မယားငယ်
Vol. 2 Ch. 11
ချန်အန်နှင့် ထိုအမျိုးသမီးတို့က ပြတင်းပေါက် မှတဆင့် တဦးကိုတဦး အကဲခတ်နေကြသည်။ သူမက အသက် ၂၀ အရွယ်ခန့်သာရှိပြီး လှပသ ည့်အသားအရေ ရှိပေသည်။ ရှည်လျားသည့် အ ရပ်တွင် ငွေရောင်ဆံပင်များနှင့် နီညိုရောင်မျက် ဝန်းများက သူမ၏အလှကို အပြည့်အဝ ပုံဖော် ထားလေသည်။ ယခင်ဘဝတွင် ကြည့်ခဲ့ဖူသည့် anime ဇာတ်ကောင်များနှင့် တူညီကာ သူမ၏ အလှမှာ ရှားပါးအလှပင်ဖြစ်သည်။
“မင်းရဲ့ဖခင် အကြောင်းပြောပါဦး”
ချန်အန်က နေရာတွင်ပင် မလှုပ်မယှက်နေကာ သူ့တွင်အိမ်ထိလိုက် ကြည့်ပေးရန် ဆန္ဒမရှိပေ။ ထိုအမျိုးသမီးက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး
“အဖေ ငယ်ရွယ်စဥ်က မီးအဆိပ်သင့်ဖူးပါတယ် သူက မကြာခန မူးလဲတတ်ပြီး အဲ့ဒီချိန်တွေမှာ ဆိုသူ့ရဲ့ အပူချိန်က အရမ်းပြင်းထန်နေတတ် တယ် အခုလည်း အိပ်ရာပေါ်မှာ လဲလျောင်းနေ တာပါ သူ့ရဲ့ လှုပ်ရှားမှုတွေက နှေးကွေးလာပြီ လို့ငါထင်နေတယ် ဆေးဆရာချန် ကျေးဇူးပြုပြီ အဖေ့ကို ကယ်တင်ပေးပါ”
ချန်အန်က သူမ၏စကားကို ခေါင်းငုံ့ကာ အလေးအနက် စဥ်းစားနေလေသည်။ခနအကြာ တွင်
“ခနစောင့်ဦး မင်းအတွက်ဆေးတမျိုး သွားယူ ပေးမယ် အဲ့ဒါက မင်းအဖေကို သက်သာစေမှာ ပါ”
ခနအကြာတွင် နှင်းများဖုံးထားဟန်ရှိသည့် ဆေးပုလင်းတခု ယူလာကာ ထိုအရာသည် အပူ ဒဏ်သက်သာဆေးသည့် ဆေးတမျိုးဖြစ်ပြီး စားသုံးပြီးလျင် ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိ ပေးလေသည်။ ရှားပါးရသည့် အကြောင်းက တော့ သူကိုယ်တိုင် သုတေသနပြု၍ ထုတ်လုပ် ထားခြင်းဖြစ်သည်။ သူက နွေရာသီတွင်သာ အ သုံးတည့်ပြီး တခြားသုံးစရာနေရာ မရှိခဲ့ပေ။
ကျင့်ကြံရေးလောက၏ နွေရာသီသည် အလွန် ပင်ပူပြင်းသည်။ ဒေသခံများမှာ အပူချိန်နှင့် လိုက်လျောညီထွေရှိ သော်လည်း အပြင်လူက တော့ မဖြစ်နိုင်ပေ။
“ဆေးပုလင်းကို ယူပြီး မင်းအဖေကို စမ်းတိုက် ကြည့်ပါ သူက တခါသောက်ရင် တလုံးပဲသော က်လို့ရပြီး တနေ့လုံး ထိရောက်စေပါတယ်”
“ ကျေးဇူးတင်ပါတယ် ဆေးဆရာချန်”
“ငါ့ကို ကျေးဇူးမတင်နဲ့ ဆေးဖိုးဝါးခပေးရလိမ့် မယ် ဒီပုလင်းထဲမှာ ဆေးလုံးတရာရှိပြီး ကျသင့် ငွေက ဝိဉာဥ်ကျောက်တုံး တတုံးပါ”
ချန်အန်က သူမ၏လှပသည့်အသွင်ပြင်ကို စိတ် မဝင်စားပဲ ကျသင့်ငွေကိုသာ တောင်းခံလိုက် သည်။ ကိုယ့်ကိုကိုယ် အားထုတ်ရသည့် ကျင့် ကြံရေးလောကတွင် သူ့အနေဖြင့် ငွေကိုသာ ဂရု စိုက်ပါသည်။ အလှတရားက သူ့အတွက်အသုံး မဝင်ပေ။
“ဆေးဆရာချန် ငါ့မှာ ပိုက်ဆံမရှိဘူး”
သူမ၏ လေသံမှာ တိုးညှင်းနေပြီး လွန်ခဲ့သည့် ကာလတုန်းက တိုးမြင့်လာသည့် အိမ်ငှားခများ အတွက် သူမ၏မိသားစုရဲ့ စုဆောင်းငွေများကို ပေးအပ်ခဲ့ရသည်။ အခုချိန်တွင် သူမ၏မိသားစု သည် အသုံးစရိတ်ကို မထိန်းချုပ် နိုင်တော့ပေ။ ရက်အနည်းငယ်ကြာလျင် ပေးနိုင်မည် ဟူသည့် ဆုံးဖြတ်ချက်မျိုးကိုပင် သူမ မချနိုင်ခဲ့။ ဆေး လုံးအတွက် အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ကို သူမ မတတ်နိုင်ပေ။
“ဒါဆို ဆေးကို အရင်ယူသွားပြီး တိုက်လိုက်ပါ ငွေအကြောင်းကတော့ နောက်မှပြောတာပေါ့”
“ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဆေးဆရာချန်”
သူမက ချန်အန်၏ရှေ့တွင် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ဆေးပု လင်းကို ယူဆောင်ကာ ထွက်ခွာသွားလေသည်။ သူမ၏ အသွင်ပြင်ကို ကြည့်၍ အကြွေးပြန်မရ မည်ကို ချန်အန် တယောက်စိတ်မပူပေ။ ပထမ အချက်အနေဖြင့် သူမ၏အိမ်က သူ့ဘေးတွင် ရှိနေပြီး အချိန်မရွေး အကြွေးသွားတောင်းလို့ ရပေသည်။ နောက်တချက်က ကုန်ကျစရိတ်မှာ သက်သာပြီး တန်ဖိုးမကြီးပေ။ အဆင့်နိမ့်ဝိဉာဥ် ကျောက်တုံး တတုံးစာတန်ဖိုးရှိသည့် ဆေးကို သူ့အနေဖြင့် သတ္တိရှိရှိ ပေးလိုက်ရသည့် အကြောင်းက ဤဆေးကို သူကိုယ်တိုင် ဖန်တီး ထားခြင်းဖြစ်သည်။ စျေးကွက်တွင် လုံးဝ မရ နိုင်ပေ။ ထိုအတွက် စျေးနှုန်းမှာ သူ့ပါးစပ်တွင် သာရှိပေသည်။ မကောင်းသည့် စိတ်ဖြင့် စီးပွား ရေးမလုပ်ခဲ့ဖူးပေ။ သူအခန်းထဲ ပြန်ရောက်ချိန် တွင် ဇနီးဖြစ်သူမှာ နိုးထနေလေသည်။
“ယောက်ျား အပြင်မှာ ဘာတွေဖြစ်နေတာလဲ မိန်းမ တယောက်ရဲ့ငိုသံကို ကြားလိုက်မိသလား ပဲ”
“ဘာမှမဖြစ်ပါဘူး ခုနက ငိုတဲ့အမျိုးသမီးက ဘေးအိမ်က မကြာခနအပေါ့အပါး သွားဖို့ ထွက်လာတတ်တဲ့ အမျိုးသမီးပါ သူမအဖေရဲ့ ရောဂါဟောင်း ပြန်ထပြီး မူးလဲသွားလို့တဲ့ အဲ့ ဒါကို ငိုပြီး ပြောပြနေတာ”
“တကယ်လား”
“သိပ်တော့မသေချာဘူးပေါ့ သူ့ရဲ့အိမ်ထိလိုက် မကြည့်ချင်လို့ ဆေးတပုလင်းတော့ပေးလိုက် ပါတယ်”
ထိုစကားကို ပြောပြီးနောက် ချန်အန်က အနည်း ငယ်တွန့်ဆုတ်သည့်ဟန်ဖြင့်
“ယင်းအာ ငါမင်းကိုပြောစရာရှိတယ်”
“ဘာကိစ္စလဲ ယောက်ကျား”
“အဲ့ဒီအမျိုးသမီးက ဆေးဝယ်ဖို့ပိုက်ဆံမရှိဘူး လို့ ပြောတယ် သူမအဖေကို ကယ်ပေးနိုင်ရင် ကိုယ်လုပ်တော်အနေနဲ့ သူမဘဝကို ပေးလိမ့် မယ်”
ထိုစကားကို ကြားလျှင် ဆောင်ဟွာယင်း တယောက် ငြိမ်သက်သွားလေသည်။ သူမက ထို အနေထားကို သိပေသည်။ တုံးအသည့် မိန်း ကလေးမဟုတ်သည့် အတွက် သူမ၏ ယောက် ကျားနေဖြင့် နောင်တွင့ မိန်းမများ ထပ်မံယူ ဆောင်မည်ကို ကြို၍ တွက်ဆထားကာ ပြင်ဆ င်ထားခဲ့ပေသည်။ သို့သော်လည်း တကယ်တမ်း ကြုံတွေ့ချိန်တွင် အနည်းငယ် စိတ်ထိခိုက်ရ သေးသည်။ ခနကြာ ငြိမ်သက်ပြီးနောက် သူမ ကနှုတ်ခမ်းကို အသာအယာ ပွတ်သပ်ပြီး တုန် လှုပ်ချောက်ချားသည့် ဟန်ဖြင့် မေးလာသည်။
“ယောက်ျား နင်က လက်ခံမလို့လား”
ချန်အန်အနေဖြင့် သဘောတူလိုက်မှာကို သူမ စိုးရွံနေပေသည်။ ဘေးအိမ်ရှိ အမျိုးသမီးသည် လှပသူတဦးဖြစ်ကာ နောင်တွင် သူမကဲ့သို့ သာ မန်လူက မည်ကဲ့သို့ ဆက်ဆံရမည်ကို မသိနိုင် ပေ။ သူမ၏ အသွင်ပြင်ကို ဆယ်နှစ် သို့မဟုတ် နှစ် နှစ်ဆယ် ခန့်သာ ထိန်းထားနိုင်ပြီး ထိုအမျိုး သမီးကတော့ လူငယ်ဘဝကို ရာသက်ပန်ပင် ရ နိုင်ချေရှိပေသည်။ နောင်တွင် နှိုင်းယှဥ်ရပါက ရင်းရော်လာသည့် သူမနှင့် လှပသည့်နတ်သမီး လေးတို့ ယှဥ်လျင် သူမက ပစ်ပယ်ခံရနိုင်ချေ သိပ်များပါသည်။ ဆောင်ဟွာယင်း က ထိုအတွေးကြောင့် စိတ်မသက်သာ ခံစားလိုက် ရသည်။ သူမ၏ ခံစားချက်ကို သိမြင်နေသည့် ချန်အန်က နှစ်သိမ့်လိုက်သည်။
“ယင်းအာ မင်းက ငါ့ရဲ့ တရားဝင်ဇနီးပါ သူမက မယားငယ် တယောက်ပါပဲ”
“ယောက်ျား”
ဆောင်ဟွာယင်း၏ အကြည့်များတွင် ချစ်မြတ် နိုးမှုများဖြင့် ပြည့်လာသည်။ ချန်အန်က သူ့ဇနီး ၏စိတ်ခံစားချက်ကို အပြည့်အဝ သိပေသည်။ သူက သူမတယောက် စိတ်ကျေနပ်စေရန် နည်း လမ်းမျိုးစုံ သုံးခဲ့ပြီး သူမ၏စိတ်ထဲတွင် သူမ၏ အဆင့်တန်းကို ပို၍ မြင့်မားစေခဲ့သည်။
[စနစ်ရှင်မှ ဇနီးဖြစ်သူကို တသက်လုံးချစ်ခင်ပါ မည်ဟု ကတိပေးခဲ့သည် သူမနှင့် ဆက်ဆံရေး +20 ဆေးပညာ အတွေ့အကြုံ +2]
နောက်တနေ့ မနက်သို့ရောက်ရှိသွားသည်။ အ ပြင်တွင် ရုန်းရန်းဆန်ခတ် အခြေနေတခု ဖြစ် ပေါ်နေလေသည်။ ဆောင်ဟွာယင်းက စပ်စုချင် စိတ်ဖြင့် ချန်အန်းကို ဆေးဖော်စပ်ခန်းမှ ဆွဲ ခေါ်သွားတော့သည်။ အပြင်ဘက် လမ်းမပေါ်၌ လင်မယား နှစ်ဦး စကားများနေလေသည်။
“ယောက်ကျား ငါ့တဘဝလုံး နင့်ကို အပ်နှံထား ခဲ့တယ်လေ နင်က ဘာလို့ ဒီလောက်တောင် အ ကြင်နာမဲ့နိုင်ရတာလဲ”
“ဟေ့ကောင်မ နင်က တကယ်စိတ်ရှုပ်ဖို့ကောင်း တယ် ငါနင့်ကိုမထိတွေ့တာ ဘယ်လောက်ထိ တောင် ကြာမြင့်နေပြီလဲ ဒါက ငါ့ကြင်နာမှု အ ကုန်ပါပဲ အခုပဲ အိမ်က ထွက်သွားပါတော့”
“ယောက်ျား”
“မင်း နောက်ထပ်ဆူညံနေရင် မင်းကိုအသေ ရိုက်သတ်ပြီး မြေမြုပ်ပစ်မယ်”
ထိုအမျိုးသား၏ စကားကြမ်းများအောက်တွင် အမျိုးသမီးကြီးက မှုန်မှိုင်းသည့် မျက်နှာဖြင့် ထွက်ခွာသွားလေသည်။ ထိုမြင်ကွင်းကို ကြည့် ၍ ဆောင်ဟွာယင်း တယောက် အတွေးထဲ နစ် မြောသွားလေသည်။ သူမ၏ မျက်နှာတခုလုံး ဖြူဖျော့နေပြီး ချန်အန်ကတော့ ထိုမြင်ကွင်း များကို ကျင့်သားရနေခဲ့လေပြီ။ အမျိုးသား ကျင့်ကြံသူများက ထိုကဲ့သို့အသက်ကြီးရင့်လာ သည့်အမျိုးသမီးကြီးများကို မကြာခန စွန့်ပစ် တတ်လေသည်။ ထိုအချင်းအရာမှာ မကြာခန ဖြစ်ပွားသည့် ကိစ္စရပ်ပင် ဖြစ်သည်။
အကြောင်းမှာ ကျင့်ကြံသူများက ကျင့်ကြံနိုင် သည့် သူများနှင့်သာ ပေါင်းသင်းလိုပေသည်။ အမျိုးသမီးများကလည်း သာမန် အမျိုးသား များကို မပေါင်းသင်းချင်ကြပေ။ ထို့ကြောင့် ကျင့်ကြံနိုင်သည့် အမျိုးသားများကို သာမန်အ မျိုးသမီးများက ရွေးချယ်ခွင့် မရှိကြပေ။
သာမန်သူများ၏ ဆိုးရွားသည့်အချက်မှာ ငယ် ရွယ်သည့် အချိန်ကာလတိုတောင်းခြင်း ဖြစ်ပေ သည်။ ထို့ကြောင့် ပေါင်းဖက်မိပါက အချိန်တခု အကြာတွင် စွန်ပစ်ခံရပေမည်။ ထို့နောက် ကျင့် ကြံသူအမျိုးသားက ငယ်ရွယ်သည့် အမျိုးသမီ များကို သာရှာဖွေပေတော့မည်။ ကြင်နာမှု မရှိ သည့် ကိစ္စဖြစ်ပြီး ခွန်အားသာအရေးပါသည့် ကျင့်ကြံရေးလောကတွင် လူတိုင်းတွင် တာဝန် သိစိတ်မရှိနိုင်ပေ။ အမှန်တကယ်တွင် ကျင့်ကြံ သူအမျိုးသားများက မည်သည့် ကျင့်ကြံဆင့် တွင်ရှိနေပါစေ သာမန်အမျိုးသမီးများ အမြင်၌ အင်မော်တယ်များသာ ဖြစ်ပေသည်။ သူတို့က ခွန်အားကြီးမားပြီး မာနလည်းကြီးကြကာ သာ မန်အမျိုးသမီးများကို တခါသုံးပစ္စည်း အနေဖြ င့်သာ မြင်ထားကြသည်။ ဇနီး အပေါ် အလွန် ပင်ချစ်မြတ်နိုးတတ်သည့် ချန်အန်လို ကျင့်ကြံ သူကတော့ ရှားပါးပေသည်။
“ယောက်ျား ငါက အသက်ကြီးပြီး ရုပ်မလှတော့ ရင် ငါ့ကို ဆက်ပြီးခေါ်ထားဦးမှာလား”
သူမက ချန်အန်ကို သနားစဖွယ် မျက်နှာလေး ဖြင့်မေးလာသည်။ ချန်အန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ သေချာတာပေါ့ ငါဆန္ဒရှိပါတယ်”
“တကယ်လား”
“တကယ်”
“ယောက်ျား ပြန်အိပ်ကြရအောင်”
[ဆေးပညာ အတွေ့အကြုံ +2]
မျက်စိတမှိတ် အတွင်းမှာပင် ညအချိန်သို့ ရော က်ရှိသွားလေသည်။ ထိုအချိန်တွင် လင်မယား နှစ်ယောက်ကတော့ အိပ်ပျော်နေခဲ့လေပြီ။ ရုတ် တရက် အိမ်အပြင်ဘက်တွင် စကားပြောသံမျာ ထွက်ပေါ်လာသည်။
“မင်းက ဘာလို့ သူမကိုခက်ခဲစေတာလဲ”
“ကံ ဆိုးတာပဲ အခုတော့ သေသွားခဲ့ပြီ”
“အခုပဲ ထွက်သွားကြပါ ငါ့ရဲ့အိမ်တံခါးကို ဘာ အတွက် ဝိုင်းကြည့် နေကြတာလဲ”
ဆောင်းဟွာယင်း တယောက် နိုးထလာသည်။ သူမက ဖျတ်ခနဲ ထထိုင်လိုက်ပြီး မည်သည့်အ ရာများ ဖြစ်နေသည်ကို သိရှိရန် ပြတင်းပေါက် အနားသို့ စူးစမ်းလိုက်သည်။ မထင်မှတ်ပဲ မြင် ကွင်းက သူမကို စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွာ စေသည်။ အစောပိုင်းတွင် နှင်ထုတ်ခံရသည့် အမျိုးသမီးမှာ သေဆုံးသွားခဲ့လေပြီ။ ညအခါ တွင် သူမက အကြင်နာမဲ့သူ၏ အိမ်ရှေ့၌ပင် ကိုယ့်ကိုကိုယ် ကြိုးဆွဲချကာ သတ်သေသွားခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့ မြင်ကွင်းကို တွေ့မြင် ပြီးနောက် သူမက ချန်အန်နှင့် ဆက်ဆံချိန်တွင် ရရှိသည့် ကျေနပ်မှုများမှာ ပြန်လည် ပျောက် ကွယ်သွားတော့သည်။ သူမက ကုတင်ပေါ် ပြန် မတက်ခင် အလေးအနက် တွေးနေသည်။ ပြီး နောက် ချန်အန်ကို လှုပ်နိုးလိုက်သည်။
“ယောက်ျား နောင်တကြိမ် ဘေးအိမ်က အမျိုး သမီးကိုယ်လုပ်တော်ဖြစ်ချင်ရင် ယောက်ျားက သဘောတူလိုက်ပါ”
“ဟင်”
ချန်အန်တယောက် အိပ်မက်မက်နေသည် အထ င်ဖြင့် ထိတ်လန့်သွားသည်။ သူမ၏ အတွေးက အသက်ကြီး၍ အိုမင်းသည်အထိ စောင့်ဆိုင်း ပါက ချန်အန်က သူမကို စွဲလမ်းတော့မည် မဟု တ်ပေ။ သူ့အနေဖြင့် ကိုယ်လုပ်တော် ရှာယူမည် ဖြစ်ပြီး ထိုအချိန်တွင် သူမက ပစ်ပယ်ခံရပေ မည်။ ငယ်ရွယ် နုပျိုစဥ်တွင် မောင်းမများယူ ရန်တိုက်တွန်းပါက သူမအပေါ် အကြွေးတင်သ လိုခံစားစေမည်ဖြစ်ပြီး ထိုမိန်းမ များနှင့်ညီအစ် မများဖြစ်လာကာ ထိုသို့ဖြင့် သူမအား မစွဲလမ်း တော့သည်တိုင်အောင် မိသားစု၏ တစိတ်တပို င်းတော့ ဖြစ်နေပေဦးမည်။ နောင်ယူမည့် ကိုယ် လုပ်တော်များကို သူမက အိပ်ရာပေါ်တွင် နည်း ပေးလမ်းပြလုပ်သည့် သင်ပြသူတဦးပင် ဖြစ် လာနိုင်ပါသည်။
…………………………………………..