← Chapters

လက်တွဲဖော်အသစ်

Vol. 2 Ch. 13

လက်တွဲဖော်အသစ်

Vol. 2 Ch. 13

ဂူရှန်းယု၏ မထင်မှတ်ထားသည့် စကားကြောင့် လင်မယားနှစ်ဦးစလုံး ထိတ်လန့်ကာ မှင်သက် သွားကြရသည်။ သူမက လူရှေ့သူရှေ့၌ပင် ကို ယ်လုပ်တော် ဖြစ်လိုကြောင်း ပြောလာသည်မ ဟုတ်လား။ သူမက ထိုမျှထိ သတ္တိကောင်းနေ ခဲ့သည်လား။ ချန်အန်က သူ့ကိုယ်သူ တည်ငြိမ် အောင် ပြုလုပ်ပြီးနောက် ပြောလိုက်သည်။

“ကျင့်ကြံသူဂူ မင်းစကားကဘာကိုရည်ရွယ်တာ လဲ”

“ဆေးဆရာချန် ရေခဲသလင်းကျောက်ဆေး ဝယ်ဖို့ ငါ့မှာ ငွေမရှိတော့ပါဘူး ဒါပေမယ့် ငါ့ရဲ့ ဖခင်ကိုလည်း မသေစေချင်ဘူး ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ နင့်ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်ရ ဖြစ်ရ ကျွန်ပဲ ဖြစ်ရ ဖြစ်ရ ငါလုပ်နိုင် ပါတယ်”

သူမ၏ စကားပြောပုံမှာ မြန်ဆန်နေပြီး စိတ်လှု ပ်ရှားနေပုံရသည်။ သူမ၏ပုံစံကို ကြည့်၍ မတ ည့်ငြိမ်သည့် ဟန်ပန်ကို သတိထား မိနိုင်သည်။ ချန်အန်က ပြန်လည် မပြောကြားမီ ခတ္တခန အ ချိန်ယူကာ

“ကျင့်ကြံသူဂူ ငါ့စကားတွေက ရက်စက်ပေမဲ့ အမှန်တရားတွေမို့ ပြောရပါလိမ့်မယ် မင်းရဲ့ဖ ခင်က မီးအဆိပ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက် နေခဲ့ပါပြီ အခြေခံတည်ဆောက်ခြင်း အဆင့်က သူတောင် ကူညီနိုင်မှာ မဟုတ်ပါဘူး သူ့ကိုဒီအ တိုင်းထားလိုက်တာက ပိုကောင်းစေမှာပါ”

“ကျမသိပါတယ် ဒါပေမဲ့ သူ့အနေနဲ့ ရက်အနည်း ငယ်ရှင်သန်ရရင်တောင် သူ့ကိုရှင်သန်စေချင်ပါ တယ်”

ဂူရှန်းယုက ထိုစကားများကို ပြောနေချိန်တွင် မျက်ရည်များကလည်း အဆက်မပြတ်စီးကျနေ ခဲ့သည်။ သူမဖခင်၏ အခြေနေကို သူမကိုယ်တို င်သိထားသည် ဖြစ်၍ ချန်အန်က မတုံ့ဆိုင်းနေ တော့ပဲ ခေါ်ယူရန် ဆုံးဖြတ်လိုက်သည်။ ဇနီးဖြစ် သူကို လေးစားသောအားဖြင့် ဆုံးဖြတ်ချက်ကို ချစေသည်။

“ယင်းအာ မင်းရဲ့သဘောကကော ဘယ်လိုလဲ”

“ယောက်ျား ငါကငါ့မိသားစုရှိတုန်းက အကြီး ဆုံးသမီး ဖြစ်ဖူးပါတယ် အစ်မတယောက်ရှိလာ ဖို့ မျှော်လင့်ခဲ့တာ ကြာပြီမို့ နတ်သမီးဂူကို ယော က်ျားက လက်ခံပေးလိုက်ပါ”

ဆောင်ဟွာယင်းက သူမ၏ ဆန္ဒအမှန်ကို ဆန့် ကျင်၍ ဆုံးဖြတ်ပေးလိုက်သည်။ ထိုကဲ့သို့ အ ခြေနေကို သိထားပြီး နောင်တွင် မိန်းမ များများ ယူလေ သူမအတွက် ပိုကောင်းလေဆိုသော်ငြား ကြုံတွေ့ချိန်တွင် စိတ်မကောင်း ဖြစ်ရသည်။ ဇနီး ဖြစ်သူ၏ သဘောထားကို ကြားလျှင် ချန် အန်က အခန်းသို့ပြန်၍ ရေခဲသလင်းကျောက် ဆေးနှစ်ပုလင်းကို ထုတ်ယူကာ ပေးလိုက်သည်

“ဒီဆေးနှစ်ပုလင်းကို မင်းရဲ့ဖခင်ဖြစ်သူအတွက် သုံးဖို့ ယူသွားပါ မလောက်သေးရင် ငါ့ဆီထပ် လာယူလို့ရပါတယ်”

“ ကျေးဇူးတင်ပါတယ် ဆေးဆရာချန်”

သူမက တကယ့်စိတ်ရင်းဖြင့် လေးလေးနက်န က် ကျေးဇူးတင်စကားပြောလိုက်သည်။ သူမက ဒူးထောက် ချင်သော်လည်း ချန်အန်က တားဆီး ထားလိုက်လေသည်။ ထို့နောက် ခင်ပွန်းလောင်း အနေဖြင့် ရောဂါသည် ယောက္ခမကြီးထံ အလ ည်အပတ်သွားရောက်ကာ လူနာကြည့်ရှုလေသ ည်။ လူနာသည် ကုတင်ပေါ်၌ အနည်းငယ်မျှပင် မလှုပ်ရှားတော့ပေ။ သတိလစ်နေပုံရကာ ကံ ကောင်းသည်က ချီစုဆောင်းခြင်း တတိယအ ဆင့်ရှိသူဖြစ်၍ ဆေးလုံး၏ စွမ်းအင်များကိုစုပ် ယူပြီး အသက်ဓာတ်ကို ထိန်းထားနိုင်ပေသည်။ သူက စားသောက်ရန်နှင့် သန့်စင်ရန်မလိုအပ် တော့ပေ။ ထိုအတွက် ပြုစုရန်ကိစ္စမှာ အရေးတ ကြီးမရှိတော့ချေ။ အလည်ပတ်ပြီးနောက် ချန် အန်က ဂူရှန်းယုကို မေးလိုက်သည်။ လွန်ခဲ့သ ည့် ရက်အနည်းငယ် ကျောက်တုံးများ မည်ကဲ့ သို့ရ ရှိခဲ့ပြီး ယခု မည်သို့ဖြစ်သွားရသနည်းဟူ ၍ ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုက ပထမအဆ င့်တွင်သာ ရှိသော်လည်း စိတ်စွမ်းအင်မှာ အား ကောင်းသည်ကို ချန်အန်သတိထားမိ လိုက်သ ည်။ သူမ၏စိတ် စွမ်းအင်မှာ အလယ်ဆင့်ရှိသူ များနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။ သူမ၏အ ဖြေက သူမသည် နတ်ဆိုးသားရဲများ အမဲလိုက် ရာတွင် ပါဝင်ပြီး သူမ၏စိတ်စွမ်းအင်ဖြင့် ကင်း ထောက်ခြင်း ကိုပြုလုပ်ကာ အမဲလိုက်ရာတွင် အသုံးပြုပြီး ကျောက်တုံးများ ရလာခြင်းဖြစ် ပေသည်။ သို့သော် မကြာသေးခင်က နတ်ဆိုး သားရဲများ အမြစ်ပြတ်သွားခဲ့၍ အမဲလိုက်နိုင် ခြင်းမရှိတော့ပဲ သူမ၏ဝင်ငွေမှာလည်း ပြတ် လပ်သွားရတော့သည်။

သူမတို့အဖွဲ့ အမဲလိုက်သည့်နတ်ဆိုးမှာ အဆင့် အနိမ့်ဆုံး နတ်ဆိုးသားရဲ ဖြစ်ပြီး သာမန်အမဲ လိုက်အဖွဲ့တခုကပင် သတ်ဖြတ်နိုင်ပြီး မတော် တဆ သေဆုံးမှုများလည်း ရှိတတ်ပေသည်။ သူမ၏ အခြေနေကို ကြားသိပြီးနောက်

“ညကျ မင်းကို လာရှာမယ်”

ခနအကြာတွင် ဇနီးသည်နှင့် အတူ ထွက်ခွာသွာ တော့သည်။ နောက်ဆုံးတွင် သူမက တရားဝင် မဖြစ်သေးသည့် ကိုယ်လုပ်တော် တဦးသာဖြစ် ပေသည်။ ထို့အပြင် ခံစားချက်များ မရှိထား၍ အထူးတလည် ဂရုစိုက်နေစရာ မလိုအပ်ပေ။ သူမ၏ အိမ်မှ ထွက်ခွာပြီးနောက် သူတို့နှစ်ဦး သည် လူများပြီး လုံခြုံသည့်နေရာတခု ရှာဖွေ ကာ ကဗျာရွတ်ခြင်း လှေစီးခြင်း ပန်းများကို ကြည့်ရှုခြင်း စသည့် သဘောကျစရာ အရာ အားလုံးကို လုပ်ဆောင်ခဲ့ကြသည်။ သူ၏စိတ် ပိုင်းဆိုင်ရာ တခုလုံး အားရကျေနပ်သွားသည် အထိ လည်ပတ်ကာ ကောင်းကင်တခုလုံး မဲ မှောင်သွားချိန်မှ ချန်အန်က ယနေ့ညတွင် ဂူရှ န်းယုနှင့် မဂ်လာ​ဆောင်ရန် အတွက် လိုအပ်သ ည်များကို ဝယ်ယူရန် စျေးသို့ သွားလိုက်သည်။

အိမ်ပြန်ရောက်လျင် ကိုယ်စီလုပ်စရာများ ခွဲဝေ ကာ အတူတကွ ပြင်ဆင်ကြတော့သည်။ ချန်အ န်က ဂူရှန်းယုကို ခေါ်ဆောင်ရန် တာဝန်ယူခဲ့သ ည်။ ဆောင်ဟွာယင်းက ချက်ပြုတ်ရန် တာဝန် ယူသည်။ ကျေနပ်အားရနေသည့် စိတ်ကူးဖြင့် ဂူရှန်းယု၏ နေအိမ်သို့ရောက်ချိန်တွင် သူမက ဒူးထောင်လျက် လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး ထောင့်စွန်းတွင် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ လေသည်။ သေချာသည်က သူမ၏ ဖခင်ဖြစ် သူမှာ သေဆုံးသွားခဲ့ လေပြီ။ သူမ၏ ပုံစံမှာ စိ တ်ဓာတ်ကျနေ ဟန်ရှိသည်။ ချန်အန်က ရှေ့သို့ အနည်းငယ် တိုးကပ်၍ အသာအယာ နှစ်သိမ့် ပေးလိုက်သည်။ ထို့နောက် သူမနှင့်အတူ ထိုသူ ကို သဂြိုလ်ပေးလိုက်ပြီး ခြံဝန်းထဲတွင်ပင် မြုပ် နှံလိုက်သည်။ ထို့နောက် ဝိဉာဥ်အားဖြစ်စေရန် အတွက် မိုးမခပင်ကို စိုက်ပျိုးပေးလိုက်သည်။

(သေလွန်သူ၏ ဝိဉာဥ်ကို အားဖြည့်ပေးပြီး ပို ကောင်းတဲ့ဘဝတခု ရစေရန် ရည်ရွယ်)

“ကျင့်ကြံသူဂူ ရက်ပိုင်းအတွင်း လာခေါ်မယ်”

ချန်အန်က မူလအစီစဥ်၌ ယခုညတွင်ပင် လက် ထပ်လိုခဲ့သော်လည်း သူမ၏ ဖခင်ကွယ်လွန်မှု ကြောင့် သူမကို စိတ်ပိုင်းဆိုင်ရာ အနားပေးရန် ဆုံးဖြတ်လိုက်သည်။ သူမက ငိုနေသည်မှလွဲ၍ မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ သူမ၏ငိုသံ ကိုကြားလျင် ချန်အန် အနေဖြင့် သက်ပြင်းချရုံ ကလွဲပီး တတ်နိုင်သည့်အရာ မရှိပေ။ ပထမက သူမ၏ ကိုယ်လုပ်တော် ဖြစ်လိုခြင်းမှာ သူမ၏ ဖခင်ဖြစ်သူကို ကုသလိုခြင်းကြောင့် ဖြစ်ပြီး ယ ခုတွင်တော့ သူမ၏ ဖခင်မှာ သေဆုံးသွားခဲ့ လေပြီ။ ချန်အန်က သူမ၏စကားများကို ပြန် လည်ရုတ်သိမ်းသွားမည်အား စိုးရိမ်နေခဲ့လေသ ည်။ သို့သော်လည်း အကဲခတ်မှုအရ စိုးရိမ်စရာ လိုမည့်ပုံမပေါ်ပေ။ သူမက စကားအတိုင်းလုပ် ဆောင်တတ်သူ ဖြစ်သည်ကို ချန်အန် သိထား လေသည်။ နောက်ရက်အနည်း ငယ်အတွင်း၌ ချန်အန်က ဆေးလုံးဖော်စပ်ခြင်းကို လျှော့ချလို က်သည်။ သူက ဂူရှန်းယုနှင့် ဆက်ဆံရေးကို တို မြင့်စေရန် အထူးတလည် ကြိုးစားခဲ့သည်။ ဇနီး ဖြစ်သူက ရံဖန်ရံခါ လိုက်ပါ၍ ညီအစ်မ များကဲ့ သို့နွေးထွေးစွာ ဆက်ဆံပေးလေသည်။ ထိုသို့ဖြ င့် တလခွဲနီးပါး ကြာမြင့်သွားရသည်။ ထို့နေ့၌ ချန်အန်က စောလျင်စွာနိုးနေပြီး သူကိုယ်တိုင် လုပ်ထားသည့် မနက်စာကို ဂူရှန်းယုအားပေး ရန် ပြင်ဆင်နေသည်။

ခရက်ခ်

သူက ခြံတခါးကို ဖွင့်၍ ဂူရှန်းယုရှိရာသို့သွား ရန် ပြင်လိုက်သည်။ သို့သော် ခြံဝန်းကို ကျော် သွားချိန်တွင် ရုတ်တရက် တနေရာကို ကြည့်လို က်မိလျင် ဂူရှန်းယုက နံရံကို မီထိုင်ကာ မလှုပ်မ ယှက် ရှိနေလေသည်။ သူမ၏ ဘေးတွင်တော့ ဖောင်းပွနေသည့် အိတ်များစွာ ရှိနေလေသည်။ “ကျင့်ကြံသူဂူ မင်းဒီမှာ ဘာလုပ်နေတာလဲ”

“ဆေးဆရာချန် ငါက နင်နဲ့လက်ထပ်ဖို့ ဒီနေရာ ကိုရောက်နေတာပါ”

ထိုသို့ပြောပြီးနောက် လေထုမှာ အနည်းငယ်ထူး ဆန်းသွားပြီး တိတ်ဆိတ်နေသည်။ အနှီကိုယ်လု ပ်တော်မှာ တကယ်ကို ရိုးစင်းပုံရပါသည်။ သူမ ၏ အကြောင်းများကို တွေးရင်း သူမရဲ့ အိတ် များကို ဆွဲယူလိုက်သည်။ ထို့နောက် အနည်းင ယ်ပြုံး၍

“မိန်းခလေးဂူ အပြင်မှာနေပူတယ် အထဲဝင်ပါ”

“အင်း”

သူမက အသက်မဲ့စွာဖြင့် သဘောတူလိုက်ကာ ချန်အန်၏ အနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာ ခဲ့သည်။

……………………………………………

All Chapters