မဖော်ရွေသည့် အိမ်နီးချင်း
Vol. 2 Ch. 19
ဇနီးဖြစ်သူနဲ့ တညလုံး ဆက်ဆံခဲ့သည်။ စိတ်စွ မ်းအင် +1×18
စိတ်ဝိဉာဥ်စွမ်းအား…ပထမအဆင့် အလယ်အ လတ် 100/500
ဟူးး
နောက်တနေ့ မနက်ခင်းတွင်တော့ ချန်အန်တ ယောက် အိမ်နောက်ဖေးရှိ ဖျာပေါ်၌ ထိုင်ကာအ ဆုံးတွင်တော့ သက်ပြင်းချနိုင်ခဲ့သည်။ ကျေနပ် နေသည့် အပြုံးတခု သူ့မျက်နှာပေါ်တွင် ချိတ် ဆွဲနေပြီး တညလုံး အလုပ်ကြိုးစားပြီးနောက် စိ တ်ဝိဉာဥ်စွမ်းအားမှာ နောက်တဆင့်သို့ တက် ရောက်သွား ခဲ့လေသည်။ သူ့ကိုယ်သူ တည်ငြိမ် အောင် ထိန်းချုပ်ပြီးနောက် စိတ်ဝိဉာဥ်စွမ်းအား တိုးတက်မှု၏ အပြောင်းအလဲကို တိတ်တဆိတ် ခံစားနေသည်။ သူ့ရဲ့အာရုံခံစနစ်များက ပိုမို၍ အားကောင်းလာပြီး ဆယ်မီတာကျော်အကွာရှိ တံခါးနှစ်ဖက်ကြားမှနေ၍ အခန်းထဲတွင်အိပ်နေ သည့် ဆောင်ဟွာယင်း၏ အသံကိုကြားနေရသ ည်။ သူမက “ယောက်ျား ယောက်ျား” ဟု ညည်း ညူနေလေသည်။
သူမ၏အသံက ဆွဲဆောင်မှုရှိပြီး လိုချင်တောင့် တမှုများ ဖြင့်ပြည့်နေလေသည်။ သူ့ရဲ့ အနံ့ခံ အာရုံကလည်း ပိုကောင်းလာသည်။ ပေါ့ပါးတဲ့ လေကို ရှုလိုက်ရုံဖြင့် လေထဲရှိ အမျိုးအစားမျာ စွာကို တခုစီ အသေးစိတ်ခွဲခြမ်း စိတ်ဖြာနိုင်ခဲ့ လေပြီ။ သူ့ရဲ့ မျက်လုံးများကို ညင်သာစွာဖွင့် လိုက်လျင် တိုးတက်လာသည့် အမြင်အာရုံကို လည်း သတိပြုမိသွားသည်။ ပြတင်းပေါက်မှ တဆင့် မီတာတရာအကွာရှိ ခြင်များကိုပင် အ တိအကျ မြင်နိုင်နေသည်။ တဆက်တည်း သူ့ရဲ့ အခြားစွမ်းရည် များစွာလည်း တိုးတက်လာခဲ့ သည်။ ချန်အန်က ထိုင်ရာမှထ၍ ပြတင်းပေါက် ဆီ လျှောက်သွားလိုက်သည်။
သူက ရပ်တန့်လိုက်ပြီး မီတာပေါင်းများစွာ အ ကွာအဝေးတွင် ရှိသည့် ခြင်တကောင်ကို ရွှေ ရောင်အလင်းဖြင့် ပစ်ခတ်လိုက်သည်။ နောက် တစက္ကန့်အကြာ၌ ထိုအလင်းက ခြင်ကိုပြာအဖြ စ် ပြောင်းလဲသွား စေတော့သည်။ ထိုအရာက ပို တိကျလာသည့် သဘောရှိပြီး ချန်အန်မှာ ရလာ ဒ်အပေါ် စိတ်လှုပ်ရှား နေခဲ့သည်။ သူ့ရဲ့ စိတ်ဝိ ဉာဥ် အဆင့်ဖြတ်ကျော်မှုက ထိုမျှလောက် အ ကျိုးအာနိသင် ရှိမည်ဟု မထင်ထားခဲ့ပေ။
“ယောက်ျား ငါ ရေသောက်ချင်တယ်”
သူမ၏ စိတ်ဆန္ဒကို မဖော်ပြတတ်သည့် ဂူရှန်း ယုက ရုတ်တရက် နူးညံ့သိမ်မွေ့သည့် အသံဖြင့် တောင်းဆိုလာသည်။ ချန်အန်လည်း အံ့သြသင့် သွားရသည်။ နေ့ရောညပါ အိပ်ရာထဲ အချိန်ကု န်လွန်ပြီးနောက် ကိုယ်လုပ်တော်၏ သေးငယ်သ ည့် အပြောင်းအလဲ အချို့ကို စတင်ခံစားလိုက် ရခြင်းဖြစ်သည်။ အနည်းငယ် ဆိုပေမယ့် မယုံ နိုင်စရာပင် ဖြစ်နေသေးသည်။
“အခုချက်ချင်း သွားယူပေးမယ်”
ချန်အန်က သူမ၏ လှပသည့်မျက်နှာလေးကို ထိကိုင်၍ ပြောလိုက်သည်။ ပြီးနောက် ရေခပ် ပေးရန် အိမ်နောက်ဖေးမှ ထွက်လာခဲ့သည်။ ဂူရှ န်းယုက ယောက်ကျားဖြစ်သူ၏ ဂရုတစိုက်ရှိမှု ကို လိုအပ်နေကြောင်း ချန်အန်တယောက် သတိ ပြုမိလိုက်သည့် အတွက် သူမ၏ သေးငယ်သ ည့် တောင်းဆိုမှုလေး အတွက် ပျော်ရွှင်ရသည်။
ဂူရှန်းယုအတွက် ရေတခွက်ယူဆောင်ပေးပြီး ခိုင်မြဲသည့် ချစ်ခြင်းမေတ္တာကို ခံစားစေခဲ့သည် ဆက်ဆံရေး +1
နံနက်စာ စာပြီးနောက် ချန်အန်က ဇနီးနှင့်ကိုယ် လုပ်တော်ကို အိမ်အပြင်သို့ မထွက်ရန် မှာကြား လိုက်သည်။ ထို့သို့ မှာကြားပြီးနောက် အဆင့်နိ မ့်ဝိဉာဥ် ကျောက်တုံး ၁၀၀ အားယူဆောင်ကာ ဘဏ္ဍစိုးကျန်း ရှိရာသို့ ထွက်လာခဲ့လိုက်သည်။ ခနအကြာတွင် နှစ်ဦးသား တွေ့ဆုံပြီးနောက် မူလက ဖယ်ထားသည့် ကျောက်တုံး၅တုံးကို အ သာပေးကာ အိမ်သွားကြည့်ရန် ဒုက္ခပေးမိပြီဟု တောင်းပန် လိုက်သည်။ ဘဏ္ဍစိုးကျန်းက ထိုအ ရာမှာ မလိုအပ်ဟု ငြင်းပယ်၍ သူ၏တာဝန်တခု ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ကျောက် တုံး ၅တုံးကိုတော့ အပြုံးဖြင့် လက်ခံလိုက်သေး သည်။ ချန်အန်က အမှန်ပင် သိနားလည်သူဟု အထင်ရောက်သွားခဲ့သည်။ လောကနိတိ ကိုသိ နားလည်ပြီး မိတ်ဆွေ ဖွဲ့ထိုက်သူ ဖြစ်သည်။ ခန အကြာ၌ နှစ်ယောက်သား ထွက်ခွာသွားတော့ သည်။
ချန်အန် တည်ရှိရာ စျေးသက်သာသည့် ခရိုင်က အလယ်ဗဟိုနှင့် အနည်းငယ်သာ ဝေးပါသည်။ အထူးသဖြင့် မိုင်၂၀ ခန့်သာရှိသည်။ ထိုအကွာ အဝေးက ကျင့်ကြံသူများ ဖြစ်ကြသည့် သူတို့ နှစ်ဦးကို အခက်မတွေ့စေပေ။ သာမန်လူများစွာ ထက် အဆများစွာမြန်ဆန်ကာ ဆယ့်ငါးမိနစ်မ ပြည့်မီ၌ ပင်လိုရာသို့ ရောက်ရှိသွားခဲ့လေသည်။
“ဒါက ဆေးဆရာချန် အလယ်နယ်မြေကို ရော က်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်လား”
“ဟုတ်ပါတယ် ဒါက ကျတော့်ရဲ့ ပထမဆုံးပါ”
“ဒါဆိုရင် ငါတို့အိမ်မကြည့်ခင် အရင်ဆုံးစျေး ကိုလိုက်ပို့ပေးမယ် အချိန်သိပ် မပေးရပါဘူး”
“ ကျေးဇူးတင်ပါတယ် ဘဏ္ဍစိုးကျန်း”
“ဆေးဆရာချန် မင်းက အပြင်လူလို ဆက်ဆံ နေတာပဲ”
ဘဏ္ဍစိုးကျန်းက ပြုံးတုံ့တုံ့အမူအရာဖြင့် ပြော လိုက်သည်။ ချန်အန်တယောက်လည်း အနည်း ငယ် ပြုံးမိသွားသည်။ အိမ်ငှားခ ကောက်ခံရန် ရောက်လာချိန်တွင် တံခါးဖွင့်နှောင့်နှေး၍ တင်း မာခဲ့သေးသည်ပင် မဟုတ်လား။ ကျောက်တုံး ၅ တုံးကို လက်ခံပြီး တချိန်လုံး ပြုံးပြနေခြင်းက ကောင်းမွန်သည်ဟု ယူဆထားလိုက်တော့သည် မကြာမီတွင် နှစ်ဦးသား စျေးသို့ရောက်ရှိပြီး လ မ်းလျှောက်ထွက်လာကြသည်။ သုံးထပ်အမျိုး သမီး အသုံးအဆောင် လေးထပ် ဆေးဆိုင်။ ငါး ထပ်အိပ်ဆောင်။ လမ်းတလျှောက်တွင် ချန်အန် က ကြီးကျယ်ခမ်းနားသည့် အဆောက်အုံများ စွာကို တွေ့မြင်လိုက်ရသည်။ စျေးသက်သာသ ည့် ခရိုင်နှင့် စျေးကြီးသည့် ခရိုင်က နှိုင်းရက်စ ရာပင် မရှိချေ။
“ဆေးဆရာချန် ဒီမှာရှိတဲ့စျေးကို ဘယ်လိုမြင် လဲ စျေးသက်သာတဲ့နေရာကထက် အရောင်အ သွေးစုံတယ်လို့ မထင်ဘူးလား”
ဘဏ္ဍစိုးကျန်းက ပြုံးပြုံးလေးဖြင့် ပြောလိုက် သည်။ အမှန်တကယ် ပေါများသည် ဆိုပေမယ့် အရင်ဘဝက အထပ်မြင့်ဆောက်အုံတွေထက် စာရင်တော့ နိမ့်ပါသေးသည်။ ချန်အန်က တည် ငြိမ်စွာ တွေးလိုက်ပြီး ပြောသည်။
“တကယ်ကို ကောင်းမွန်ပြီး လူကြိုက်များပါပေ တယ်”
မြို့ထဲသို့ ရောက်သည့်တိုင် အံ့သြသင့်ဟန် မပြ သည့် ချန်အန်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ ဒီဆေးဆရာချန်က တကယ်ကိုပဲ သာမန်မဟုတ် ပေဘူး။ သူ့ရဲ့ စိတ်နေစိတ်ထားက သာမန်လူအ များစုထက် အများကြီးပို တည်ငြိမ်သည်။ ထို့ နောက် ဘဏ္ဍစိုးကျန်းမှ ပြောသည်။
“မနက်ဖန် အလယ်ဗဟိုကို ရွေ့တဲ့အချိန် မင်းက ဇနီးနဲ့ကိုယ်လုပ်တော်ကို စျေးဆီ အချိန်မရွေး ခေါ်ဆောင်သွားလို့ ရတယ် အဓိက ကနယ်မြေ ကို ပုံမှန်ကင်းလှည့်နေတဲ့ အဖွဲ့တွေရှိလို့ အန္တရာ ယ်ကင်းပါတယ် ပုံမှန်အားဖြင့်တော့ ဘယ်သူမှ ဒုက္ခမပေးပါဘူး”
“ဒါဆိုရင်တော့ တန်ပါတယ်”
ဘဏ္ဍစိုးကျန်းက ရယ်ပြီးပြောသည်။
“ဟုတ်ပါတယ် ဒီလိုမှမဟုတ်ရင် မင်းတို့က တ လကို အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ၁၀၀ ဘယ် ပေးချင်ပါတော့မလဲ”
ထိုအချိန်တွင် ချန်အန်က ဤ အန္တရာယ်များသ ည့် ကျင့်ကြံရေးလောကတွင် ထိုမျှတန်ဖိုးဖြင့် ဘေးအန္တရာယ်ကင်းကင်း နေထိုင်နိုင်သည်ကို နားလည် သွားခဲ့လေသည်။ နှစ်ဦးသား စျေးမှ ပြန်ထွက်လာခဲ့ လိုက်သည်။ လမ်းတလျှောက် တွင် ချန်အန်က ဖြတ်သန်းသွားသူများ၏ ကျင့် ကြံမှုအဆင့်များကို တိတ်တဆိတ် အကဲခတ်နေ ခဲ့သည်။ အများစုမှာ ချီစုဆောင်းခြင်း အစောပို င်းအဆင့်၌ ရှိနေသော်လည်း ထိုပျမ်းမျှအဆင့် ကပင် စျေးသက်သာသည့် ခရိုင်ထက် များစွာ သာလွန်ပေသည်။ ပထမဦးစွာ စျေးသက်သာ သည့်ခရိုင်တွင် ချီစုဆောင်းခြင်း အလယ်ဆင့် ကို မတွေ့ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။ လမ်းတ လျှောက် ချီစုဆောင်းခြင်းအလယ်ဆင့်ရှိသူ ၈ဦ ကိုပင် တွေ့ခဲ့ရသည်။ အရေအတွက်များမှာ ထို ထက်ပိုများနိုင်သည်ကို ချန်အန်နားလည်ပေသ ည်။ စျေးဝယ်ပြီးခါနီးမှ ဘဏ္ဍစိုးကျန်းက ချန်အ န်ကို အိမ်ကြည့်ရန် ခေါ်ဆောင်သွားလေသည်။ အိမ်ဆယ်အိမ်ကျော်ကို ကြည့်ရှုပြီးနောက် ဝေး လံသော်လည်း ကြီးမားသည့်ဧရိယာရှိသည့် အိ မ်တလုံးကို ရွေးချယ်လိုက်သည်။ အိပ်ခန်းသုံးခ န်း ဧည့်ခန်းတစ်ခန်း ခြံဝန်း နှစ်ခု မီးဖိုချောင်နှင့် အိမ်သာတို့ ပါဝင်သည်။
“ဆေးဆရာချန် ဒီအိမ်ကို ရွေးချင်တာ သေချာရဲ လား ဒီအိမ်က ကြီးပေမယ့် စျေးနဲ့တော့ အတော် လေးဝေးနေတယ် ဒါကို အကြံမပေးလိုဘူး”
အိမ်ကြီးတာက အဆင်ပြေသည်။ နောင်တွင်နေ ထိုင်သူ ဦးရေက ပို၍ပင် များပြားလာဦးမည်။
“ပုဂ္ဂိုလ်ရေးအရဆို ဒီအိမ်ကိုပိုကြိုက်လို့ ဒါကိုပဲ ယူလိုက်တော့မယ်”
ဤအိမ်ကိုသာ ယူရန်ပြောနေသဖြင့် ဘဏ္ဍစိုး ကျန်းမှ ထပ်မံမပြောဆိုတော့ပဲ လုပ်ရိုးလုပ်စဥ် များကို ဆောင်ရွက်တော့သည်။ ထိုအရာများအ တွက် တနာရီခွဲခန့် ကြာမြင့်လေသည်။ ဘဏ္ဍစိုး ကျန်းက ချန်အန်ကို အိမ်သို့ပေးလိုက်သည်။ပြီး နောက် ရုတ်တရက် တစုံတရာကို တွေးမိဟန်ဖြ င့် ပြောလာသည်။
“ဆေးဆရာချန် မင်းရဲ့ဘေးအိမ်က အမျိုးသမီး ကျင့်ကြံသူပါ သူမနဲ့ပေါင်းဖို့က ခက်တယ် သူမ နဲ့ဆက်ဆံရေး ကောင်းစရာမလိုပါဘူး သူမ မရှိ သလိုသာ သဘောထားလိုက်ပါ”
“ရပါတယ် ခဗျားရဲ့ သတိပေးမှုအတွက် ကျေး ဇူးတင်ပါတယ် ဘဏ္ဍစိုးကျန်း” ဆက်၍
“ခဗျားကို တခုဒုက္ခပေးလို့ရမလား”
“ဆေးဆရာချန် အားနာနေစရာမလိုဘူး”
“ဒီလိုပါ မနက်ဖန် နေ့လည်စာစားပြီးရင် ကျ တော့်ရဲ့ ဇနီးနဲ့ကိုယ်လုပ်တော်တို့ကို ဤနေရာ ခေါ်လာချင်တယ် ဒီလမ်းခရီးမှာ ခဗျားကိုလိုက် ပို့စေချင်တာပါ”
ထိုသို့ ပြောနေစဥ်ပင် ချန်အန်က ကျောက်တုံး ဆယ်တုံးကို ထုတ်ယူကာ ဘဏ္ဍစိုးကျန်းအား ပေးလိုက်သည်။
“ဒါက နည်းပါးတဲ့ အခကြေးပါ ဗွေမယူပါနဲ့”
“အစောင့်အကြပ်သာသာပဲ မဟုတ်လား အသေ အမွှား ကိစ္စလေးပါ မင်းငါ့ကို ဆယ်တုံးပေးစရာ မလိုပါဘူး တတုံးဆို ရပါပြီ”
ဘဏ္ဍစိုးကျန်းက ကျောက်တုံး တစ်တုံးကိုသာ ယူပြီး ကျန်တာကို ပြန်ပေးလေသည်။ ချန်အန် နှင့် မိတ်ဖွဲ့လိုသည့် ရည်ရွယ်ချက်မှာ ထင်ရှား ပေသည်။ ချန်အန်က ချီစုဆောင်းခြင်း အဆင့် မြင့်သူနှင့် မိတ်ဖွဲ့နိုငိ၍ ပျော်ရွှင်ရသော်လည်း ထိုနေရာ၌ ဟိတ်ဟန်ထုတ်မနေရဲပေ။ ခနအကြ စကားပြောဆိုပြီးနောက် ဘဏ္ဍစိုးကျန်းက သူ့ တွင် ဖြေရှင်းစရာရှိသည် ဟုဆို၍ ထွက်ခွာသွား တော့သည်။ ချန်အန်လည်း ဒီနေရာတွင် လုပ်စ ရာမရှိတော့ပေ။ မနက်ဖန်တွင် စျေးသက်သာသ ည့် နေရာမှ အလယ်ဗဟိုသို့ ပြောင်းရန် လိုအပ် သည်များ ထုတ်ပိုးရန် စီစဥ်ထားချင်သည်။ လှ ည့်ထွက်ခါနီးတွင် ချောမောလှပသည့် အမျိုးသ မီး တဦးကို တွေ့လိုက်ရသည်။
သူမ၏ အသွင်အပြင်မှာ ဂုဏ်သိက္ခာရှိပြီး မွန် မြတ်သည့် ဟန်ပန်ရှိကာ အသက်သုံးဆယ် ကျော်ခန့် အရွယ်ဖြစ်နိုင်သည်။ သူမ၏ပုံစံမှာလဲ အလွန်ပင် လှပပေသည်။ ချန်အန်၏ အကြည့် ကိုသတိထားမိလျင် သူမက စူးစိုက်ကြည့်ပြီး နောက် ပြောလာသည်။
“ဘာကြည့်နေတာလဲ ငါ့ကိုဆက်ကြည့်နေမယ် ဆို နင့်မျက်လုံးကို ဖောက်ထုတ်ပစ်မယ်”
ကြိမ်းဝါးပြီးနောက် ချန်အန်ကို ဖြတ်ကျော်ကာ ဘေးအိမ်သို့ လျှောက်သွားတော့သည်။ သူမက တံခါးကို ဆောင့်ပိတ်လိုက်သည်။
“ဒါဆို သူမက ငါ့ရဲ့အိမ်နီးချင်းပေါ့ ခက်မဲ့ပုံပဲ”
ဒါက နည်းနည်းပင်မဟုတ်လောက်တော့ ကြော က်စရာပင် ကောင်းနေသေးသည်။ ချန်အန်ကဲ့ သို့သူက လူပေါင်းစုံနှင့် ပေါင်းသင်းနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။ အိမ်နီးချင်း အမျိုး သမီးက မည်မျှပင် ခက်ခဲပါစေ အဆင်ပြေပြေ ပေါင်းသင်း နိုင်မည်ဟု ယုံကြည်သည်။
…………………………………………….