စိတ်ဓာတ်ကျခြင်း
Vol. 2 Ch. 12
နောက်တနေ့မနက်တွင် ဖြစ်သည်။
သူ့ဘေးအိမ်တွင် နေထိုင်သည့် အမျိုးသမီးက ကျသင့်ငွေကို လာရောက်ပေးချေကာ အပိုဆေး ပုလင်းတပုလင်းကိုပါ ဝယ်ယူသွားလေသည်။ ထိုကဲ့သို့ ပေးချေရန်အတွက် သူမသည် တည လုံး အလုပ်များနေခဲ့ပြီး အိပ်စက်ခဲ့ရဟန် မတူ ပေ။ သူမအနေဖြင့် ငွေကို မည်သည့်နေရာက ရ သည်ကို ချန်အန် ဂရုမစိုက်ပေ။ ငွေရှာနိုင်သည် ကိုပဲ သူက သိပေသည်။
“ယောက်ျား အချိန်စောနေသေးတယ် ငါတို့ အ ခန်းထဲ ပြန်အိပ်ကြရအောင်”
သူမ၏လက်က ချန်အန်ကို ဆုပ်ကိုင်ထားပြီး စိုစွတ်နေသည့် မျက်ဝန်းအစုံဖြင့် ကြည့်ကာ ပြောလာသည်။ ကျင့်ကြံသူ အမျိုးသမီး ငွေလာ ပေးချိန်တွင် သူမက ဘေးမှနေ၍ အကဲခတ်နေ လေသည်။ နောက်ဆုံးတွင် တဖက်သား၏ ရုပ် ရည် စွမ်းရည် တို့တွင် သူမက နိမ့်ကျနေသည် ကို သတိထားမိလိုက်သည်။ သူမက အလွန်ပင် အလေးအနက်ထားနေပြီး တဖက်သူသာ ကိုယ် လုပ်တော်ဖြစ်လာပါက သူမ၏ အခွင့်အရေး များမှာ ဆုံးရှုံးသွားပေတော့မည်။ ထိုသို့အနေ ထားကို ရှောင်ရှားရန်အတွက် ယောက်ျားဖြစ်သူ အပေါ်အပြည့်အဝ စိတ်ကျေနပ်စေရန် စွမ်း ဆောင်ပြီး သူမ၏ အဆင့်တန်းကို မြင့်မားစေ ရန်ပြုလုပ်ရပေမည်။ နောက်ရက်များတွင် သူမ ၏ စိတ်ကူးများကြောင့် ဆက်ဆံရေးသည် ညား ခါစလိုပင် ပြန်လည် ဖြစ်သွားလေသည်။ နေ့စဥ် ဆက်ဆံကြသော်လည်း အရေအတွက်ကတော့ လျော့နည်းသွားပေသည်။ ထို့အပြင် ဆက်ဆံ နေစဥ် တလျှောက် ပို၍ သိမ့်မွေ့လာကာ နှစ်ဦး သားရဲ့ ခံစားချက်ကို အလေးအနက်ရှိလာသည် ထိုကာလများတွင် ကျင့်ကြံသူအမျိုးသမီးက ဆေးလုံးများ မကြာခန လာရောက် ဝယ်ယူလေ သည်။ သူမ၏ ဖခင်ဖြစ်သူ အခြေနေမှာ ပို၍ သာဆိုးရွားလာပြီး ဆေးလုံးလိုအပ်ချက် အချိန် မှာလည်း တိုတောင်းသွားရသည်။ မူလက ချန် အန်သည် ထိုဆေးလုံးတွင် ဘေးထွက်ဆိုးကျိုး ရှိမှန်း သူမ သတိမထားမိလောက်ဟု ထင်ခဲ့သ ည်။ ဥပမာအားဖြင့် ဆေးလုံးကို စွဲလမ်းလာခြင် ဖြစ်ပေသည်။
နောက်ဆုံး၌ အခြေနေကို လေ့လာရလျင် လူနာ ၏ မီးအဆိပ်သင့် အခြေအနေမှာ လုံးလုံးလျား လျားအဆိပ်သင့်နေခြင်းပင် ဖြစ်တော့သည်။ သူ့အနေထားက မီးအဆိပ်သင့်ခြင်း၏ အဆုံး သတ်အခြေနေတွင်ရှိနေသည်။ ထို့ကြောင့် ရုပ် ပိုင်းဆိုင်ရာက တနေ့တခြား ဆိုးရွားလာပြီး အ ခြေနေက တိုးတက်မလာတော့ပေ။ နှိုင်းယှဥ်ရ လျင် ယခင်ဘဝ ကင်ဆာရောဂါနှင့်ဆင်တူ ပေ သည်။ မသေမချင်း ရောဂါက လှိုက်စားနေပြီး ထိုအမျိုးသမီးက ဓာတုကုထုံးနှင့် ဆင်တူသည့် ဆေးလုံးကို တိုက်ကျွေးနေခြင်းဖြစ်သည်။ ထို သို့တိုက်ကျွေးခြင်းဖြင့် ရက်အနည်းငယ် ထပ်မံ ရှင်သန်နိုင်မည်ဟု မျှော်လင့် ထားပုံရသည်။
ချန်အန်က ထိုအမျိုးသမီးကို ဆွဲဆောင်ရန် ဆုံး ဖြတ်လိုက်သည်။ ကိုယ့်ကိုကိုယ်နစ်မွန်းပြီး ဖခင် ဖြစ်သူကို ကုသခြင်းဖြင့် မနှိပ်စက်စေလိုပေ။ မင်းရဲ့ ဖခင်ဖြစ်သူကို မြန်မြန်အဆုံးသတ်ဖို့ ဘာ လို့ ခွင့်မပြုတာလဲ။ အလွန်အကျွန် အပင်ပန်းခံ နေစရာ မလိုပါဘူး စသဖြင့်ပင်။ တဖက်တွင် အ ဖေနှင့်သမီးမှာ အချိန်တော်ကြာ အပြန်အလှန် မီခိုခဲ့သောကြောင့် ဆက်ဆံရေးမှာနက်ရှိုင်းပါ သည်။ သူ့ကဲ့သို့ အပြင်လူ၏ ခွဲခြမ်းစိတ်ဖြာမှု က ဆုံးဖြတ်ချက်များအပေါ် မသက်ရောက်ပေ။
နေ့ရက်တွေက ထိုအတိုင်းပင် ကုန်သွားသည်။
ရွှေလက်ချောင်းပထမအဆင့် 66/100
ဆေးပညာ….ပထမအဆင့်အလယ်အလတ် 338/500
ဇနီး…….ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…ကျေးဇူးတရားကို အဆများစွာ ပြန်လည်ပေးဆပ် ပါမည်။
ဆက်ဆံရေး….ကြာ်နှစ်ပွင့် 299/500
ရရှိထားသည့်ဆေးပညာအတွေ့အကြုံ…320
ရွှေလက်ချောင်း ကျွမ်းကျင်မှု… .60
စနစ်၏ မျက်နှာပြင်ကို ကြည့်လိုက်သည့်အခါ အများအပြား တိုးတက်မလာသည်ကို တွေ့လို က်ရသည်။ ချန်အန်သည် ဂူရှန်းယု ဟုခေါ်သည့် ကျင့်ကြံမှု ပထမအဆင့်တွင်ရှိသည့် အမျိုးသမီ အကြောင်း မတွေးပဲ မနေနိုင်တော့ပေ။ ဖခင်ဖြ စ်သူကို ကယ်တင်နိုင်သရွေ့ မယားငယ် ဖြစ်လို ကြောင်း ငိုယို၍ ပြောကြားခဲ့ဖူးသည်။ ယခုဆို လျင် ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၅လ ရှိပြီ ဖြစ်၍ နောင်လအနည်းငယ်တွင် သူမနှင့် ဆက်ဆံလို့ရ မည်မဟုတ်တော့ပေ။ ထိုအနေထားတွင် ရွှေ လက်ချောင်းနှင့် ဆေးပညာ အရည်ချင်းမှာ ကျ ဆင်းသွားရပေတော့မည်။ ထိုကဲ့သို့ အရှိန်ဖြင့် ဆိုပါက မီးမဖွားခင် အလယ်ဗဟိုသို့ ပြောင်းရွေ့ ခြင်းက လက်တွေ့မဆန်တော့ပေ။ အိမ်ထောင် ကျပြီးချိန်မှစ၍ အဆင့်နိမ့်ဝိဉာဥ် ကျောက်တုံး ၃၀၀ ခန့်သာ စုဆောင်းနိုင်ခဲ့သည်။ ထိုအတွက် ပို၍ စုဆောင်းလိုပါက ဆေးပညာအဆင့်ကို မြင့်တင်ရန်သာ ရှိတော့သည်။ ဤနည်းအားဖြင့် ဝင်ငွေတိုးလာပြီး အလယ်ဗဟိုသို့ ရွှေ့ပြောင်းနို င်ပေမည်။ ထို့ကြောင့် ချန်အန်က ကျင့်ကြံမှုကို အကူညီပေးနိုင်မည့် အခြားအဖော်တဦး လိုအပ် လာပေသည်။ ပြီးနောက် သူရွေးချယ်ထားသည့် သူက သူ့အိမ်အနီးတွင်ရှိသည့် ပထမအဆင့် ကျင့်ကြံသူ ဂူရှန်းယု ဖြစ်ပေသည်။ ပထမအချ က်မှာ သူမ၏ အသွင်ပြင်သည် လှပပြီး ထူးချွန် သည့် အမျိုးသမီးတဦးဖြစ်ပေသည်။ ဒုတိယအ ချက်မှာ သူမက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိ သည့်အတွက် နောင်တွင် သင်ကြားပေးနိုင်မည် ဖြစ်ပြီး နောက်ဆုံးအချက်ကတော့ သူမက ကတိတည်သူဖြစ်သည်။ သူမမှာ ကြံခိုင်သည့် စိတ်ဓာတ်ရှိပြီး မိသားစု၏ လေးလံသည့်တာဝ န်များကို ဆောင်ရွက်ရန် သင့်တော်သည်။
သူမက အသက်ရွယ်ကြီးရင့်သည့် ရောဂါသည် ဖခင်ဖြစ်သူအပေါ် ဂရုစိုက်ပြီး ထိုအရာအတွက် လည်း ပစ်ပယ်မထားခဲ့ပေ။ ထိုကဲ့သို့ အဘက် ဘက်မှပြည့်စုံသည့် လက်တွဲဖော်ကို အိမ်သို့မ ယူဆောင်နိုင်ပါက ရယ်စရာ ဖြစ်ပေတော့မည်။ ချန်အန်က ဦးခေါင်းကိုငုံ့၍ ဇနီးဖြစ်သူ၏ ဝမ်း ဗိုက်ကို ကြည့်လိုက်သည်။ သူက အလေးအန က်ရှိနေပြီး မိသားစုတခု ထူထောင်သည့်တာဝန် ကအလွန်ပင် ကြီးမားသည်။ ထို့အတွက် ဂူရှန်း ယုသည် အလွန်ပင် ပင်ပန်းနေခဲ့ပြီး သူမ၏ကို ယ်ပိုင် လွတ်လပ်ခွင့်များ မည်မျှ ဆုံးရှုံးနေခဲ့သ နည်း။ မျက်စိတမှိတ် အတွင်းမှာပင် ရက်ပေါင်း များစွာ ကုန်လွန်သွားခဲ့သည်။ စျေးသက်သာတဲ့ အိမ်ရာ၏အခြေနေမှာ ရှုပ်ထွေးလာသည်။ အိမ် ငှားခများ ထပ်မံတိုးလာသောကြောင့် အဆင်မ ပြေမှုများလည်း တိုးလာကြသည်။ တစုံတဥိီးမှ လုယက်ပြီး အဝတ်အစားများပင် ချွတ်ယူခံရ ကြောင်း သတင်းများ မကြာခန ထွက်ပေါ်လာ တတ်သည်။ ပိုဆိုးသည်က အသက်အန္တရာယ် ကိုပင် ခြိမ်းခြောက်လာခြင်း ဖြစ်သည်။ ထိုသို့ အပြုအမူမျိုးက အလွန်ပင်ရက်စက်သော်လည် အမှန်တရားတခါဖြစ်ကာ ထိုအနေထားသည် အိမ်ရာတခုလုံးကို စိတ်ဖိစီးစေသည်။ ကိုယ်ပိုင် ခွန်အားကို ယုံကြည်ချက် မရှိသူများက အိမ်အ ပြင်သို့ပင် မထွက်တော့ပေ။ နိမ့်ကျသည့် သူတ ချို့က အိမ်ရာထဲမှ ထွက်ခွာသွားကြတော့သည် တဖက်တွင် ချန်အန်က သူ့ကိုယ်သူ တိတ်တဆိ တ်ရှိစေသူဖြစ်သည်။ သူ၏အချိန် အများစုကို ဆေးသန့်စင်ခြင်းဖြင့် ငွေရှာလေသည်။ အချိန် အနည်းငယ်ကိုတော့ ဇနီးဖြစ်သူနှင့် ကလူကျီ စယ်ရန်သုံးပေသည်။ ထိုနေ့မှာပင် စီးပွားရေးကိ စ္စတခုလုပ်ဆောင်ပြီးနောက် ဇနီးဖြစ်သူနှင့် ကျီ စယ်ရန် အခန်းထဲသို့ ဝင်သွားလိုက်သည်။
“ဒုန်း ဒုန်း ဒုန်း”
“ဆေးဆရာချန် ရေခဲသလင်းကျောက်ဆေး ဝယ်ဖို့ ရှိတယ်”
ထိုရင်းနီးသည့် အသံက ထွက်ကြည့်စရာမလို အောင်ပင် အိမ်နီးနားချင်းဖြစ်သည့် ဂူရှန်းယု ပင်ဖြစ်ပေသည်။ သူမက သူမ၏ဖခင်ဖြစ်သူ အတွက် အပူသက်သာဆေး ဝယ်ယူရန် လာ ရောက်ခြင်းဖြစ်ပုံရသည်။
(ရေခဲသလင်းကျောက်ဆေးဟု ပြောင်းလဲထား)
အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး တတုံးကုန်ကျသ ည့် ဆေးတပုလင်း၏ တန်ဖိုးကနိမ့်ကျကာ မထို က်တန်လှပေ။ သို့သော် အမည်ပြောင်းလဲလိုက် ခြင်းက မတူတော့ပေ။ တန်ဖိုးကို မြင့်တင်ပေး သလိုဖြစ်စေသည်။ အဆင့်နိမ့်ဝိဉာဥ် ကျောက် တုံးတတုံးနှင့် ဝယ်ယူနိုင်သည်ဖြစ်၍ အလွန်ပင် စျေးသက်သာသည်ဟု ခံစားရစေသည်။
“ကျင့်ကြံသူ ဂူ မင်းက ဘယ်လောက်ဝယ်မှာလဲ”
ချန်အန်က ပြတင်းပေါက်မှနေ၍ ပြုံးကာမေး လိုက်သည်။ ဂူရှန်းယုက ကျောက်တုံး၃တုံးကို ထုတ်ယူကာ ချန်အန်ဆီ ပစ်ပေးလိုက်သည်။ သူ မက ရေခဲသလင်းကျောက် ဆေး၃ပုလင်း ပေး ပါ ဟု ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။သူမ က ယခုနောက်ပိုင်စ အလွန်ပင် လက်ဖွာလာပုံရှိ သည်။ ချန်အန်က ကျိတ်၍ သက်ပြင်းချလိုက် ပြီး
“ကျင့်ကြံသူဂူ မင်းရဲ့မိသားစုက ဘယ်လိုတွေ လုပ်ပြီး ချမ်းသာလာတာလဲ သူများရဲ့ ငွေတွေ ကို ခိုးယူတယ်လို့တော့ မပြောနဲ့နော်”
ဂူရှန်းယုက ခပ်ဖျော့ဖျော့ပြုံး၍ မည်သည့်စကာ မှ မဆိုပဲ လှည့်ထွက်သွားလေသည်။ သူမ၏ လှ ပသည့် နောက်ကျောကို ကြည့်၍ ချန်အန် တ ယောက် ဝမ်းနည်းသွားလေသည်။ အစောကတ ည်းက သိခဲ့လျင် လက်ခံမိပေမည်။ ယခုတော့ သူမကို ရရန်ခက်ပေတော့မည် မဟုတ်လား။ အ ဆုံးတွင် ဆေးဝယ်ယူရန် တတ်နိုင်လာပြီး အိမ် တလုံးပင် ဌားနိုင်ပေတော့မည်။ သူမက ကိုယ် လုပ်တော်အဖြစ် အပင်ပန်းခံစရာ မလိုတော့ ပေ။ တခြားအတွေးတွင်တော့ နောင်တရစရာ မရှိပေ။ သူမကို ရောင်းချခြင်းမှ ကျောက်တုံး ၃၀ခန့် စုဆောင်းမိခဲ့လေသည်။ ထိုနေ့တွင် သူမ ကိုသာ လက်ခံခဲ့ပါက ယခုငွေများကို ရနိုင်မည် မဟုတ်တော့ပေ။ အခုချိန်တွင် သူမက ဖခင်ဖြစ် သူကို ကုသရန် ကျောက်တုံးများသုံးနေတုန်းပင် မဟုတ်လား။ သို့သော် ပထမအဆင့်သာရှိသည့် သူမက ဤမျှလောက် ကျောက်တုံးများကို မည် ကဲ့သို့ ရှာဖွေခဲ့သနည်း သူမက သူဠေးတဦးဦးကို များတွေ့ခဲ့လေသလားပင်။
မသိလိုက်ခင်မှာပင် ရက်အချို့ထပ်မံ ကုန်ဆုံး သွားခဲ့ပြီး အိမ်ရာ၏ အခြေနေက ပို၍ ဖရိုဖရဲ ဖြစ်လာလေသည်။ ဆင်းရဲသည့် ကျင့်ကြံသူမျာ ကလုယက်ရန် ပို၍ ကြိုးစား လာကြသည်။ ထို အဖြစ်ပျက်က အိမ်ရာ၏ လူတိုင်းကို ထိတ်လန့် စေလာသည်။ ဆေးပညာရှင်ဖြစ်သည့် ချန်အန် အတွက်ကမူ ထိုသူများက ကုန်ပစ္စည်းများ ဖြစ် လာကြပေသည်။ ထိုသူများက သူ့ကိုလုယက်ရ န် ကြံသည်လာကြသည်။ သို့သော် အမှန်တရား ကဝမ်းနည်းဖွယ်ကောင်းသည်။ သူတို့၏ ကြိုး စားမှုများ အရာမထင်ရုံသာမက ဦးခေါင်းများ ထိုးဖောက်ခံရပြီး ချန်အန်၏ ပြန်လည်လုယက် ခြင်းကိုပင် ခံလိုက်ရတော့သည်။ ထိုသူများကို ခြံထောင့်သို့ တိတ်တဆိတ် ဆွဲခေါ်ကာ အဆုံး သတ်ပေးလိုက်သည်။ သို့သော် လူတိုင်းက သူ့ ကဲ့သို့ ကာကွယ်နိုင်စွမ်း မရှိကြပေ။ အများစုက လုယက်ခံရချိန်တွင် အရှုံးပေးလိုက်ကြပြီး ပိုင် ဆိုင်မှုများကို လွှဲပြောင်း ပေးအပ်လိုက်ကြသည် ထိုသို့မဟုတ်ပါက သေဆုံးခြင်းကို တွေ့ကြုံရ ပေမည်မဟုတ်လား။ အတိုင်းအတာ တခုထိ အိမ်ရာရှိသူများက အခြားနည်းလမ်းများကို ရှာ ဖွေရန်ကြိုးစားကြသည်။ ထွက်ခွာသွားသူ များ ပြားပြီး အိမ်ဌားအသစ် မရှိတော့သောကြောင့် အိမ်ရာ၏လူကြီးမှာ စိုးရိမ်စပြုလာသည်။ အိမ် ဌားများ ထွက်သွားချိန်တွင် အိမ်လခများကို မည်သူ့ထံက ကောက်ယူရမည်နည်း။ ထို့ကြော င့် အိမ်ဌားခ မြင့်တက်လာမှု နောက်ဆက်တွဲက အိမ်ရာ၏ အခြေနေကို ပို၍ ဆိုးရွားစေသည်။ ထို အခြေနေကို ထိန်းချုပ်ရန် ချီစုဆောင်းခြင်း အဆင့်မြင့်ကျင့်ကြံသူကို တာဝန်ပေးလိုက်လေ သည်။ ထိုသူက ချီစုဆောင်းခြင်း အလယ်ဆင့် ရှိသူ အဖွဲ့ငယ်များ လှည့်ကင်းပုံစံဆောင်ရွက်၍ မငြိမ်သက်မှုများကို ထိန်းချုပ်စေသည်။ ထိ ရောက်မှု ရှိပြီး ရလာဒ်များက တိုးတက်လာသ ည်။ လဝက်မပြည့်မီတွင် စျေးသက်သာသည့် အိမ်ရာအနေထားက တည်ငြိမ်သွားခဲ့သည်။
ငွေရှာရန် လူတိုင်းက အိမ်မှ ပြန်လည် ထွက်ခွာ လာကြပြီး ထိုအတိုင်းပင် နေ့စဥ် ရှိလာသည်။ သို့သော် လွန်ခဲ့သည့် နှစ်ကနဲ့ယှဥ်လျင် နိမ့်ပါး နေသေးသည်။ အိမ်ရာ၏ စျေးနှုန်းက ကမော က်ကမ ဆန်စွာ မြင့်တက်လာပြီး လုံခြံမှု ကင်းမဲ့ မှုကြောင့် သိက္ခာ ကျဆင်းသွားရသည်။ ယခင် အခြေနေကို ပြန်လည်လိုချင်ပါက လအနည်း ငယ် သို့မဟုတ် နှစ်အနည်းငယ်ပင် ကြာမြင့်နိုင် ပေသည်။
မျက်စိတမှိတ်အတွင်းမှာပင် တလခွဲကုန်ဆုံး သွားလေသည်။ ထိုနေ့တွင်တော့ သတင်းကော င်းတခု ထွက်ပေါ်လာကာ အိမ်ရာ၏ဌားရမ်းခ များကျဆင်း သွားလေသည်။ မူလစျေးအတိုင်း ကျောက်တုံး တတုံးထိ လျှော့ချပေးလိုက်သည် ပြင်ပလူများ၏ ဖိအားကြောင့် သွေးနတ်ဆိုးမျာ ထွက်ပေါ်စေသည့် ရွမ်ဟွမ်ဂိုဏ်းကလည်း ထိုအ ရာများကို ဖြေရှင်းရန် လူများစေလွှတ်လိုက်ကြ သည်။ ၎င်းတို့က နှစ်ရက်အတွင်း ချေမှုန်းရန် ရွှေအမြူတေ အဆင့်ကျင့်ကြံသူအများပြားကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။ တချို့က ပျော် ရွှင်ပြီး တချို့က စိတ်မကောင်းဖြစ်ကြသည်။ လူအများစုမှာ နတ်ဆိုးသားရဲများကြောင့် သေ ဆုံးကြရပြီး အခြားလူများမှာတော့ ထိုအရာမျာ မှ ဝင်ငွေများ ရရှိကြသည်မဟုတ်လား။
ဥပမာအားဖြင့် ဆေးဆရာဖြစ်သည့် ချန်အန်မှာ ထိုအခြေနေမှာ အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၄၀၀ ခန့်စုဆောင်းမိခဲ့သည်။ သူ့ကို ယခင်ကထ က်ပို၍ ကြွာ်ဝစေသည် ထိုကဲ့သို့အနေထားကို သူ့အနေဖြင့် စိတ်ကူးပင်မယဥ် ခဲ့ဖူးပေ။ နတ်ဆို သားရဲများ မရှိတော့၍ ဆေးသန့်စင်ခြင်းမှ ဝင် ငွေကျဆင်းသွားရသည့်အပေါ် စိတ်ဓာတ်ကျခဲ့ ရပေသည်။ ထိုကဲ့သို့အချိန်မှာ ကြာမြင့်မည် မ ဟုတ်မှန်းသိခဲ့ပေသည်။ အချိန်တခုကြာလျင် ထို ကိစ္စကို ဖြေရှင်းရန် တစုံတဦးမှ တာဝန်ယူ လာနိုင်ပြီး တနှစ်ခန့် ကြာမြင့်ဟု တွေးထင်ခဲ့သ ည်ကိုက သူမျှော်မှန်းသည်ထက် ပိုနေခဲ့ပြီ။
“ယင်းအာ အပြင်ထွက်ပြီး လျှောက်လည် ကြရ အောင်”
ချန်အန်က သူ့ဇနီး၏အနားမှ ထလာခဲ့သည်။ သူ မ၏ မျက်နှာက နီရဲနေပြီး ယောက်ျားဖြစ်သူမှ အပြင်ဘက်တွင် ဆော့ကစားလိုကြောင်း သူမ သိလိုက်သည်။ သူမက အနည်းငယ်ရှက်ရွံခဲ့ သော်လည်း ချန်အန်၏ စကားကိုမငြင်းပယ်ခဲ့ ပေ။ ထိုအစား နှုတ်ခမ်းကိုသာ ခပ်ဖွဖွ ကိုက်၍
“ယောက်ကျားရဲ့ ဆန္ဒအတိုင်းပါပဲ”
ခနကြာလျင် လင်မယားနှစ်ယောက် အိမ်မှထွ က်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီး နောက် မျက်နှာတွင် စိတ်ရှုပ်ထွေးနေဟန်ရှိတဲ့ ဂူရှန်းယု နှင့် တွေ့လေသည်။ သူမက ချန်အန်ထံ ကောက်ရှိလာပြီ အဆင်မပြေသည့်အကြောင်း အရာတခုခု ပြောလိုဟန်ရှိသည်။ ယခုတော့ သူ တို့နှစ်ဦး ဆုံချိန်တွင် သူမက မျက်လွှာကိုချပြီး သူ့ထံလျှောက်လာကာ ပြောလိုက်သည်။
“ဆေးဆရာချန် ကျေးဇူးပြုပြီး ငါ့ကို ကိုယ်လုပ် တော်အဖြစ်နဲ့ ခေါ်သွားပါတော့”
……………………………………