တိုက်ခိုက်ခြင်း
Vol. 2 Ch. 20
သူက ထိုနေရာမှထွက်ခွာ လာပြီးနောက် စျေး သက်သာသည့် ခရိုင်သို့ ပြန်လာခဲ့လိုက်သည်။ ချန်အန်က အိမ်ပြန်ရန် အလျင်စလို မလုပ်ခဲ့ပေ ထိုအစား စျေးသို့သွား၍ မြင်းနှင့် ရထားလုံးတို့ ကို ဝယ်ယူလိုက်သည်။ ခရီးမှာ မိုင် ၂၀ ကျော် ဝေးကွာပြီး ကိုယ်ဝန် ၇လ ရှိနေသည့် ဇနီးသည် မှာ ထိုအကွာအဝေးကို လမ်းလျှောက်နိုင်မည်မ ဟုတ်ပေ။ သူမက ရထားလုံးဖြင့် သွားမှသာရ ပေမည်။ သူမတို့က ချန်အန်ပြန်လာသည်ကို မြ င်လျင် ထရပ်၍ ကြိုဆိုကြသည်။
“ယောက် ကျား ဘာလို့ရထားလုံးတစီး ဝယ်လာ တာလဲ”
ဆောင်ဟွာယင်းက စိတ်ဝင်တစား မေးလာသ ည်။ ချန်အန်က သူမ၏ နဖူးကို အသာအယာနမ် လိုက်သည်။
“တုံးလိုက်တဲ့ ယင်းအာ ရထားလုံးမဝယ်ရင် မန က်ဖန် ဒီဗိုက်ကြီးနဲ့ ခရီးထွက်တော့မှာလား”
“ယော်ကျား ငါကတုံးပေမယ့် နည်းနည်းပါ အရ မ်းတော့ မဟုတ်ပါဘူး”
ဆောင်ဟွာယင်းက စူးစူးရဲရဲ လေသံဖြင့်နှုတ်ခ မ်းကို စူကာ ပြောလာသည်။
“ဟုတ်ပါတယ် ငါ့ရဲ့ယင်းအာက နည်းနည်းပဲ နုံ အတာပါ”
“အဲ့ဒါလည်း မမှန်သေးဘူး ငါက ပန်းချီ ဂီတ လက်ရေးလှ တို့မှာ ကျွမ်းကျင်တယ်လေ ဘယ် လိုလုပ် နုံအရမှာလဲ”
စနစ်ရှင်က ဇနီးဖြစ်သူကို ညင်သာစွာနမ်းလိုက် ပြီး နှစ်ဦးသား ဆက်ဆံရေးကို တိုးမြင့်လိုက်သ ည် ဆက်ဆံရေး +1
“ယောက်ျား ရေသောက်ပါဦး”
ချန်အန် အိမ်ထဲဝင်သည်နှင့် ဂူရှန်းယုက ရေတ ခွက် ယူဆောင်ပေးလေသည်။ သူမ၏ အသံမှာ မူလအတိုင်း အေးစက်နေသော်လည်း နူးညံ့သိ မ်မွေ့မှု အနည်းငယ်တော့ ပါဝင်နေသည်။ ချန် အန်က ခွက်ကိုယူ၍ တကျိုက်တည်း မော့လိုက် ပြီးနောက် ပြုံးပြလိုက်သည်။
“ယုအာက အရမ်းတော်တာပဲ”
ချန်အန်က ရေသောက်ပြီးနောက် သူမ၏ဦး ခေါင်းကိုနမ်းရန် လက်လှမ်းလိုက်သည်။ သူမ ကို ကြည့်ရသည်မှာ ထိုအရာအတွက် ပျော်ရွှင် နေပုံ ရလေသည်။
ဂူရှန်းယုကို ညင်သာစွာနမ်းပြီးနောက် သူမကို ပျော်ရွှင်စေခဲ့သည်။ ဆက်ဆံရေး +1
ရိုးရှင်းသည့် ညစာကို စားသောက်ပြီးနောက် ချ န်အန်၏ ညွှန်ကြားချက်အရ သူတို့၃ဦးက အိမ် ကိုသပ်ရပ်စွာ ပြင်ဆင်ကြပြီး ခရီးထွက်ရန် ထု တ်ပိုးကြသည်။ အဓိက လုပ်အားမှာ ချန်အန်နှင့် ဂူရှန်းယု တို့ဖြစ်သည်။ ကိုယ်ဝန်ဆောင် ဖြစ်နေ သည့် ဆောင်ဟွာယင်းက သေးငယ်သည့်အထု တ်အပိုးများကိုသာ စနစ်တကျဖြစ်ရန် ပြင်ဆင် ပြီး တခါတရံ သူတို့နှစ်ဦးအတွက် လက်ဖက်ရ ည် ဖျော်ပေးလေသည်။ နှစ်နာရီခန့် ကြာပြီချိန် တွင် တအိမ်လုံး သန့်စင်သွားခဲ့သည်။
“နောက်ကျနေပြီ ရေချိုးပြီး စောစောအနားယူ ကြရအောင် မနက်ကျတော့ စောစောအိပ်ရာက ထကြတာပေါ့”
ချန်အန်က လက်ထဲရှိ ဖုန်များကို ရိုက်ခါရင်း ပြောလိုက်သည်။ ခနအကြာတွင် ရေနွေးတအိုး တည်ကာ ရေအတူချိုးရန် ပြင်ဆင်ကြတော့သ ည်။ ဆောင်ဟွာယင်းမှာ ရေပုံးထဲ ချိုးရန် မသင့် လျော်တော့ပေ။ သူမအတွက် စီစဥ်ပေးပြီးနော က် ဂူရှန်းယုနှင့် အတူ ရေချိုးလိုက်သည်။
ဂူရှန်းယုကို အလေးအနက်ထားကာ ဆက်ဆံခဲ့ သည် စိတ်စွမ်းအင် +1
“ယုအာ ဒီနေ့ဝယ်လာတဲ့ ရထားလုံးက အရမ်းဇိ မ်ရှိပြီး သက်တောင့်သက်သာဖြစ်စေတယ် မင်း အထဲခနဝင် ကြည့်ဦးမလား”
ချန်အန်က သူမ၏ဆံပင်ကို ပွတ်သပ်ကာမေး လိုက်သည်။ သူမက ညင်သာစွာ ခေါင်းညိတ်ပြ လေသည်။ “အင်း”
သူမ ယောက်ျား ဆန္ဒရှိနေသည့် ကိစ္စမှန်သမျှ သူမ ငြင်းပယ်မည် မဟုတ်ပေ။ ခနအကြာတွင် နှစ်ဦးသား ရထားလုံးရှိရာသို့ လျှောက်သွားလို က်ကြသည်။ နုံအသည့် ဂူရှန်းယုမှာ သူမ၏ ယောက်ျားက ရထားလုံးပြသရန်ဟု ထင်မှတ်ခဲ့ သော်လည်း အမှန်တရားက ထိုသို့မဟုတ်ခဲ့ပေ။ သူမ လှည့်စားခံလိုက်ရကြောင်း သိလိုက်ရသ ည်။
စိတ်စွမ်းအင် +1
စိတ်စွမ်းအင် +1
……..
အချိန်များက လျင်မြန်စွာကုန်ဆုံးသွားသည်။
အပြင်ဘက်ရှိ ကြက်တကောင်၏ တွန်ကြူးသံ ကြောင့် ချန်အန် နိုးလာခဲ့သည်။ မိုးမလင်းသေး ခင် အချိန်ပင် ရှိနေသေးသည်။ သူ့တွင် မည်သ ည့်အရာမှ လုပ်စရာရှိမနေ၍ စိတ်စွမ်းအင်နှင့် ရွှေလက်ချောင်း ကျွမ်းကျင်မှုကို တိုးမြင့်ရန်ဆုံး ဖြတ်လိုက်သည်။
စိတ်စွမ်းအင် +1
စိတ်စွမ်းအင် +1
ရွှေလက်ချောင်း ကျွမ်းကျင်မှု +1
ဆက်ဆံရေး +1
ဆက်ဆံရေး +1
ကောင်းကင်မှ အလင်းရောင် တောက်ပလာချိန် တွင် အပြင်ဘက်တွင်တော့ မိုးက တဖွဲဖွဲကျလာ ခဲ့သည်။ နှစ်ဦးသား ရထားလုံးပေါ်မှ ဆင်းကာ ပြင်ဆင်ထားသည့် အထုတ်အပိုးများကို ရထား လုံးပေါ်သို့ တင်လိုက်သည်။ ချန်အန်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။
အမည်………….ချန်အန်
ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၄
ဆေးပညာ….ပထမအဆင့် အလယ်အလတ် 457/500
စိတ်ဝိဉာဥ်…ပထမအဆင့် အလယ်အလတ် 110/500
ရွှေလက်ချောင်း……133/500
လက်တွဲဖော်များ….ဆောင်ဟွာယင်း ဂူရှန်းယု
မျိုးဆက်…ကိုယ်ဝန်ဆောင်ကာလ ဇူလိူင်
အမည်… ဆောင်ဟွာယင်း
ဂုဏ်သတ္တိ… ကျေးဇူးတရားကို အများစွာဖြင့် ပြန်လည်ပေးဆပ် ပါမည်
ဆက်ဆံရေး….ကြယ်နှစ်ပွင့် 389/500
ဆေးပညာအတွေ့အကြုံ….437
ရွှေလက်ချောင်း…77
အမည်…ဂူရှန်းယု
ဂုဏ်သတ္တိ….ဖြူစင်ရိုးသားပြီး သစ္စာရှိသူ
ဆက်ဆံရေး…ကြယ်တပွင့် 58/100
စိတ်စွမ်းအင်…110
ရွှေလက်ချောင်း…45
အထုတ်အပိုးများကို ပြန်လည် စစ်ဆေးပြီးနော က် ပျော်ရွှင်စွာဖြင့် စကားစမြည်းပြောဆို ကြရ င်း အချိန်က နေမွန်းတည့်သွားခဲ့သည်။ ဘဏ္ဍစိုး ကျန်းက မကြာမီရောက်ရှိလာပြီး ရထားလုံး၏ ရှေ့တွင် သူနှင့်ထိုင်ကာ ဇနီးနှင့် ကိုယ်လုပ်တော် တို့ကတော့ ရထားလုံးထဲတွင် နေ၍ အလယ်ဗ ဟိုသို့ ထွက်လာခဲ့ကြသည်။ ရထားလုံးက တော အုပ်တခုကို ဖြတ်သွားချိန်တွင် မထင်မှတ်ထား သည့် ကိစ္စတခု ဖြစ်ပေါ်လာသည်။
သစ်ရွက်ခြောက်များ နင်းချေသံနှင့်အတူ ဓား ကိုင်ထားသည့် မျက်နှာဖုံးစွပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ချန်အန်က ထိုသူများကို ကြည့်လိုက်သည်။ သေချာသည်က သံနက်ဂိုဏ် မှ ဖြစ်နိုင်သည်။ တဖက်လူ ပေါ်လာသည်နှင့် ဘ ဏ္ဍစိုးကျန်းက ဓားကိုဆွဲထုတ်ကာ ရထားလုံး ပေါ်မှ ခုန်ဆင်းသွခဲ့သည်။
“ပြောစမ်း မင်းတို့သံနက်ဂိုဏ်းကလူတွေ ဘယ် လိုများ ခိုးဝင်လာတာလဲ”
ဘဏ္ဍစိုးကျန်း၏ အသံမှာ မိုးချိန်းသံကဲ့သို့ပင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ၏ သ တ္တမအဆင့် ချီစွမ်းအားကို ထုတ်ဖော်ထားသော် လည်း တဖက်သူများကတော့ အပြောင်းအလဲ မရှိကြပေ။ သူတို့က ရယ်ပင် ရယ်ချင်နေခဲ့ကြ သည်။ ဦးဆောင်သူ အမျိုးသားက ရှေ့သို့ လှမ် တက်လာပြီး ပြောလိုက်သည်။
“ငါကလည်း ချီစုဆောင်းခြင်း အဆင့်၇ဆိုရင် ကော လုံလောက်ရဲ့လား”
ပြောပြီးသည်နှင့် ထိုသူ၏ အရှိန်အဝါမှာ ပေါ် ထွက်လာပြီး ဘဏ္ဍစိုးကျန်းထက်ပင် အနည်းင ယ်ပိုပြင်းထန်ပုံ ရှိသည်။ ဘာအတွက်နည်း။ ထို အဆင့်ရှိသူက သူ့ကိုတိုက်ခိုက်ရန် အဖွဲ့ဖွဲ့ရသန ည်း။ ဘဏ္ဍစိုးကျန်းက ခက်ခက်ခဲခဲ စဥ်းစားနေ ခဲ့သော်လည်း အဖြေမရခဲ့ပေ။ သူ၏ လေသံကို အတတ်နိုင်ဆုံး လျှော့ချရုံသာ တတ်နိုင်သည်။
“ကျင့်ကြံသူတို့ နားလည်မှု လွဲတာများရှိမလား”
ထိုသူက ဘဏ္ဍစိုးကျန်းကို လျစ်လျူရှုပြီးနော က် သူ့လူများကို ပြောလိုက်သည်။
“ဒီအဆင့်၇ ကျင့်ကြံသူကို ငါ့အတွက်ထားလိုက် မင်းတို့က ဆေးဆရာကို အမြန်ဖမ်းပြီး သံနက် ဂိုဏ်းကို ပြန်ကြတော့”
“ဟုတ်ကဲ့”
ဓားရှည်ကိုင်ထားကြသူများက ချန်အန်ရှိရာကို လျှောက်လာ ကြသည်။ စကားတခွန်းမှ မဆိုကြ ပေ။ ချန်အန်ကြောင့် ထိုသူများ ရောက်ရှိလာရ သည်ကိုတော့ ဘဏ္ဍစိုးကျန်းတယောက် နားလ ည်သွားခဲ့သည်။ သူက ချက်ချင်းနောက်ပြန်ဆု တ်ရန် ဆုံးဖြတ်လိုက်သည်။ ချန်အန်နှင့် မိတ်ဖွဲ့ လိုသော်လည်း မသေချင်သေးပေ။ တဖက်တွင် အနက်ရောင်ဝတ်စုံ များဖြင့် လူအုပ်စုကိုကြည့် ကာ စျေးတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအပေါ်လ က်တုံ့ပြန်ခြင်းဟု နားလည်သွားခဲ့သည်။ သံနက် ဂိုဏ်းမှ ထိုသူ၏ ဖခင်အဆင့်တန်းကို လျှော့တွ က်မိခဲ့သည်။
“ယောက်ျား ဘာဖြစ်နေတာလဲ”
ဆောင်ဟွာယင်းမှ ရထားလုံးပေါ်တွင် အိပ်ပျော် နေခြင်းဖြစ်ပြီး အပြင်မှရုန်းရင်းဆန်ခတ်ကိစ္စ များကြောင့် နိုးထလာခဲ့ခြင်း ဖြစ်ပြီး ပြတင်း ပေါက်မှ တဆင့် အပြင်သို့ ကြည့်ကာ မေးလိုက် သည်။ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက ဗိုက်ကြီးနှင့် ဆောင်ဟွာယင်းကို တွေ့လျင် မျက် လုံးက အရောင်တောက်သွားလေသည်။ သူ့ရဲ့ မျက်လုံးများမှာ ယုတ်မာလိုသည့် အရိပ်အငွေ့ များကို အပြည့်အဝ ဖော်ပြနေလေသည်။
“အဲ့ဒီ ကိုယ်ဝန်ဆောင်မိန်းမကို မထိကြနဲ့ ငါက သံနက်ဂိုဏ်းကို ခေါ်သွားပြီး ပျော်ပါးရမယ်”
“ဖောက်”
ထိုသူ၏ စကားမဆုံးမီတွင် သူ့ရဲ့မျက်ခုံးနှစ်ခု ကြား၌ သွေးစို့နေသည့် အပေါက်တခု ဖြစ်ပေါ် လာသည်။
…………………………………………….