← Chapters

ရွှမ်တုစစ်မြေပြင်

Vol. 110 Ch. 1439

ရွှမ်တုစစ်မြေပြင်

Vol. 110 Ch. 1439

ကျဲ့ဟွလီနှင့် တျန်းရှုကလည်း နဂါးသွဲ့ရေကန်၏ အံ့ဖွယ်ရာများအကြောင်း စပ်စုရန် ရောက်လာသည်။ ချင်မူက သူ ဤအချိန်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများကို ပြောပြ‌သဖြင့် အားလုံးမှာ လေးစားအားကျနေကြတော့သည်။

“ကျွန်တော်က အလောကြီးဖြစ်နေခဲ့တော့ ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်နဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို မြေပုံ မရေးခဲ့မိဘူး… ဒါပေမဲ့ ရှုရှန်းဟွာ၊ လန်ယွီတျန်းနဲ့ တခြားသူတွေကတော့ လုပ်နေကြတယ်…”

ချင်မူက ထိုအကြောင်းကို တွေးနေသည်။ “သူတို့ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်နဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို နေရာမှတ်သားဖို့ ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်လောက် ကြာနိုင်တယ်… ဒါပေမဲ့ နေရာမှတ်သားပြီးတာနဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က ပြောင်းလဲမှုကြီး ဖြစ်လာလိမ့်မယ်”

တျန်းရှုက တည်ကြည်လေးနက်နေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ပြောင်းလဲမှုတစ်ခုကြီးထက် ပိုတယ်လေ… တစ်လောကလုံးကို တုန်လှုပ်စေနိုင်တဲ့ ပြောင်းလဲမှုကြီးပဲ… တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတာ… ဒါက တကယ်ပဲ… တကယ်ပဲ…”

သူသည် ၎င်းကို ဖော်ပြရန် စကားလုံး ရှာမတွေ့ပေ။

သားသတ်သမားက ဝင်ပြော၏။ “တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ပေါင်းစည်းသွားတဲ့အခါ ခိုင်ဧကရာဇ်ရဲ့ တာအိုနဲ့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စွမ်းအားကို ရထားတာနဲ့ ညီမျှတယ်”

ချင်မူက တခဏတွေးတောလိုက်ရင်း ပြော၏။ “ပိုပြီးတော့တောင် အစွမ်းထက်ဦးမှာ … ပြောရရင် အကျဉ်းထောင်ကိုးထပ်အဆင့်နဲ့ ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်အဆင့်ကို ထည့်ပေါင်းလာရင် ဒီကျင့်စဉ်စနစ်က ပြိုင်ဘက်ကင်းအောင် အန္တရာယ်များလာမယ်… အရင်တုန်းက ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတောင် ထိခိုက်ဒဏ်ရာမရှိဘဲ မထွက်လာနိုင်ခဲ့ကြဘူး… တကယ့်ကျောက်စိမ်းမြို့တော်က အရင်ကျောက်စိမ်းမြို့တော်အဆင့်ကို ပြောင်းလဲမှုကြီး ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်”

လော့ဝူရွှမ်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။ “မင်းပြောချင်တာ တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ပေါင်းစည်းသွားရင် သူတို့က ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ဟောင်ထက် အများကြီး သန်မာလာမယ်ဆိုတဲ့ အဓိပ္ပာယ်လား”

ချင်မူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “အများကြီး သန်မာလာမှာပေါ့… ကျွန်တော့်အောက် အများကြီး အားမနည်းလောက်ဘူး… အင်း.. နည်းနည်းတော့ အားနည်းလိမ့်မယ်… ဒါပေမဲ့ သိပ်ကို ထူးကဲလိမ့်မယ်”

လူတိုင်းမှာ သူ့စကား၏ ဒုတိယအပိုင်းကို မကြားတော့ဘဲ ပထမအပိုင်းကိုသာ ကြားလိုက်ကြရသည်။ သူတို့နှလုံးသားထဲရှိ တုန်လှုပ်ခြောက်ခြားမှုများမှာ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍မရချေ။

“အဲဒီအချိန်ကျရင် အဲဒါက အန္တိမကျင့်စဉ်စနစ် ဖြစ်လာမှာမလား”

ကျဲ့ဟွလီက ရေရွတ်၏။ “ကျင့်စဉ်စနစ်တစ်ခု အဲဒီအတိုင်းအတာအထိ ပြီးပြည့်စုံလာတာက ကောင်းလည်း ကောင်းသလို ဆိုးတဲ့အချက်တွေလည်း ရှိတယ်… အနာဂတ်မှာ ငါတို့လို ပြုပြင်ပြောင်းလဲတဲ့ သိုင်းပညာရှင်တွေ မရှိလောက်တော့ဘူး”

“အန္တိမကျင့်စဉ်စနစ်ဆိုတာ ဘယ်မှာ ရှိတုန်း”

ချင်မူက ခေါင်းခါရမ်း၍ ပြောသည်။ “ခင်ဗျားတို့ မွေးရာပါတာအိုငါးသွယ်အဆင့်ကို ကျင့်ကြံပြီးကြပြီလား… ကမ္ဘာခေတ်နှောင်းမဟာတာအို ကျင့်စဉ်စနစ်ကို ဖန်တီးပြီးပြီလား… တာအိုဖြစ်လာပြီးရင် ဆက်လက်တိုးတက်လာဦးမှာလား… တာအိုသစ်ပင်၊ တာအိုပန်းပွင့်၊ တာအိုသစ်သီးကို ဘယ်လိုကျင့်ကြံကြမှာလဲ… အဲဒါတွေအားလုံး မသိရသေးဘူး.. ဒါ့အပြင်…”

သူက အေးအေးလူလူ ဆက်ပြောသည်။ “အနာဂတ်ကသူတွေက ကျွန်တော်တို့နဲ့တူမှာမဟုတ်ဘူး… ကျွန်တော်တို့က တာအိုရဲ့ ထူးခြားဆန်းကြယ်မှုကို ဖြည်းဖြည်းချင်း လေ့လာနေကြတာ… ကျွန်တော်တို့ အခုလေ့လာနေတာက အနာဂတ်ကသူတွေအတွက် အခြေခံလောက်လည်း ဖြစ်သွားနိုင်တယ်… သူတို့က ကျွန်တော်တို့အပေါ်ကို အခြေခံပြီးတော့ ဆက်လက်ပြောင်းလဲကြမှာ… အနာဂတ်ကျင့်စဉ်စနစ်က ဒီနေ့ကျင့်စဉ်စနစ်နဲ့ လုံးဝကွဲပြားသွားတာမျိုးလည်း ဖြစ်နိုင်တယ်”

သားသတ်သမားက ခေါင်းညိတ်၍ ထောက်ခံသည်။ “လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကဆိုရင် လက်ရှိကျင့်စဉ်စနစ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်လာလိမ့်မယ်လို့ ငါ တွေးတောင် မတွေးခဲ့မိဘူး”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

လွန်ခဲ့သောနှစ်သုံးဆယ်တုန်းက မည်သူကများ ကောင်းကင်နတ်မြစ်အဆင့်ကို တွေးမိလိမ့်မည်နည်း။ ကောင်းကင်ရတနာခုနစ်ခုကို ပေါင်းစည်းရမည်ဟု မည်သူက သိခဲ့မည်နည်း။ တာအိုကျင့်စဉ်စနစ်အကြောင်းကို မည်သူက တွေးတောခဲ့မည်နည်း။ ကောင်းကင်မုခ်၀လေးခုအဆင့်နှင့် အကျဉ်းထောင်ကိုးထပ်အဆင့်ကိုရော သိရှိနိုင်ခဲ့သူ ရှိခဲ့မည်လော။

ယခုတွင် ၎င်းတို့အားလုံး တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ကြချေပြီ။

ထိုတိုးတက်ပြောင်းလဲမှုများမှာ ပိုပို၍သာ အားကောင်းလာခဲ့ကြ၏။ အနာဂတ်တွင် မူလတာအိုအဆင့်ငါးဆင့်သာမက တာအိုသစ်ပင်၊ ပန်းပွင့်နှင့် တာအိုသစ်သီးအဆင့်တို့ကိုလည်း ရှာဖွေတွေ့ရှိပြီး ကျင့်ကြံနိုင်ရန် စောင့်ကြိုနေကြလိမ့်မည်။ ကျင့်ကြံပြီးမှ ရရှိသော မဟာတာအိုမျိုးစုံလည်း ရှိလာကာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တိုးတက်လာမည်ဖြစ်၏။

သင်္ဘောပေါ်တွင် သားသတ်သမားသည် သူ၏ ကောင်းကင်ဓားမကို သွေးနေပြီး တျန်းရှုက ကျဲ့ဟွလီလက်ထဲရှိ ဝိုင်ပုလင်းဆီသို့ စိုက်ကြည့်နေ၏။ ကျဲ့ဟွလီက ဝိုင်ပုလင်းကို ကိုင်လျက် သူ၏မိစ္ဆာဓားမအား တိုက်နေပြီး လော့ဝူရွှမ်ကတော့ ကုန်းပတ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ၏ခြေလှမ်းတစ်လှမ်းစီတိုင်းက တိကျနေသည်။

ချင်မူက သင်္ဘောထိပ်တွင် ထိုင်၍ ဦးတည်ရာကို ထိန်းချုပ်နေရင်း တဖြည်းဖြည်းနီးကပ်လာနေသော ရွှမ်တုအား စိုက်ကြည့်နေသည်။

မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများမှ သင်္ဘောများအပေါ်တွင် ရပ်နေကြပြီး တချို့က မြစ်ထဲသို့ ခုန်ဆင်း၍ ရန်သူများအား လိုက်ဖမ်းနေကြ၏။

ရေအောက်ရှိ တိုက်ပွဲမှာ အလွန်တရာပြင်းထန်သည်။ ရေမျက်နှာပြင်ပေါ်သို့ သွေးများ မကြာခဏ ပွက်တက်လာတတ်သည်။ ဤသည်က ရွှမ်တုရှိ ကြယ်တာရာအရှင်သခင်များ သူပုန်စစ်တပ်ကို ဦးဆောင်လျက် ကောင်းကင်နတ်မြစ်ရေတပ်ကို ရေအောက်မှ အလစ်တိုက်ခိုက်နိုင်ရန် ကြိုးစားနေကြခြင်းပင်။

သို့သော် ကောင်းကင်နတ်မြစ်ရေတပ်တွင် ရေနတ်ဘုရားများ၊ နဂါးနတ်မင်းများစွာ ရှိနေရာ သူတို့အနေဖြင့် မည်သို့အောင်မြင်နိုင်မည်နည်း။

ရှေ့တန်းတွင် ဧရာမနေလုံးကြီးတစ်လုံးကို သူပုန်စစ်တပ်က တွန်းလာ၏။ နေမင်းပေါ်တွင် ခမ်းနားသော နတ်မြို့တော်တစ်မြို့က နေမျက်နှာပြင်ပေါ်တွင် မြောလွင့်နေသည်။ ၎င်းပေါ်တွင် ရွှမ်တု၏ နေစောင့်ရှောက်သူများက ဧရာမမီးတောက်များကို စေစားလျက် သူတို့၏အလံများကို လွှဲရမ်းကာ နေမီးလျှံများကို ဆင့်ခေါ်ပြီး ကောင်းကင်နတ်မြစ်ရေတပ်အား လောင်ကျွမ်းနေစေသည်။

ချင်မူနှင့် အခြားသူများက တိုက်ပွဲကို ရှောင်ရန် လှေငယ်များဖြင့် ကောင်းကင်နတ်မြစ်မှ ထွက်ခွာလာခဲ့၏။ တိုက်ပွဲမီးတောက်များမှာ ရွှမ်တုတွင် လောင်ကျွမ်းနေကြပြီး ထောင်သောင်းချီသော လစောင့်ရှောက်သူများက တလက်လက် တောက်ပနေသည့် ဂြိုဟ်များကို ထိန်းချုပ်ကာ စစ်မြေပြင်ဆီသို့ ပြေးဝင်လာနေကြသည်။

လစောင့်ရှောက်သူအများစုမှာ အမျိုးသမီးများဖြစ်ကြသဖြင့် နေစောင့်ရှောက်သူတို့ဖြင့် ပူးပေါင်းတိုက်ခိုက်ကြသည်။ လက နေထံမှ အလင်းရောင်ရရှိပြီး သေခြင်းအလင်းရောင်များအဖြစ် ပြောင်းလဲသွားကြသည်။

ကြယ်တာရာအရှင်သခင်တို့ကလည်း ကြယ်တာရာများကို ထိန်းချုပ်နေကြပြီး မရေမတွက်နိုင်သော နတ်ဘုရားမြို့တို့က သူတို့ပတ်ပတ်လည်တွင် နေရာယူထားကြ၏။ ကြယ်တာရာများကြားတွင် ကြယ်ရောင်ဆက်နွယ်မှုများ ရှိနေကာ ၎င်းတို့က ကြယ်တာရာစွမ်းအားကိုစုစည်း၍ စစ်မြေပြင်ထဲသို့ ပြေးဝင်နေကြသည်။

အလင်းတန်းကြိုးများက နေ၊လနှင့် ကြယ်တာရာတို့ထံမှ ထွက်ပေါ်နေကြပြီး ကောင်းကင်နတ်မြစ်ရေတပ်နှင့် အစွမ်းကုန်တိုက်ခိုက်နေကြ၏။

ကောင်းကင်နတ်မြစ်ရေတပ်မှ ထွက်ပေါ်လာသော အမြှောက်အလင်းရောင်တို့နှင့် ကောင်းကင်လက်နက်တို့က ရွှမ်တုသူပုန်စစ်တပ်၏ နေ၊ လ၊ ကြယ်တာရာတို့ဖြင့် ထိတွေ့သွားကြသည်။ ၎င်းက မေ့မရနိုင်အောင် ထူးခြားသော မြင်ကွင်းတစ်ခုပင်။

ချင်မူနှင့် ကျန်သူများ ရွှမ်တုသို့ ရောက်လာကြသည့်အခါ ဧရာမ ကြယ်တာရာအပိုင်းအစတို့သည် သူတို့လှေဘေးမှ ဖြတ်သွားကြသည်။ ၎င်းတို့သည် အက်ကွဲသွား သော နေ၏ ပြာမှုန့်များ ဖြစ်ကြ၏။

အပိုင်းအစများအကြားတွင် ဧရာမနတ်ဘုရားမိစ္ဆာတို့၏ အလောင်းများက ကြယ်တာရာကောင်းကင်တစ်လျှောက် တိတ်ဆိတ်စွာ မြောလွင့်နေကြသည်။

၎င်းတို့ကား စစ်မြေပြင်တွင် သေဆုံးသွားခဲ့ကြသည့် နေစောင့်ရှောက်သူတို့၏ အလောင်းများ ဖြစ်ကြ၏။

နေစောင့်ရှောက်သူ၊ လစောင့်ရှောက်သူ၊ ရွှမ်တုရှိ ကြယ်တာရာအရှင်သခင်တို့မှာ ကမ္ဘာလောကအားလုံး၏ နေ၊လနှင့် ကြယ်တာရာတို့ လှည့်ပတ်အလုပ်လုပ်မှုကို တာဝန်ယူထားကြသော နတ်ဘုရားများ ဖြစ်ကြသည်။ အပြင်ပန်းတွင် ကောင်းကင်နတ်ဘုံ၏ ထိန်းချုပ်မှုအောက်၌ ရှိသော်လည်း အမှန်တကယ်တွင်တော့ ကောင်းကင်နယ်စားမင်းနှင့် ရွှမ်တုအား ထောက်ခံကြသူများ ဖြစ်ကြ၏။

ကောင်းကင်နယ်စားမင်းသည် အနန္တကမ္ဘာလောကများရှိ ကြယ်တာရာများအလုပ်လုပ်မှုအပေါ် ထိန်းချုပ်သည့်အလျောက် နေ၊ လတို့တွင်လည်း သစ္စာရှိနောက်လိုက်များ အလိုအလျောက် ရှိကြသည်။

အပြင်ပန်းမှကြည့်လျှင်တော့ ကောင်းကင်နတ်ဘုံသည် စွမ်းအားအကြီးဆုံး ဖြစ်သော်လည်း အမှန်တကယ်တွင် ပိုင်နက်တစ်ခုကို အုပ်စိုးသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးစီတိုင်းတွင် ကိုယ်ပိုင်အင်အားစုများ ရှိကြသည်။

ကောင်းကင်နတ်ဘုံ ထိုရှေးဟောင်းနတ်ဘုရားများကို ရန်မစခြင်းမှာ သူတို့ထိန်းချုပ်ထားသည့် အင်အားစုများကလည်း လျှော့တွက်၍ မရနိုင်သောကြောင့်ပင်။

ကောင်းကင်မဟာမိတ်အစည်းအဝေး၌ ကောင်းကင်ဘုံများနှင့် လောကတစ်သောင်းရှိ အုပ်ချုပ်သူများအားလုံးကို လိုအပ်ခြင်းမှာ ရွှမ်တု ကောင်းကင်နယ်စားမင်းသည် ထိုကောင်းကင်ဘုံများနှင့် လောကတစ်သောင်း၌ ကိုယ်ပိုင်အင်အားစုများ ရှိနေသောကြောင့်ပင်။

ချင်မူနှင့် အခြားသူများက အကြည့်ရုတ်လိုက်ကြသည်။ သူတို့သည် ဒီနေရာသို့ရောက်ရှိသည်နှင့် ကောင်းကင်တာအို၏ အရှိန်အဝါကို အာရုံခံလိုက်မိသည်။

ကောင်းကင်တာအိုသည် အလွယ်တကူ အာရုံခံ၍မရဘဲ တာအိုကျင့်စဉ်စနစ်တွင် သိုင်းအခြေခံမြင့်မားနေမှသာ ကောင်းကင်တာအို လှည့်ပတ်နေခြင်းကို အာရုံခံနိုင်၏။ သို့သော် ရွှမ်တုကောင်းကင်တာအိုမှာ သိပ်သည်းလွန်းသဖြင့် ဝင်ရောက်လာသူတိုင်း အာရုံခံနိုင်ကြသည်။

“ရွှမ်တုလည်း အခြေနေမကောင်းမှန်း အာရုံခံမိသွားတာဖြစ်မယ်..ဒါကြောင့် ကောင်းကင်တာအို သိပ်သည်းလာပြီးတော့ ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတာပဲ”

သားသတ်သမားသည် ကောင်းကင်တာအိုစွမ်းအား သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်၍ နေရာယူကာ ကြွက်သားများနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပြိုင်ဘက်ကင်းသော ခွန်အားတို့ဖြင့် ပြည့်နှက်လာစေကြောင်း အာရုံခံလိုက်မိသည်။ သူက ခပ်ဩဩ ပြော၏။ “ကောင်းကင်တာအိုကို တိုက်ရိုက်တိုက်ခိုက်လို့မရဘူး. မဟာတာအိုက စွမ်းအားမကြီးဘူး…တကယ်စွမ်းအားကြီးတာက သူတို့ကို ထိန်းချုပ်တဲ့ပုဂ္ဂိုလ်တွေပဲ… ဒါကြောင့် ကောင်းကင်တာအိုက ငါတို့ရဲ့ခန္ဓာကိုယ်တွေကို အားဖြည့်ပေးလိုက်တာ”

တျန်းရှုနှင့် အခြားသူများလည်း ကောင်းကင်တာအို၏ ကောင်းချီးပေးမှုကို ခံစားလိုက်ရသည်။ ၎င်းက ပုံသဏ္ဌာန် ကင်းမဲ့သော်လည်း သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ထူးဆန်းသော အဖြစ်အပျက်များစွာ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က ကောင်းကင်တာအိုရတနာ ၄၉ ခုအဖြစ် ပြောင်းလဲကာ သူတို့၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ကာကွယ်ပေးလိုက်သည်။

ချင်မူသည် ကောင်းကင်တာအိုအပေါ် အနက်နဲဆုဲး နားလည်ထားသူ ဖြစ်သဖြင့် ရွှမ်တု၏ ကောင်းကင်တာအိုလှိုင်းများကို အာရုံခံမိကာ တည်ကြည်လေးနက်စွာ ပြော၏။ “တျန်းဖန်မြို့ဆီ သွားကြစို့”

All Chapters