သစ်ပင်၏သက်တမ်း၊ ရှောင်ချီအရည်အချင်း၏ ရည်ရွယ်ချက်
Vol. 011 Ch. 1098
ထိုသစ်ပင်သည်ကြီးရုံသာမကဘဲ ထူးခြားသေးသည်။ “ရွှေရောင် အရွက်တွေ…” ရှီမာယူယူသည် ထိုတောက်ပစူးရှသောသစ်ပင်အားမြင်သော အခါ မြေပေါ်တွင် မလှုပ်မယှက်ရပ်လေသည်။
“ရွှေရောင်သစ်ရွက်တွေ ဒါဘယ်လိုသစ်ပင်လဲ” ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ရွှေရောင်သစ်ရွက်နှင့် သစ်ပင်ကိုအရင်ကမမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့သည် ထိုသစ်ပင်အမျိုးအစားကို မသေချာဖြစ်နေသည်။
“အံ့ဖွယ်သွေးကြောသစ်ပင်” ရှောင်ချီ ရေရွတ်လိုက်သ်ည။
“ရှောင်ချီ ဒီအပင်အကြောင်းကိုသိလား”
ရှောင်ချီသည် ဟန့်မြောင်ရွှမ်မေးခွန်းကို မဖြေဘဲ ငှက်လေးဆီမှ သွေးကြောသစ်ပင်ဆီသို့ ပျံသွားလေသည်။
“ရှောင်ချီ…”
ရှီမာယူယူသည် သတိတရဖြင့် ရှောင်ချီကို ဖမ်းလိုက်သည်။ ထိုသစ်ပင် မည်မျှ အန္တရာယ်များသည်ကို မသိဘဲနှင့် သူမကို သတ္တိရှိရှိပျံသန်းခွင့်မပြုနိုင် ပေ။
သို့သော် ရှောင်ချီသည် မြန်လွန်းသည်။ သူမ လေကိုသာဖမ်းမိလိုက်၏။
ရှောင်ချီသည် သွေးကြောသစ်ပင်ဆီသို့ပျံသန်းပြီး ခေတ္တရပ်ဆိုင်းကာ သစ်ရွက်များအကြားပျံသန်းသွားပြီး ပျောက်သွားသည်ကို သူမ မြင်လိုက်ရ သည်။ သူမ၏ အနံ့ပင်မကျန်ခဲ့ပေ။
“ရှောင်ချီ”
ရှီမာယူယူသည် ဟာစွန်ကိုဝိညာဉ်စေတီအတွင်းထည့်ပြီး ဟန့်မြောင်ရွှမ် စူးရှောင်ရှောင်တို့နှင့်အတူ သွေးကြောသစ်ပင်ဆီသို့ ပျံသန်းလိုက်သည်။
“အရှေ့မှာ ဝိညာဉ်အတားအဆီးရှိတယ်” စူးရှောင်ရှောင် ပြောလိုက် သည်။
ရှီမာယူယူသည် ဟိန်းသံလေးကိုခေါ်ထုတ်ကာ ပေါင်းစပ်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက်လက်တွဲကာ သူတို့ကို ဝိညာဉ်အတားအဆီးထဲ သို့ခေါ်သွားပြီး သွေးကြောသစ်ပင်အရှေ့တွင် ရပ်လိုက်ကြသည်။
“ရှောင်ချီ ဘယ်သွားလိုက်တာလဲ” သူတို့သည် သစ်ပင် ပင်စည်ကိုပတ် ကာ လျှောက်သော်လည်း ရှောင်ချီကိုရှာမတွေ့ပေ။
“လူခွဲပြီးရှာရအောင် သူသစ်ပင်ထိပ်မှာရှိလားကြည့်ရမယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
သူတို့သုံးယောက်သည် ခေါင်းညိတ်သဘောတူလိုက်ကာ တစ်ယောက် စီသည် ဦးတည်ဘက်ခွဲပြီး ရှာကြလေသည်။
“အာ…” ဟန့်မြောင်ရွှမ် ရုတ်တရက်အော်လိုက်ရာ ရှီမာယူယူသည် ခေါင်းလှည့်ကြည့်ရာ သူမသည် အလင်းတန်းတစ်ခုမပိတ်ခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
“အိုး…”
စူးရှောင်ရှောင်ဆီမှ ညည်းသံကိုကြားရသည်နှင့် ရှီမာယူယူ ချက်ချင်း ကြည့်လိုက်ရာ သူလည်းပျောက်ကွယ်သွားလေသည်။
“စီနီယာအစ်ကို စီနီယာအစ်မ” သူမ အော်ခေါ်သော်လည်း တုန့်ပြန်မှု မလာခဲ့ပေ။
သူမ သစ်ပင်အခြေတွင် ဂရုတစိုက်လျှောက်သွားလေသည်။ သို့သော် သူမ မသိလိုက်သည်မှာ သူမ သစ်ပင်ကိုပတ်လျှောက်နေစဉ်တွင် သူမလည်း ပျော်ကွယ်သွားခဲ့လေပြီ။
သွေးကြောသစ်ပင်သည် ခါတိုင်းလိုပင် ငြိမ်ကျသွားပြန်သည်။
မူးဝေခြင်း ရိုက်ခတ်လာပြီး သူမကို တစ်စုံတစ်ခုမှ ရစ်ပတ်ထားသည့် အတိုင်း အသက်ရှုမရပေ။ သူမ ရုန်းရန်ကြိုးစားသော်လည်း ကံမကောင်းစွာ ပင် သူမ အားသည်မလုံလောက်ပေ။
သူမ ကျသွားသည်ကို သူမကိုယ်သူမခံစားရသည်။ မီတာမည်မျှရှိသည် ကိုတော့မသေချာပေ။ မကြာခင်တွင်ရပ်တော့မည့်အတိုင်းဖြစ်နေသည်။ သူမ သည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကိုထိန်းညှိကာ ပျံသန်းနိုင်ရန် ခန္ဓာကိုယ် ဟန်ချက်ညီအောင်လုပ်ရန်ကြိုးစားသော်လည်း သူမခန္ဓာကိုယ်သည် လှုပ်မရ ပေ။
မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် မြေပြင်နှင့်နီးလာသည်ကို မြင် နေရသည်။ သို့သော် သူမခန္ဓာကိုယ်မှာ လှုပ်မရသဖြင့် မသိလိုက်ဘာသာပင် မျက်စိမှိတ်ကာ သူမသည် ပြုတ်ကျပြီးသေသည့် ဝိညာဉ်သခင်ဖြစ်လာမလား ဟု စဉ်းစားနေလိုက်သ်ည။
သူမ မျှော်လင့်ထားသောနာကျင်မှုမှာ ရောက်မလာပေ။ သူမ မျက်လုံး များပွင့်လာချိန်တွင် မြေပြင်နှင့် မီတာအနည်းငယ်အလိုတွင် ရပ်သွားလေပြီ။
သူမ သတိပြန်ကပ်ရန်အချိန်ပင်မရလိုက်ပေ။ အလင်းတန်းတစ်ခု ထွက် လာကာ သူမကို ပြင်းထန်စွာကျစေသည်။
နာကျင်မှုမရှိဘူး။
သူမသည် လက်များကိုဆန့်ထုတ်ပြီး ခံဏားကြည့်ရာ သူမအောက်မှာ သစ်ရွက်များရှိနေပြီး ထူထဲသဖြင့် နူညံ့မှုကိုခံစားရလေသည်။
သူမ မြေပေါ်မှထကာ မှောင်မည်းနေသောနေရာကို လှည့်ပတ်ကြည့် လိုက်သည်။ သူမသည် မီးတောက်လုပ်ကာ ထိုနေရာကို လင်းစေလိုက်သည်။
အညိုရောင်တွန့်နေသော သစ်ခေါက်များဝန်းရံထားသော ဘောလုံး အရွယ်အစားနှစ်ခုပါရှိသည့် အလုံပိတ်အပေါက်သည် သွေးကြောသစ်ပင်၏ အပေါက်ဖြစ်နိုင်သည်။
“ရှောင်ချီ စီနီယာအစ်ကို စီနီယာအစ်မ”
မည်သူမှ သူမကို တုန့်ပြန်ခြင်းမရှိပေ။ သူတို့ ထိုနေရာတွင် မရှိသည့်ပုံ ပင်။
သူမ လှည့်ပတ်ကြည့်ရာ ထိုသစ်ပင်အခေါက်များအပြင် တခြားအရာကို မတွေ့ရပေ။ သူမ ခေါင်းမော့လိုက်ရာ ကြီးမားသော အပေါက်ကိုမြင်ရလေ သည်။
သူမ ကြိုးစားပြီး ခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအင်ကို ထပ်မံထိန်းညှိလိုက် သည်။ အသုံးမဝင်ပေ… ထိန်းညှိ၍မရပေ။ ဝိညာဉ်စွမ်းအင်သည် အပ်စိုက် သွေးကြောတွင်ရှိနေကာ လုံးဝတုန့်ပြန်ခြင်းမရှိပေ။
ဝိညာဉ်စွမ်းအင်မရှိဘဲနှင့် သူမ ပျံတက်သည်ကိုမပြောနှင့် ပျံပင် မပျံနိုင် ပေ။
“ဟာစွန်” သူမ ဟာစွန်ကိုခေါ်ထုတ်လိုက်သည်။ သို့သော် သည်တစ် ကြိမ်တွင် ဟာစွန်ထွက်မလာပေ။
“ငှက်လေး ဟိန်းသံထောင်ချီ”
ဘယ်သူမှ သူမကိုပြန်မဖြေကြပေ။
“အားကို အရှုံးမခံနဲ့တော့ ဒီမှာဘယ်သူ့ကိုမှ ဆက်သွယ်လို့ရမှာမဟုတ် ဘူး” နူညံ့သောအသံသည် ရုတ်တရက်ထွက်လာရာ သူမ လန့်သွားသဖြင့် ထပင်ခုန်မိလေသည်။
“ဘယ်သူလဲ” သူမသည် လေထဲကိုစိုက်ကြည့်လိုက်သည်။ သို့သော် မည်သူမှ ရှိမနေပေ။
ရုတ်တရက်ပင် သစ်ပင်အတွင်းတွင် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာကာ နူးညံ့ပြီးသန့်စင်သော အရိပ်တစ်ခုသည် သစ်ပင်ပင်စည် တွင်ပေါ်လာသည်။
“မင်းက သွေးကြောသစ်ပင်လား” ရှီမာယူယူသည် မသေချာစွာမေး လိုက်သည်။
“ဟုတ်တယ်” ထိုလူပြုံးပြီးပြောလေသည် “မင်းငါ့ကို အသက်သစ်ပင်လို့ ခေါ်လို့ရတယ်”
“မင်းက ဝိညာဉ်မျိုးနွယ်ရဲ့ အသက်သစ်ပင်လား” အကြောင်းအရင်း မသိလိုက်ဘဲနှင့် သူမသည် သူ့အကြည့်ကို မြင်ပြီး အလိုလိုပြောထွက်သွား သည်။
“ဝိညာဉ်မျိုးနွယ်ဟုတ်လား ကမ္ဘာမှာ ဘယ်တုန်းကမျိုးနွယ်အသစ်ပေါ် သွားတာလဲ” ထိုလူ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများသည် မသိမသာ ဝမ်းနည်းမှု ခပ်ဖျော့ဖျော့ရှိနေသည်။
အာ… ဒါက သူ့ကိုယ်သူသိထားတဲ့ သစ်ပင်ရဲ့အသက်မဟုတ်တာကို ဆိုလိုနေတာပဲ။
“ကျွန်တော့်ကို ဒီကိုခေါ်လာတာခင်ဗျားလား” သူမ ညင်သာစွာမေး လိုက်သည်။
ထိုကဲ့သို့လူမျိုးကိုတွေ့ရသည်မှာ ထိုနူးညံ့မှုကို အနှောင့်အယှက်ဖြစ် သွားမည်ကို စိုးသောကြောင့် ကျယ်လောင်စွာမပြောရဲပေ။
“ဟုတ်တယ်” ထိုလူသည် ဝန်ခံလေသည်။
“ဘာလို့ဒီကိုခေါ်တာလဲ” ရှီမာယူယူ ထပ်မေးပြန်သည်။
“ဒီကိုရောက်တာတဲ့သူတွေက ကံအကြောင်းပါလို့ပဲ သူတို့က အသက် သစ်ပင်ရဲ့ အမွေအနှစ်ကိုရနိုင်တယ် ဒါပေမဲ့ အဲမတိုင်ခင်ကို စမ်းသပ်ချက် လုပ်ရတယ်”
“ကျွန်တော့် စီနီယာအစ်ကိုနဲ့ စီနီယာအစ်မရောလား”
“ဟုတ်တယ် ဒါပေမဲ့ သူတို့က တခြားနေရာမှာ” ထိုလူ ဆက်ပြောလေ သည် “လူတိုင်းရဲ့ စမ်းသပ်မှုက သူတို့ကိုယ်တိုင်ပဲ”
“ဒါဆိုရင် ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲတွေရော”
“မင်းနဲ့ရှိနေတဲ့သူတွေကိုပြောတာလား သူတို့ကမင်းရဲ့စာချုပ်နေရာ ပြန်ရောက်နေပြီ ဒီမှာ မင်းကိုယ်မင်းပဲ မှီခိုရမယ် တခြားသူရဲ့အားကိုမှီခိုလို့မရ ဘူး”
“ရှောင်ချီရောလား”
“ရှောင်ချီကဘယ်သူလဲ”
“ကမ္ဘာမြေကြီးမျက်လုံး”
“သြော် သူမကိုပြောတာလား သူမ အခုအားနည်းနေတယ် ငါသူမကို နည်းနည်း ဖွံ့ဖြိုးအောင်လုပ်ပေးလိုက်မယ် သူမက မင်းတို့နဲ့မတူဘူး သူမက စမ်းသပ်မှုလုပ်ဖို့မလိုဘူး” ထိုလူပြောလေသည်။
“ခင်ဗျားက သူမဖွံ့ဖြိုးဖို့ကူညီနိုင်တာလား”
“ဒါပေါ့ သူမက သာမန်အပင်မဟုတ်ပေမယ့် ဖြစ်နိုင်ပါတယ်” ထိုလူ ပြောလေသည်။
“သာမန်အပင်မဟုတ်ဘူးဟုတ်လား ဒါဆိုရင် သူမကဘာလဲ”
“တိုက်ခိုက်မှုကို အဲလောက်ကြိုက်တဲ့ အပင်ဆိုတာကို မြင်ဖူးလား” ထိုလူ မေးလေသည်။
ရှီမာယူယူ စဉ်းစားကြည့်သည်။ တစ်ခုမှမရှိဘူးထင်တာပဲ။ ပန်းလေး သည် သန်မာသောစွမ်းအင်ကိုပိုင်ဆိုင်သော်လည်း ထိုမျှလောက် တိုက်ခြင်း ခိုက်ခြင်းကို မနှစ်သက်လှပေ။
သို့သော် ရှောင်ချီမှာ မတူပေ။ ဒီကောင်မလေးက သူမ မကြိုက်တဲ့သူ ဆိုရင် တိုက်ဖို့ချည်းပဲ။ အမြဲတမ်း လူရိုက်ဖို့ကိုပြောနေတာ…
အပင်အခြေခံ ဝိညာဉ်သားရဲအများစုသည် နူးညံ့ပြီး အချစ်များနှင့်ပြည့် နေကာ ဖြတ်လပ်ကြသည်။ သို့သော် ရှောင်ချီမှာတော့… ကျွတ် စဉ်းစား လိုက်တာနဲ့ ခေါင်းကိုက်စရာပဲ…
“ဒါဆို ရှောင်ချီက ဘာလဲ” ရှီမာယူယူ မေးလိုက်သ်ည။
“ရှေးခေတ်တွေတုန်းက ကမ္ဘာမြေကြီးမျက်လုံးမှာ သန်မာတဲ့ တိုက်ခိုက် မှုစွမ်းရည်တွေရှိတယ်၊ သူတို့ကို အသားစား ဝိညာဉ်သားရဲတွေပိုင်တယ် ပြီးတော့ တဖြည်းဖြည်းနဲ့သူတို့အရေအတွက်နည်းလာတယ် အခုတော့ ငါ ကမ္ဘာမြေကြီးမျက်လုံးကို တစ်ယောက်ပဲတွေ့တာပဲ” ထိုလူ ပြောလေသည် “ကမ္ဘာမြေကြီးမျက်လုံးက ဘာအသုံးဝင်လဲသိလား”
ရှီမာယူယူ ခေါင်းရမ်းပြီးပြောလိုက်သည် “ကမ္ဘာမြေကြီးမျက်လုံးက လူတွေ ကျင့်ကြံရာမှာအသုံးဝင်တယ်လို့ပဲသိတယ် တခြားအသုံးဝင်တာကို မသိဘူး”
“ကမ္ဘာမြေကြီးမျက်လုံးရဲ့အနံ့က လူသားတွေကျင့်ကြံတာကို တကယ်ပဲ အထောက်အကူဖြစ်တယ် ဒါပေမဲ့ ပိုကြီးတဲ့ရည်ရွယ်ချက်ရှိတယ်”
“ဘာလဲ”
“သူမက အဆင့်တက်ဖို့ကိုကူညီပေးနိုင်တယ်” ထိုလူပြောရာ ရှီမာယူယူ ၏ သဘောမတူသည့် မျက်နှာကိုကြည့်ပြီး ထပ်ပေါင်းပြောလေသည် “စံတင် အဆင့်ရောက်တဲ့သူက ဧကရာဇ်အဆင့်ရောက်ချင်လို့ ကမ္ဘာမြေကြီးမျက်လုံး ရဲ့အကူအညီနဲ့ဆိုရင် အောင်မြင်မှုရာခိုင်နှုန်းကို ၇၀ရာခိုင်နှုန်းမြင့်ပေးနိုင် တယ် ဧကရာဇ်အဆင့်ကနေမှ ထပ်အဆင့်တက်ချင်တယ်ဆိုရင်လည်း ကမ္ဘာ မြေကြီးမျက်လုံးအကူအညီနဲ့ အဆင့်တက်နိုင်သေးတယ်”
***