← Chapters

ချင်ယိ

Vol. 011 Ch. 1099

ချင်ယိ

Vol. 011 Ch. 1099

ရှီမာယူယူသည် မေးပြုတ်ကျရလောက်အောင် အံ့သြသွားလေ၏ ။ နှစ်ပေါင်းများစွာနေပြီးသည့်နောက်တွင် သူမသည် ထိုမျှလောက်အံ့သြခဲ သည်။

ခဏအကြာတွင် သူမ သတိပြန်ကပ်နိုင်ကာ တစ်ချိန်တည်းမှာပင် သူမ၏ စိုးရိမ်မှုများ မြင့်တက်လာသည်။

အဲလောက်ထူးခြားတဲ့စွမ်းရည်နဲ့ဆိုရင် တခြားသူတွေ အဲအကြောင်းသိ လို့ကတော့ ရှောင်ချီက ပိုအန္တရာယ်မများဘူးလား။

“ကမ္ဘာကြီးမျက်လုံးက အဲလိုကြောင့်ပဲ ဒီလိုမျိုးတွေဖြစ်လာတာဖြစ်နိုင် တယ်” သူမ သက်ပြင်းချလိုက်သည် “သူမ အားသန်လေ အန္တရာယ်နည်းလေ ပဲ”

ထိုလူသည် သူမကို အကဲခတ်နေသည်။ သူမသည် ကမ္ဘာမြေကြီး၏ အသုံးဝင်မှုကိုသိသော်လည်း စိတ်လှုပ်ရှားမှု မဟုတ်လျှင် ပျော်ရွှင်မှုကို တစိုးတစိမှမပြပေ။ အံ့သြမှုနှင့် စိုးရိမ်မှုသာရှိလေသည်။

သူ အရင်ကတွေ့ဖူးသည့်လူများနှင့် မတူပေ။ သူတို့သည် ပစ္စည်း ကောင်းအကြောင်းသိသည်နှင့် လောဘစိတ်တက်လာသည်။

“မင်း သူမကိုမယူချင်ဘူးလား ငါသိသလောက်ဆိုရင် မင်းနဲ့သူမနဲ့က ဘာစာချုပ်မှမရှိဘူး သူမ မသန်မာလာခင်ကို သူမနဲ့စာချုပ်မချုပ်ချင်ဘူးလား”

ရှီမာယူယူ ခေါင်းခါလိုက်သည် “ကျွန်တော် ရှောင်ချီနဲ့ စာချုပ်ချုပ်ဖို့ ဘယ်တုန်းကမှမတွေးဖူးဘူး အခု သူမရဲ့ အသုံးဝင်မှုကြီးပုံကိုသိရင်တောင် အဲလိုဘယ်တော့မှစဉ်းစားမှာမဟုတ်ဘူး”

“ဘာလို့လဲ မင်းသူမကိုရရင် ပိုသန်မာပြီး ဒီ့ထက်ရှေ့ဆက်သွားနိုင်မယ် လေ”

“သူမ မရှိလည်း ကျွန်တော် သန်မာပြီးရှေ့ဆက်သွားနိုင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“အပြင်ကအကူအညီတချို့ မလိုချင်ဘူးလား မင်းက တစ်လျှောက်လုံး ကိုယ့်အားကိုယ်ပဲကိုးချင်တာလား” ထိုလူမေးလိုက်သည်။

“သေချာပေါက် မဟုတ်ဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က ကျင့်စဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်နေတာမဟုတ်ဘူး အတွင်းအားက သဘာဝကျကျပဲသုံးနေရတာ၊ ရှောင်ချီက ကျွန်တော့်သူငယ် ချင်း ကျွန်တော့်ညီမလေးပဲ သူမကို ကျွန်တော်အဲလိုပဲသတ်မှတ်တယ် ကျွန်တော့်မျက်လုံးထဲမှာ သူမက ကျင့်ကြံတဲ့နေရာမှာသုံးတဲ့ ရတနာမဟုတ် ဘူး၊ ကျွန်တော့်သူငယ်ချင်းကို ကိုယ်အဆင့်တက်ဖို့အတွက် ယဇ်ပူဇော်မှာ မဟုတ်ဘူး”

ထိုလူသည် ရှီမာယူယူကို စိုက်ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။

ထိုနေရာတွင် သူသည် သခင်ဖြစ်သဖြင့် ရှီမာယူယူ အမှန်တရားကို ပြောနေသည်မှန်း သူ သိသည်။

သူမ ပြောသလိုပင်ခံစားရကြောင်းကို သူ ခံစားရသည်။ သူမသည် အမှန်တကယ်ပင် ရှောင်ချီကို ရတနာတစ်ပါးကဲ့သို့မဟုတ်ဘဲ လက်တွဲဖော် အဖြစ် မြင်သည်။

“မင်းရဲ့လက်ရှိအတွေးက နောက်တစ်ခါအထိမြဲနေပါစေလို့ မျှော်လင့်ပါ တယ်” သူသည် ညင်သာစွာပြောလေသည်။

“အဲလိုဖြစ်ပါစေလို့ ကျွန်တော်လည်း မျှော်လင့်ပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “နောက်တစ်ခါ နေရာတွေပြောင်းရင် ကျွန်တော့် အတွေးတွေလည်းပြောင်းသွားမှာပဲ ဒါပေမဲ့ ကျွန်တော်ဘယ်လောက်ပဲ ရှေ့ ဆက်သွားသွား ဒီလိုစိတ်နဲ့ပဲနေမှာပဲ”

“ဒီလိုစိတ်နဲ့နေမယ် ကောင်းလိုက်တဲ့စကားပဲ” ထိုလူ၏ အသံသည် အနည်းငယ် ပျော်မွေ့သံပေါက်သည်။ သူသည် အတော်ကြာမှ ထိုကဲ့သို့ စကားကိုကြားခြင်းဖြစ်သည်။

လူသားများသည် အတွေးတစ်ခုတည်း တစ်သက်လုံး ဘယ်တော့မှ မဖြစ်နိုင်ပေ။ သူတို့၏ အင်အားကြီးလာလေ နေရာပြောင်းလဲမှုနှင့်အတူ အတွေ့အကြုံများနှင့် နေထိုင်မှုပတ်ဝန်းကျင်ပြောင်းလဲမှုများသည် လူကို သေချာပေါက်ပြောင်းလဲစေသည်။ သို့သော် မည်မျှပင်ပြောင်းလဲစေကာမူ သူမ နှလုံးသားထဲစွဲနေပါက သူမသည် သူမကိုယ်တိုင်ပင်ဖြစ်လိမ့်မည်။

“မင်းဒီလောက်ငယ်ငယ်လေးနဲ့ နားလည်လိမ့်မယ်လို့ မထင်ထားဘူးပဲ” ထိုလူ ပြောလေသည် “ကံမကောင်းစွာနဲ့ပဲ မင်းရဲ့အခုအခြေအနေက ဆိုးနေ တယ် ဒီလိုမျိုးထိန်းထားနိုင်မလားဆိုတာ မသေချာဘူးပဲ”

“ဟင်” ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို နားမလည်ပေ။

“မင်းကျန်းမာရေးက ဆိုးနေတယ်” ထိုလူ ပြောလေသည် “အံ့ဖွယ် နတ်ဆိုးခန္ဓာကိုယ်… ငါနောက်ဆုံးမြင်ခဲ့တာတောင် နှစ်တွေအတော်ကြာနေပြီ ကံကောင်းလို့ မင်းခန္ဓာကိုယ်မင်း ကောင်းကောင်းထိန်းညှိထားတာပဲ မဟုတ်ရင် မင်းခန္ဓာကိုယ်ပေါက်ကွဲလို့ သေနိုင်တယ်”

သူ သူမ၏ ပြဿနာကိုရှာတွေ့လိမ့်မည်ဟု ရှီမာယူယူ မမျှော်လင့်ထား သဖြင့် မှင်တက်ကာ ခါးသီးစွာပြုံးပြီး ပြောလိုက်သည် “ထိန်းညှိတဲ့နေရာမှာ တော်ရင်တောင် အဲဒါကပြဿနာကိုမဖြေရှင်းနိုင်ဘူးလေ နောက်ဆုံးက အဲဒါ ကခြိမ်းခြောက်မှုဖြစ်လာမှာပဲ”

“မင်းစိတ်က ခိုင်မာနေတာပဲ နည်းလမ်းရှာတွေ့မှာပါ” ထိုလူ ဆက်ပြောလေသည် “ငါ ငါ့ရဲ့အကဲဖြတ်မှုကို ယုံတယ်”

“ကျွန်တောထက်တောင် ယုံကြည်ချက်ရှိနေပါ့လား” ရှီမာယူယူ ပြော လိုက်သည်။

“တကယ်တော့ မင်းအဲဒါကို တကယ်မစိုးရိမ်ဘူးမလား” ထိုလူပြုံးလိုက် သည်။ သူသည် သူမအတွေးများကို မြင်နေရသည်။

“ဟီးဟီး မစိုးရိမ်တာမဟုတ်ဘူး နည်းလမ်းရှာတွေ့မယ်လို့ထင်လို့လေ ရှာလည်းတွေ့မှာပဲ နည်းလမ်းရှာမတွေ့ဘူးဆိုရင်လည်း လက်ခံရုံပဲရှိတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ မသေခင်တော့ ပြီးမြောက်ရမယ့် ကိစ္စတွေရှိသေးတယ် နောင်တမရှိဘဲသေရမှာပေါ့”

“မင်းက တကယ်ပဲပွင့်လင်းတာပဲ”

“ရှေးတုန်းကလူတွေပြောကြတယ်မလား စောစောသေသေ နောက်မှ သေသေ လူဆိုတာ သေချာပေါက်သေမှာပဲ နောင်တမရှိဘဲ သေရတာက ဘာမှမဖြစ်ပါဘူး ကိစ္စတွေမပြီးသေးဘဲနဲ့တော့ မသေခိုင်းနဲ့ပေါ့”

“ဟီးဟီး…” ထိုလူသည် နူးညံ့စွာရယ်မောလိုက်သ်ည “မင်းအတွေးက တကယ်ပဲ တခြားသူတွေနဲ့မတူဘူးပဲ ဒါပေမဲ့ ငါ့အကြိုက်နဲ့ကိုက်တယ် မင်းကို ပစ္စည်းသေးသေးလေးတစ်ခုပေးချင်တယ် ပြီးတော့ မင်းကိုလွှတ်ပေးမယ် ဒါပေမဲ့ ငါ့အတွေးပြောင်းသွားပြီ”

“စမ်းသပ်မှုရှိမယ်လို့ မပြောခဲ့ဘူးလား” ရှီမာယူယူသည် သံသယဖြင့် မေးလေသည်။

“စမ်းသပ်မှုကပြီးသွားပြီ မင်းစမ်းသပ်မှုအောင်သွားပြီ” ထိုလူ ပြောလေ သည်။

“စမ်းသပ်မှုက စကားပြောတာလား” ရှီမာယူယူသည် မျက်တောင်ခတ် လိုက်သည်။ စမ်းသပ်မှုက ဒီလောက်လွယ်တာလား။

“ဟားဟား မဟုတ်ရင် ဘာဖြစ်မယ်လို့ မင်းစဉ်းစားမိလဲ” ထိုလူသည် ယဲ့ယဲ့ပြုံးလိုက်သည် “မင်းကို ကိုယ်ထိလက်ရောက်စော်ကားပြီး စိတ်ပိုင်းဆိုင် ရာ နှိပ်စက်ရမှာလား”

“အာ…” သူမသည် အမှန်တကယ်ပင် ထိုသို့တွေးထားသည်။

“မင်း ဒီကိုဝင်လာကတည်းက မင်းရဲ့ပြဿနာကိုငါသိပြီးသားပဲ” ထိုလူ ဆက်ပြောလေသည် “မင်းရဲ့အရည်အချင်း မင်းရဲ့စိတ်ဆန္ဒတွေ အတိတ် အကြောင်းတွေကိုသိပြီးသားပဲ အဲဒါကြောင့် မင်းကိုထပ်ပြီးစမ်းသပ်ဖို့မလို တော့ဘူး”

“ကျွန်တော့်အတိတ်အကြောင်းကို သိပြီးသားလား” ဒါဆိုရင် လျှို့ဝှက် ချက်တွေအကုန်လုံးကို သူသိနေမှာပဲ။

“မင်းရဲ့လျှို့ဝှက်ချက်ကို တခြားသူတွေသိဖို့ စိုးရိမ်ဖို့မလိုပါဘူး” ထိုလူ ပြောလိုက်သည် “ဒီမှာ တခြားသူတွေရဲ့လျှို့ဝှက်ချက်တွေအများကြီးရှိတယ် လျှို့ဝှက်ချက်တွေအကုန်ပေါက်ကြားစေဖို့ ငါ့မှာအတွေးမရှိဘူး”

“ဟီးဟီး စိုးရိမ်တာပေါ့” ရှီမာယူယူ ရယ်သွေးလေသည်။

“ငါ့စမ်းသပ်မှုကိုအောင်မြင်တဲ့သူက ငါ့ရဲ့အဆီအနှစ်ကိုရမယ် ဒါပေမဲ့ ငါ မင်းကို တခြားပစ္စည်းပေးနိုင်တယ် မင်းယူနိုင်မယ်ဆိုရင်ပေါ့လေ” ထိုလူ ဆက်ပြောလေသည်။

“ဒါဆိုရင် ကျွန်တော်မရနိုင်တဲ့အခွင့်အရေးလည်းရှိတယ်လို့ ပြောတာ ပေါ့” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် ဒါပေမဲ့ မဟုတ်ဘူး” ထိုလူ ပြောလေသည်။

“ဒါဆို ကျွန်တော် တခြားပစ္စည်းကိုပြောင်းလို့ရလား” ရှီမာယူယူ မေး လိုက်သည်။

“လဲမယ်ဟုတ်လား”

“ဟုတ်တယ် ဘယ်လိုလဲ ကျွန်တော် ခင်ဗျားနဲ့လဲမယ် အဲပစ္စည်းကိုမလို ချင်တော့ဘူး ခင်ဗျား ကျွန်တော်တို့နဲ့လိုက်ခဲ့” ရှီမာယူယူသည် စိတ်ကြီးဝင် ကာ ပြောလေသည်။

“ဟားဟား…” ထိုလူသည် ရှီမာယူယူ၏ အတွေးကြောင့် ကျီစားသလို ဖြစ်လေသည်။ သို့သော် သူမ၏ တောင်းဆိုမှုကို သူ သဘောမတူဘဲ ရွှေရောင် အလင်းတန်း ပြိုးပြက်ကာ သစ်ပင်ပင်စည်မှ အရိပ်သည် ပျောက်ကွယ်သွား လေသည်။

“သစ်ပင်ပေါ်က အခေါက်တွေမှာ အဓိပ္ပာယ်တွေရှိတယ် မင်းအဲဒါကို ခံစားနိုင်ရင် ဒီကနေထွက်သွားလို့ရတယ် မမှတ်ဘူးဆိုရင် ခံစားလို့ရတဲ့အထိ ဒီမှာနေလို့ရတယ်”

“ဒီမှာ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ ဒါက အကျိုးအမြတ်ကိုယူသွား လိုက်ပြီမဟုတ်ဘူးလား” ရှီမာယူယူ အော်လေသည်။

သူမ သူ့ကိုနောက်ပြောင်လိုက်ခြင်းသည် သူ့ကိုမပျော်ရွှင်စေသည်ကို သိသော်လည်း သူဒီအတိုင်းတော့မလုပ်သင့်ဘူးလေ။

“ချင်ယိ”

“ဘာလဲ”

“ငါ့နာမည်” ထိုလူပြောလေသည်။

“ချင်ယိဟုတ်လား ခင်ဗျားက အဝါရောင်ဝတ်ထားတာမဟုတ်ဘူးလား ဘာလို့ ဟွမ်ယိလို့မခေါ်ဘဲ ချင်ယိလို့ခေါ်တာလဲ” [T/N; huáng ဆိုတာက အဝါရောင်လို့အဓိပ္ပာယ်ရပြီး qīng yī ဆိုတာက ပြဇာတ်ထဲမှာ အနက်ရောင် ဝတ်တဲ့အစေခံမိန်းကလေးရဲ့နာမည်ပါတဲ့]

“…”

ချင်ယိသည် သူမကို စိတ်ထဲမထားရန်ဆုံးဖြတ်လိုက်သည်။ ဒီလူက တော့ တကယ်ပဲ ဓားပြလို အကျင့်စရိုက်နဲ့။

“ချင်ယိ ကျွန်တော်ခံစားလို့ရရင် ကျွန်တော်နဲ့လိုက်မှာလား” ရှီမာယူယူ သည် လေထဲကိုမျက်နှာမူကာမေးလေသည်။

သူသည် သူမကိုလျစ်လျူရှုတုန်းပင်။

“ပြန်မဖြေရင် လက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဒီတစ်ပွဲဖြတ်နိုင်ရင် ခင်ဗျား ကျွန်တော်နဲ့လိုက်ရမယ် ကမ္ဘာကြီးကိုကြည့်ဖို့ခေါ်သွားပေးမယ်”

ချင်ယိသည် နောင်တရသလို ခံစားမိသည်။  သူမ အသိဉာဏ်ပွင့်အောင် မလုပ်လိုက်သင့်ပေ။

***

All Chapters