စိတ်ခံစားချက်များအားမြှင့်တင်ခြင်း
Vol. 1 Ch. 2
စနစ်၏မျက်နှာပြင်တခုပေါ်လာသည်။ထိုအရာ
က ဂိမ်းတခုပုံစံအရဆိူလျှင် ခိုးဆော့သည့်ပုံစံ
ဟု သက်မှတ်နိုင်ပေသည်။
ချန်အန်တယောက်စိတ်လှုပ်ရှားလာကာ ငိုချလု
မတတ်ပင်ခံစားလိုက်ရသည်။ နှစ်ပေါင်း ၃၀
ကျော်ကြာမြင့်ပြီးနောက်မှ စနစ်တခုကိုရရှိလာ
ခဲ့ခြင်းဖြစ်သည်။သူ့ကိုယ်သူ တည်ငြိမ်အောင်
ကြိုးစားထိန်းချုပ်ပြီးနောက် စနစ်၏မျက်နှာ
ပြင်အောက်ဘက်တွင် ဖော်ပြထားသည့် လက်
တွဲဖော်နှင့် မျိုးရိုးဇယားကိုကြည့်ရှုလိုက်သည်။
မူလက ပေါ်လာသည့် ဆေးပညာအတွေ့အကြုံ
အပါအဝင်စနစ်၏လုပ်ဆောင်ချက်အများစုကို
လုံးဝ သိနားလည်သည်မဟုတ်သော်လည်း အ
ကြမ်းဖျင်းအရတော့ ခန့်မှန်းနိုင်ခဲ့သည်။ ထိုအ
ရာက သူ့ဇနီးနှင့်သက်ဆိုင်လိမ့်မည်ဟု တွေးမိ
ကာ ဇနီး၏မျက်နှာလေး၏ကြည့်၍ပြောလိုက်
သည်။
“အဆင်ပြေတယ် ဆက်လုပ်ရအောင်”
“ဟင်”
ဆောင်ဟွာယင်းသည် အံ့သြမှင်သက်သွားရကာ
သူမသည် သာမန်လူတယောက်သာဖြစ်၍ သူမ
၏ခန္ဓာကိုယ်က မခံစားနိုင်လောက်အောင်ဖြစ်
နေရသည်။ ထိုအရာကိုချန်အန်တယောက် သ
တိမထားမိလေသလားမသိချေ။
သို့သော်……
အချိန်တခုကြာပြီးနောက် ဆောင်ဟွာယင်း၏
မျက်လုံးများပွင့်လာကာ သူမ၏မျက်လုံးအစုံ
သည်နီရဲလျက်ရှိနေသည်။သူမက ချန်အန်းကို
ခပ်တင်းတင်းကြည့်၍ ချန်အန်းကိုမကျေမနပ်
ပြောလာသည်။
“ယောက်ကျား ငါမခံနိုင်တော့ဘူး”
ချန်အန်က သူ၏လုပ်ရက်များကိုသတိပြုမိသွာ
ကာ ဆောင်ဟွာယင်း၏လက်ကလေးကိုဆုပ်ကို
င်၍ တောင်းပန်လိုက်သည်။
“ငါ့အမှားပါ ငါကယင်းအာရဲ့ခံစားချက်ကိုထည့်
မစဥ်းစားလိုက်မိဘူး ငါ့ကြောင့်ယင်းအာပင်ပန်း
သွားရပြီ အေးအေးဆေးဆေးအနားယူလိုက်ပါ
မင်းအတွက် အာဟာရရှိတဲ့စွပ်ပြုတ်တပွဲ အခုပဲ
ငါစီစဥ်ပေးမယ်”
ထိုနောက် ချန်အန်သည်အဝတ်အစားများကို
ပြုပြင်ကာ စွပ်ပြုတ်ပြုလုပ်ရန်အတွက် အိမ်အ
နောက်ဘက်ရှိ မီးဖိုချောင်ထဲသို့သွားလိုက်သည်
အိုမင်းနေသည့် ကြက်တကောင်ကိုဖမ်းကာသူမ
အပေါ်အပြစ်ရှိသည်ဟု ခံစားရသောကြောင့်သူ
ကိုယ်တိုင်ပင် နှမြော၍မသုံးခဲ့သည့်ဆေးပင်မျာ
ကိုပါ ထည့်လိုက်သည်။
ပြီးနောက် နေရာတခုရှာကာထိုင်လိုက်ပြီးစနစ်
၏ မျက်နှာပြင်ကိုကြည့်ရှုလိုက်သည်။
အမည်……..ချန်အန်
ကျင့်ကြံခြင်း…..ချီစုဆောင်းခြင်း အဆင့်၃
ဆေးပညာ…..သင်ကြားသူ 25/100
လက်တွဲဖော်….ဆောင်ဟွာယင်း
မျိုးရိုး……….မရှိ
(အိမ်ထောင်ဖက်အစားလက်တွဲဖော်ဟုသုံးနှုံးပါ
မည်။)
ချန်အန်က ဆေးပညာသင်ကြားခြင်းကိုကြည့်၍
သူထင်သည့်အတိုင်းဖြစ်နေသည်ကိုသတိထား
မိလိုက်သည်။ ထိုအပြင်တရက်မပြည့်မီတွင်
ဆေးပညာသင်ကြားခြင်း၌ ရမှတ်များတိုးလာ
လေသည်။ ထို့သို့သာဆိုပါက တလပြည့်လျှင်
ပထမအဆင့်၏ အလယ်လတ်ထိပင်ရောက်ရှိ
နိုင်ပေလိမ့်မည်။ထိုကြောင့် ဆေးလုံးဖော်စပ်ရာ
၌ ယခင်ကထက်ပိုအောင်မြင်လာကာ ကုန်ကျစ
ရိတ်များကိုလည်း လျှော့ချနိုင်ပြီး နောင်ကာလ
များတွင် ကျောက်တုံးများပို၍ရှာဖွေနိုင်တော့
မည်ကိုတွေးကာ ချန်အန်တယောက်ပျော်ရွှင်မိ
သွားသည်။
ထိုအချိန်တွင် အိမ်အပြင်ဘက်မှ တံခါးခေါက်
သံတခုပြင်းထန်စွာထွက်ပေါ်လာသည်။
ဒုန်း ဒုန်း ဒုန်း
“အထဲမှာ တယောက်ယောက်ရှိလားထွက်လာ
ပြီး အိမ်ငှားဖို့ စကားပြောပါဦး”
တံခါးခေါက်သံသည် ကျယ်လောင်ပြီးထိုစကား
ပြောသံကို ချန်အန်တယောက်ရင်းနီးပေသည်။
ထိုသူမှာ ဝါးရွက်အိမ်ရာ၏မန်နေဂျာဖြစ်ပြီး အိမ်ငှားခကောက်ခံရန်လာရောက်ခြင်းဖြစ်ပုံရ
သည်။ စွပ်ပြုတ်တင်ထားသည့်မီးဖိုမှ အပူချိန်
ကိုလျှော့ချရန် မီးအနည်းငယ်လျှော့လိုက်ပြီး
အဆင့်နိမ့်သလင်းကျောက်တုံးကိုယူ၍ တံခါး
ဆီသို့ မီးဖိုချောင်မှ ထွက်လာလိုက်သည်။
“လာပြီ”
ခရက်ခ်
တံခါးကိုဆွဲဖွင့်လိုက်လျှင် ပိန်ပါးသည့်လူတဦး
ကို တံခါးအပြင်ဘက်တွင်တွေ့လိုက်ရသည်။ဘ
ဏ္ဍာစိုးကျန်းက ချန်အန်တယောက် တံခါးဖွင့်ချိ
န်ကြာနေသည်ကို မကြည်ဖြူဟန်ပေါ်ပေသည်။
သူက အေးစက်စွာဖြင့်ပြောလာသည်။
“အရွယ်ရောက်တဲ့လူတယောက်ဖြစ်ပြီး နှေးကွေ
လိုက်တာ အဆင့်နိမ့်ကျောက်တုံးကိုငှားခအနေ
နဲ့အခုပေးလိုက်တော့”
ချန်အန်ကထိုသူကို မည်သည့်စကားမှမပြောဘဲ
လက်ထဲရှိအဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးကိုသာ
လွှဲပြောင်းပေးလိုက်သည်။ ထိုသူကကျောက်တုံ
ကိုယူ၍
“နောက်လကစပြီး အိမ်ငှားခကတလကို အဆင့်
နိမ့်ဝိဉာဥ်ကျောက်တုံးနှစ်တုံးဖြစ်သွားပြီ ငါမင်း
ကိုကြိုပြီး သတိပေးခဲ့တယ်နော်”
ချန်အန်က ထိုသူ၏စကားကိုကြားလျှင်မျက်
မှောင်ကြုတ်လိုက်ကာ
“ဘဏ္ဍစိုးကျန်း အိမ်ငှားခကာ ဘာလို့ချက်ချင်း
စျေးမြင့်သွားရတာလဲ”
“သိပ်မကြာခင်ကဒီတောနဲ့ဆယ်မိုင်လောင်ပဲဝေး
တဲ့ ကျောက်တုံးစိမ်းမြို့ကပျက်စီးသွားပြီလေ”
“ပျက်စီးသွားပြီ ဟုတ်လား”
ချန်အန်တယောက် မှင်သက်သွားရကာ ထိုအ
ဖြစ်အပျက်ကြောင့် သွေးများပင်တောင့်ခဲကုန်
သည်ဟုခံစားလိုက်ရသည်။
“မနက်ကပင် ဆောင်ဟွာယင်းကို ထိုမြို့မှခေါ်
ယူလာခဲ့ခြင်းဖြစ်ကာ ယခုတွင်တော့လူပေါင်း
သိန်းချီနေထိုင်သည့်နေရာက ပျက်စီးသွားရ
လေပြီ။ထိုအဖြစ်အပျက်က ရယ်စရာကောင်း
သည်ဟုထင်ရစေကာ ထိုရယ်စရာဆိုသည်မှာ
လည်း စိတ်ပျက်ဖွယ် ကျင့်ကြံရေးလောက၏
အသက်များကို မြက်ပင်များကဲ့သို့သဘောထား
မှုအပေါ်ဆိုလိုခြင်းဖြစ်သည်။
ချန်အန်က ခနအကြာထိတည်ငြိမ်အောင်ထိန်း
၍ မေးလိုက်သည်။
“မနက်ကထိ မြို့ကအကောင်းကြီးပါ ရုတ်တ
ရက်ဘယ်လိုဖြစ်သွားရတာလဲ”
“သားရဲတွေဖြစ်တဲ့ ကျိုင်းကောင်အုပ်ကြောင့်
ပေါ့ သူတို့ကလမ်းတလျှောက်အကုန်ဖျက်စီး
ကိုက်စားသွားကြတာလေ ပထမကဝါးရွက်သစ်
တောကို ဖျက်စီးချင်ပေမဲ့ အပြင်ဘက်ကအစီ
အရင်ကြောင့် ဦးတည်ချက်ပြောင်းသွားပုံရတ
ယ် အစီအရင်လည်းပြင်းပြင်းထန်ထန် ပျက်စီး
သွားတာဆိုတော့ ပြုပြင်ဖို့အိမ်ငှားခတွေတိုး
ကောက်လိုက်ရတာ”
ထိုသူ၏စကားကို ချန်အန်တယောက်လက်မခံ
လိုပေ။ ဒီအကာအကွယ်အောက်တွင်နေထိုင်ရန်
အခွန်အခပေးပြီးသည့်နောက် ပြုပြင်မှုအတွက်
မည့်သည့်အကြောင်းအရာကြောင့် ထပ်မံတိုးမြ
င့်၍ကောက်ခံရန်လိုသနည်း။ သို့သော်လည်း ထို
လက်မခံခြင်းကိုထုတ်တော့မပြောလိုက်ပေ။ကျ
င့်ကြံရေးလောကတွင် အကျိုးအကြောင်းသင့်
မှုဆိုတာ မရှိပေ။အရာရာတိုင်းအား ခွန်အားဖြင့်
သာဆုံးဖြတ်သည်။ ခွန်အားမရှိလျှင် မကျေနပ်
သော်လည်း လက်ခံရပေမည်မဟုတ်လား။
“အခြေအနေတွေက ရှုပ်ထွေးနေတယ် ငှားခတိုး
လိုက်လို့ အပြင်ထွက်မသွားနဲ့ မဟုတ်ရင်ပြန်ဝင်
လာဖို့ခက်မယ်”
ထိုသို့ပြောပြီးနောက် ဘဏ္ဍစိုးကျန်းသည် သီချင်း တညီးညီးဖြင့် ဘေးအိမ်သို့သွားကာအိ
မ်ငှားခကောက်ခံတော့သည်။ ချန်အန်သည် ထို
သူကိုကြည့်ရင်း စိတ်ထဲတွင်လည်း တလလျှင်
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးနှစ်တုံးဆိုသည့်အ
ချက်အပေါ် စိတ်ဖိစီးနေမိသည်။ ထိုအရာကသူ
တတ်နိုင်သည့် ပမာဏကိုပင်ကျော်လွန်နေသည်
မဟုတ်လား။
လက်ရှိဆေးပညာအရည်အချင်းအရ တလကို
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတတုံးထက်ပို၍သူ
မရှာနိုင်သေးပေ။ သို့သော်ပြဿနာကိုဖြေရှင်း
လိုပါက ပထမအဆင့်အလယ်အလတ်ထိတိုး
မြင့်ထားရန်လိုပေမည်။ ထိုမှသာဆေးလုံးဖော်
စပ်ရာတွင်အသုံးပြုသည့် ကုန်ကြမ်း၏ကုန်ကျ
စရိတ်ကိုလျှော့ချနိုင်ကာ ဝင်ငွေလည်းတိုးလာ
ပေလိမ့်မည်။ ထိုအတွက်ဇနီးဖြစ်သူ ဆောင်ဟွာ
ယင်း၏အကူညီလိုအပ်နေပေသည်။
အချိန်တခုထိညည်းတွားလျက်
“ယင်းအာရဲ့ခန္ဓာကိုယ်က ခံနိုင်မယ်မထင်ဘူး
သူ့အတွက် ခန္ဓာကိုယ်အားရှိစေမယ့်အရာတွေ
ငါပြင်ဆင်ပေးဖို့လိုလာပြီ”
ပြတင်းပေါက်မှနေ၍ အခန်းထဲရှိကုတင်ပေါ်၌
လဲလျောင်းနေသည့် ဇနီးဖြစ်သူကိုကြည့်ကာ
စိတ်ပူမိသလို ထိုအတွက်လည်းသူတတ်နိုင်တဲ့
အရာရှိမနေဟု ခံစားနေရသည်။ထိုအချိန်စွပ်ပြု
တ်အနံ့ထွက်ပေါ်လာကာ စွပ်ပြုတ်အိုးသည် အ
င့်ဖြစ်နေလေပြီ။
ချန်အန်က စွပ်ပြုတ်ပန်းကိုယူ၍ အိပ်ခန်းဆီ
သွားလိုက်သည်။ ဆောင်ဟွာယင်းက
“ယောက်ကျား ကျမက ပန်းချီ ဂီတနဲ့လက်ရေး
လှအချို့ ကျွမ်းကျင်တယ် ယောက်ကျားကိုတ
ဖက်တလမ်းကငွေရှာကူပါရစေ ဒီအတိုင်းကြီး
ကျမ မနေချင်ဘူး”
ဆောင်ဟွာယင်းက ကုတင်ပေါ်မှထထိုင်ကာ
သူမ၏မျက်လုံးထဲတွင်လည်း ငွေကြေးအတွက်
စိတ်ပူနေကာ သူမ၏စွမ်းဆောင်နိုင်မှုကို ချန်အ
န်အား ပြောပြနေလေသည်။ အိမ်အပြင်ဘက်၌
ချန်အန်နှင့် တဖက်သူတို့၏စကားများကိုကြား
လိုက်ရပြီး သူမအပေါ်ချန်အန်တယောက်စိတ်
ကွက်ကာ လက်လွှတ်လိုက်မည်ကို စိုးရိမ်နေသ
ည်။
“ယင်းအာ ဘာအတွက်မှစိတ်မပူပါနဲ့ မင်းကငါ့
ရဲ့ပထမဆုံးဇနီးပါ မင်းကိုငါမစွန့်ပစ်ပါဘူး”
“ယောက်ကျား…..”
ချန်အန်၏စကားကိုကြားလျှင် ဆောင်ဟွာယင်း
တယောက် စိတ်ထိခိုက်သွားရသည်။သူမ၏မျ
က်လုံးအစုံသည် မျက်ရည်များဖြင့်စိုစွတ်လာသ
ည်။ ချန်အန်က သူ့ဇနီးကိုနှစ်သိမ့်မှုအချို့ပေး၍
စွပ်ပြုတ်ပူပူကို ချော့မော့ကာတိုက်လေသည်။
ကျင့်ကြံသူတဦးဖြစ်သည့် သူမ၏ယောက်ကျား
မှ သူမကိုယခုလိုပြုစုလိမ့်မည်ဟု သူမ မထင်ခဲ့
မိပေ။ သူမက ချန်အန်ရဲ့အနားတွင်နေ၍ ယော
ကျားဖြစ်သူအပေါ် ပိုမိုကောင်းမွန်စွာပြုမူရန်
တွေးနေမိသည်။ ထိုစဥ် ချန်အန်၏ရှေ့တွင်စနစ်
၏မျက်နှာပြင်တခုပေါ်လာကာ
အမည်…….ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…..ကျေးဇူးတရားကိုအဆများစွာပြ
န်လည်ပေးဆပ်မည်။
ဆက်ဆံရေး…..ကြယ်တပွင့်
ရထားသည့်ဆေးပညာအတွေ့အကြုံ……6
[မှတ်ချက်..ဇနီးနှင့်ခင်ပွန်ကြားဆက်ဆံရေးတိုး
လာသလို ရရှိလာသည့်အမှတ်များလည်း လိုက်
ပါတိုးမြင့်လာပေမည်]
……………………………………….