← Chapters

တညတည်းဖြင့် ပြီးစီးခြင်း

Vol. 2 Ch. 18

တညတည်းဖြင့် ပြီးစီးခြင်း

Vol. 2 Ch. 18

သူတို့ရှေ့တွင် ဆေးပညာရှင်တဦးရှိနေကြောင်း ဂျူနီယာတဦး၏ ပြောကြားချက်ကို ကြားလျင် ထိုသူက ချက်ချင်းပင် ချန်အန်ရှိရာကို ကြည့် လိုက်သည်။ ထို့နောက် အမိန့်ပေးသည့် လေသံ ဖြင့်

“ ရှေ့နားက ဆေးသေတ္တာနဲတယောက် အခုချ က်ချင်း ရပ်လိုက်ပါ”

ချန်အန်က ထိုသူ၏စကားကို မကြားချင်ဟန် ဆောင်လိုက်သည်။ သူက မရပ်တန့်ပဲ အရှိန်ကို ပင် တိုးမြင့်လိုက်သည်။

“မင်းက နားကန်းနေတာလား ငါပြောနေတာကို မကြားဘူးလားကွ”

ယုတ်မာသည့် ထိုသူက ရှက်ရွံသွားပြီး ချန်အန် ၏အနောက်မှ အခြားသူများနှင့်အတူ လိုက်ပါ လာတော့သည်။ ထိုအရာကို ​စျေးထဲမှ သူများ မြင်လျင် သူတို့ကိုပါ ထိခိုက်မိမည်စိုး၍ အလျင် အမြန် ရှောင်ဖယ်သွား ကြတော့သည်။ မကြာ ခင်မှာပဲ ချန်အန်ကို မီသွားခဲ့သည်။ ထိုလူ၉ဦး ကဝိုင်းပတ်၍ ပိတ်ဆို့ထားလေသည်။

“ကျင့်ကြံသူတို့ ဘာကိစ္စရှိလို့လဲ”

ချန်အန်က စိတ်ကိုထိန်းချုပ်ကာ မျက်နှာပေါ် တွင်တော့ ဖော်ရွေသည့် အမူအရာကို ဖော်ပြ ထားလေသည်။

သို့သော် ရွှေလက်ချောင်းကို အသင့်ပြင့်ထားပြီ လိုအပ်ပါက တိုက်ခိုက်ရန် ဖြစ်သည်။ ထိုသူက အချိန်မဆွဲပဲ ကျောမှ ဓားကို ဆွဲယူလိုက်သည်။ ပြီးနောက် တင်းမာသည့် လေသံဖြင့်

“မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထားခဲ့မလား ဒါမှမဟု တ် မင်းရဲ့အသက်ကို ထားခဲ့မလား”

ချန်အန်က မျက်လုံးများကို တည်ငြိမ်အောင် ထားပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို သူက ချီစုဆောင်းခြင်း အဆင့်၄ တွင်ရှိပြီး အခြ သူများကို မတိုက်ခိုက်မီ ခေါင်းဆောင်ကို အရင် ရှင်းရန် လိုအပ်သည်။ သို့သော် သူက တိုက်ခိုက် ခါနီး၌ အိမ်ရှိ ဇနီး ကိုယ်လုပ်တော်နှင့် ကလေး ကိုသတိရလိုက်ကာ မကြာမီတွင် အလယ်ဗဟို သို့ ပြောင်းရွှေ့မည် ဖြစ်၍ ဝိဉာဥ်ကျောက်တုံး ၃ တုံးမျှ ဆုံးရှုံးခြင်းကို စိတ်ထဲမထားတော့ပေ။

ဤလူကိုးဦး၏ ပုံစံကို အမြဲမှတ်မိနေမည်ဖြစ်ပြီ လုံလောက်အောင် သန်မာသည့်အချိန်ရောက်ပါ က ပြန်လည် လက်တုန့်ပြန်မည် ဖြစ်သည်။ ချန် အန်က ဘေးအန္တရာယ်ကို လွတ်မြောက်ရန်တွေး နေချိန်တွင် ထိုအဖွဲ့မှ ကျင့်ကြံသူတဦး၏ မျက် လုံးမှ အရောင်တောက်သွားလေသည်။

“စီနီယာအစ်ကိုကျန်း ငါက ဒီလိုတွေးမိတယ် ငါ တို့က သူ့ကိုလုယက်မယ့်အစား သံနက်ဂိုဏ်းကို ခေါ်သွားပြီး ငါတို့အတွက် နေ့နေ့ညည ဆေးလုံး ဖော်စပ်ခိုင်းမယ်ဆိုရင်ကော”

“ဒါက အကြံကောင်းပဲ ငါဘာလို့များ မတွေးမိခဲ့ ပါလိမ့်”

ယုတ်မာသည့် ခေါင်းဆောင်က သူ့ဂျူနီယာ၏ စကားမှာ အဓိပ္ပါယ်ရှိသည်ဟု တွေးလိုက်မိသ ည်နှင့် ချန်အန်ဘက် လှည့်ကာ

“ကောင်လေး ဆေးဖော်စပ်ဖို့ အခုပဲ ငါတို့နဲ့လိုက် ခဲ့ရမယ် မဟုတ်ရင်တော့ အသက်ရှင်ဖို့မစဥ်းစာ လေနဲ့…..”

“ဖောက်”

ထိုသူ၏ စကားမဆုံးမီတွင် ရုတ်တရက်အသံတ ခုထွက်ပေါ်လာသည်။ နောက်စက္ကန့်ပိုင်းကြာ၌ ထိုသူမှာ ဒူးထောက်ကျသွားပြီး သူ၏ဘယ်ဘ က်ဒူးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်နေလေ သည်။

“အားး ငါ့ခြေထောက်”

ကျန်သူများမှာ မှင်သက်သွားကြပြီး မည်သည့် အရာ ဖြစ်ပျက်သွားမှန်း မသိလိုက်ပေ။ ရွှေရော င်အလင်းတန်းကို ယခုမှပင် မြင်ဖူးပုံရသည်။ ထို့နောက် စီနီယာအစ်ကို၏ အော်ဟစ်သံကို ကြ ားလိုက်ရခြင်း ဖြစ်သည်။ သူ၏ ဘယ်ဘက်ဒူး ကိုဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်၌ သွေးများပြန့် ကြဲနေသည်။

“အဲ့ဒါ သူ့လက်ချက်ပဲ သူက လျို့ဝှက်လက်နက် နဲ့ ငါ့ကိုတိုက်ခိုက်လိုက်တာ သူ့ကိုအမြန်ဖမ်းကြ”

အဖွဲ့ခေါင်းဆောင်မှ နာကျင်သည့်ကြားမှ သူ့လူ များကို အော်ဟစ်သတိပေး လိုက်သည်။ ထိုအ ခါမှ ကျန်သူများမှာ သတိဝင်လာကြပြီး ချန်အ န်ကို တိုက်ခိုက်ရန် ဓားများ ဆွဲထုတ်လိုက်ကြ တော့သည်။

“ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက်”

မကြာမီတွင် ထိုလူ ၈ဦးစလုံး မြေပေါ်လဲကျသွာ တော့သည်။ သူတို့၏ ဒူးခေါင်းများကို ပိုက်ထာ ကြပြီး ဝက်များအသတ်ခံရသလို အော်ဟစ်နေ ကြသည်။

“အား အား အား”

သူတို့၏ ကျယ်လောင်သည့် အော်သံကြောင့် စျေးတခုလုံးရှိ လူများ ထိတ်လန့်သွားကြလေ သည်။ လူအများစုက မည်သို့ဖြစ်ပျက်သွားကြ မှန်းကိုပင် မသိလိုက်ကြပေ။ အရာအားလုံးမှာ မြန်ဆန်ပြီး တုန့်ပြန်ရန် အချိန်မရှိချေ။ ချန်အန် ကထို ခေါင်းဆောင်၏ ရှေ့သို့ လျှောက်သွားပြီ ရွှေရောင်တောက်နေသည့် လက်ချောင်းဖြင့်ထို သူ၏ နှာဖူးကို ညွှန်လိုက်သည်။

“မလုပ်နဲ့ ငါ့ကိုမသတ်ပါနဲ့ ငါ့အဖေက သံနက်ဂို ဏ်းရဲ့ အကြီးအကဲပဲ ငါက ငါ့အဖေရဲ့တဦးတ ည်းသော သားပါ ငါ့ကိုသတ်ရင် မင်းဒုက္ခရော က်လိမ့်မယ် အဲ့ဒါက မထိုက်တန်ပါဘူး ကျင့်ကြံ သူ ငါ့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ”

ထိုသူက အသက်ကို ချမ်းသာပေးရန် ချန်အန် ကိုအရူးအမူး တောင်းပန်နေပြီး ချန်အန်ကသူ၏ လက်ချောင်း ရုတ်သိမ်းလိုက်ချိန်တွင် ထိုသူမှ ရုတ်တရက် ခြေထောက်ကိုမြှောက်၍ ကန်လေ သည်။ ထိုသူမှာ ကံမကောင်းစွာဖြင့် လွင့်စင်ထွ က်သွားပြီး အကြိမ်အနည်းငယ် မြေပေါ်၌ လိမ့် ကာ အဆုံး၌ ရပ်တန့်သွားသည်။ ကံဆိုးစွာဖြင့် လူတိုင်းက ကြည့်နေသည်ဖြစ်၍ ချန်အန်မှာထို သူတို့ကို သတ်၍ မရတော့ပေ။ သူ့ဒေါသကို ဖြေ လျော့ပြီးနောက် လှည့်ထွက်လိုက်သည်။

လမ်းရှိ လူများမှာ ချန်အန်ကို ရှောင်ခွာကြပြီး ထိုသူများကို လွှတ်ပေးခြင်းက နောင်တွင် ဒုက္ခ ပေးလာမည်မှန်း ချန်အန်သိပေသည်။ သို့သော် သူတွင် ရွေးချယ်စရာမရှိချေ။ သူ၏ မိသားစု ကို ထည့်သွင်းစဥ်းစား ရပေမည်။ အကယ်၍ထို သူတို့ကိုသာ သတ်လိုက်ပါက တဖက်ရှိ အကြီး အကဲက သူ့အား လက်တုန့်ပြန်လာတော့မည်။

ထိုအချိန်ရောက်လျင် ဝါးရွက်ဂိုဏ်းရှိ အကြီးအ ကဲများက ပြဿနာမကြီးထွားစေရန် သူ့အား လွှဲအပ်ပေးလိုက်လိမ့်မည်။ ယခုလို တဖက်သူ အပေါ် ထိခိုက်စေရုံမျှဖြင့်တော့ လက်တုန့်ပြန် ရန်လွယ်မည် မဟုတ်တော့။ အဆုံးတွင် နှစ်ဖက် ဂိုဏ်း၏ ဆက်ဆံရေးမှာ မကောင်းမွန်ပေ။

တဖက်သားအပေါ် ဒုက္ခရောက်စေသည် ဟူသ ည့် စွပ်စွဲချက်ဖြင့် ဖြေရှင်းချက်ပင် တောင်းနိုင် ပေသေးသည်။ နောင်တွင် အခွင့်အရေးရလျင် တော့ ထိုသူကို သတ်ပစ်ရမည်။ ထိုသူ၏ သံန က်ဂိုဏ်းတခုလုံးကို ရှင်းပစ်ပြီး အနာဂတ်ပြဿ နာများအား ဖယ်ရှားရမည်။ ချန်အန်၏ အတွေး များက ရှုပ်ထွေးလာသည်။ ရန်စ ထားရသည် ကို မနှစ်သက်ပေ။ တခါတည်း ဖြေရှင်းလိုပေ သည်။ ယခုအချိန် လက်စားမချေနိုင်လျင်လည် အချိန်တခု ရလာပါက အဖြစ်ပျက်များအတွက် သေချာပေါက် လက်တုန့်ပြန်ရပေမည်။ စျေးမှ ထွက်ခွာပြီးနောက် အိမ်သို့ တန်းမပြန်သေးပေ။

ထိုအစား စျေးသက်သာသည့် ခရိုင်အတွင်းရှိ

ဘဏ္ဍစိုးကျန်း၏ ရုံးခန်းအား တိုက်ရိုက်သွားလို က်သည်။မကြာမီပင် သူ၏ ဦးတည်ရာကို ရော က်သွားလေသည်။ ချန်အန် ကံကောင်းပေသည် ရုံးခန်းထဲတွင် ဘဏ္ဍစိုးကျန်းနှင့် ထိပ်တိုက်ဆုံ လေသည်။

“အို့ ဆေးဆရာချန် ရှားရှားပါးပါးဧည့်သည်ပဲ ဘာကိစ္စများရှိလို့ ရောက်လာတာလဲ”

“ဘဏ္ဍစိုးကျန်း ငါမနက်ဖန်ပဲ အလယ်ဗဟိုကို ပြောင်းချင်တယ်”

“ဟမ်”

ဘဏ္ဍစိုးကျန်းက မှင်သက်သွားသည်။ ခနအကြ တွင် သတိဝင်လာပြီးနောက်

“ဆေးဆရာချန် အလယ်ဗဟိုရဲ့ ငှားရမ်းခက အ ဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၁၀၀ နော် မင်းတက ယ် ဆန္ဒရှိရဲ့လား”

“အင်း”

“အဆင်ပြေပြီ မနက်ဖန် အိမ်သွားကြည့်ဖို့အ စောဆုံး လာခေါ်လိုက်မယ် ပြီးရင်တော့ လုပ်ထုံ လုပ်နည်းတွေအတိုင်း ဆက်လုပ်ကြတာပေါ့”

“ဟုတ်ကဲ့ နားလည်ပါပြီ”

ချန်အန်က သဘောတူလိုက်ပြီး အနည်းဆုံး အ လယ်ဗဟိုသည် ခြားနားပြီး အိမ်တလုံးပေးထား လေသည်။ ဘဏ္ဍစိုးကျန်က ဆက်ပြောသည်။

“ဆေးဆရာချန် ဒီလိုဆိုရင်ကော ဘယ်လိုလဲ မ နက်ဖန်ကျ ငါ့ဆီ အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၁၀၀ ယူဆောင်ပြီး လာခဲ့ပါ သင့်တော်တဲ့အိမ်တ လုံး မင်းတွေ့ရင်တော့ ငါက ပြင်ဆင်ပြီး ကူညီ ပေးမယ်”

“ကောင်းပြီ မနက်ဖန်မနက် ပြန်လာခဲ့မယ် ငါက ဘဏ္ဍစိုးကျန်းကို ဒုက္ခပေးမိပြီ”

စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်အန် ကထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ အိမ်သို့ ရောက်လျင် တံခါးရှေ့၌ ဇနီးနှင့် ကိုယ်လုပ်တေ တို့မှာ စကားစမြည်း ပြောနေသည်ကို တွေ့လိုက် ရသည်။ သူအပြန်လာကို စောင့်ရင်း စကားပြော နေခြင်း ဖြစ်ပုံရသည်။ အမျိုးသမီးနှစ်ဦးမှာ ပ တ်ဝန်းကျင်ကို သတိမပြုမိဘဲ ချန်အန်က အိမ် သို့ရောက်၍ သူမတို့အနားတွင်ပင် ရပ်နေပြီဖြစ် သည်။ ချန်အန်က သူမတို့ကို မနှောင့်ယှက်ပေ။

ဘေးနား၌ တိတ်တဆိတ်ရပ်ပြီး သူမတို့၏စ ကားကို နားထောင်နေလေသည်။ သူမတို့ကအိ ပ်ရာပေါ်ရှိ အကြောင်းများကို ပြောဆိုနေခြင်းမ ဟုတ်ပေ။ ယင်းအာ၏ ကိုယ်ဝန်အကြောင်းကို ပြေယဆိုနေခြင်းဖြစ်သည်။ အများစုကို ယင်း အာမှ သူမ၏ အတွေ့အကြုံအား မျှဝေနေခြင်း ဖြစ်သည်။ ဂူရှန်းယုက အလေးအနက်နားစွင့် ထားလေသည်။ ကိုယ်ဝန်အကြောင်းကို ရောက် လျင် သူမ၏ ဗိုက်ချပ်ချပ်လေးအား အသာပွတ် သပ်နေလေသည်။ သူမ၏ ဗိုက်က နောင်တွင် ဆောင်ဟွာယင်းကဲ့သို့ ဖြစ်လာမည်ကို တွေးရ ခက်နေလေသည်။ ဆောင်ဟွာယင်းက ဂူရှန်းယု ၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာကိုတွေ့လျင် အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလို က်ရသည်။

သူမက အသာပြုံးကာ သူမ၏ဗိုက်ထဲမှ ကလေး ကိုထိကိုင်စေရန် ဂူရှန်းယုကို လက်လှမ်းစေလို က်သည်။ ဂူရှန်းယုက လှမ်းကိုင်လိုက်သည်။ထို အချိန်မှာပင် ဗိုက်ထဲမှ ကလေးက ကန်လေသ ည်။ သူမက ထိတ်လန့်သွားကာ လက်ကိုအမြန် ရုတ်လိုက်သည်။ သူမ၏ တုန့်ပြန်မှုက ဘေးရှိ ဆောင်ဟွာယင်းကို ရယ်မောစေသည်။ သူမက ထိုအကြောင်းကို အမြန်ရှင်းပြသည်။ ဂူရှန်းယု မှာ အံ့သြစရာ ကောင်းသည်ဟု ခံစားနေရပြီး ချန်အန်မှာတော့ ဘေးတွင် တိတ်တဆိတ်နား ထောင်နေလေသည်။ အချိန်အတော်ကြာပြီးချိန် ၌ သူ့ဇနီးနှင့် ကိုယ်လုပ်တော်ကို သတိပေးရန် ချောင်းဟန့်လိုက်ရပြီး သူမတို့မျှော်နေသည့် ယော်ကျားဖြစ်သူ ပြန်လာသည်ကို သိစေလိုက် သည်။ ရုတ်တရက် ချောင်းဆိုးသံကြောင့် ဇနီး နှင့် ကိုယ်လုပ်တော်တို့မှာ တုန်လှုပ်သွားသည်။

ချက်ချင်းပင် ချန်အန်ဖြစ်ကြောင်း တွေ့လျင်အ လျင်အမြန်ထရပ်ကာ အဆင်ပြေသလားဟု မေ လေသည်။ ဂူရှန်းယုမှာ အေးစက်သည့်ဟန်ရှိပြီ ဆောင်ဟွာယင်းမှာတော့ နွေးထွေးလေသည်။ ညစာ စားပြီးချိန်တွင် ဖြစ်သည်။ ချန်အန်က လ မ်းလျှောက်ရန် သူမတို့ကို ခေါ်​ဆေင်လိုက်သည် ထို့နောက် အလယ်ဗဟိုသို့ ပြောင်းရန် မနက်ဖန် ၌ အိမ်သွားကြည့်မည်ဟု ပြောလိုက်လေသည်။ ခနတဖြုတ် လမ်းလျှောက်ပြီးနောက် ချန်အန်က ဆောင်ဟွာယင်းကို အခန်းသို့ပို့ကာ အနားယူစေ သည်။ နောက်ဆုံးတွင်တော့ သူမ၏ဗိုက်မှာ သုံး လအကြာတွင် မွေးဖွားမည် ဖြစ်သည်။ သူမကို သေချာ ဂရုစိုက်ရန်လိုအပ်သည်။ ဆောင်ဟွာ ယင်းအိပ် ပျော်သွားချိန်တွင် ချန်အန်က ဂူရှန်း ယုကို အိမ်နောက်ဖေးသို့ ခေါ်သွားလိုက်သည်။

ပြီးနောက် စိတ်စွမ်းအင်အတွက် အလုပ်ကြိုးစာ ကာ ပန်းတိုင်တခုချမှတ်ပြီး ယခုညတွင်ပင် ပ ထမအဆင့်၏ အလယ်အလတ်သို့ ရောက်ရှိရန် ဆုံးဖြတ်လိုက်သည်။ ဆယ်မှတ်သာ လိုအပ်၍ ပန်းတိုင်မှာ လွယ်ကူပါသည်။ တာဝန်ကိုပြီးစီး စေရန် တညသာ လိုအပ်သည်။

……………………………………………

All Chapters