ပစ်မှတ်ထားခံရခြင်း
Vol. 2 Ch. 17
ရွှေလက်ချောင်းကျွမ်းကျင် မှုကိုအသုံးပြု ခဲ့ပါ သည် ရွှေလက်ချောင်း ကျွမ်းကျင်မှု +1
ရွှေလက်ချောင်းကျွမ်းကျင်မှု……100/500
အမည်……..ဂူရှန်းယု
ဂုဏ်သတ္တိ….ဖြူစင်ရိုးသားပြီး သစ္စာရှိသူ
ဆက်ဆံရေး….ကြယ်တပွင့် 39/100
စိတ်စွမ်းအင်….77
ရွှေလက်ချောင်းကျွမ်းကျင်မှု….33
ချန်အန်သည် ရွှေလက်ချောင်းကျွမ်းကျင်မှု ပ ထမအဆင့် ပြီးမြောက်သွားသည်ကို တွေ့လျင် ပျော်ရွှင်သွားလေသည်။ သို့သော် လျင်မြန်စွာပဲ ပြန်လည် ထိန်းချုပ်လိုက်ပြီး အနည်းငယ် ရှက် ရွံနေပုံရှိသည့် ဂူရှန်းယုကို ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းပါးတစုံအား တင်းကြပ်စွာစေ့ ပိတ်ထားပြီး ချန်အန်၏လက်က သူမ၏ဆံသား ဖြူဖြူများကို ထိတွေ့လိုက်ချိန်တွင်တော့ အန ည်းငယ် တုန်ယင်သွားသည်။
“ယုအာ မင်းကိုမင်း ထိန်းချုပ်စရာမလိုပါဘူး ယင်းအာက နေ့တိုင်းပဲ အလွန်အအိပ်မက်တာပါ ဘာပြဿနာမှ မရှိနိုင်ဘူး”
ထိုစကားကို ကြားလျင် သူမ၏မျက်နှာမှာ နီရဲ သွားပြီး ကျန်လက်တဖက်ဖြင့် နီရဲနေသည့်မျက် နှာလေးကို ဖုံးအုပ်လိုက်သည်။ ထိုသို့ အလှလေ ကိုမည်သူက တင်းခံထားနိုင်မည်နည်း။ ချက်ချ င်းပင် သားရဲတကောင် ကဲ့သို့ ပြုမူချင်သည့်စိ တ်ကို ထိန်းချုပ်လိုက်ပြီး သူ့အနေဖြင့် အပြင်သို့ ထွက်၍ ရွှေလက်ချောင်းကျွမ်းကျင်မှုကို စမ်း သပ်ရန် ဆုံးဖြတ်လိုက်သည်။ မကြာမီတွင် အခ န်းထဲမှ ထွက်၍ အိမ်နောက်ဖေးသို့ ရောက်ရှိသွာ ခဲ့ပြီး ထင်မှတ်ထားသည့် အတိုင်းပင် ရွှေလက် ချောင်း ကျွမ်းကျင်မှုက သူ့ကို စိတ်မပျက်စေခဲ့ ပေ။ ဆယ်မီတာအကွာရှိ ကျောက်တုံးကို ညွှန် ၍ ရွှေရောင်အလင်းတချက် ပစ်လွှတ်လိုက်သ ည်။ နောက်စက္ကန့်အနည်းငယ် အကြာတွင် ထို ကျောက်တုံးမှာ ပေါက်ကွဲသွားပြီး ကျောက်တုံး အောက်ရှိ မြေပြင်ကိုလည်း တွင်းကြီးတခုကဲ့သို့ ပြောင်းလဲ သွားလေသည်။
ရွှေရောင်အလင်းတန်း၏ အဖျက်စွမ်းအားက ယခင်ဘဝမှ ပစ္စတိုထက် ပို၍ အစွမ်းထက်ပုံရ သည်။ ဒုတိယအဆင့်မှာပင် ဤမျှ အားကောင်း နေလျှင် တတိယ စတုတ္ထ အဆင့်တွေမှာ ဆိုရင် ကော……။ ရွှေလက်ချောင်း၏ စွမ်းအားမှာ ယ ခင်ဘဝရှိ စိတ်ကူးယဥ်ဇာတ်ကားများမှ လေ ဆာသေနတ်များနှင့် တူညီနေလေပြီ။ မိုင်ပေါင်း ထောင်ချီ အဝေးက ရန်သူကို သုတ်သင်ပစ်နိုင် မည်လား ကမ္ဘာကြီးကိုပင် အမှန်တကယ် ဖျက် စီးနိုင်မှာတဲ့လား။ တွေးကြည့်ရုံမျှဖြင့် စိတ်လှုပ် ရှားမိသည်ကို သူဝန်ခံရမည်။
ဒိုင်း ဒိုင်း ဒိုင်း
နောက်ထပ်နာရီအချို့ ကြာသည်အထိ ထိုသို့ဆ က်ဖြစ်နေခဲ့ပြီး ချန်အန်က သူ့ဇနီးနှင့်ကိုယ်လုပ် တော်တို့၏ ပါးစပ်ထဲ အသင့်ခွံကျွေးလာသည့် မနက်စာကိုပင် အာရုံမလာတော့ပေ။ သူ၏လ က်ချောင်းကို အသုံးပြု၍ နံရံ မြေပြင် သစ်ပင် ပင်စည် နေရာတိုင်းကို အပေါက်များဖြစ်အောင် ပစ်ခတ်နိုင်ပြီး သူ၏ အမျိုးသမီးနှစ်ဦးမှာတော့ ထိုမြင်ကွင်းကို ကြည့်၍ မှင်သက်နေလေသည်။ ထိုအရာက ဘာတွေဖြစ်နေတာလဲ။ သူမတို့ကို ဖျော်ဖြေသည့် ရွှေလက်ချောင်းပညာက ဤမျှ လောက် အစွမ်းထက်သည်တဲ့လား။ သူမတို့၏ ယောက်ကျားမှာ မည်သူနည်း။
နေ့လည်စာ စားပြီးချိန်တွင် ဖြစ်သည်။ ချန်အန် က အလယ်ဗဟိုသို့ ပြောင်းရွှေ့မည် ကိစ္စအား ဇ နီးနှင့် ကိုယ်လုပ်တော်တို့ကို ပြောပြလိုက်သည်။ မယားနှစ်ဦးစလုံးမှာ မှင်သက်နေကြပြီး အလ ယ်ဗဟို၏ ကြီးမြင့်တဲ့ လခကို သိသောကြောင့် စိုးရိမ်စိတ်များ ရှိနေကြသည်။ အလယ်ဧရိယာ သည် ငှားရမ်းခ အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ၁၀၀ ဖြစ်သည်။ ထိုနေရာမှာ သူတို့ကဲ့သို့ အဆင့် နိမ့် ကျင့်ကြံသူများ နေထိုင်နိုင်သည့် နေရာတခု ဟုတ်ပါရဲ့လား။ ချန်အန်က သူမတို့၏ အမူအ ရာမှ တဆင့် မယုံကြည်နိုင်ဟန် ရှိသည်ကို တွေ့ မြင့်၍ သိမ်းဆည်းထားသည့် ကျောက်တုံး ၄၀၀ ကို ထုတ်ယူကာပြလိုက်သည်။ ပြီးနောက် ဆေး ပညယ အခြေခံမှ ပထမအဆင့်၏ အဆင့်မြင့် ကို လေးလအတွင်း ကျော်ဖြတ်မည်ဟုလည်း ကတိပေးလိုက်လေသည်။
ထိုကဲ့သို့ ပျော်ရွှင်စရာကိစ္စများကို ဂုဏ်ပြုရန်အ တွက် ဆောင်ဟွာယင်းမှ ဦးဆောင်၍ ချစ်ရည် ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ချ န်အန်ကို အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။ ဂူရှန်းယုသည် မူလက ရှက်ရွံနေသော်လည်း အ တန်ကြာ ပြီးနောက် သူမသည်လည်း အခန်းထဲ သို့ လိုက်ပါ ဝင်ရောက် သွားတော့သည်။
ဆေးပညာ အတွေ့အကြုံ +2
စိတ်စွမ်းအင် +1
ဆေးပညာ အတွေ့အကြုံ +2
စိတ်စွမ်းအင် +1
စိတ်စွမ်းအင် +1
စိတ်စွမ်းအင် +1
အိပ်ခန်းထဲမှ ပြန်ထွက်လာပြီးနောက် ဆေးဖော် စပ်ခန်းသို့ အလျင်အမြန်ဝင်ကာ ဆေးလုံးဖော် စပ်ခြင်းကို လုပ်ဆောင်တော့သည်။ နောက်ဆုံး ၌ သူက အလယ်ဗဟိုသို့ ရွှေ့ပြောင်းမည်ဖြစ်ပြီး ထိုမတိုင်မီ တတ်နိုင်သရွေ့ ကျောက်တုံးများရရှိ ရန်လိုအပ်သည်။ သူက ဆေးကုန်ကြမ်းတဖုံစာ ကို လေးနာရီမျှ ကြာအောင် သန့်စင်နေခဲ့သည်။ ပြီးနောက် ဆေးလုံးများကို ဆေးသေတ္တာထဲထ ည့်ကာ သိမ်းလိုက်ပြီး စျေးသို့ သွားရောက် မ ရောင်းချမီ ဇနီးနှစ်ဦးအား အသိပေးလိုက်သည် ရင်းနီးနေသည့် ဆိုင်သို့ရောက်လျင် ဆေးလုံး များရောင်းချ ရန် ပြင်ဆင်လိုက်ပြီး ဆိုင်နီးချင်း ၏ ဝေဖန်မှုအောက်၌ပင် ရောင်းချရန်အသင့်ဖြ စ်သွားလေပြီ။
“ငါမင်းကို ပြောခဲ့ပါတယ် ဆေးဆရာချန် မင်း မှာ ပိုက်ဆံတွေ အများကြီးရှိနေပြီပဲ ဘာလို့ဒီလို ရောင်းချနေမှာလဲ ဆိုင်ခန်းတခုငှားပြီး ရောင်းရ င်ပိုမကောင်းဘူးလား ဘာလို့များ ဒီလောက်အ လုပ်ကြိုးစား နေရတာလဲ”
“အမှန်ပဲ ဆေးဆရာချန်”
“ကျွတ် ကျွတ် ကျွတ် ငါသာ ဆေးဆရာချန်နေ ရာမှာဆိုရင် မြို့လယ်မှာ ဆိုင်တခုငှားပြီး ဝန် ထမ်းတွေနဲ့ ရောင်းခိုင်းလိုက်မယ် ပြီးရင် အိမ်မှာ ပဲ သက်တောင့်သက်သာနေပြီး ပြုစုပေးမယ့် အ ဖော်အချို့ ရှာလိုက်ရုံပဲ”
ထိုသူများ၏ လှောင်ပြောင်မှုများကို လျစ်လျူ ရှုကာ လက်ကို အသာဝေ့ယမ်း၍
“အခုက ပင်ပင်ပန်းပန်း ငွေရှာရမဲ့ အချိန်ပဲလေ ငါ့မှာ များများစားစား စုဆောင်းထားတာမျိုး မ ရှိသေးဘူး မဟုတ်လား ဟိုတလောကဆို အိမ် လခ ပေးချေ ဖို့တောင် မနည်းကြိုးစား လိုက်ရ သေးတယ် ဒါကြောင့်လည်း ဆိုင်ဖွင့်ဖို့ ထွက် လာခဲ့ရတာ မဟုတ်ရင်တော့ အိမ်မှာပဲ သာသာ ယာယာ နှပ်နေတော့မှာပေါ့”
စျေးဆိုင်ပိုင်ရှင် များက ထိုစကားကိုကြားလျင် ပြုံးတုံ့တုံ့ ဖြစ်သွားကြပြီး သေချာသည်က ချန် အန်၏ စကားကို မည်သူကမှ မယုံကြည်ကြချေ သူတို့ ယုံလျင်သာ ထူးဆန်းနေပြီး ကြွယ်ဝမှုကို မထုတ်ဖော်သင့် ကြောင်းကို သူတို့ နားလည်ကြ ပါသည်။ ထိုနောက်အချိန်များတွင် ချန်အန်က ရောင်းချမည့် ဆေးလုံးများကို အသင့်ချခင်းပြီး ဘေးရှိ အခြားစျေးသည် များနှင့် စကားစမြည်း ပြောဆိုနေခဲ့သည်။ သူတို့အားလုံးက စိတ်လှုပ် ရှားမှု ရပ်တန့်စေသည့် ဆေးကို လိုချင်နေကြပြီ ဆေးကုန်ကြမ်းမှာ စျေးသက်သာပြီး စျေးကွက် ဝယ်လိုအားမှာ မြင့်မားလေသည်။
“ကျင့်ကြံသူ စိတ်လှုပ်ရှားမှု ရပ်တန့်စေတဲ့ဆေး ဆယ်လုံးပေးပါ”
“ကျင့်ကြံသူ ငါက ဆေးလုံး၂၀ ယူမယ် စျေးအ နည်းငယ် လျှော့ပေးလို့ရမလား”
“ကျင့်ကြံသူ ငါ့မိန်းမက အရမ်းကို လှပပါပေတ ယ် ငါက သူမစိတ်ကျေနပ်အောင် မစွမ်းဆောင် နိုင်ခဲ့ဘူး သူမက ညတိုင်း အထီးကျန်နေပြီး ဒီ ဆေးက တကယ်ပဲ သူမရဲ့ဆန္ဒတွေကို တားဆီး ပေးနိုင်မှာလား”
ချန်အန်တယောက် ဆိုင်ခင်းလိုက်သည်နှင့် ဝယ် နေကျ ဖောက်သည်များ လာရောက်ဝယ်ယူကြ တော့သည်။ နှစ်နာရီ အတွင်းမှာပဲ စိတ်လှုပ်ရှား မှု ရပ်တန့်စေတဲ့ဆေး မှာရောင်းကုန်သွားခဲ့ပြီး အဆုံးတွင် ဝိဉာဥ်ကျောက်တုံး သုံးပုံတပုံစာကို ရရှိခဲ့သည်။ ထိုကာလတွင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီး အများအပြားက ချန်အန်ကို ဆွဲ ဆောင်ရန် ကြိုးစားကြပြီး လက်တွဲဖော်ဖြစ်လို သည့် အရိပ်အမြွက်များအား ပြသကြလေသ ည်။ သို့သော် ချန်အန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူက ထိုမိန်းမများနှင့် ရင်းနီးလိုခြင်းမရှိချေ။ ထိုမိန်းမ များသည် အဆုံး၌ အကျင့်စာရိတ္တပျ က်ပြားနေသည့် မိန်းမပျက် များသာဖြစ်သည်။
မကြာသေးမီက ဆေးပညာရှင်များအနေဖြင့် ငွေ အမြောက်အများ ရရှိသည်ဆိုတာ လူတိုင်း အသိပင် ဖြစ်သည်။ အမျိုးသမီး ကျင့်ကြံသူအ များအပြားက အဖော်အဖြစ်ရရှိရန် ဆေးပညာ ရှင်များကို ရှာဖွေကြသည်။ တဖက်တွင် ထိုကဲ့ သို့ အမျိုးသမီး ဆယ်ဦးတွင် ကိုးဦးမှာ ဆိုးယု တ်သည့် စိတ်များရှိနှင့်ပြီး သူတို့သည် အမှန်တ ကယ်ပင် လက်တွဲဖော် ရှာလိုခြင်းမဟုတ်ပဲ ဝိဉာ ဥ်ကျောက်တုံးများကို လှည့်စားလို၍ ဖြစ်သည်။ ငွေရှာကြမ်းသည့် ဆေးပညာရှင်များ၏ ကျော က်တုံးများ ကုန်ခမ်းအောင် လုပ်ပြီးလျင် အခြာ လူများ၏ သွေးကို စုပ်ယူရန် ထွက်ခွာသွားပေ လိမ့်မည်။ သို့သော် အခြားသူများက ချန်အန် ကဲ့သို့ မဟုတ်ကြပေ။ ချန်အန်က ခေါင်းမာသူ ဖြစ်ကြောင်း အမျိုးသမီးများ၏ ခံစားချက်ကို နားမလည်သူ ဖြစ်ကြောင်း အမျိုးမျိုး ကဲ့ရဲ့လေ သည်။
သူတို့က ချန်အန်ကို ဆေးဆရာဟု ခေါ်ဆိုနေကြ ပြီး ချန်အန်၏ သက်တောင့်သက်သာ ဘဝကို မနာလို ဝန်တိုဖြစ်နေကြလေသည်။ ကျင့်ကြံသူ အမျိုးသမီးများက ချန်အန်ကို မျက်စပစ်ပြကြ သည်။ အမျိုးသားများသည် ဘဝ၌ မှားယွင်း သည့် လုပ်ငန်းခွင်ကို ဝင်ရောက်ရန် ကြောက်ရွံ တတ်ကြပြီး အမျိုးသမီးများက မှားယွင်းသော အိမ်ထောက်ဖက်နှင့် ဆုံရန် ကြောက်ရွံကြသည် အကယ်၍ သူတို့သည်လည်း ဆေးပညာလမ်း ကို ရွေးလျင်တောင် ထိုကဲ့သို့ ဖြစ်မည်လား။ မ သေချာပေ။ ထိုသို့ တွေးမိသည်နှင့် စျေးဆိုင်ပို င်ရှင်အများစုမှာ မျက်နှာပျက်သွားကြသည်။
ချန်အန်က ဆိုင်ကို အလျင်အမြန်သိမ်းပြီးနော က်ထွက်ခွာသွားသည်။ သူ၏ဇနီး ကိုယ်လုပ် တော်များနှင့် ကိုယ်လက်လှုပ်ရှားရန် အိမ်သို့အ မြန်ပြန် ချင်နေခဲ့သည်။ ထိုအချိန်တွင် မလှမ်း မကမ်း၌ ရုန်းရင်းဆန်ခတ် ကိစ္စတခု ဖြစ်ပွားနေ လေသည်။
“ပြီးဆုံးဦးမှာလားကွာ သံနက်အိမ်ရာကလူတွေ ဘယ်လောက်ထိ ဒုက္ခပေးနေမှာလဲ”
“ဆင်းရဲတာက အပြစ်ပဲလေ သံနက်အိမ်ရာနဲ့ ဝါးရွက်တောအုပ်ကြား စျေးသက်သာတဲ့နေရာ မှာ နေနိုင်တာကတင် ငါတို့အတွက် အဆင်ပြေ နေပါပြီ နှစ်ဖက်စလုံးက ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကြပေမယ့် အခုတော့ တွင်းထွက်ပစ္စည်း ကြောင့် တိုက်ခိုက်ကြ လိမ့်မယ်”
“ဒီလိုဆို ငါတို့က ဘာမှလုပ်မစား ရတော့ဘူး လား”
“မဟုတ်သေးဘူး ဝါးရွက်ဂိုဏ်းကလူတွေကို ငှာ ခအချို့ ပေးပြီးပြီ အဲ့လူတွေ ဘာမှမကူညီပေး ဘဲ ငွေကို ဘာလို့ယူချင်ကြပါလိမ့်”
“ညည်းညူမနေနဲ့တော့ သံနက်အိမ်ရာကလူတွေ မလာခင် ထုတ်ပိုးပြီး ထွက်သွားကြရအောင်”
ချန်အန်က ထိုနေရာကို ကြည့်လိုက်သည်။ ကျင့် ကြံသူ တစုမှာ ဓားများကိုယ်စီ လွယ်ပိုးထားပြီး စျေးသို့ တရွေ့ရွေ့ သွားနေကြသည်။ စုစုပေါင်း ကိုးဦးထိ ရှိပြီး သူတို့၏ အရှိန်အဝါကို မဖုံးကွ ယ်ထားကြပေ။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ယု တ်မာသည့် သူဖြစ်ပြီး ချီစုဆောင်းခြင်း အဆင့် ၄ တွင်ရှိသော်လည်း အဆင့်၅ နှင့်ပင် နီးကပ်နေ လေသည်။ ထိုသူက အစွမ်းထက်ပုံရှိသည်။ ထို သူ၏ နောက်တွင်တော့ ချီစုဆောင်းခြင်း အဆ င့်၃ များဖြစ်ကြသည်။ ဒီလိုအစုအဖွဲ့အင်အားက စျေးထဲရှိ လူများကို နင်းချေရန် လုံလောက်ပါ သည်။
အမှန်တွင် ချီစုဆောင်းခြင်း အစောပိုင်းအဆင့် များက စျေးသက်သာသည့် နေရာများသို့ သွား ရောက်ကြပြီး အလယ်အဆင့်များကတော့ အ လယ်ဗဟိုနှင့် နီးစပ်ရာတွင် ရှိတတ်ကြသည်။ ချီ စုဆောင်းခြင်း အဆင့်မြင့်များကတော့ အလယ် ဗဟိုသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီး ဝါးရွက်ဂို ဏ်း၏ ဧည့်အကြီးအကဲပင် ဖြစ်နိုင်ပေသည်။
သံနက်ဂိုဏ်း၏ လူများ ချီတက်လာသည်ကို တွေ့လျင် စျေးရှိ အရာရာကို ဖျက်စီးကြတော့ မည်မှန်း ချန်အန်သိလိုက်သည်။ ထို့ကြောင့် မ ည်သည့်အရာကိုမှ မတွေးတော့ပဲ ဆေးသေတ္တာ ကိုယူကာ ထွက်ခွာရန် ပြင်တော့သည်။ သို့သော် သူနောက်လှည့်ချိန်တွင် သံနက်ဂိုဏ်း၏ ကျင့် ကြံသူတဦးထံမှ အံ့သြသင့်နေသည့် အသံတခု ထွက်ပေါ်လာသည်။
“စီနီယာ အစ်ကိုကျန်း ရှေ့မှာ ဆေးပညာရှင်တစ် ယောက်ပဲ ငါတို့တော့ ချမ်းသာတော့မယ်”
…………………………………………