← Chapters

သူက ကောင်းကင်နတ်အရှင်မူပဲ

Vol. 110 Ch. 1445

သူက ကောင်းကင်နတ်အရှင်မူပဲ

Vol. 110 Ch. 1445

တိချင်း ကောင်းကင်နတ်အရှင်ဟုန်ကို မြင်လိုက်ရသည့်အချိန်မှစ၍ သေဆုံးသည့်အချိန်သည် အမွှေးတိုင်တစ်တိုင်ထွန်းစာမျှသာ ကြာမြင့်၏။ အခြားသူသာဆိုပါက သူတို့ထွက်ပြေးလွတ်မြောက်နိုင်အောင် ထိုမျှပင် အချိန်ဆွဲပေးထားနိုင်မည်မဟုတ်ပေ။

တိချင်း ကုန်းမြေမှ ထွက်ခွာသွားလျှင်ချင်း ချင်မူသည် ‌အမြုတေသုံးသွယ် လောကသခင်ခန္ဓာကို အသက်သွင်းလိုက်၏။ ထို့နောက် ဓားတာအိုနန်းဆောင်ကို အဓိကထား၍ အခြားကောင်းကင်နန်းဆောင်များဖြင့် ထောက်ပံ့ပေးလိုက်ရင်း ချီစွမ်းအင်ဖြင့် ဓားတစ်လက် ဖော်ဆောင်ကာ အနောက်သို့ ခုတ်ချလိုက်၏။

ဓားကျဆင်းလာသည့်အချိန်တွင် နေရာဟင်းလင်းပြင်အလွှာများ တရစပ် ပေါ်လွင်လာသည်။ နေရာဟင်းလင်းပြင်ထဲမှ ထောင်ပေါင်းများစွာသော ကြယ်တို့က ထွက်ပေါ်လာကာ ‌သူတို့နှင့် ကောင်းကင်နတ်အရှင်ဟုန်ကြားရှိ အကွာအဝေးကို ဆွဲဆန့်လိုက်၏။

သူ ဓားတစ်လက်ပြီးတစ်လက် ခုတ်ချနေသည်နှင့်အမျှ နေရာဟင်းလင်းပြင်က ဆက်လက်ပြန့်ကားလာနေသည်။ သူတို့အနေဖြင့် ကောင်းကင်နတ်အရှင်ဟုန်ကို ပူးပေါင်းအင်အားဖြင့် မတိုက်ခိုက်နိုင်သော်လည်း ထွက်ပြေးသည့်နေရာတွင်မူ ကောင်းကင်နတ်အရှင်ဟုန်ပင်လျှင် ချင်မူ့အား လျှော့မတွက်ဝံ့ပေ။

ချင်မူက နေရာဟင်းလင်းပြင်ကျမ်းစာနှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းကို အပြည့်အ၀ မကျွမ်းကျင်သေးသော်လည်း အချိန်အတော်ကြာ မြုပ်နှံလေ့လာထားခဲ့၏။ ဤနည်းလမ်းဖြင့် မည်သည့်ကောင်းကင်နတ်အရှင်မဆို၏ လက်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

သို့သော် ဤကုန်းမြေပေါ်ရှိ ပုဂ္ဂိုလ်များကို ကောင်းကင်နတ်အရှင်ဟုန်၏ လက်ထဲမှ လွ‌တ်မြောက်အောင် မစွမ်းဆောင်နိုင်ပေ။

တိချင်းသည် သူနှင့် ဘာမှမဆိုင်သလို ၊ သူ့မျိုးနွယ်၀င်များကလည်း သူနှင့် မပက်သက်ပေ။ သို့သော် သူ သဘောတူထားသည့်အတိုင်း အကောင်းဆုံး ဆောင်ရွက်ပေးမည်သာ။

ချင်မူက ဆယ်ကြိမ်ထက်မနည်း ခုတ်ပိုင်းလိုက်ပြီးနောက် သူ့မှော်စွမ်းအင်မှာ ခံနိုင်ရည်မရှိတော့ချေ။ ထို့နောက် သူ့ခြေလှမ်းများက ရပ်တန်သွားပြီး‌ အမြုတေသုံးသွယ် လောကသခင်ခန္ဓာကျင့်စဉ်မှာ ကောင်းကင်နန်းဆောင်အစီအစဉ်ကို ပြောင်းလဲလိုက်၏။ ဤအခိုက်အတန့်တွင် သူသည် ပင်မကောင်းကင်နန်းဆောင်ကို အဓိကအသုံးပြု၍ ကျန်ကောင်းကင်နန်းဆောင်များကို အရံအဖြစ်ထားကာ သူ့သိုင်းအခြေခံနှင့် ခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။

ဝုန်း….

နတ်လှေတစ်စင်းက မြေထုအောက်တွင် ပေါ်လာပြီး ၎င်းကို မြှင့်တင်လိုက်သည်။ သို့သော် မြေထုသည် ဆဌမဟင်းလင်းပြင်နှင့် ဝင်တိုက်သွားသည့်အခါတွင်တော့ ခံနိုင်ရည်မရှိတော့သည်အထိ ဖိနှိပ်ခံလိုက်ရ၏။ တျန်းဖန်မြို့ပျက်ထဲရှိ မြို့သူမြို့သားများမှာလည်း ခံနိုင်ရည်မရှိကြတော့ဘဲ ပုံရိပ်ယောင်ဖြစ်ကုန်ကြသည်။

နေစောင့်ရှောက်သူများက ကိုယ်ပိုင်မှော်စွမ်းအင်များ ထုတ်လွှတ်ပေးထားရင်း ဤအခြေအနေကို တတ်နိုင်သမျှ ကြိုးစားကာကွယ်နေကြ၏။

သို့သော် တျန်းဖန်မြို့၏ မြေထုအပိုင်းအစမှာ တောင့်မခံနိုင်တော့ပေ။ တောင်တန်းများအရွယ်ရှိသည့် နတ်ကျောက်တုံးတို့က ‌မြေထုဆီမှ ကွာထွက်လာပြီးနောက် ဟင်းလင်းပြင်ထဲ တဖြည်းဖြည်း ၀င်ရောက်ပျောက်ကွယ်သွားသည်။

တျန်းဖန်မြို၏ မြေထုမှာ ပိုပို၍ သေးငယ်လာ၏။ မကြာမီ ၎င်းမှာ ကုန်းမြေမှ ကျွန်းတစ်ခုဖြစ်သွားပြီး လူမဆန့်တော့ပေ။ချင်မူ့ချီစွမ်းအင်က တုန်ခါလာကာ ကောင်းကင်နတ်သိုင်း၏ အမြန်နှုန်းကို မြှင့်တင်ပေးလိုက်သောကြောင့် တျန်းဖန်မြို့မှ လှေအား အရှ်ိန်မြှင့်တင်၍ ထွက်ခွာ‌စေသည်။

အချိန်တစ်ခုကြာလာသည့်အခါ သူ၏ မှော်စွမ်းအင်မှာ ကုန်ဆုံးပေတော့မည်။ သူက နောက်ဆုံးကျန်ရှိသည့် ခွန်အားကိုသုံး၍ တျန်းဖန်မြို့မြေထုအား အဋ္ဌမမြောက်ဟင်းလင်းပြင်မှ ထွက်လာစေသည်။ ချင်မူ့အရှိန်အဝါမှာ အလျင်အမြန် လျော့နည်းလာပြီး မြေပေါ်လဲကျမတတ် ဖြစ်သွား၏။

“အားလုံး…”

တျန်းရှုနှင့် သားသတ်သမား၏ အကူအညီဖြင့် ချင်မူမှာ ရပ်နေနိုင်သေးသဖြင့် ရွှမ်တုပြည်သူများနှင့် နေစောင့်ရှောက်သူ တစ်ရောကျော်ကို ပြောလိုက်သည်။ “ဒီနေရာက စစ်မြေပြင်နဲ့ တော်တော်လေး ဝေးနေပြီဆိုတော့ ခင်ဗျားတို့အားလုံးကို ရွှမ်တုအပြင်တော့ ထုတ်မပေးနိုင်ဘူး… ဒါပေမဲ့ လိုက်ဖမ်းနေကြတဲ့သူတွေ မှိီလာနိုင်ဖို့ကတော့ တော်တော်လေး ခက်ခဲသွားပြီ…. ခင်ဗျားတို့အားလုံး ကမ္ဘာဦးဘုံကို ကိုယ့်ဘာသာ သွားလိုက်ကြတော့… ရွှမ်တုနဲ့ တျန်းဖန်မြို့မှာ ခင်ဗျားတို့ကို ကာကွယ်ပေးနိုင်တဲ့နေရာမရှိတော့ဘူး…”

သူက ချောင်းတဟွတ်ဟွတ်ဆိုးပြီးနောက် တခဏကြာသော် ပြော၏။ “ရွှင်ပျော်ပျော်ကျေးရွာကို ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်က ချိတ်ပိတ်ထားပြီးပြီ….. ခင်ဗျားတို့ အဲ့ဒီကိုသွားလို့မရရင် ရွှမ်တုမှာ နေလို့မဖြစ်တော့ဘူး… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပဲ ခင်ဗျားတို့ကို ခေါ်ထားနိုင်မှာ…. ကမ္ဘာဦးဘုံဆီ သွားပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နေစောင့်ရှောက်သူ ယန်ကျင့်ကျင့်ကို ရှာလိုက်ပါ… သူ ခင်ဗျားတို့ကို ခေါ်ထားပေးလိမ့်မယ်..”

“ကျေးဇူးရှင်…”

နေစောင့်ရှောက်သူတစ်ဦးက ဦးညွှတ်အရိုအသေပေးကာ ပြော၏။ “ကျေးဇူးရှင်၊ ကျေးဇူးပြုပြီး အနက်ရောင်အ၀တ်ကို ဖယ်ပြီး နာမည်တွေ ပြောပြပေးတော်မူပါ…. ဒါမှ ကျုပ်တို့ကို ကူညီခဲ့တဲ့သူတွေကို မှတ်မိနိုင်မှာပါ…”

ချင်မူက ခေါင်းရမ်းသည်။ “ခင်ဗျားတို့ ကျုပ်တို့နာမည်နဲ့ ရုပ်ကို သိဖို့မလိုပါဘူး… အားလုံး မြန်မြန်သွားကြပါတော့…”

ရုတ်တရက် ရွှမ်တုမှ အဘိုးအိုက ကတုန်ကယင် ပြော၏။ “ကျေးဇူးရှင်၊ ခင်ဗျားက ဖြောင့်ဖတ်တည်ကြည်လွန်းလို့ နာမည်တောင် ချန်မထားခဲ့ပါဘူး…. ဒါပေမဲ့ ကျုပ်တို့ကတော့ ကျေးဇူးမတင်ဘဲ မနေနိုင်ပါဘူး… ကျေးဇူးရှင်၊ ကျေးဇူးပြုပြီး သရုပ်မှန်နဲ့အတူ နာမည်အစစ်တွေ ပြောပြပေးပါ…. ကျုပ်တို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ရင် ကျေးဇူးရှင်အတွက် မော်ကွန်းဗိမ္မာန်နဲ့ ရွှေရုပ်တုတွေ သွန်းလုပ်ပြီး နေ့ညတိုင်း ကိုးကွယ်ပူဇော်ပါ့မယ်…”

ရွှမ်တုထဲရှိ လူထောင်ပေါင်းများစွာက ဒူးထောက်၍ တစ်ယောက်ပြီးတစ်ယောက်‌ တောင်းဆိုလိုက်ကြသည်။ “ကျေးဇူးရှင်တွေကို သိရက်နဲ့ ကျေးဇူးမဆပ်ရင် တေရိုင်းတိရိစ္ဆာန်တစ်ကောင်နဲ့ ဘာကွာတော့မှာလဲ… ကျေးဇူးရှင်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ဆန္ဒကို ဖြည့်ဆည်းပေးပါ…”

ချင်မူက ခေါင်းရမ်းသာ ယမ်းသာ်။ “မလိုပါဘူး… ကျုပ် ခင်ဗျားတို့ကို ကယ်တာ ကျုပ် စိတ်အေးချင်လို့ပါ… ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး…”

“စိတ်အေးချင်လို့လား..”

ကျဲ့ဟွလီက ‌ဒေါသထွက်လာပြီး ရုတ်တရက် သူ့မျက်နှာပေါ်ရှိ အ၀တ်စကို ဖယ်ကာ အော်လိုက်သည်။ “မင်း တကယ်ပဲ စိတ်အေးနိုင်လို့လား…. ငါကတော့ မအေးနိုင်ဘူး... ငါ့ နာမည်နဲ့ မျက်နှာကို သိစေချင်လို့ လူတွေ ကယ်ခဲ့တာ… မျက်နှာဖုံးကို ဖယ်လိုက်… ငါ့အတွက် ဖယ်ပေးစမ်းပါ… ဒီလူတွေ ငါတို့မျက်နှာကို မြင်ကြစမ်းပါစေ…”

သားသတ်သမားက သူ့မျက်နှာပေါ်ရှိ အ၀တ်စကို ဖယ်လိုက်ကာ တျန်းရှုနှင့် လော့ဝူရွှမ်တို့ကလည်း အသီးသီး ဖယ်လိုက်ကြ၏။

ကျဲ့ဟွလီက ခြေလှမ်းကျဲကြီးများဖြင့် ချင်မူ့အရှေ့သို့ ရောက်လာကာ လက်ဆန့်တန်းပြီး သူ့မျက်နှာရှိ အ၀တ်စကို ဖယ်လိုက်သည်။

ချင်မူက လက်မြှောက်၍ ရုန်း၏။ “မလုပ်နဲ့…”

“တစ်သက်လုံး နာမည်ပျက်နဲ့ နေသွားချင်လို့လား..”

ကျဲ့ဟွလီက သူ့လက်ကို ပုတ်ထုတ်၍ အနက်ရောက်အ၀တ်ကို ဖယ်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်လိုက်၏။ “ဒါက မင်းတို့ရဲ့ ကျေးဇူးရှင်ပဲ... သူ့ရုပ်ကို သေချာမြင်ရလား…. သေချာကြည့်ထား… မင်းတို့ ကျေးဇူးရှင်… မင်းတို့ နေ့တိုင်းဆဲဆို တိုက်ခိုက်နေကြတဲ့ သူ ကောင်းကင်နတ်အရှင်ချင်မူပဲ….”

သူ့အကြည့်က ဓားတစ်ချောင်းကဲ့သို့ စူးရှထက်မြတ်နေပြီး ရွှမ်တုပြည်သူပြည်သားများကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့မှာ ရုပ်ခန္ဓာများသာမက ဝိညာဉ်များပါ ဒူးထောက်လိုက်ရ၏။

“ဟုတ်တယ်… သူက ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်မူပဲ…”

ကျဲ့ဟွလီက မိစ္ဆာဓားကို မြေကြီးသို့ စိုက်ချလိုက်ပြီး အံကြိတ်ကာ ပြောသည်။ “‌မင်းတို့ အရိုးစွဲအောင် မုန်းနေကြတဲ့ ကောင်းကင်နတ်အရှင်ပဲ…. ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်းကို သတ်ချင်နေတာ… သူက အဲ့ဒါကို နည်းလမ်းပေါင်းစုံသုံးပြီး တားနေတာ… ကောင်းကင်နတ်အရှင်ဟုန်ကို အသက်နဲ့ရင်းပြီး တိုက်နေတာကွ…. သူက ဦး‌နှောက်ခြောက်ခံပြီး ကောင်းကင်နယ်စားမင်း ရှင်သန်နိုင်မယ့်နည်းလမ်းကို စဉ်းစားနေတာ… ကောင်းကင်နတ်ဘုံက ရွှမ်တုကို တိုက်ခိုက်နေပြီ…. သူတို့ကို မယှဉ်နိုင်မှန်းသိလို့ ခွန်အားတိုးမြှင့်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတာ…”“သူက ငါတို့ကိုတောင် ခေါ်လာခဲ့သေးတယ်.. ‌ဒီကောင်းကင်နယ်စားမင်း သေသေရှင်ရှင် ငါတို့နဲ့ ဘာဆိုင်လို့လဲ…”

ကျဲ့ဟွလီက‌ ဓားမရိုးကို ကိုင်၍ လွှဲရမ်းကာ မိစ္ဆာဓားမအား မြေကြီးထဲသို့ ဖြည်းဖြည်းချင်း ထိုးထွင်းလိုက်သည်။သူက ခပ်ဟဟ ရယ်လိုက်ပြီး ပြောသည်။ “ငါတို့က အသက်တွေကို ရင်းပြီး ဒီနေရာကို လာခဲ့ရတာ…. သောက်ကျိုးနည်း ကောင်းကင်နယ်စားမင်းကြောင့် မဟုတ်ဘူး… ရွှမ်တုက အသက်တွေကြောင့် မဟုတ်ဘူး…. ငါတို့က သူ့သူငယ်ချင်းမလို့၊ သေအတူရှင်မကွာ သူငယ်ချင်းတွေမလို့… သူ ငါတို့ကို လာစေချင်ရင် ‌ခေါင်းဖြတ်ခံရရင်တောင်မှ ငါတို့လိုက်မယ်… မင်းတို့ကိုယ်မင်းတို့ ဘယ်သူ ထင်နေလဲ…”

သူ့မှာ ဖိအားများစွာ ခံစားထားရသဖြင့် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာ‌တော့သည်။ သူက တဟားဟား ရယ်ကာ ပြော၏။ “မင်းတို့လည်း မင်းတို့ကံနဲ့ ငါတို့လည်း ငါတို့ကံနဲ့ပဲ…. ဘာလို့ မင်းတို့အသက်တွေကို ကာကွယ်ဖို့ ငါတို့အသက်တွေကို စတေးရမှာလဲ… ငါတို့လုပ်နေတာက ကောင်းကင်နတ်အရှင်မူ ငါတို့ကို လာခိုင်းလို့ပဲကွ…. အဟက် မင်းတို့ရွှမ်တုကသူတွေက ဘာများလုပ်မလို့လဲ… သူ့အတွက် မောကွန်းဗိမ္မာန်ဆောက်ပေးမှာလား… ရွှေရုပ်တု ဆောက်ပေးမှာလား…. ပူဇော်ကိုးကွယ်မှာလား… မင်းတို့က စာခြောက်ရုပ်ကို နေ့တိုင်း ဓားနဲ့ထိုး၊ မြှားနဲ့ပစ်နေကြတာ…. တံတွေးနဲ့ပါ ထွေးတဲ့အပြင် ဆဲဆိုကြသေးတယ်…”

သားသတ်သမား၊ လော့ဝူရွှမ်နှင့် တျန်းရှုတို့မှာ တိတ်ဆိတ်ကြသည်။ သူတို့က သူ့ကို ပေါက်ကွဲခွင့်ပေးထား၏။

“မင်းတို့ရွှမ်တုကောင်တွေက မျက်နှာပြောင်လိုက်ကြတာ..”

ကျဲ့ဟွလီက ရွှမ်တု၏ နေစောင့်ရှောက်သူများနှင့် ပြည်သူ၊ ပြည်သားများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “မင်းတို့မှာ သတ္တိရှိရင် ထရပ်ပြီး တစ်ခုခုပြောကြ…. ‌ ကျုပ်တို့ ကောင်းကင်နတ်အရှင်မူ ကယ်တာကို မလိုချင်ပါဘူး.. ကောင်းကင်နတ်အရှင်မူ ကယ်မပေးပါနဲ့… ကျုပ် သေချင်ပါတယ်…. ထရပ်ပြီး တစ်ခုခု ပြောကြစမ်း…”

“ဟုတ်ပါပြီ.. ထပ်ပြောစရာမလိုတော့ပါဘူး…. ကျွန်တော် ကောင်းကင်နတ်အရှင်ဟုန်ကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူး…”

ချင်မူက လက်မြှောက်၍ ရွှမ်တုပြည်သူ၊ ပြည်သားများကို စေ့စေ့ကြည့်လိုက်သည်။ “ဟုတ်ပါတယ်.. ကျုပ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ချင်မူပဲ…”

တျန်းရှုက ရှေ့တစ်လှမ်းတက်ကာ မှင်သေသေ ပြော၏။ “ကျုပ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တျန်းရှု…"

သားသတ်သမားက ရှေ့သို့တက်ပြီး သူ့ကောင်းကင်ဓားမကို မြေပြင်တွင် ထိုးစိုက်လိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်ဓားမ..”

လော့ဝူရွှမ်က ရှေ့တက်၍ သူ၏ဓားမတစ်လက်ကို ကိုင်ထား၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ လော့ဝူရွှမ်…”

ကျဲ့ဟွလီက အသက်ပြင်းပြင်းရှူကာ အေးစက်စွာ နှာမှုတ်လိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကျဲ့ဟွလီ…”

ချင်မူက နေ့စောင့်ရှောက်သူများနှင့် ရွှမ်တုပြည်သူ၊ ပြည်သားများကို ပြောသည်။ “မော်ကွန်းဗိမ္မာန်လုပ်တာတွေ၊ ရွှေရုပ်တုလုပ်တာတွေ… ပူဇော်‌တာတွေက ခင်ဗျားတို့ သဘောအတိုင်းပဲ…. ကျုပ်တို့လုပ်နေတာတွေက တရားမျှတမှုနဲ့ မဆိုင်ဘူး.. ကျုပ်တို့ စိတ်အေးသက်သာချင်လို့ လုပ်နေတာ… ကျုပ်တို့ နာမည်ကြီးအောင် လုပ်ပေးစရာ မလိုဘူး… ကျုပ်တို့ ရွှမ်တုမှာ သေသွားရင် ကျုပ်တို့အတွက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ သင်္ချိုင်းသာ လုပ်ပေး… သွားကြစို့…”

All Chapters