← Chapters

ကောင်းကင်နယ်စားမင်း၏ ခြေဖနောင့်

Vol. 110 Ch. 1448

ကောင်းကင်နယ်စားမင်း၏ ခြေဖနောင့်

Vol. 110 Ch. 1448

ကောင်းကင်နယ်စားမင်းနှင့် ကောင်းကင်တာအိုတို့သည် ပြိုင်ဘက်ကင်းတော့ မဟုတ်ပေ။ ရွှမ်တုအလင်းရောင် မရောက်နိုင်သော နေရာများလည်း ရှိ၏။ ကောင်းကင်တာအို မရောက်နိုင်သော နေရာများလည်း ရှိကြသည်။

ကောင်းကင်နယ်စားမင်း မရောက်နိုင်သည့်နေရာမှာတော့ သူ၏ ခြေထောက်အောက်ပင်။

ချင်မူ သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲတွင် လေးမျက်နှာနတ်ဘုရား ဖြစ်သကဲ့သို့ ကောင်းကင်နယ်စားမင်းသည်လည်း ရွှမ်တုတွင် လေးမျက်နှာနတ်ဘုရား ဖြစ်၏။ မည်သည့်နေရာကို တိုက်ခိုက်ပါစေ၊ သူ၏အရှေ့ပိုင်းသာ ဖြစ်ပေလိမ့်မည်။

သူ့ကို တိုက်ခိုက်ခြင်းက ကောင်းကင်တာအိုကို တိုက်ခိုက်ခြင်း ဖြစ်၍ ကောင်းကင်နယ်စားမင်းထံမှ အပြင်းထန်ဆုံး တိုက်ကွက်ကို ခံစားရပေလိမ့်မည်။

ရွှမ်တုသည် ကောင်းကင်နယ်စားမင်းမွေးဖွားရာဖြစ်သည့်အလျောက် ဤနေရာတွင် သူ၏စွမ်းဆောင်ရည်တို့မှာ အဆုံးအစွန်အထိ တိုးမြှင့်ခံရပေသည်။ သူ၏ စွမ်းဆောင်ရည်တို့သည် ကောင်းကင်နတ်ဧကရာဇ် အထွတ်အထိပ်အခြေအနေတုန်းကထက် လျော့ကျမည်မဟုတ်ပေ။

သူ့ဆီမှ တိုက်ကွက်ကို ခံစားရလျှင် ကောင်းကင်နတ်အရှင်များပင် ဒဏ်ရာမရဘဲနေမည် သို့မဟုတ် မထိခိုက်ပဲနေမည်ဟု အာမ,မခံနိုင်ပေ။

သို့သော် ကောင်းကင်နယ်စားမင်းဆီမှ အလင်းရောက်သည် သူ့ခြေထောက်အောက်တွင် မတောက်ပနိုင်ပေ။ ရွှမ်တုကား အတောက်ပဆုံးနေရာတစ်ခု ဖြစ်ပြီး ကောင်းကင်နယ်စားမင်းသည်လည်း တစ်လောကလုံးတွင် အတောက်ပဆုံး ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။ သို့သော် တစ်လောကလုံးတွင် အမှောင်မိုက်ဆုံးနေရာမှာလည်း ဤအကြောင်းကြောင့်ပင် မွေးဖွားလာခဲ့၏။

ဤနေရာမှာ သူ့ခြေထောက်အောက်တွင် ကောင်းကင်ယင်ကမ္ဘာဟူ၍ ဖြစ်တည်လာခဲ့သည်။

ကောင်းကင်တာအိုသည်လည်း ဤနေရာသို့ မရောက်နိုင်ပေ။ ရလဒ်အနေဖြင့် ဤနေရာကား အနက်ရောင်ဝိညာဉ်သဲမှုန်များ စုဝေးသည့် နေရာတစ်နေရာ ဖြစ်လာတော့သည်။ ကောင်းကင်တာအိုလည်း မရှိသောကြောင့် အနက်ရောင်ဝိညာဉ်သဲမှုန်များ စုဝေးကာ ဆာလောင်နေသော သရဲများ ဖြစ်လာကြသည်။ ထိုသရဲတို့သည် ဘယ်တော့မှ မ၀,လင်နိုင်ဘဲ အရာအားလုံးကို ဝါးမြိုစားသောက်တတ်၏။

ယိုတုမဟာတာအိုသည်လည်း ဤနေရာသို့ မရောက်နိုင်ပေ။ မြေအောက်ဘုံအရှင်သခင်က ကမ္ဘာလောကအသီးသီးမှ လေလွင့်ဝိညာဉ်များကို သိမ်းဆည်းသော်လည်း အနက်ရောင်ဝိညာဉ်သဲမှုန်များနှင့် ပက်သက်လာလျှင် စွမ်းဆောင်နိုင်စွမ်း မရှိချေ။

ထို့ကြောင့် ကောင်းကင်ယင်နတ်ဘုရားမ ဤနေရာ၌ မွေးဖွားလာခဲ့လေသည်။

ကောင်းကင်ယင်နတ်ဘုရားမက သူမ၏ တာအိုဖြင့် အလင်းပွင့်စေခဲ့သော ကောင်းကင်ယင်ကမ္ဘာမှ သက်ရှိထောင်ပေါင်းများစွာကို ကြည့်လိုက်၏။ ထို့နောက် ရှေးဟောင်းနတ်ဘုရားဘုရင်ဆီသို့ ကြည့်သည်။ သူမ၏ စွမ်းဆောင်ရည်တို့မှာ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် တိုက်ခိုက်ရန် မလုံလောက်ပေ။

သူမသာ ကောင်းကင်နယ်စားမင်းအတွက် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အတင်းအကြပ် တိုက်ခိုက်ပါက ရှေးဟောင်းနတ်ဘုရားဘုရင် သတ်ဖြတ်သည်ကိုသာ ခံရပေလိမ့်မည်။ ကောင်းကင်ယင်ကမ္ဘာရှိ သတ္တဝါများပင်လျှင် ချေမှုန်းသတ်ဖြတ်ခံရမည်ဖြစ်၏။

သူမသည် ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနေသည့်အလျောက် ချင်မူပြောခဲ့သကဲ့သို့ ရိုးရှင်းသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့ပေ။ သူမ၏လမ်းစဉ်များ၊ အတိုက်အခိုက်စွမ်းရည်များနှင့် ကောင်းကင်နတ်သိုင်းများက အသက်နှင့်ဘဝ ဖန်တီးရန်ဖြစ်သည်။ သတ်ဖြတ်ရန်၊ တိုက်ခိုက်ရန် မဟုတ်ချေ။

တခဏကြာသော် ကောင်းကင်ယင်နတ်ဘုရားမက ပြန်ဆုတ်၍ ကောင်းကင်ယင်ကမ္ဘာရှိ သတ္တဝါတို့အား ကာကွယ်လိုက်သည်။ “နတ်ဘုရားဘုရင်၊ တိုက်ခိုက်ရင်း အပြစ်မဲ့တဲ့သူတွေကို မထိခိုက်ပါစေနဲ့…”

ရှေးဟောင်းနတ်ဘုရားဘုရင်က ခပ်ယဲ့ယဲ့ ပြုံးပြီးနောက် ဘိုးဘေးနန်းတော်မှ နတ်‌ရွှေတို့ဖြင့် သန့်စင်ထားသည့် ကောင်းကင်တာအိုရတနာကို ထုတ်ကာ ကောင်းကင်တာအိုအထွတ်အထိပ်ရတနာတစ်ခု ဖွဲ့တည်လိုက်၏။ “စိတ်မပူပါနဲ့ အရှင်မ၊ ကောင်းကင်ဘုံတွေက သတ္တဝါတွေကို ထည့်တွက်ပါတယ်….. ကျုပ်က ရက်စက်ပြီး တွေ့ရာ သတ်ဖြတ်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး…. ခင်ဗျားရဲ့ ကောင်းကင်ယင်ကမ္ဘာက သတ္တဝါတွေအားလုံး မသေစေရပါဘူး… ဒါပေမဲ့ ကျုပ်ရဲ့ကောင်းကင်နတ်သိုင်းစွမ်းအားတွေ ကောင်းကင်ယင်ကမ္ဘာရဲ့ အခြေအနေအပေါ် သက်ရောက်မှုမရှိဘူးလို့တော့ အာမမခံနိုင်ဘူး… အရှင်မ၊ အကောင်းဆုံး ကာကွယ်ပါ… ကောင်းကင်ယင်ကမ္ဘာက သတ္တဝါတွေအားလုံး သေသွားခဲ့ရင် ကမ္ဘာအသစ်တစ်ခု ဖန်တီးပြီး သက်ရှိတွေအားလုံး အသက်ပြန်သွင်းပေးပါ…”

ကောင်းကင်ယင်နတ်ဘုရားမက မျက်ခုံးပင့်လိုက်သော်လည်း ဒေါသကို ထိန်းထားလိုက်ပြီး ရန်မလိုချေ။

ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ‌ခြေဖနောင့်ဆီသို့ မော့ကြည့်လိုက်ပြီး ပြုံးလျက် ပြော၏။ “အမျှော်အမြင်ရှိတဲ့ အဖေက သားတစ်ယောက်လိုပဲ…. ကောင်းကင်နယ်စားမင်း၊ ငါ့ခမည်းတော်၊ အမြင့်မြတ်ဆုံး ဖခင်…. ဒါပေမဲ့ သူက တောက်ပခမ်းနားလွန်းတယ်… ကောင်းမှုနဲ့ မကောင်းမှုက ဒီလောကအပေါ် ထိန်းချုပ်နေတဲ့ အခြေခံနိယာမတွေ ဖြစ်လို့ ၀င်နှောင့်ယှက်စရာမလိုဘူးလို့ သတ်မှတ်ထားတယ်…. သူက နတ်ဘုရားတစ်ပိုင်းတွေအကြောင်း ထည့်စဉ်းစားမှာမဟုတ်သလို ကလေးတွေကိုလည်း ထည့်စဉ်းစားမှာမဟုတ်ဘူး… သူ့ကလေးတွေရဲ့ အသက်နဲ့ ဂုဏ်သတင်းက သူနဲ့ ဘာမှမဆိုင်ဘူး… ဒါပေမဲ့ သူက ကြောင်သူတော်ကြွက်သူခိုးပဲ…”

သူက နှာခေါင်းရှုံ့၍ ခပ်ဖွဖွ ပြောသည်။ “ကောင်းကင်တာအိုက တကယ်ကို ကိုယ်ကျိုးမငဲ့ဘူး… ဒါပေမဲ့ ကောင်းကင်တာအိုက သူ့ကို မွေးဖွားပေးခဲ့တယ်… ကောင်းကင်တာအိုက တကယ်ပဲ ကိုယ်ကျိုးမကြည့်ဘူးဆိုရင် ဘာလို့ သူက ငါ့ကို မွေးခဲ့တာလဲ…”

သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်နေသော မျက်နှာအမူအရာက ပိုပို၍ ပြင်းထန်လာသည်။ သူ့မှာ ကောင်းကင်ယင်နတ်ဘုရားမကို စကားပြောနေသော်လည်း သူ့ကိုယ်သူ စကားပြောနေသကဲ့သို့ ဖြည်းဖြည်းချင်း ပြော၏။ “သူက အလှတရားနဲ့ အာဏာကိုလည်း မက်တယ်…. ကိုယ်ပိုင်စိတ်ဆန္ဒတွေလည်း ရှိတယ်…သာမန်အချိန်တွေမှာ‌ ကောင်းကင်တာအိုက သူ့စိတ်ဆန္ဒတွေကို ဖိနှိပ်ထားလို့ ခမ်းနားတောက်ပတဲ့ ဂုဏ်ကျက်သရေ နာမည်တစ်ခုကို ထိန်းထားပေးတယ်… ဒါပေမဲ့ ကောင်းကင်တာအိုမှာ အမြဲတမ်း ဟာကွက်တွေ ရှိတယ်…”

သူက လှောင်ပြော်သရော်သည်။ “ဖန်ဆင်းရှင်မျိုးနွယ်ကို ရှင်းလင်းသတ်ဖြတ်ဖို့ တိုက်ပွဲမှာ သူက ဒီဟာကွက်ကို တွေ့သွားပြီး လူဝင်စားခဲ့တယ်…. ဒါကြောင့် ကျုပ် မွေးလာခဲ့တာပဲ…. အဲ့ဒီတိုက်ပွဲမှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက သူ့အားနည်းချက်ကို တွေ့သွားပြီး အညံ့ခံအောင် ဖိအားပေးခဲ့တယ်…. အဟက်… ကျုပ် အကုန်လုံးကို မြင်ခဲ့ပြီးပြီ…. ကျုပ်ဟာ သူ့လိုအင်ဆန္ဒတွေကနေ မွေးဖွားလာခဲ့တာမလို့ ကျုပ်အဖေရဲ့ နှလုံးသားကို အားလုံးထက် ပိုပြီးသိတယ်…”

သူက ကောင်းကင်ယင်နတ်ဘုရားမကိုပင်လျှင် ကြောက်ရွံ့သွားစေသည့် တစ်စုံတစ်ခုကို ပြော၏။ “သူ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်လာတော့ ဘယ်သူမှ မသိနိုင်ဘူး ထင်ခဲ့တယ်လေ…. ကျုပ်တစ်ယောက်ပဲ မှတ်မိခဲ့တာ…. ကျုပ် မမှတ်မိဘဲ နေနိုင်ပါ့မလား…. သူ ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာတာကို မြင်ခဲ့တုန်းက သူက တည်ငြိမ်အေးဆေးနေသေးတယ်…. ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်တဲ့အခါမှာ သူ့လိုအင်ဆန္ဒနဲ့ ရည်မှန်းချက်တွေ ပိုမိုကြီးထွားလာတာကို ကျုပ် ခံစားမိတယ်…”

သူက ကောင်းကင်နယ်စားမင်း၏ ခြေ‌ဖနောင့်ကို စိုက်ကြည့်လျက် ရွှမ်တုရှိ အရာအားလုံးဆီသို့ မော့ကြည့်နေသည်။ ထိုနေရာတွင် ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နယ်စားမင်းကို သတ်ရန် ရွှမ်တုဆီ ဦးတည်သွားနေ၏။

“ကျွန်တော် အခွင့်အရေးကို စောင့်နေခဲ့တာပါ ခမည်းတော်..”

ရှေးဟောင်းနတ်ဘုရားဘုရင်က ရယ်မောလိုက်သ်ောလည်း သူ့ရယ်သံထဲတွင် ပျော်ရွှင်မှုမပါချေ။ အေးစက်မှုများသာ ပါ၀င်နေ၏။ “ခင်ဗျားရဲ့ အားနည်းချက်အစစ်အမှန် ပေါ်လာမယ့်အချိန်ကို ကျွန်တော်စောင့်နေခဲ့တာ…. ဒီအားနည်းချက်က ခင်ဗျားကိုယ်တိုင် ထုတ်ဖော်မှပဲ ရမယ်”

“ကျွန်တော်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ အမြဲ ဂရုမစိုက်ဘဲ ရမ်းကားတတ်တဲ့သူဖြစ်ခဲ့တယ်… ကောင်းကင်နတ်အရှင်ဟွေ့ထက်တောင် ပိုပြီး ရက်စက်ရမ်းကားသေးတယ်… ကျွန်တော် တခြားကောင်းကင်နတ်အရှင်တွေအတွက် အမြဲဟန်ဆောင်နေခဲ့တာကို ခင်ဗျား သိပါတယ်… အကြောင်းအရင်းကိုတော့ ခင်ဗျားမသိဘူး… ဘာလို့ သူတို့အတွက် ဟန်ဆောင်နေရမှာလဲ…”

“ခင်ဗျားအတွက် ဟန်ဆောင်ခဲ့တာ…”

“ခင်ဗျားရဲ့ သေစေနိုင်တဲ့ အားနည်းချက်ကို ဖော်ထုတ်လာမယ့်အချိန်ကို ကျုပ် စောင့်နေခဲ့တာ…. ဒီအခွင့်အရေးကို စောင့်နေခဲ့တာ ကြာခဲ့ပြီ…. ဟန်ဆောင်ခဲ့တာ ကြာခဲ့ပြီ… အခုတော့ အခွင့်အရေးရပြီ”

ရွှမ်တု….

ကောင်းကင်နတ်ဘုံစစ်တပ်သည် တရွေ့ရွေ့ ချီတက်နေ၏။ ကောင်းကင်နတ်အရှင်ဟုန်၊ နတ်ဧကရာဇ်လန်ရွှမ်၊ ‌နတ်အရှင်မချန်း၊ ရှစ်ချီလော်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် တခြားသူများသည် ကောင်းကင်နတ်အရှင်ယွဲ့၊ ခိုင်ဧကရာဇ်နှင့် လန်ဝူတို့၏ နှောင့်ယှက်မှုအား ခံရခဲ့သော်လည်း သူတို့သုံးယောက်လုံးမှာ ထိပ်တိုက်မတိုက်ရဲခဲ့ကြချေ။ ရန်စပြီးသည်နှင့် ထွက်ခွာသွားကြသဖြင့် သူတို့အား အန္တရာယ်သိပ်မပေးနိုင်ခဲ့ကြပေ။

အခြားတစ်ဖက်တွင် ကောင်းကက်နတ်အရှင်များမှာ နတ်အရှင်မချန်းကြောင့် ခေါင်းကိုက်နေကြသည်။

နတ်ဘုရားစီရင်ရာစင်မြင့်‌ပေါ်ရှိ နတ်ဓားမနှစ်လက်၏ စွမ်းအားမှာ ပိုပို၍ အားကောင်းလာနသည်။ ၎င်းတို့က ကောင်းကင်မီးတောက်များကို ဝါးမြို၍ ရွှမ်တုရှိ မိစ္ဆာချီအားလုံးကို စုပ်ယူနေသောကြောင့် ကောင်းကင်နတ်အရှင်များမှာ တိတ်တိတ်ကလေး နိုးနိုးကြားကြား ဖြစ်နေကြ၏။

နတ်အရှင်မ၏ သရုပ်မှန်မှာ ကောင်းကင်နတ်အရှင်အားလုံးထဲတွင် အားလုံးသိပြီးထားသော လျှို့ဝှက်ချက်ဖြစ်သည်။ ၎င်းက ချင်မူ၏ လှည့်စားမှုအပေါ်တွင်လည်း မူတည်နေ၏။ ချင်မူသည် နတ်အရှင်မချန်းက ‌မဟာဧကရာဇ်ဖြစ်ကြောင်း လူသိရှင်ကြား မကြေငြာခဲ့သော်လည်း ချင်မူ့ကြောင့် နတ်အရှင်မချန်းနှင့် ‌မဟာဧကရာဇ်မှာ မကြာခဏ ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။ ‌မဟာဧကရာဇ် ဒဏ်ရာရသည့်အခါတိုင်း နတ်အရှင်မချန်းသည်လည်း အပြင်းအထန် ဒဏ်ရာရ၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် မဟာမိတ်များဖြစ်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြသူများသာ မဟုတ်လော။ သူလျှိုများ ထည့်ထားတတ်သည့်အပြင် မိမိ၏တပည့်များကိုပင် အခြားတစ်ယောက်ထံတွင် တပည့်ခံယူစေ၏။ အစွန်းရောက်လွန်းသည်ဟုပင် ပြော၍ ရပေသည်။

နတ်အရှင်မချန်း၏ ဒဏ်ရာများမှာ သူတို့ထံမှ ကွယ်ဝှက်မထားနိုင်ချေ။ သူမ စားသမျှအရာတိုင်း၊ ပြောသမျှစကားတိုင်းနှင့် တွေ့သမျှသူတိုင်းကိုပင် သိရှိထားကြ၏။

ယခုတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးအနက် အများစု၏ သရုပ်မှန်မှာ မြင်သာနေချေပြီ။ တစ်လောကလုံးတွင် ဂြိုဟ်မွှေတတ်သော ရှစ်ချီလော်လည်း ပါဝင်လာပြီဖြစ်၍ သူမ ထောင်ပေါင်းများစွာ လျှို့ဝှက်ထားသော သရုပ်မှန် ပေါ်မလာသည်ကမှ ထူးဆန်းလိမ့်ဦးမည်။

‘သူသာ ဒီနတ်ဓားမနှစ်လက်ကို သန့်စင်နိုင်သွားရင်....’

ကောင်းကင်နတ်အရှင်ဟွေ့က နတ်ဘုရားစီရင်ရာစင်မြင့်အ‌ပေါ်၌ ရပ်နေသော နတ်အရှင်မချန်းကို ကြည့်ကာ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။

သူ မြင်ခဲ့သော နတ်ဘုရားစီရင်ရာစင်မြင့်တွင် လှေကားထစ် စုစုပေါင်း ၂၄ ထစ် ရှိ၏။

နတ်ဧကရာဇ်လန်ရွှမ်ကလည်း နတ်အရှင်မချန်းအပေါ် ကျရောက်နေသည်။ နတ်ဘုရားစီရင်ရာစင်မြင့်တွင် လှေကားထစ် စုစုပေါင်း ၂၄ ထစ် ရှိသည်ကို မြင်တွေ့လျှင် သူ့ဘာသာသူ တွေးနေသည်။ “နတ်အရှင်မချန်းအနေနဲ့ ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ရင်း သေဆုံးသွားရင်း အာဇာနည်တစ်ယောက် ဖြစ်နေဦးမှာပဲ..... ရှေးဟောင်းနတ်ဘုရားဘုရင်က ထူးချွန်တဲ့ စာပေသမားတစ်ယောက်ဖြစ်တယ်... ‌ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်မယ့် အမိန့်စာကိုလည်း သူ ရေးခဲ့တာ.. နတ်အရှင်မချန်းအတွက် အောက်မေ့စာလည်း သူ ရေးပေးနိုင်တယ်... ထူးဆန်းတာက ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့အဖေကို သတ်ဖို့ဆို အမြဲရှေ့ဆုံးရောက်နေကျပါ... ဘာလို့ သူ့အရိပ်အယောင်ကို မတွေ့ရသေးတာလဲ”

All Chapters