1]
[...]
တယောက်နှင့်တယောက် ခံစားချက်များတိုးမြ
င့်လာပြီးနောက် ရက်အနည်းငယ်ကုန်ဆုံးလာခဲ့
သည်။ ချန်အန်သည် ဇနီးဖြစ်သူကိုပွေ့ဖက်ထား
ရင်း ကုတင်ပေါ်လဲလျောင်းနေလေသည်။ အ
တွေးတချက်ဖြင့် စနစ်၏မျက်နှာပြင်ကိုဖွင့်လို
က်သည်။
ရွှေလက်ချောင်းပထမအဆင့် 55/100
ဆေးပညာ…ပထမအဆင့်အလယ်အလတ်
286/500
ဇနီး…..ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…ကျေးဇူးတရားကိုအဆများစွာပြန်
လည်ပေးဆပ်ပါမည်။
ဆက်ဆံရေး..ကြယ်နှစ်ပွင့် 101/500
ဆေးပညာအတွေ့အကြုံရမှတ်….276
ရွှေလက်ချောင်းကျွမ်းကျင်မှု…..52
အလုပ်ကြိုးစားသူကို ကောင်းကင်ကဆုချလေ့
ရှိပါသည်။ ရက်ပေါင်းများစွာကြိုးစားပြီးနော
က် ဆက်ဆံရေးက ကြယ်နှစ်ပွင့်ထိတိုးတက်
လာလေသည်။ ထိုမျက်နှာပြင်ကို ကြည့်လိုက်
ချိန် ချန်အန်တယောက်စိတ်ကျေနပ်မှုကို ခံစား
လိုက်ရသည်။
ဆက်ဆံရေးအဆင့်က ဆေးပညာရမှတ်များနှင့်
ဆက်စပ်နေသည်ကိုသိလိုက်ပြီးနောက် ခေါင်းငုံ့
ကာ ဇနီးသည်ကို ပွေ့ချီလိုက်သည်။
“ယင်းအာ ရေအတူချိုးကြရအောင်”
“ဟုတ်ကဲ့ ဒါဆိုရေနွေးအောင်လုပ်လိုက်ပါဦးမ
ယ်”
ဆောင်ဟွာယင်းစကားပြောနေစဥ်ပင် ချန်အန်
ကသူမ၏ပါးကို နမ်းလိုက်သည်။ ထို့နောက်သူ
မက အိပ်ရာမှထကာ မီးဖိုချောင်သို့သွားလိုက်
သည်။ သိပ်မကြာခင်၌ ရေအသင့်ဖြစ်ကာ ချန်
အန်က ရေနွေးများထည့်ထားသည့် သစ်သား
ပုံးကိုယူ၍ ရေချိုးခန်းဆီသွားလိုက်သည်။
သစ်သားပုံးထဲတွင် အတူထိုင်ကာသူမကိုနောက်
ကျောဘက်မှ ချေးတွန်းပေးရန် သူ၏အရှေ့၌
ထိုင်စေသည်။ အဆုံးတွင် သူတို့သည်လင်မယာ
များဖြစ်ကြကာ ကြည်နူးစရာများပြုလုပ်သင့်
ပေသည်။ တဦးတည်းမှ အရာအားလုံးလုပ်
ဆောင်ရန်မလိုပေ။
လေ့ကျင့်ခန်းလုပ်ပြီးချိန်….။
ဆေးပညာအတွေ့အကြုံ +2
ထိုအရာက သူတွက်ဆထားသည့်အတိုင်းပင်။
ဆက်ဆံရေးကြယ်များတိုးလာသည့်အခါ သူ
တို့ဆက်ဆံသာ့်အခါတိုင်းရရှိသည့်အမှတ်များ
မှာလည်း တိုးမြင့်လာပေသည်။ ချန်အန်ကထို
အကြောင်းကြားချက်များကို ကြည့်ကာသူ၏
မျှော်လင့်ချက်များအတွက် အလွန်ပင်ဝမ်းသာ
အားရဖြစ်နေလေသည်။
[ဇနီးသည်တွင် ကိုယ်ဝန်ရှိနေပါပြီ]
[စိတ်လှုပ်ရှားမှုရပ်တန့်ထားစေသည့်ဆေးအား
စနစ်မှ ဆုချီးမြင့်ပါသည်]
……………………………………………