← Chapters

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက ချစ်ခြင်း

Vol. 011 Ch. 1100

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက ချစ်ခြင်း

Vol. 011 Ch. 1100

သူ ဒေါသထွက်သွားသည်ကို ခံစားရသည့်အတိုင်း သစ်ပင်အခေါင်းထဲ တွင် တိတ်ဆိတ်မှုလွှမ်းခြုံသွားလေသည်။ သူသည် အမှန်တကယ် ဒေါသ မထွက်ပေ။

ထိုအသက်အရွယ်ထိနေလာရာတွင် သူ့ကို ဒေါသဖြစ်အောင်လုပ်နိုင် သည်မှာ အရာအနည်းငယ်သာရှိသည်။

ရှီမာယူယူသည် လှည့်ပတ်ကြည့်ရာ မြင်ရသမျှမှာ သစ်ပင်အခေါက်များ သာဖြစ်လေသည်။

“ဒီမှာ နားလည်ထားရမယ့် စည်းမျဉ်းများရှိမလား”

သူမသည် ဖြည်းညင်းစွာထိုင်လိုက်ရာ နူးညံ့သောသစ်ရွက်များမှ ထွက် သော အနံ့ဖျော့ဖျော့သည် အနံ့ရသည်နှင့် စိတ်လက်ပေါ့ပါးသွားလေသည်။

“သစ်ပင်အခေါက် သစ်ပင်အခေါက် သစ်ပင်အခေါက်မှာ ဘာစည်းမျဉ်း များရှိမှာမို့လို့လဲ” သူမသည် ထိုသစ်ပင်အခေါက်များကိုစိုက်ကြည့်လိုက် သည်။ သို့သော် သစ်ပင်အခေါက်သည် သစ်ပင်အခေါက်ပင်ဖြစ်သည်။ သူမ သည် ကွာခြားချက်ကိုရှာမတွေ့ပေ။

တစ်ချိန်တည်းမှာပင် တခြားသောသစ်ပင်အခေါင်းတွင် ဟန့်မြောင်ရွှမ် နှင့် စူးရှောင်ရှောင်တို့သည်လည်း တူညီစွာပင်ကြိုးစားနေကြသည်။ သို့သော် သူမနှင့် သူတို့ကြားကွာခြားချက်မှာ.. သူတို့မြင်ရသည်မှာ မတူညီသော ပတ်ဝန်းကျင်ဖြစ်ပြိး သူမ ကြည့်နေသည်မှာ မူလသစ်ပင်အခေါက်ဖြစ်သည်။

“ချင်ယိ” ရှောင်ချီသည် သစ်ပင်အကိုင်းပေါ်တက်ပြီး သူမဘေးမှလူကို ခေါ်လိုက်သည်။

“ဟင်” ချင်ယိသည် ခေါင်းလှည့်ပြီး သူ၏ သူငယ်ချင်း အရမ်း အရမ်းကောင်းတဲ့သူငယ်ချင်းဖြစ်တဲ့ ထိုမိန်းကလေးငယ်လေးကို ကြည့်လိုက် သည်။

“ချင်ယိ နင်ဘယ်သူလဲဆိုတာ ငါမှတ်မိတယ်” ရှောင်ချီ ဆက်ပြောလေ သည် “တောင်းပန်ပါတယ် ငါမေ့သွားတာ”

ချင်ယိ၏ နှုတ်ခမ်းထောင့်သည် တွန့်ပြီးအပြုံးဖြစ်သွားကာ သူ့လက်များ ကိုဆန့်တန်းပြီး သူမ ခေါင်းကိုပုတ်ပြီးပြောလေသည် “မင်းဒီလောက်ထိ ဆုတ်ယုတ်သွားမယ်လို့ မထင်မိဘူး ပြီးခဲ့တဲ့နှစ်တွေမှာ အများကြီးခံစားရမှာပဲ”

ရှောင်ချီ ခေါင်းခါလိုက်သည် “မှတ်ဉာဏ်မရှိတော့ နာကျင်တာမရှိဘူး”

သူမ ထပြီး ချင်ယိပေါ်မှီကာ ပြောလိုက်သည် “ဒါပေမဲ့ ဒီလောက်နှစ်တွေ ကြာပြီးသွားတာကို နင်က အတိတ်ကိုမှတ်မိနေတော့ ငါ့ထက်ပိုခံစားရမှာပဲ”

ချင်ယိသည် ရှောင်ချီအား ဖက်လိုက်သည်။ သူမ၏ လက်ချောင်းလေး များသည် အရင်ကနှင့် ကွာခြားလှသည်။ ခံစားရသည်မှာ ကွာခြားလှသော် လည်း သူမှတ်မိသည့် အနံ့မှာတော့တူညီဆဲပင်။

နှစ်တွေဘယ်လောက်တောင်ကြာနေပြီလဲ… ကြာလွန်းလို့ သူမကို မမြင်ရတာ နှစ်ဘယ်လောက်ရှိပြီလဲဆိုတာကိုတောင် သူ မမှတ်မိတော့ဘူး…

“ပြီးခဲ့တဲ့တစ်ခေါက်က မင်းအဖမ်းခံရတော့ သူတို့က မင်းရဲ့ဝိညာဉ် စွမ်းအင်တွေအကုန်စုပ်ယူပစ်တာလေ မင်းသေလား ရှင်လားဆိုတာကို ဘယ်သူမှမသိတော့ဘူး မင်းကိုထပ်မတွေ့ရတော့ဘူးလို့ထင်နေတာ”

သူသည် လုပ်နေကျအတိုင်း သူမ၏ ဆံပင်ကို တယုတယပွတ်သပ် လိုက်သည်။ သူ အရင်ကအတိုင်း နူးညံ့နေတုန်းပင်။ သူမက အရင်တုန်းက လိုမျိုး မဟုတ်တာတော့ နှမြောဖို့ကောင်းတယ်။

ရှောင်ချီသည် သူ့ရင်ခွင်တွင် နူးညံ့စွာမှီပြီး သူ့ဆီမှအနံ့ကို စုပ်ယူသွင်း လိုက်သည်။

“ချင်ယိ သိလား… ငါသတိပြန်ရလာတော့ ငါက မွေးခါစကလေားပဲရှိ သေးတယ် ငါက ဒီလောကကြီးကိုစပ်စုချင်တဲ့ကလေးတစ်ယာက်ပဲ နောက်မှ တဖြည်းဖြည်းကြီးလာတာ ဒါပေမဲ့ ငါ နင့်ကိုမြင်လိုက်တော့ မှတ်ဉာဏ်တွေ အကုန်ပြန်ရလာပြီ အဲထဲကနေ ငါတွေးထားတဲ့အတိုင်း ကိစ္စတွေဖြစ်မလာတာ ကို ငါသိပါတယ် ငါ ဝမ်းသာတယ် နင့်ကိုထပ်တွေ့ရတာ အရမ်းဝမ်သားတယ် ငါတို့အတိတ်ကိုပြန်မှတ်မိလို့လဲ ဝမ်းသာတယ်”

“ငါတို့ အဲတုန်းကမသန်မာတာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် မင်းအဖမ်းခံရတာကို ဒီအတိုင်းကြည့်မှာမဟုတ်ဘူး” ချင်ယိသည် နောင်တရ နေလေသည်။

ရှောင်ချီသည် ခေါင်းမော့ကြည့်ပြီး သူ့ကိုယ်သူအပြစ်တင်နေသည်ကို မြင်သောအခါ သူ့အတွက်ရင်နာမိလေသည်။

“ပြီးခဲ့တဲ့အဖြစ်တွေအတွက် နင်ကိုနင် အပြစ်တင်ဖို့မလိုပါဘူး ဒီမှာ နှစ်တွေကြာအောင်လည်း ပုန်းနေဖို့မလိုဘူး၊ ဒီနှစ်တွေမှာ နင်ဘယ်လို ဖြတ်သန်းခဲ့လဲ ငါ တွေးလို့တောင်မရဘူး ဒီမှာတစ်ယောက်တည်းနေရတာ ဘယ်လောက်တောင် အထီးကျန်လိုက်မလဲ”

ချင်ယိ ယဲ့ယဲ့ပြုံးလိုက်သည်။

အထီးကျန်တယ် ဟုတ်လား…

ဟုတ်မှာပေါ့…

ဒါပေမဲ့ အထီးကျန်တယ်ဆိုတာ ဘာလဲဆိုတာကို မေ့ရလောက်အောင် ကို အထီးကျန်နေပြီလေ…

“ဟူး ငါတို့ဘာလုပ်ကြမလဲ” ရှောင်ချီ သက်ပြင်းချလေသည်။

“ဘာလို့လဲ”

ရှောင်ချီသည် လက်ကိုဆန့်ထုတ်ကာ ချင်ယိ၏ မျက်နှာကို အသာအယာ ဆိတ်ပြီးနောက် သူမမျက်နှာကိုပြန်ဆိတ်ရင်း ပြောလေသည် “ငါတို့ဘာလုပ်မလဲ ငါ မှတ်ဉာဏ်တွေပြန်ရပေမယ့် ငါကငယ်လွန်းပြီး နင်က အသက်ကြီးနေပြီလေ ငါတို့ကြားထဲမှာ မျိုးဆက်ကွာခြားမှုရှိမလား”

“…” ချင်ယိသည် ဆွံ့အသွားကာ ရှောင်ချီ၏ မျက်လုံးထဲမှ အပြုံးကို မြင်သောအခါ အကူအညီမဲ့စွာ အချစ်အပြည့်ဖြင့်ပြောလိုက်သည် “ရှောင်ချီ မင်းကတော့လေ ဣန္ဒြေမဲ့လာတယ်”

တခြားအဓိပ္ပာယ်မှာ.. ရှောင်ချီ မင်းဆိုးလာတယ်..

“ငါ ဣန္ဒြေမဲ့လာမှတော့ ငါတို့ကြားမှာပြဿနာရှိသွားပြီ ငါ ငယ်လွန်း တယ်လို့ နင်မထင်ဘူးလား” ရှောင်ချီသည် ချင်ယိကိုစိုက်ကြည့်ပြီး သူ့ကို အာမခံချက်တောင်းသလိုကြည့်လေသည်။

“ဟားဟား…” ချင်ယိ ရယ်မောလိုက်သည် “ငယ်တယ် အခုငယ်လွန်းလို့ အရုပ်ကလေးလိုပဲ”

“ခစ် နောက်နေပြန်ပြီ” ရှောင်ချီ နှုတ်ဆူလေသည်။

“မဟုတ်ဘူး” ချင်ယိသည် သူမ ဒေါသဖြစ်သည်ကို စိုးရိမ်မှုမရှိစွာကြည့် လိုက်သည်။ “ငါသာ သူမကို စ,တာ ရှီမာယူယူသိရင် သူမငါ့ကိုဒေါသထွက် မလား”

“မထွက်ဘူး ယူယူက လွယ်လွယ်နဲ့ဒေါသမထွက်တတ်ဘူး” ရှောင်ချီ ဆက်ပြောလေသည် “ပြီးတော့ နင် သူမကိုစ,တာမဟုတ်ဘူးလေ သူမသာ ဒီကနေ ဉာဏ်အလင်းရသွားရင် နင့်ကိုကျေးဇူးတင်နေဦးမယ်”

“သူမက တကယ်ပဲမဆိုးဘူးပဲ မင်းအပေါ်မှာ စိတ်ရင်းရှိတယ်” ချင်ယိ ဆက်ပြောလေသည် “မင်း သူမနောက်လိုက်တာ ငါစိတ်ချသွားပြီ”

“နင် ငါနဲ့မလိုက်ဘူးလား” ရှောင်ချီသည် ချင်ယိ၏ အဝတ်ကိုကိုင်ကာ သူ့အား စိုးရိမ်တကြီးကြည့်လေသည်။

“ငါ…”

“ငါနဲ့မလိုက်ရင် ယူူယူက ငါ့ကိုမကာကွယ်နိုင်ရင်ဘယ်လိုလုပ်မလဲ၊ ငါ ထပ်ပြီး တခြားသူတွေဖမ်းတာခံရရင်ဘယ်လိုလုပ်မလဲ ငါ့ဝိညာဉ်စွမ်းအင် ထပ်ပြီး အစုပ်ယူခံရရင်ဘယ်လိုလုပ်မလဲ ငါ့ရဲ့ဝိညာဉ်အသိဉာဏ်ကိုအစက နေပြန်စရမှာလား ဝါး…”

ရှောင်ချီ ပြောလေလေ ဝမ်းနည်းလာလေလေဖြစ်သဖြင့် ကျယ်လောင် စွာငိုလေသည်။

ချင်ယိသည် ရှောင်ချီ၏ မျက်ရည်များကိုကြည့်ပြီး နှစ်ပေါင်းများစွာကြာ ပြီးနောက် အခုမှပင် ပျာယာခတ်သွားသည်။ သူမ ပြောသလို တကယ်များ ဖြစ်လာလို့ကတော့…

မဟုတ်ဘူး ဘယ်တော့မှ… သူအဲလိုအဖြစ်ခံမှာမဟုတ်ဘူး…

“ကောင်းပြီ မငိုနဲ့တော့ မင်းနဲ့မသွားဘူးလို့မပြောတော့ဘူး” ချင်ယိသည် သူမအား ချော့မော့ပြီး မျက်ရည်များကို ညင်သာစွာသုတ်ပေးလေသည်။

သူသည် ထိုနေရာတွင် ကျင့်သားရနေပြီဟု ပြောချင်သည်။ သို့သော် သူမတွင် တစ်စုံတရာမှအဖြစ်မခံနိုင်ပေ။ သူမကို ထပ်မံဆုံးရှုံးရပါက မည်သို့ ခံစားရမည်ကို မသိတော့ပေ။

“တကယ်လား” ရှောင်ချီသည် ရှိုက်ငိုရင်းမေးလေသည်။

“ဒါပေါ့ တကယ်ပါ ငါ ဘယ်တုန်းက မင်းကိုလိမ်ဖူးလို့လဲ”

“ဟင်း နင် အရွယ်မရောက်ခင် ငါ ငယ်ငယ်တုန်းက နင် အမြဲလိမ်ခဲ့တာ ပဲ” ရှောင်ချီသည် ငယ်စဉ်ကကိစ္စများကို ဆွဲထည့်လာသည်။

“နှစ်သောင်းချီတောင်ကြာသွားပြီကို…” ချင်ယိသည် အကူအညီမဲ့သလို ခံစားရသည်။

“ဘယ်လောက်ကြာကြာ မကြာသေးသလိုပဲ” ရှောင်ချီ နှာရှုတ်လေ သည်။

“ကောင်းပါပြီ ငါတို့ကြီးလာတော့ မလိမ်တော့ဘူးလေ”

“ငါကြီးလာတော့ ဉာဏ်ကောင်းလာလို့လေ ငါ့ကိုလိမ်လို့မရတော့တာ”

“…..”

ကိုယ့်ကိုယ်လည်း အထင်ကြီးလာတာပဲနော်…

“ကောင်းပြီ မင်းနဲ့လိုက်ခဲ့မယ်လို့မင်းကိုပြောလိုက်ပြီနော် မငိုနဲ့တော့” ချင်ယိသည် သူမငိုသည်ကို မြင်ရသည်မှာ ရင်နာသည်။

ထိုအချိန်က သူမ ခေါ်သွားခံရသည်ကို သူ မျက်လုံးနှင့်မြင်ခဲ့ရစဉ်က သူ့ မျက်နှာမှမျက်ရည်များသည် နှစ်ပေါင်းထောင်ချီသည်အထိ နာကျင်ခဲ့ရသည်။ အခု သူမ မျက်ရည်ကိုထပ်ပြီးမမြင်ချင်တော့ပေ။ သူ ထိုအရာကိုထပ်ကြည့်ရန် မခံနိုင်တော့ပေ။

“ငါ မထိန်းနိုင်တော့ဘူး ငါ့ကိုဘယ်သူကစ,ခိုင်းလို့လဲ” ရှောင်ချီ စောဒက တက်လေသည်။

“အကုန်ငါ့အမှားတွေပါ မငိုနဲ့တော့…” ချင်ယိသည် ရှောင်ချီအား ရင်ခွင် ထဲဆွဲသွင်းကာ သူမ ကျောကို အသာအယာပုတ်ပေးလေသည် “ဒါပေမဲ့ မင်း နဲ့လိုက်ဖို့ဆို တောင်းဆိုရမှာရှိတယ်”

“ဘာတောင်းဆိုမှာလဲ” ရှောင်ချီသည် သူ့ရင်ခွင်တွင်မှီရင်း မသဲမကွဲမေး လေသည်။

“ငါဒီကထွက်ရင်တောင် မင်းအန္တရာယ်များတဲ့အခြေအနေမဟုတ်ရင် ငါ ဘယ်လိုပဲဖြစ်ဖြစ် လှုပ်ရှားမှာမဟုတ်ဘူး” ချင်ယိ ပြောလေသည်။

“ငါလည်း နင့်ကိုဘာလှုပ်ရှားမှုမှလုပ်ခိုင်းမှာမဟုတ်ဘူး ငါသိပါတယ် နင် က ကောင်းကင်ရဲ့ ကန့်သတ်တာကိုခံနေရတယ် နင့်ကိုအန္တရာယ်ထဲဆွဲ မသွင်းပါဘူး” ရှောင်ချီ ဆက်ပြောလေသည် “ငါတို့ထွက်ရင် နင့်ကိုငါ ကာကွယ်ပေးမှာ”

“ဟားဟား… ကောင်းပါပြီ ငါ့ကိုကာကွယ်ပေးပေါ့”

ချင်ယိသည် ရယ်မောလိုက်သည်။ သူမ အကျင့်မှာအနည်းငယ် ပြောင်းလဲသွားသော်လည်း သူမသည် သူ့ကို ဆက်ဆံသည်မှာ အရင်အတိုင်း ပင်။ သူ ခက်ခက်ခဲခဲရလာတဲ့ ဝေးနေတဲ့ ပျော်ရွှင်မှုကို ဘယ်သူမှလုလို့ရမှာ မဟုတ်ဘူး… ကောင်းကင်တောင်မှပေါ့…

***

All Chapters