ရိုးရှင်းသည့်နေ့ရက်များ
Vol. 1 Ch. 9
ချန်အန်တယောက်မှင်သက်သွားရသည်။သူ၏
ဇနီးတွင် ကိုယ်ဝန်ရှိနေသည်တဲ့လား။အချိန်အန
ည်းငယ်အကြာတွင် မှတ်ဉာဏ်ထဲသို့ဆေးလုံး
ဖော်စပ်နည်းများဝင်ရောက်လာသည်။ထိုအရာ
က စိတ်လှုပ်ရှားမှုဖြတ်တောက်စေသည့်ဆေးဖြ
စ်သည်။
ကုန်ကြမ်းများကတော့ အသုံးများသည့်အရာ
များဖြစ်ကာ ဆိုင်ကြီးများတွင်ဝယ်ယူနိုင်ပေသ
ည်။သန့်စင်ရမည့်နည်းလမ်းမှာလဲ ရိုးရှင်းသည်။
ဘေးထွက်ဆိုးကျိုးအနည်းငယ်ပင်မရှိပေ။
“စနစ်ကတကယ်ကောင်းမွန်တာပဲ”
ချန်အန်သည် အားပါးတရပင်ရယ်မောလိုက်သ
ည်။ ထိုဆေး၏အာနိသင်ကိုလေ့လာ စမ်းစစ်၍
ကိုယ်ဝန်ဆောင်ချိန်တွင် လိင်ဆက်ဆံပါက ကို
ယ်ဝန်ကိုထိခိုက်စေမည်ဟု သူတွေးနေမိသည်။
ယခုဆေးသည် ထိုကဲ့သိူ့အဖြစ်များဖြစ်မလာရန်
တားဆီးပေးပြီး ယခင်စနစ်၏သတိပေးချက်အ
ရ ကလေးတဦးရယူရန် အချိန်ကျပြီဖြစ်သည်
ဟု နားလည်လိုက်ရသည်။
“ယောက်ကျား ဘာကိုကြိုးစားတာလဲ”
ဆောင်ဟွာယင်းက ချန်အန်၏တီးတိုးရေရွတ်မှု
ကိုကြားသည့်အခါ သိလိုစိတ်ဖြင့်မနေနိုင်တော့
ပေ။ ချန်အန်ကသူမ၏နောက်ကျောဘက်မှအ
သာဖက်၍ နား အနားကပ်ကာတီးတိုးပြောလိုက်
လေသည်။
“ယင်းအာ မင်းအတွက်သတင်းကောင်းရှိတယ်”
“ဘာသတင်းကောင်းလဲ”
“မင်းမှာကိုယ်ဝန်ရှိနေပြီ”
“ဟင်!”
ဆောင်ဟွာယင်းတယောက် မူလကအနည်းငယ်
ထိတ်လန့်သွားသော်လည်း ချက်ချင်းပင်ပျော်
ရွှင်သွားလေသည်။
“ငါ့ယောက်ကျားရဲ့ရင်သွေးကိုမွေးရတော့မယ်”
[ဆောင်ဟွာယင်းက စနစ်ရှင်ရဲ့ရင်သွေးကို လွ
ယ်ထားရပါပြီ သူမ၏စိတ်ခံစားချက်များမှာ
1+3+1+4+5+2…]
နောက်ရက်များ၌ ချန်အန်သည်စိတ်ကိုထိန်းချု
ပ်ကာ သူမကိုမထိခဲ့ပေ။ကလေးအတွက်ကိုသာ
အာရုံစိုက်ထားပြီး ဆေးလုံးများကိုအဆက်မပြ
တ်ဖော်စပ်နေလေသည်။ စိတ်လှုပ်ရှားမှုရပ်တန့်
စေသည့် ဆေးကိုသုံးစွဲရန်မလိုပေ။ သို့သော်ထို
ဆေးကိုတော့ ဖော်စပ်ရပေမည်။
အကြောင်းမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က
ကြိုးစားခဲ့ပြီးနောက် ထိုဆေး၏ဝယ်လိုအားမှာ
အလွန်ပင်များပြားနေလေသည်မဟုတ်လား။
အကြီးဆုံးဖောက်သည်မှာ ဇနီးအများအပြားနှင့်
မောင်းမ များများယူထားကြသည့်ကျင့်ကြံသူ
အမျိုးသားများဖြစ်သည်။
ထိုအတွက်အကြောင်းအရာမှာ၂ချက်ရှိကာ
ပထမက အိမ်တွင်ဇနီးမယားအများအပြားရှိ
ပြီး ထိုဇနီးများ၏စွဲဆောင်မှုကို ထိန်းချုပ်နိုင်ရန်
ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းတို့အနေဖြင့်နတ်
ဆိုးသားရဲများအမဲလိုက်ထွက်သည့်အချိန် အိမ်
နီးနားချင်းမှ ဇနီးများကိုဆွဲဆောင်ရန်ကြိုးပမ်း
သည့်အခါမျိုး၌ ဇနီးသည်များကိုသုံးစွဲရန်ဖြစ်
သည်။
အခြားဝယ်လက်များကတော့ များပြားကာရှုပ်
ထွေးသည်။အခြေခံအားဖြင့် လူမျိုးစုံရှိသော်လဲ
အကြောင်းအရာကတော့အတူတူပင်။အလုပ်
များကိုအာရုံစိုက်ရန်လိုအပ်သည့်အခါ အာရုံ
ထွေပြားစေသည့်အရာများကို ထိန်းချုပ်နိုင်ရန်
လိုအပ်ပေသည်။
ချန်အန်တယောက် ဆေးလုံးများသန့်စင်နေချိန်
တွင် ဆောင်းဟွာယင်းသည်အနည်းငယ်အားလ
ပ်နေသည်။ သူမအနေဖြင့် အိမ်ထောင်ကျပြီး
နောက် ယောက်ကျားဖြစ်သူနဲ့ပျော်ပါးရန်ကအ
ဓိက အရာတခုဖြစ်ကာ ယခုတွင်တော့ အနားယူ
နေရပြီဖြစ်သည်။
အိမ်မှုကိစ္စများမှလွဲ၍ သူမ၌လုပ်စရာမရှိတော့
ပေ။ တခါတရံပျင်းရိလာသည့်အခါ ပြတင်း
ပေါက်အပြင်ဘက်သို့ ငေးကြည့်နေတတ်သည်။
သစ်ပင်များ လေထဲတွင်ပျံဝဲနေသည့်ငှက်ငယ်
လေးများနှင့် အခြားသော လှပသည့်အမျိုးသမီ
ကျင့်ကြံသူများကို ကြည့်ရင်း နေ့ရက်များကသံ
သရာလည်နေသည်။ အကျဥ်းချုပ်ပြောရလျှင်
သူမအတွက် အလွန်ပင်ပျင်းစရာကောင်းသည်။
ထိုနေ့က ချန်အန်တယောက်ဆေးလုံးဖော်စပ်ပြီး
နောက် ဆေးဖော်စပ်ခန်းမှထွက်လာသည်။ပြတ
င်းပေါက်မှနေ၍ အပြင်သို့ငေးနေသည့်ဇနီးသ
ည်ကိုတွေ့သည့်အခါ ကူကယ်ရာမဲ့ဟန်ဖြင့်မေး
လိုက်သည်။
“ဘာတွေကြည့်နေတာလဲ”
“ယောက်ကျား ငါက အင်မော်တယ်ကျင့်ကြံသူ
တွေကို တခြားကမ္ဘာကလို့ထင်ထားခဲ့တာ သူတို့
တွေလည်း အပေါ့အပါးသွားဖို့လိုမယ်လို့မမျှော်
လင့်ထားခဲ့ဘူး”
“လူတယောက်က ကျင့်ကြံမှုအဆင့်မမြင့်ရင်
သာမန်လူအဖြစ်ကနေ လုံးဝခွဲထွက်သွားဦးမှာ
မဟုတ်သေးဘူး အစားအသောက်နဲ့အပေါ့အပါး
စသဖြင့်ပေါ့”
“ယောက်ကျား အပေါ့သွားနေတဲ့နတ်သမီးကအ
ရမ်းလှတာပဲ”
“တကယ်လှပါတယ် ဒါပေမယ့်ယင်းအာထက်
တော့နည်းနည်းနိမ့်တယ်”
ချန်အန်ကအလျင်အမြန်ပြောပြီးနောက် ခုံတခု
ယူကာ သူမ၏ဘေးတွင်ထိုင်လိုက်သည်။သူမနှ
င့်စကားပြောနေချိန်တွင် အဆင်ပြေသည့်စကား
များကိုသာရွေးချယ်ရပေမည်။
သူတို့၏ ဘဝတလျှောက်ဖြတ်သန်းခဲ့သည့်ကိစ္စ
များစွာကိုပြောဖြစ်ကြကာ ချန်အန်တယောက်
ဆေးဖော်စပ်ခန်းမှထွက်လာချိန်တိုင်းဖြစ်သည်။
ထို့အပြင် အမျိုးသမီးများမှာစကားပြောဖော်လို
အပ်ကာ အိမ်တွင်နှစ်ဦးတည်းရှိကာ အပန်းဖြေ
ရန်လိုအပ်နေသည့်အခါ စကားပြောဖော်တဦးမ
ဖြစ်မနေလိုအပ်လာသည်။
အချိန်က ကုန်ဆုံးသွားသည်။
ချန်အန်သည် မနက်မှညအထိဆေးလုံးများသာ
အဆက်မပြတ်ဖော်စပ်ကာ အလုပ်များနေပြန်
သည်။ ထို့ကြောင့်တဖြေးဖြေးစုဆောင်းမိလာ
ကာ အနည်းငယ်ချမ်းသာလာသည်။ အဆင့်နိမ့်
ဝိဉာဥ်ကျောက်တုံးအရေအတွက်က ဂဏန်းသုံး
လုံးထိ ရောက်ရှိသွားသည်။ ၁၀၈ လုံးထိရှိလာ
ပြီး ထိုအရာအတွက် တလသာကြာမြင့်သည်။
ငွေရှာသည့်နှုန်းကိုဆက်လက်ထိန်းထားနိုင်ပါက သစ်ရွက်တောအုပ်၏အလယ်ဗဟိုသို့ပြောင်
ရွေ့နိုင်ရန် အချိန်သိပ်မလိုတော့ပေ။ချန်အန်တ
ယောက် ဆေးဖော်စပ်ခန်းထဲတွင်ထိုင်ကာ ချွေး
သီးချွေးပေါက်များကျဆင်းနေသည်။ သူ၏ရှေ့
တွင်သန့်စင်ထားသည့် စိတ်လှုပ်ရှားမှုရပ်တန့်
စေသည့်ဆေးကို တိတ်တဆိတ်ကြည့်နေသည်။
အိမ်ထောင်မပြုခင်က တကိုယ်တည်းဖြစ်၍သူ့
အတွက်မည်သည့်နေရာမှာပင်နေနေ အရေးမပါ
ပေ။ သို့သော် ဇနီးတဦးရှိလာပြီးနောက် အလယ်
ဗဟိုသို့ပြောင်းရွှေ့ရန်စိတ်အားထက်သန်လာသ
ည်။အထူးသဖြင့် ဇနီးဖြစ်သူကိုယ်ဝန်ဆောင်ရ
ချိန်တွင် ပို၍အလေးအနက်ရှိလာရသည်။
သူ့ကိုယ်သူ ပန်းတိုင်တခုထားရှိကာ ကလေးမ
မွေးခင်၌ ဝိဉာဥ်ကျောက်တုံးအလုံအလောက်စု
ဆောင်းကာ အလယ်ဗဟိုသို့ပြောင်းရွှေ့ရမည်။
“ယောက်ကျား ငါကအချိုရည်လုပ်ပြီးပြီး အပြ
င်ဘက်ထွက်ပြီး သောက်ကြမလား”
ဆောင်ဟွာယင်း၏အသံက ဆေးဖော်စပ်ခန်း၏
အပြင်ဘက်မှထွက်ပေါ်လာသည်။ ချန်အန်နှင့်
စကားပြောဆိုရာတွင် အလွန်နှိမ့်ချသည့်အသုံး
အနှုန်းများအရင်လိုမသုံးတော့ပေ။ထိုအရာက
လည်း ချန်အန်တယောက်မှာထားခြင်းဖြစ်သည်
“လာခဲ့မယ်”
ချန်အန်ကပြန်ဖြေလိုက်ပြီး ပုခုံးပေါ်ကလက်ကို
င်ပုဝါဖြင့် ချွေးများကိုသုတ်လိုက်သည်။ထို့နော
က်အလျင်အမြန်ထကာ အခန်းထဲမှထွက်လိုက်
သည်။ ဆောင်းဟွာယင်းသည် ပန်းကန်လုံးတ
လုံးယူကာပေးလိုက်သည်။ မတ်ပဲရေတမျိုးဖြစ်
ပြီး ချန်အန်မှသင်ပေးထားခြင်းဖြစ်သည်။
ရိုးရှင်းပြီးအရသာရှိရုံတင်မက ပူပြင်းသည့်ရာ
သီအတွက်လည်း သင့်လျော်သည်။ယောက်ျား
ဖြစ်သူမှာ ဆေးဖော်စပ်ခန်းထဲတွင် နေ့တိုင်းနေ
ထိုင်ရသည်ဖြစ်၍ အထူးသင့်လျော်ပေသည်။
“ဒုန်း ဒုန်း”
“ဆေးပညာရှင်ချန် အိမ်ငှားခပေးပါဦး”
ရုတ်တရက်တံခါးခေါက်သံထွက်ပေါ်လာကာ
ဘဏ္ဍာစိုးကျန်းမှ အိမ်ငှားခလာရောက်ကောက်
ခံခြင်းဖြစ်သည်။ ဆောင်းဟွာယင်းကတခါး
ခေါက်သံကြညးသည့်အခါ သက်ပြင်းချလိုက်မိ
သည်။
“အချိန်တွေကအကုန်မြန်လိုက်တာ မျက်စိတမှိ
တ်အတွင်းမှာပဲ နောက်တလထပ်ကုန်သွားပြီးအိ
မ်လခ ပေးရမယ့်အချိန်ကိုတောင်ရောက်လာပြီ
ပဲ”
“ဟုတ်ပါရဲ့ မြန်လိုက်တာ”
ချန်အန်က သူ့ဇနီး၏စကားကိုတုန့်ပြန်ကာဝိဉာ
ဥ်ကျောက်တုံး၃တုံးယူ၍ အိမ်ငှားခပေးချေရန်
အပြင်ထွက်လိုက်သည်။ ပြီးနောက်အိမ်ငှားခကို
အလွယ်တကူပင်ပေးချေလိုက်သည်။ထိုအရာကိုမြင်သည်နှင့် ဘဏ္ဍစိုးကျန်းမှ
“ဆေးပညာရှင်ချန်က သူဠေးပဲ အရင်ကရယ်စ
ရာအဖြစ်ပြောခဲ့တာတွေကိုတောင် သတိရသွား
မိတယ်”
ထို့နောက် အိမ်ငှားခကောက်ခံရန် ဆက်လက်ထွ
က်ခွာသွားပြီး အခြားမိသားစုကျင့်ကြံသူများမှာ
ချန်အန်ကဲ့သို့မရိုးရှင်းပေ။ တချို့မိသားစုများ
သည် အိမ်ငှားခပေးချေရန်မတတ်နိုင်၍ရက်အ
နည်းငယ် ဆိုင်းငံ့ထားကြရသည်။
သို့သော် ဘဏ္ဍစိုးကျန်းမှ ထိုလူများကိုမသနား
ခဲ့ပေ။အိမ်ငှားခအတွက်တရက်တလေပင်မစော
င့်ပေးခဲ့ချေ။ အိမ်ငှားခမပေးနိုင်ဘူးလား ဒါဆို
အခုပဲ ဖယ်ရှားလိုက်ပါ။
အကူညီမဲ့နေသည့်အဆင့်နိမ့်ကျင့်ကြံသူမိသား
စုများသည် အိမ်ရာမှာထွက်ခွာသွားကြရသည်။
အိမ်ငှားခကိုပေးချေနိုင်သည့်သူများသည်လဲ
ထိုအရာအတွက် စုဆောင်းထားသည့်ငွေကြေး
များကို အသုံးပြုခဲ့ရခြင်းဖြစ်သည်။
ထိုငွေများကုန်သုံးပြီးမကြာမီ သူတို့သည်လည်း
နှင်ထုတ်ခံရပေမည်။သူတို့တွင် ပြင်းထန်သည့်
ဖိအားကိုခံစားနေရကာ အိမ်ငှားခမတတ်နိုင်သ
ည့် အမျိုးသမီးအများအပြားက ဝါးရွက်အိမ်ရာ
တွင်ဆက်လက်နေထိုင်ရန် အားကိုးရမည့်သူမျာ
ကိုရှာဖွေကြတော့သည်။
သူတို့အတွက် ဆေးပညာရှင်များ အစီအရင်နှင့်
လက်နက်ပညာရှင်များကဲ့သို့ ကြွယ်ဝသည့်သူ
များကိုရှာဖွေရန်လိုအပ်လာသည်။ ထို့ကြောင့်အ
နီးအနားရှိ အမျိုးသမီးအများပြားက ချန်အန်ကို
မျက်စိကျသော်လည်း ချန်အန်က ငြင်းပယ်ခဲ့သ
ည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးများအာ
လုံးမှာ အတွေ့အကြုံရင့်ကျက်သူများဖြစ်ပြီးသူ
သာမထိန်းချုပ်နိုင်ပါက စိတ်ဆင်းရဲရမည်ဖြစ်
သည်။ အကယ်၍ လက်ခံရမည်ဆိုပါကလည်း
ငယ်ရွယ်ပြီး အပြစ်ကင်းစင်ဟန်ရှိသည့် ကျင့်
ကြံသူအမျိုးသမီးငယ်လေးများကိုသာလက်ခံ
မည်ဖြစ်သည်။
……………………………………………..