← Chapters

မှန်တစ်ချပ်လို

Vol. 110 Ch. 1447

မှန်တစ်ချပ်လို

Vol. 110 Ch. 1447

ချင်မူက ပြုံး၍ လန်ဝူကို လက်ပြနှုတ်ဆက်ပြီးနောက် သားသတ်သမား၊ တျန်းရှုနှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားသည့်အချိန်တွင် ဗလတောင့်တောင့် လူကြီးတစ်ယောက်က အနောက်မှ ငှက်တစ်ကောင်အလား ခုန်ထွက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူကား ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင် ရှစ်ချီလော်ပင်။

ကောင်းကင်နတ်ဘုံစစ်တပ်သည် လန်ဝူ၏ အလှကြောင့် ယစ်မူးသွားခဲ့သော်လည်း ရှစ်ချီလော်ကတော့ ရစ်မူးလိမ့်မည် မဟုတ်ချေ။

လန်ဝူမှာ သူနှင့် မယှဉ်နိုင်‌သောကြောင့် ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ ချက်ချင်း ထွက်ပြေးသွား၏။ ရှစ်ချီလော်က မာန်သွင်းဟိန်းဟောက်၍ လိုက်ဖမ်းသော်လည်း ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ မရောက်နိုင်သဖြင့် သက်ပြင်းသာ ချနေလေသည်။

ဤအချိန်တွင် ကောင်းကင်နတ်အရှင်ဟုန်ကား လန်ဝူ၏ ကျော့ကွင်းမှ လွတ်လာသဖြင့် ၃၅ ခုမြောက် ဟင်းလင်းပြင်ဆီသို့ လက်သီးဖြင့် ထိုးလိုက်၏။ သူ၏အတိုက်အခိုက်စွမ်းရည်က အားကောင်းလှသဖြင့် ရှစ်ချီလော်ထက် များစွာသန်မာသည်။ လန်ဝူအနေဖြင့် ၃၅ ခုမြောက် ဟင်းလင်းပြင်တွင် ပုန်းခိုရန် အန္တရာယ်မကင်းပေ။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်လန်၀ူသည် ယိုတုကို မြင်ယောင်ဖန်ဆင်း၍ ၃၅ ခုမြောက် ဟင်းလင်းပြင်ထဲတွင် ယိုတု ဖြစ်တည်လာစေသည်။ ၎င်းက မည်းမှောင်၍ မှုန်ဝါးနေ၏။

ကောင်းကင်နတ်အရှင်ဟုန်မှာ သူမဆိုလိုသည်ကို နားမလည်သော်လည်း နတ်ဘုရင်လန်ဝူ ဖန်တီးထားသည့် ယိုတုကမ္ဘာထဲတွင် အလင်းရောင်တို့ ခပ်ရေးရေး ထွက်ပေါ်နေသည်အား မြင်နေရသည်။ သူမအနောက်တွင် စက္ကူလှေတစ်စင်းက မြောလွင့်လာနေ၏။

“ကောင်းကင်နတ်အရှင်ရုံ…”

ကောင်းကင်နတ်အရှင်ဟုန်က ခပ်ဟဟ ရယ်လိုက်သည်။ ရွှမ်တုသည် ကောင်းကင်တာအို၏ အထွတ်အမြတ်နယ်မြေဖြစ်သည့်အလျောက် ချင်မူကား ရွှမ်တုတိုက်ပွဲတွင် ပါ၀င်တိုက်ခိုက်ရန် ကောင်းကင်နတ်အရှင်ရုံကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူ့အပေါ် ရွှမ်တု၏ ဖိနှိပ်နေမှုက ကြီးမားလွန်းလှသည်။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ရုံမှာ နတ်ဘုရင်လန်ဝူ ဖန်တီးထားသော ယိုတုကို အားကိုးအခြေပြုကာ တိုက်ခိုက်နေရသည်။

ထိုသို့‌အခြေအနေမျိုးအောက်တွင် ကောင်းကင်နတ်အရှင်ရုံနှင့် နတ်ဘုရင်လန်ဝူ ပူးပေါင်းလိုက်လျှင်တောင်မှ သူနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

သူ၏ကောင်းကင်တာအိုလက်သီးသည် ကြီးမားသန်မာပြီး ဟင်းလင်းပြင်အလွှာများကို ဖျက်ဆီးပစ်နိုင်၏။ နတ်ဘုရင်လန်ဝူအနောက်ရှိ ‌စက္ကူလှေပေါ်တွင် ကောင်းကင်နတ်အရှင်ရုံက မီးအိမ်တစ်လုံးကို ကိုင်လျက် သူ့အပေါ်တွင် အလင်းရောင်ကျသွားစေသည်။

မီးအိမ်၏အလင်းရောင် နှိုင်းယှဉ်မရလောက်အောင် တောက်ပလာသည့်အချိန်မှာပင် မရေမတွက်နိုင်သော စက္ကူလှေများ၊ မရေမတွက်နိုင်သော မီးအိမ်များနှင့် မရေမတွက်နိုင်သော ကောင်းကင်နတ်အရှင်ရုံတို့က မြင်‌ယောင်ဖန်ဆင်းထားသော ယိုတုကမ္ဘာတွင် ပေါ်လာကြသည်။

ဤအချိန်တွင် ယိုတု၌ ဗလာကျင်းနေ၏။ မြေအောာက်ဘုံအရှင်သခင်နှင့် သူ့အား သစ္စာစောင့်သော တစ္ဆေများ၊ မိစ္ဆာအချို့နှင့် တစ္ဆေဘုရင်တချို့သာ ကျန်ရစ်ခဲ့တော့သည်။ အရေအတွက် ကုဋေသန်းပေါင်းများစွာ ရှိသော မရဏတမန်တော်များမှာလည်း အစအနပင်မကျန်အောင် ပျောက်ကွယ်သွားကြတော့သည်။

သူတို့ကား ရွှမ်တုသို့ ရောက်နေကြပြီဖြစ်ကာ ယခုတွင် နတ်ဘုရင်လန်ဝူအနောက်၌ ပေါ်လာကြချေပြီ။

ထိုသေခြင်းသံတမန်များက သူတို့၏ မီးအိမ်များကို တစ်ပြိုင်နက်တည်း မြှောက်၍ ထွန်းညှိကာ ကောင်းကင်နတ်အရှင်ဟုန်၏ ကောင်းကင်လက်သီးအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ၃၅ ခုမြောက် ဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသဖြင့် လူများက သူတို့ကို အံ့ဩမှင်သက်စွာ ကြည့်လိုက်ကြလေသည်။

ကောင်းကင်နတ်အရှင်ဟုန်၏ လက်သီးသည် ၃ ၃၅ ခုမြောက် ဟင်းလင်းပြင်ကြောင့် အားနည်းနေသော်လည်း ၎င်း၏စွမ်းအားကား ထူးကဲနေသေးသည်။ သို့သော် ကောင်းကင်နတ်အရှင်ရုံက ၎င်းကို တားလိုက်နိုင်သဖြင့် လူတိုင်းမှာ ကောင်းကင်နတ်အရှင်ရုံ၏ ခွန်အားအပေါ် မေးခွန်းထုတ်သွားမိကြသည်။

ကောင်းကင်နတ်အရှင်ရုံ တိုက်ကွက်ကို ခုခံလိုက်သည့်အခါ နတ်ဘုရင်လန်ဝူက ဤအခွင့်အရေးကို အသုံးချကျကာ မရေမတွက်နိုင်သော မရဏတမန်တော်များနှင့်အတူ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟုန်နှင့် ရှစ်ချီလော် သူ့အနောက်သို့ လိုက်မှီတော့မည့်အချိန်၌ ရုတ်တရက် ‌ရွှမ်တု၏ ကောင်းကင်မှာ အဆပေါင်းများစွာ ကျယ်ပြန့်ကာ နေရာတစ်ခုတည်းတွင် ပြန်စုဝေးသွားကြ၏။ ကောင်းကင်နတ်အရှင်ဟုန်နှစ်ပါးစလုံး အံ့အားသင့်သွားကြသည်။ ရှစ်ချီလော်က သူ့ကျောမှ ရတနာသေတ္တာကို ဖွင့်ကာ သေတ္တာထဲမှ တစ်စုံတစ်ခု ထုတ်လိုက်၏။

၎င်းက အစွန်းနှစ်ဖက်ရှိသည့် မျှော်စင်တစ်ခုဖြစ်ပြီး တစ်ဖက်စီမှာ နတ်မျက်လုံးများ ဖြစ်ကြသည်။

ရှစ်ချီလော်က နတ်မျက်လုံးမှတဆင့် ကြည့်လိုက်ရာ ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ရွှမ်တုကောင်းကင်နယ်စားမင်းဆီသို့ ပျံသန်းနေကြောင်း တွေ့လိုက်ရ၏။ နတ်အရှင်မချန်းက ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေသည်။

ယဇ်ပလ္လင်ပေါ်ရှိ လှေကားများမှာ ထူဆန်းပေသည်။ ရှစ်ချီလော် ကြည့်လိုက်သည့်အချိန်တွင် ယဇ်ပလ္လင်ပေါ်၌ လှေကားဆယ့်နှစ်ထစ် ရှိပြီး ကောင်းကင်နတ်အရှင်ဟုန် ကြည့်လိုက်သည့်အခါတွင်တော့ လှေကားကိုးထစ် ရှိနေသည်။

ယဇ်ပလ္လင်ပေါ်တွင် သွေးရောင်အသတ်အဖြတ်အရှိန်အဝါနှစ်ခုက ‌ဒေါသူပုန်ထနေသည့် နဂါးများအလား ရစ်ပတ်ကခုန်နေကြ၏။ သူတို့က ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဘုရားစီရင်ရာဓားမနှစ်လက်နှင့် အလွန်တရာ ဆင်တူပေသည်။

“ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်”

ရှစ်ချီလော်က ခပ်ဟဟ ရယ်လျက် ပြော၏။ “ဒီ‌ခွေးမက ဘိုးဘေးနန်းတော်ရဲ့ အထွတ်အမြတ်နယ်မြေကို ဒီအထိ ခေါ်လာတယ်ပေါ့… သူ ဘာလိုချင်နေတာလဲ…”

ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာက မည်းမှောင်သွားပြီး သူက အေးစက်စွာ ဖြေသည်။ “နတ်ဓားမအဖြစ် သွန်းလုပ်သန့်စင်နိုင်ဖို့ ကောင်းကင်ရဲ့ မိစ္ဆာစွမ်းအင်တွေကို ဒီနတ်ဘုရားစီရင်ရာစင်မြင့်ကနေ စုစည်းဝါးမြိုနေတာပဲ…”

ရှစ်ချီလော်လည်း အသေအချာကြည့်လိုက်သည့်အခါ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဘုရားစီရင်ရာ‌ဓားမနှစ်လက်၏ အရှိန်အဝါမှာ အဆက်မပြတ် တိုးတက်လာနေကြောင်း ခံစားလိုက်ရ၏။ သူတို့သည် ရွှမ်တုရှိ ကောင်းကင်တာအိုလက်နက်စွမ်းအင်များကို စုစည်း၍ နတ်ဘုရားစီရင်ရာဓားမများကို သန့်စင်နေလေသည်။

နတ်ဘုရားစီရင်ရာဓားမနှစ်လက်သည် သူတို့အတွက် အန္တရာယ်များများစားစား မရှိသော်လည်း ၎င်းတို့ တိုးတက်နေသည့် အမြန်နှုန်းက သူတို့ကို ရင်ခုန်စိတ်လှုပ်ရှားလာစေ၏။

“အခုချိန်က အဲ့ဒီလောက် အားမကောင်းသေးဘူး… ကေယင်းကင်နယ်စားမင်း သေသွားရင် မိစ္ဆာစွမ်းအင်တွေက အံ့မခန်းလိလိ အားကောင်းလာလိမ့်မယ်…”

ကောင်းကင်နတ်အရှင်ဟုန်က နှာခေါင်းရှုံ့၍ ပြောသည်။ “အမှန်ပြောရရင် နတ်အရှင်မချန်းက ကောင်းကင်နယ်စာမင်းရဲ့ ရုပ်ခန္ဓာကို ဝါးမြိုပြီး နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ကျင့်ကြံနေချင်တာ ဖြစ်နိုင်တယ်…”

သူက မှင်သေသေ ပြောသည်။ “အသတ်အဖြတ်အရှိန်အဝါကို စုပ်ယူတာက တာအိုကနေ မွေးဖွားလာတဲ့ ကောင်းကင်နယ်းစားမင်းကို စုပ်ယူတာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ…”

ရှစ်ချီလော်က အံ့ဩမှင်သက်စွာ မေးလိုက်သည်။ “အဲ့ဒီမိန်းမပျက်မက နတ်ဓားမနှစ်လက်နဲ့ ဘာလုပ်မလို့လဲ…”

“မဟာဧကရာဇ်က အဲ့ဒီနတ်ဓားမနှစ်လက်နဲ့ ဘာလုပ်မှာလဲ ပြောသင့်တာ…”

ကောင်းကင်နတ်အရှင်ဟုန်က အင်္ကျီလက်စများကို ခါ၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ “အရှင်မယွမ်မု၊ ကျုပ်တို့ မဟာဧကရာဇ်ကို ခုခံဖို့ ပူးပေါင်းရမယ်…..”

ရှစ်ချီလော်မှာ အလောတကြီး သူ့နောက်မှ ပြေးလိုက်သွားသော်လည်း ကောင်းကင်နတ်အရှင်ဟုန်ကား သူ့ထက် အဆပေါင်းများစွာ မြန်ဆန်နေသေးသည်။

ဝုန်း….

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ ရှစ်ချီလော်က ကောင်းကင်လက်နက်၏ ပခုံးပေါ်တွင် ရပ်နေပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နတ်အရှင်ဟုန်ကို လိုက်မှီနိုင်ရန် အလျင်အမြန် ပြေးသွား၏။

“ဟုန်၊ လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကို တွေ့မိသေးလား…”

သူ့စကားမဆုံးခင်မှာပင် ပြင်းထန်လှသော အလင်းတန်းတစ်တန်းက အဝေးမှ ပေါက်ကွဲထွက်လာပြီး ရွှမ်တုနှင့် သန်းပေါင်းများစွာသော ကြယ်တာရာများကို ဖောက်ထွက်သွားသည်။

နတ်ဘုရားလက်ချောင်း…

“လန်ရွှမ်က ဟိုဘက်မှာ ... သူက ရန်သူပဲ… ခိုင်ဧကရာဇ်ချင်ယဲ့များလား…. နတ်ဧကရာဇ်လန်ရွှမ်က နတ်ဘုရားလက်ချောင်းစွမ်းအားကို အသုံးပြုနိုင်တာမလား သူတစ်ယောက်တည်းပဲ အသုံးပြုနိုင်တာထင်တယ်…”

ရှစ်ချီလော်မှာ ဇဝေဇဝါဖြစ်သွားမိသည်။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အပေါ်တွင် ရပ်ကာ နတ်မျက်လုံးဖြင့် လှမ်းကြည့်လိုက်၏။ လန်ရွှမ်နှင့် တိုက်ခိုက်နေသူမှာ ခိုင်ဧကရာဇ်ချင်ယဲ့မဟုတ်ဘဲ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ယောက် ဖြစ်သည်။

ရှစ်ချီလော်မှာ မှင်သက်သွား၏။ “ဒီကောင်းကင်လက်နက်က ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ကောင်းကင်လက်နက်ပဲ… ကြည့်ရတာ ကောင်းကင်နယ်စားမင်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ပြီး နတ်ဧကရာဇ်လန်ရွှမ်ကို လိုက်ဖမ်းနေ‌တာ ဖြစ်ရမယ်… လန်ရွှမ်က ဒီမှာဆိုရင် ခိုင်ဧကရာဇ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်က ဘယ်မှာလဲ…”

ဘိုးဘေးနန်းတော်ထဲတွင် ခိုင်ဧကရာဇ်က ‌နတ်ဧကရာဇ်လန်ရွှမ် ပိုင်‌သော နဂါးသွဲ့စင်မြင့်ဆီမှ ထွက်လာသည်။ သူသည် တည်ငြိမ်မြဲတည်ငြိမ်နေသော်လည်း နတ်ဧကရာဇ်လန်ရွှမ်၏ လက်အောက်ငယ်သားများက သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။

“ငါ ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်နဲ့ ‌ကောင်းကင်မုခ်၀လေးခုဆီ ရောက်ပြီးပြီ…. နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်နဲ့ ကျောက်စိမ်းမြို့တော်တွေဆီကိုတော့ မသွားရသေးဘူး…. ကျောက်စိမ်းမြို့တော်က တော်တော် အန္တရာယ်များလောက်တယ်ဆိုတော့ အခုလောလောဆယ် သွားဖို့ မလိုသေးဘူး…. နတ်ဘုရားစီရင်ရာစင်မြင့်ကို နတ်အရှင်မချန်းက ယူသွားတာဆိုတော့ ဘိုးဘေးနန်းတော်မှာ မရှိဘူး… ငါ ရွှမ်တုဆီ သွားနိုင်ရင် နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ၀င်လို့ရတယ်…”

သူသည် ရွှမ်တုတွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပက်သက်၍ လုံး၀ အလျင်လိုနေပုံမပေါ်ဘဲ စဉ်းစဉ်းစားစားဖြင့် ပြော၏။ “ဒါဆို ငါ အကျဉ်းထောင်ကိုးထပ်အဆင့်ဆီ သွားပြီးရင် ရွှမ်တု‌‌ဆီ သွားသင့်တယ်…. ဒီအချိန်အတွင်းမှာ ကောင်းကင်နတ်အရှင်မူ ထိန်းထားနိုင်မှာမဟုတ်ဘူး….”

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်၏ ပိုင်နက်ကို တွေ့လိုက်ရသည်။

ခိုင်ဧကရာဇ်မှာ အနည်းငယ် အံ့ဩသွား၏။ သူ့အကြည့်က ကောင်းကင်နတ်မြစ်ဆီသို့ ရောက်ရှိသွားသည်။ သူ့အကြည့်က သူ့ဓားတာအိုကဲ့သို့ စူးရှနေပြီး အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်၏။

“ဒီကောင်းကင်နတ်မြစ်မှာလည်း မဟာတာအို စုစည်းနေတဲ့အတွက် ပင်လယ်ထဲမှာ ရွှမ်တုပုံရိပ်‌ယောင်ကို ပေါ်နေစေတယ်… ဒါကလည်း သိုင်းအဆင့်တစ်ဆင့် ဖြစ်လာနိုင်လား…”

ခိုင်ဧကရာဇ်က တခဏ တွေးနေ၏။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်မြစ်နဂါးနန်းဆောင်အဆင့်မျိုး ရှိတယ်လို့ မပြောခဲ့ဖူးဘူး…. အဲ့ဒီလိုအဆင့်မျိုး ရှိတယ်ဆိုတာ သူ မသိတာများလား…”

သူက ကောင်းကင်နတ်မြစ်ဆီလျှောက်သွားသည်။ ကောင်းကင်နတ်မြစ်သည် ငြိမ်သက်နေကာ မှန်တစ်ချပ်အလား တောက်ပနေ၏။ ၎င်းအလင်းရောင်က ရွှမ်တုရှိ အရာအားလုံးကို ရောင်ပြန်ဟပ်နေစေသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဘုံရှိ ကောင်းကင်ယင်ကမ္ဘာတွင်

ရှေးဟောင်းနတ်ဘုရားဘုရင်က ‌ကောင်းကင်ယင်နတ်ဘုရားမကို နှုတ်ဆက်ကာ သတိပေးသည်။ “နတ်အရှင်မ၊ ခင်ဗျားက ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့ဘူး…. ကောင်းကင်နယ်စားမင်းအတွက် တိုက်ခိုက်စရာမလိုပါဘူး… ခင်ဗျားရဲ့အသက်ကို ထည့်မစဉ်းစားရင်တောင် ကောင်းကင်ယင်ကမ္ဘာအတွက် စဉ်းစားသင့်တယ်..”

သူက ခေါင်းမော့၍ ကောင်းကင်နယ်စားမင်း၏ ခြေဖနောင့်များဆီသို့ ကြည့်လိုက်သည်။ ဤနေရာသည် ကောင်းကင်နယ်စားမင်း မျက်နှာလေးဖက်နတ်ဘုရား မဖြစ်နိုင်သည့် တစ်ခုတည်းသောနေရာ ဖြစ်၏။ ကောင်းကင်နယ်စားမင်းနှင့် ကောင်းကင်တာအို၏ အားနည်းချက်လည်း ဖြစ်ပေသည်။

All Chapters