မြစ်ပြင်ထက်က အလှပဂေး
Vol. 110 Ch. 1446
ချင်မူ၊ သားသတ်သမားနှင့် ကျန်သူများသည် နေစောင့်ရှောက်သူများနှင့် ရွှမ်တုပြည်သူများအား ထားရစ်ကာ ထွက်သွားကြ၏။ တခဏကြာသော် နေစောင့်ရှောက်သူများနှင့် ရွှမ်တုပြည်သူများလည်း ရွှက်လွှင့်ကာ ယွမ်တုသို့ ထွက်လာခဲ့ကြလေသည်။ အားလုံး ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်ကြပ်နေသည်။
သူတို့နေဖြင့် ယွမ်တုတွင် အခြေချရလိမ့်မည်။ ချင်မူ၊ သားသတ်သမား၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ်နှင့် တျန်းရှုတို့၏ စွန့်စားခန်းဇာတ်လမ်းကား မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပြောစမှတ်တွင်ပေလိမ့်မည်။
ကျဲ့ဟွလီက သက်ပြင်းရှည်ကြီးချ၍ ချင်မူ့ဆီ ကြည့်ပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ "ဆူပြီးတော့မှပဲ ရင်ထဲ ပေါ့သွားတော့တယ်... ကောင်းကင်နတ်အရှင်မူ၊ မင်းက လူရိုးတစ်ယောက်ပဲဟ..."
သူက အလျင်အမြန် ထပ်ဖြည့်ပြောသည်။ "မင်းက အရိုးထဲထိတောင် ရိုးလွန်းနေပြီ... ရန်သူတွေအပေါ် ရက်စက်ကောက်ကျစ်တတ်ပေမယ့် ကိုယ့်လူတွေနဲ့ သာမန်လူတွေအပေါ်မှာတော့ ရိုးသားလွန်းတယ် ... မာမာထန်ထန်ကြီးတောင် ပြောမထွက်ဘူး...ငါနဲ့မင်း မတူတာ အဲ့ဒါပဲကွ"
သူကား စိတ်အားတက်ကြွနေပြီး အာပေါင်အာရင်းသန်သန် ဆက်ပြောသည်။ "ငါက ပြောစရာရှိရင် ပြောလိုက်ရမှ ကျေနပ်တဲ့ကောင် ... မကျေနပ်ရင်လည်း ဒဲ့ပဲ ပြောတယ်... လူကောင်းတွေ ဒုက္ခရောက်နေမှာကို ခွင့်မပြုနိုင်သလို လူဆိုးတွေ ကောင်းစားတာကိုလည်း မလိုလားဘူး ... လူဆိုးတစ်ယောက်ဟာ ဘယ်လောက်ဆိုးဆိုး ၊ ကောင်းတာလေး တစ်ခုလုပ်ပြလိုက်ရင် အားလုံးက အဟုတ်တွေ မှတ်နေရော ...အဲ့လိုပဲ လူကောင်းတစ်ယောက်က ဘယ်လောက်ကောင်းပေးကောင်းပေး နည်းနည်းလေး မမှားလိုက်နဲ့ ... တန်းဆဲခံရရောလေ... ငါတော့ အဲဒါမျိုး လုံးဝသည်းမခံနိုင်ဘူး"
တျန်းရှုက ရယ်လျက် ပြော၏။ “မိစ္ဆာဓားမ ကျဲ့ဟွလီဆိုတဲ့အတိုင်း စိတ်ဓာတ်ဖြောင့်မတ်ပြီး သူ့ဓားမသွားအတိုင်း ခံ့ညားတည်တံ့တာပဲ…”
ကျဲ့ဟွလီက သူ့အနောက်ရှိ နဂါးသွားမိစ္ဆာဓားမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း တဟားဟား ရယ်၏။ “ကျုပ်က ကျုပ်လေးစားရတဲ့ မိတ်ဆွေကို ဆဲဆိုမခံရစေချင်လို့ပါ…. ဂိုဏ်းသခင်ချင်၊ ကောင်းကင်နတ်အရှင်မူ၊ တိရိစ္ဆာန်ကောင်၊ အဖျက်အဆီးကောင်ချင်၊ သူခိုးမူ… ကျုပ် သူ့ကို ဘယ်လိုပဲခေါ်ခေါ် သူက ကျုပ်လေးစားရတဲ့ မိတ်ဆွေတစ်ယောက်ပဲ…. သူ့မှာ ပြဿနာလေးတွေ အများကြီးရှိပေမယ့် အမှားအမှန်နဲ့ ပက်သက်လာရင်တော့ အမှားလုပ်ခဲ့တာ တစ်ခုမှ မရှိခဲ့ဖူးဘူး…”
ချင်မူ့မျက်လုံးများမှာ နီရဲလာနေသော်လည်း သူက ရယ်လိုက်သည်။
လော့ဝူရွှမ်က ပြုံးလျက် ဝင်ပြော၏။ “ဒါမှ ငါ့တပည့်….”
သူက ချက်ချင်း ထည့်ပြောသည်။ “ငါ့အရင်ကတပည့်…”
သားသတ်သမားက သူ့ကို တစ်ချက်ကြည့်ကာ ပြော၏။ “သူက မင်းတပည့်ဖြစ်ခဲ့ဖူးတယ်ဆိုပေမယ့် ငါ့ဆီကနေ အများကြီး သင်ယူခဲ့တာပါ… ငါ့နောက် အချိန်တစ်ခုအထိ လိုက်ပြီးမှသာ ပိုများများ သင်ယူနိုင်ခဲ့တာ…”
လော့ဝူရွှမ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဘာမှ ဆက်မပြောတော့ချေ။
ချင်မူက သူတို့ကို ပြုံးပြ၏။ ထိုလူများအားလုံးမှာ သူ့မိတ်ဆွေများ ဖြစ်ကြသည်။ တစ်ယောက်က သူ့အဘိုးဖြစ်သော်လည်း ဆရာကောင်းတစ်ယောက်နှင့် မိတ်ဆွေကောင်းတစ်ယောက်ဖြင့် ပို၍ တူသည်။ ထိုသို့မိတ်ဆွေမျိုးရှိရခြင်းက အတော်လေး ကံကောင်းပေသည်။
သူ့သိုင်းအခြေခံက လျင်မြန်စွာ ပြန်သက်သာလာနေသည်။ ဘိုးဘေးနန်းတော်၏ နဂါးသွဲ့စင်မြင့်များနှင့် ကောင်းကင်နန်းဆောင်အမျိုးမျိုး၏ နဂါးသွဲ့စင်မြင့်များသည် သိုင်းအခြေခံအား အံ့မခန်းလိလိ အမြန်နှုန်းဖြင့် တိုးတက်လာနေစေ၏။
မှန်ပါသည်။ သူ၏ လက်ရှိသိုင်းအခြေခံက နက်နဲလွန်းလေရာ ပြန်လည်သက်သာလာနှုန်းက အင်မတန် မြန်ဆန်လျှင်တောင်မှ အထွတ်အထိပ်အခြေအနေသို့ ရောက်ရန် ရက်အနည်းငယ် ယူရပေလိမ့်မည်။
ချင်မူက သူ ဘိုးဘေးနန်းတော်မှ ယူလာခဲ့သော ပရဆေးပင်များ ထုတ်ကာ သူ့ကိုယ်တိုင်အတွက် စွမ်းအင်ဆေးလုံးများ ဖော်စပ်၍ ချီစွမ်းအင် အလျင်အမြန် ပြန်လည်ပြည့်တင်းလာအောင် ကြိုးစားနေသည်။ သူ နည်းလမ်းနှစ်မျိုးလုံးကို သုံး၍ ကောင်းကင်နတ်အရှင်ဟုန် သူ့အား ရှာမတွေ့နိုင်ရန်နှင့် သူ ထွက်မပြေးနိုင်အောင် မလုပ်နိုင်အောင် ကြိုတင်ကာကွယ်နေသည်။
ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်တာအိုလက်နက်များကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။ ကောင်းကင်ဥပဒေ တာအိုလက်နက်က စုစုပေါင်း ၄၉ ခုရှိသဖြင့် ၄၇ ခု ရခဲ့လျှင်တောင်မှ ကောင်းကင်တာအိုလက်နက် မပါပါက ထိုကောင်းကင်တာအိုလက်နက်များသည် စွမ်းအားကြီးရတနာများထက် ပိုလိမ့်မည်မဟုတ်ပေ။
ကောင်းကင်ဥပဒေ တာအိုလက်နက်ကို ရပြီးမှသာလျှင် ထိုတာအိုလက်နက်များ၏ စွမ်းအားကို ပေါင်းစည်း၍ အံ့မခန်းလိလိ ခွန်အားဖြင့် အထွတ်အထိပ် ကောင်းကင်ရတနာတစ်ခုကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားဘုရင် သွန်းလုပ်ထားသော ကောင်းကင်တာအို အထွတ်အထိပ်ရတနာထက်ပင် ပို၍အစွမ်းထက်လိမ့်မည်။
“ဒါကြောင့် ကောင်းကင်နတ်အရှင်ဟုန်က ရွှမ်တုပြည်သူ၊ ပြည်သားတွေဆီ လိုက်မဖမ်းဘဲ ငါတို့ကို လိုက်ဖမ်းတာပဲ..”
ချင်မူ့အကြည့်က တောက်ပသွားပြီး သူတို့ငါးယောက်က ကောင်းကင်နယ်စားမင်းရှိရာသို့ ပျံသွားကြချေပြီ။
ကောင်းကင်နယ်စားမင်းသည် အနှိုင်းမဲ့အောင် တင့်တယ်ခမ်းနားနေသောကြောင့် သူ့တစ်ကိုယ်လုံးကို မြင်ရရန် မလွယ်ပေ။ လမ်းတလျှောက်တွင် နောက်ထပ် နတ်ဘုရားမြို့များ တွေ့မြင်ခဲ့ရ၏။ ရွှမ်တု၏ ကျယ်ပြန့်သော အပိုင်းတွင် နတ်ဘုရားမြို့ ၄၉ မြို့ရှိပြီး ၎င်းတို့အားလုံးမှာ ကောင်းကင်တာအို ၄၉ ခုကို အစွဲပြု၍ နာမည်မှည့်ဆိုထားကြခြင်းဖြစ်သည်။
ကမ္ဘာဦးခေတ်တွင် ထိုနတ်ဘုရားမြို့များမှာ ကောင်းကင်နတ်မြစ် ပတ်ပတ်လည်တွင် တည်ဆောက်ထားကြခြင်းဖြစ်ပြီး အလွန်အမင်း ရှေးကျ၏။
နဂါးဟန်ခေတ်တွင် တောင်ကောင်းကင်မုခ်၀ကို ဖြတ်၍ ကောင်းကင်နတ်မြစ် စီးဆင်းနေသည်အား ထိန်းချုပ်ရန် ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့လေရာ ကောင်းကင်နတ်မြစ်၏ ရေစီးကြောင်းမှာ များများစားစား မပြောင်းလဲခဲ့ချေ။
သို့သော် နဂါးဟန်ခေတ်အလယ်ပိုင်းနှင့် နှောင်းပိုင်းများတွင်တော့ ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံမှ ရွှေ့ပြောင်းခဲ့သဖြင့် ကောင်းကင်နတ်မြစ်ကို လမ်းကြောင်းပြောင်းသွားစေခဲ့သည်။ ရွှမ်တုတွင် ကောင်းကင်နတ်မြစ် အရိပ်အယောင်မရှိတော့ဘဲ နတ်ဘုရားမြို့ ၄၉ ခုနှင့် ကောင်းကင်နတ်မြစ်၏ ရှေးလမ်းကြောင်းတို့သာ ကျန်ရစ်စေခဲ့၏။
ယနေ့တွင် ကောင်းကင်နတ်မြစ်သည် မူလနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့လေပြီ။ ရှေးလမ်းကြောင်းတွင် မာန်ဟုန်မြစ်ရေများ စီးဆင်းနေပြီး ရွှမ်တု၏ ကြယ်တာရာကို ရောင်ပြန်ဟပ်နေစေသည်။ ၎င်းက အလွန်တရာ လှပ၍ ခမ်းနားတင့်တယ်၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ အသတ်အဖြတ်စိတ်ဆန္ဒများကို သယ်ဆောင်လာလေသည်။
အံ့ဩစရာအကောင်းဆုံးအရာမှာ တျန်းဖန်နတ်ဘုရားမြို့သည် ကောင်းကင်နတ်ဘုံစစ်တပ်အား တားဆီးမည့် ၀င်ပေါက်ဖြစ်နေသည့်အတွက် ဖျက်ဆီးခံလိုက်ရခြင်းပင်။ ကောင်းကင်နတ်မြစ်ကား ထိုနေရာမှ ရွှမ်တုသို့ စီးဆင်းလာနေပြီး တျန်းဖျန်မြို့က ရွှမ်တုအတွက် မုခ်၀သဖွယ် ဖြစ်နေသည်။
တျန်းဖျန်မြို့သည် အလွန်တရာ အရေးပါသည့်အတွက် ကောင်းကင်နတ်ဘုံစစ်တပ်အား ခုခံရန် တိချင်းသည် အားလုံးကို ထိုနေရာသို့ ခေါ်သွားခဲ့ခြင်းဖြစ်၏။
တျန်းဖျန်မြို့တွင် ရွှမ်တု၏ အကြီးမားဆုံးအင်အား စုစည်းနေခဲ့သောကြောင့် အခြားနတ်ဘုရားမြို့များတွင် အင်အားနည်းနေလေသည်။ ကောင်းကင်နတ်ဘုံစစ်တပ်သည် ဤနေရာသို့ ရောက်လာခဲ့ပြီး ဖြစ်သည့်အတွက် လမ်းတစ်လျှောက်တွင် စိစိညက်ညက် ကြေနေခဲ့သည့် နတ်ဘုရားမြို့များကို ချင်မူတို့ မြင်ခဲ့ရလေသည်။
လမ်းတလျှောက်တွင် ရွှမ်တု၏ နတ်ဘုရားများစွာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်ကိုလည်း တွေ့မြင်ခဲ့ရ၏။ ထိုနတ်ဘုရားများမှာ ကောင်းကင်နတ်ဘုံစစ်တပ်မှ တပ်မှူးများ၏ စစ်သုံ့ပန်းများ ဖြစ်နေကြသည်။
ကြယ်တာရာကောင်းကင်ထက်တွင်လည်း အလောင်းများ မရေမတွက်နိုင်အောင် မျောလွင့်လျက်ပင်။ တွေ့ကြရနိုင်၏။ အလောင်းများအကြားတွင် နတ်ဘုရားမိစ္ဆာများ ရှိကြသော်လည်း အများစုမှာ ရွှမ်တုမှ သာမန်သတ္တါများ ဖြစ်ကြသည်။
နတ်ဘုရားတစ်ပိုင်းများ ပါကြသော်လည်း ၎င်းတို့ထဲတွင် နတ်ဘုရားအဆင့်အထိ မကျင့်ကြံနိုင်သော သာမန်သတ္တဝါများလည်း ပါ၀င်ကြ၏။
သင်္ဘောခန်းများဆီသို့ ဖမ်းဆီးခေါ်ဆောင်ခံသွားရသည့် ရွှမ်တုသတ္တဝါများလည်း ရှိကြသည်။ ထိုပုဂ္ဂိုလ်များနှင့် ဖမ်းဆီးခံရသော ရွှမ်တုနတ်ဘုရားများသည် စစ်တပ်အမျိုးမျိုးမှ တပ်မှူးများ၏ ကျွန်များဖြစ်လာ၍ နေရာအမျိုးမျိုးသို့ ပို့ဆောင်ခံရလျှင်ခံရ၊ မခံရလျှင် အမျိုးမျိုးသော ကောင်းကင်ဘုံများ၏ ကျောက်တုံးတွင်းများဆီသို့ ရောင်းချခံရပေလိမ့်မည်။
“အရင်က ခမ်းနားအင်အားကြီးခဲ့တဲ့ ရွှမ်တုက ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ”
တျန်းရှုက ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချလိုက်သည်။
သူတို့၏အမြန်နှုန်းက ပိုပို၍ မြန်ဆန်လာပြီး ကောင်းကင်နတ်ဘုံစစ်တပ်ကို ရှောင်ကာ ကောင်းကင်နယ်စားမင်းရှိရာသို့ ဦးတည်သွား၏။
ကောင်းကင်တာအို၏ အသတ်အဖြတ်အရှိန်အဝါက ပိုပို၍ သိပ်သည်းလာသည်။ ကောင်းကင်တာအို အားကောင်းလာခြင်းက ချင်မူ၏ ဘိုးဘေးနန်းတော်ထဲရှိ နတ်ဘုရားစီရင်ရာစင်မြင့်ကို ပိုပို၍ အားကောင်းလာစေ၏။ အသတ်အဖြတ်အရှိန်အဝါက နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် အော်မြည်နေကြသည့် ဓားမများ ဖြစ်လာကြသည်။
သူတို့သိုင်းအဆင့်များ တိုးတက်ခဲ့သည့်တိုင် သူတို့ငါးယောက်မှာ နှလုံးသားများ လေးလံနေကြသေး၏။
ကောင်းကင်တာအို ပို၍သန်မာလေလေ ရွှမ်တုတွင် သတ္တဝါများ ပိုမိုသေဆုံးရလေလေပင်။
“အသတ်အဖြတ်အရှိန်အဝါက သိပ်သည်းလာရင် ၁၅ ခုမြောက် ကောင်းကင်တာအိုလက်နက်ကို ဖွဲ့တည်မှာလား” သားသတ်သမားက ရေရွတ်လိုက်၏။
“မဟုတ်ဘူး… နတ်အရှင်မချန်းက ကောင်းကင်နတ်ဘုံရဲ့ အထွတ်အမြတ်နယ်မြေ နတ်ဘုရားစီရင်ရာစင်မြင့်ကို သယ်လာပြီးတော့ ကောင်းကင်တာအိုရဲ့ အသတ်အဖြတ်အရှိန်အဝါကို သိမ်းပိုက်သွားလိမ့်မယ်..”
ချင်မူ့အကြည့်များ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သူက ပြော၏။ “မဟာဧကရာဇ်က နတ်ဘုရားစီရင်ရာဓားမမှာ အသက်၀င်လာနိုင်မယ့် ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး…”
ရုတ်တရက် ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာပြီး နေရာဟင်းလင်းပြင်သည် သွက်ခနဲ တုန်ခါသွားသည်။ ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အသံလာရာသို့ ကြည့်လိုက်၏။ လှပသောအမျိုးသမီးတစ်ယောက်၏ အရိပ်တစ်ခု ကောင်းကင်နတ်မြစ်ဘေးမှ ဖြတ်သွားသည်အား တွေ့လိုက်ရသည်။ သူ့အနောက်တွင် ကောင်းကင်နတ်အရှင်ဟွေ့က လိုက်ပါသွား၏။
ကောင်းကင်နတ်အရှင်ဟွေ့က တာအိုမီးလျှံဘိုးဘေးနယ်မြေကို လက်တစ်ဖက်တွင် ကိုင်ထားပြီး တာအိုမီးလျှံ ယဇ်ပလ္လင်ကိုးလွှာက သူ့ခေါင်းပေါ်တွင် ရှိနေသည်။ သူက ခန္ဓာကိုယ် တောင့်တင်းသန်မာစွာဖြင့် ကောင်းကင်နတ်အရှင်ယွဲ့အနောက်မှ လိုက်နေ၏။
‘ကောင်းကင်နတ်အရှင်ဟွေ့ကို အကွက်ချကြံစည်နိုင်မယ့် အခွင့်အရေးတစ်ခုခု ရှိမလား မသိဘူး”
ချင်မူမှာ ဤသို့တွေးလိုက်မိချိန်မှာပဲ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ အင်္ကျီလက်အိုးများ တဖတ်ဖတ် လွင့်ခတ်လျက် ရောက်လာနေသော ကောင်းကင်နတ်အရှင်ဟုန်ကို မြင်လိုက်ရသည်။
“သွားကြစို့”
ချင်မူ၏ သင်္ဘောက မြောက်တက်သွားပြီး သူတို့လေးယောက်ကို ခေါ်ကာ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းများ အသုံးပြု၍ ကောင်းကင်နတ်အရှင်ဟုန်ကို ရှောင်တော့မည့်အချိန် ကြယ်တာရာကောင်းကင်တစ်ခုသည် ရွှမ်တုအရှေ့တွင် ရုတ်တရက် ပေါ်လာ၏။
အစတွင် ၎င်းကား ကြယ်စင်စုသေးသေးလေးသာ ဖြစ်သော်လည်း မကြာမီ ကြီးမားလာသည်။ ကြီးမားကျယ်ပြန့်သော အသိစိတ်အလျဉ်က ရွှမ်တုထဲတွင် မြင်ယောင်ဖန်ဆင်းရင်း အတုအယောင်အား အစစ်အမှန် ဖြစ်လာစေသောကြောင့် ကောင်းကင်နတ်အရှင်ဟုန်နှင့် ချင်မူတို့အကြား ကြယ်တာရာများ ထွက်ပေါ်ပြန့်ကားလာစေတော့သည်။
“နတ်ဘုရင်လန်ဝူ”
ကောင်းကင်နတ်အရှင်ဟုန်က အဟက်ခနဲ ရယ်သံပြုကာ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းလာသည်။ ကောင်းကင်ထက်ရှိ ကြယ်တစ်စင်း ရုတ်တရက် ကောင်းကင်ဘုံတစ်ဘုံအသွင် ပြောင်းသွားသည်ကို မြင်လိုက်လျှင် သူ အငိုက်မိသွားသဖြင့် ထိုကောင်းကင်ဘုံထဲ ရောက်သွားမိသည်။
ကောင်းကင်နတ်အရှင်ဟုန်သည် သရော်သလို မဲ့ပြုံးဖြင့် ကောင်းကင်ဘုံထဲမှ ခုန်ထွက်လိုက်၏။ သို့သော် သူ၏ခန္ဓာကိုယ်က ကြယ်အလွှာတစ်လွှာပြီးတစ်လွှာ ဖြတ်ကျော်သွားသော်လည်း သူ ခုန်ထွက်လိုက်သည့် တခဏတွင် နောက်ထပ်ကောင်းကင်ဘုံတစ်ဘုံသို့ ရောက်သွားကြောင်း တွေ့လိုက်ရလေသည်။
ကောင်းကင်ဘုံအလွှာအထပ်ထပ်သည် ပန်းချီကားထဲက ပန်းပွင့်များပမာ တစ်ခုအပေါ်တစ်ခု ထပ်နေကြ၏။
ချင်မူမှာ ကောင်းကင်နတ်အရှင်ဟုန် ပိတ်မိသွားသည်ကို မြင်လျှင် စိတ်အေးသွားသည်။ သူ၏အသိစိတ်အလျဉ်ဖြင့် ကူညီပေးသူဆီသို့ ကြည့်လိုက်ရာ ကောင်းကင်နတ်မြစ်ထက်၌ လမ်းလျှောက်လာနေသော နတ်ဘုရင်လန်ဝူကို တွေ့လိုက်ရ၏။ အေးစက်ပြီး ကြည်လင်နေသော ကြယ်ရောင်သည် ပန်းပွင့်တစ်ပွင့်ပမာ သူမ၏ခြေထောက်၌ ဖွဲ့တည်လာ၏။
သူမ ဖြတ်လျှောက်လာသည့် နေရာတိုင်းတွင် ကောင်းကင်နတ်ဘုံစစ်တပ်မှာ စစ်ဗုံများကို လွှတ်ချမိကုန်ကြသည်။ လက်နက်များလည်း လွတ်ကျကုန်ကာ သူမကို ငေးငိုင်စွာ ကြည့်နေမိကြ၏။ သူမ ထွက်သွားပြီးသည့်အခါမှ အိပ်မက်တစ်ခုမှ နိုးထလာသလို သတ်ဖြတ်ချင်စိတ် ပြန်ထွက်ပေါ်လာသည်။
ချင်မူလည်း အဝေးရှိ အလှလေးဆီသို့ လှမ်းကြည့်မိသည်။ အလှလေးက သူ့ကို ကြည့်ကာ လက်ပြနှုတ်ဆက်လေသည်။